Main menu

Background

Sunday, 30 Oct 2011

                  မူဆယ်နယ်စပ်၊စစ်တွေနယ်စပ် ကုန်သွယ် ရေးစခန်းများ မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်းတန်ဖိုးရှိ နနွင်းတက် ၃၃ တန် ဝန်းကျင်အပိုရှိခဲ့ကြောင်း သိရပါတယ်။ MIRT (DOBT)

Sunday, 30 Oct 2011

             ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း နနွင်း ၆ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။ အောက်တိုဘာပထမပတ်အတွင်း ၁၇ တန်သာ တင်ပို့ နိုင်ခဲ့ပြီး ယခင်သီတင်းပတ်မှာတော့ နနွင်းအပို့ ပျောက်ခဲ့ပါတယ်။ ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့ခဲ့ပေမဲ့ တင်ပို့မှုအားက နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တစ်တန်ကို ကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၂၅၀ သာ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၅၀၀ ရရှိခဲ့ပါတယ်။ MIRT(DOT)

Sunday, 30 Oct 2011

                  ကျောက်ဆည်မြို့နယ်မှာ စက်တင်ဘာလ နောက်ဆုံးပတ်မှ ယနေ့အထိ မြေပဲ၊ နှမ်းဈေးနှုန်းဟာ ဈေးငြိမ်လျက်ရှိကြောင်းသိပါတယ်။ မြေပဲတောင့်တစ်တင်း ၆၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅၀၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၁၉၀၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၂၁၅၀၀ ကျပ်ဈေးရှိပါတယ်။ မြေပဲဆီတစ်ပိဿာ ၃၈၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၀၀ ကျပ်၊ စားဆီတစ်ပိဿာ ၁၈၀၀ ကျပ်ဈေးရှိပါတယ်။ ဆောင်းမြေပဲ၊ ဆောင်းနှမ်း စိုက်ရန် စိုက်ပျိုးစရိတ်အတွက် လက်ကျန်များ ထုတ်ရောင်းခြင်းဖြစ်တယ်လို့သိရပါတယ်။                    အထွက်နှုန်းကောင်းတဲ့ V2 ကုလားပဲ၊ ကုလားပဲရိုးရိုးဈေးကွက်မှာလည်း တောင်သူများမျိုးချန်ထားပြီး၊ ကျောက်ဆည်ပွဲရုံများမှာ သွားရောက်ရောင်းချ လျက်ရှိပါတယ်။ V2 ကုလားပဲတစ်တင်း ၂၂၀၀၀ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၇၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ကျောက်ဆည်မြို့ရဲ့ နာမည်ကြီး မိုးထောင်ငရုတ် ဈေးကွက်ကတော့ အနည်းငယ်ဈေးမြင့်လာပါတယ်။ မိုးထောင်ငရုတ်တစ်ပိဿာ ၂၀၀၀ ကျပ်၊ သာမိုနဲ့ ဒီမွန်ငရုတ်မျိုး ကတော့ ၁၉၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ယခုလို မိုးအကုန်ဆောင်းအကူးကာလမှာ တောင်သူများ လက်ကျန်မထားတော့ဘဲ ကျောက်ဆည် ' အေးမြကြည်လင်ဈေး' ပွဲရုံတန်းမှာ ကားကြီး၊ ကားငယ် အသွယ် သွယ်ဖြင့် အရောင်းအဝယ်စည်ကားလျက်ရှိပါတယ်။                    တောင်သူများရဲ့ အဆိုအရ ဒီနှစ်ဆောင်းအမီစိုက်ပျိုးမယ့် ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်နီသီးနှံများအား မိုးနှောင်းကောင်းခဲ့တဲ့အတွက် အစို ဓာတ်အားကိုးပြီး စိုက်မှာဖြစ်လို့ အထွက်နှုန်း  လည်းကောင်းနိုင်တယ်လို့ ဆိုကြ ပါတယ်။ နှင်းလဲ့လဲ့မိုး

Sunday, 30 Oct 2011

                ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာတော့ ချင်းအဟောင်းပစ္စည်း လက်ကျန် ပြတ်သွားပြီး၊ ချင်းတက်(အသစ်)များဟာ ပိဿာ ၂၀ ဝင် တောင်း ၅၀၀ ခန့် အဝင်ရှိလာပါတယ်။ ချင်းတက်အသစ်မှာ ပစ္စည်း သိပ်မကောင်းသေးဘဲ အရင့် လိုနေသေးပြီး အကျိုးအကြေများတဲ့အတွက် တောင်းများဖြင့် သယ်ယူ နေရခြင်း ဖြစ်ပြီး၊ ပြည်ပွဲရုံများမှာ တစ်ပိဿာကို ချင်းတက်(ဂျွန်) ၈၀၀ ကျပ်၊ (ရှယ်) ၁၀၀၀ ကျပ်၊ ချင်း(ဓါးလှီး) ၁၂၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်အေးနေလျက် ချင်းဈေးမှာ ယခင်တစ်ပတ် ချင်းအဟောင်း ဈေးထက်အနည်းငယ်လျော့နည်းသွားကြောင်း သိရပါတယ်။ ချင်းတက်အသစ်ကို လှောင်လက်သမားများမှ ဝယ်ယူခြင်း မရှိသေးဘဲ လက်လီလက်ကားရောင်းဝယ်သူများ မှလည်း ပစ္စည်းသစ်ကို ထိန်းဝယ်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်း ၁၈၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီ တိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို စားသုံးမှုအဖြစ် ယခုတစ်ပတ် ပိဿာချိန် ၁၂၀၀ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 30 Oct 2011

                   အောင်ပန်းဈေးကွက်ထဲသို့ ချင်းသစ်တွေက ပုံမှန်အဝင်ရှိနေပါတယ်။ ကလောနဲ့ပင်လောင်းမြို့နယ် တစ်ဝိုက်က ဖော်လာတဲ့အတွက် နေ့စဉ်ပုံမှန်အဝင်ရှိနေ တယ် လို့သိရပါတယ်။ အဝင်ပုံမှန်ရှိသလို ပြည်တွင်းသုံး အတွက်လည်း အဝယ်ရှိနေ တာကြောင့် အရောင်းအဝယ်ကလည်း ပုံမှန်ရှိနေပါတယ်။ ဒီနှစ်က မိုးကောင်း တာကြောင့်ချင်းအောင်တဲ့နှစ်ဖြစ်တယ်လို့လည်း သိရပါတယ်။ အစပိုင်းမှာ အပင်ပုပ် တာကြောင့်အနုတွေကို စောဖော်ခဲ့ကြရပြီး၊ ပုံမှန်ဖော်ရတဲ့ သီတင်းကျွတ်ပြီး ကာလမှ ဖော်ရတဲ့ချင်းတွေကတော့ ရင့်လာပြီဖြစ်တဲ့အတွက် အရည်အသွေးကလည်း ကောင်းတယ်လို့သိရပါတယ်။ ချင်း(ဥမ)တွေကတော့ တစ်ပိဿာ ၅၀၀ ကျပ်ဈေး ရှိပေမဲ့ ပစ္စည်းကတော့ လက်ကျန်သိပ်မရှိတော့ပါဘူး။ ချင်းသစ်ကတော့ တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၂၄၀၀ ကျပ်ဈေးရှိပါတယ်။                     ဟိုပုံးဈေးကွက်မှာတော့ ချင်းသစ်တွေ အဝင်မရှိသေးပါဘူး။ နောက်နှစ်လ လောက်သာစပြီး ဝင်နိုင်မယ်လို့သိရပါတယ်။အဟောင်းတွေကလည်းကုန်သလောက် ဖြစ်နေတာကြောင့် လက်လီဈေးနဲ့သာ အရောင်းအဝယ် ဖြစ်နေပြီး တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Sunday, 30 Oct 2011

                 အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း ချင်း ၂၂ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲဖြစ်ပါတယ်။ စက်တင်ဘာ လ တစ်လနဲ့ အောက်တိုဘာလ ဝက်အထိ ချင်းတင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန် ဒေါ်လာ ၁၄၄၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ သုံးသောင်း တစ်ထောင် ကျော်ရရှိခဲ့ပါတယ်။   MIRT (DOT)

Sunday, 30 Oct 2011

                     မန္တလေးဈေးကွက်အတွင်းမှာ ကုလားပဲဖြူကြီးကို ရန်ကုန်ဝယ်လက်က ဆက်လက်ဝယ်ယူမှုရှိနေတာ ကြောင့် ဈေးငြိမ်ပြီး၊ အရောင်းအဝယ်ပုံမှန်ဖြစ်နေပါ တယ်။ ယခုနှစ် ကုလားပဲဖြူလုံးကြီးနဲ့ တိုင်ပေဟာ ဈေးကောင်း ရပြီး၊ ပုံမှန် အရောင်း အဝယ်ဖြစ်နေတာကြောင့် တောင်သူရော၊ ကုန်သည်ပါ အဆင်ပြေ ကြတယ်လို့ သိရပါတယ်။ပဲခွဲစက်သမားများ ပုံမှန်ဝယ်ယူမှုရှိသလို ယခုလမှာ မျိုးအတွက် ဝယ်ယူ တာတွေပါရှိလာတဲ့အတွက် ကုလားပဲဖြူလုံးကြီးဈေးဟာ ယခင်အပတ် တစ်ပိဿာ ၁၁၇၀ ကျပ်မှ ယခုအပတ် ၁၁၈၈ ကျပ်ဖြစ်လာသလို ထိုင်ဝမ် ကုလားပဲကလည်း တစ်ပိဿာ ၁၀၃၁ ကျပ်နဲ့ ဈေးငြိမ်ပြီး၊ အရောင်းသွက်နေတာ တွေ့ရပါတယ်။                    ဈေး ကွက် အတွင်းမှာ ပဲလက်ကျန် နည်းပေမယ့် ရန်ကုန်ဝယ်လက် မန္တလေးခွဲစက်၊ အမှုန့်စက်များ ဝယ်ယူမှုရှိနေတာကြောင့် အရောင်းအဝယ်သွက်တဲ့ ပဲများဖြစ် ကြောင်း ဈေးကွက်က သိရပါတယ်။ လွင်အေး

Sunday, 30 Oct 2011

                  ယခုတစ်ပတ်အစပိုင်းမှာ ပွဲတော်အတွက် အဝယ်ရှိနေတာကြောင့် ကုလားပဲ ဈေးမြင့်တက်ခဲ့ပါတယ်။ ပွဲတော်အပြီးမှာတော့ အရောင်းအဝယ်အေးနေဆဲဖြစ် တယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိုးရက ဆောင်းပဲ အထွက်ပိုမိုစေဖို့ ကုလားပဲ အတွက်အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (MSP)  ကို ယခင်က တစ်တန် ရူပီး ၂၁၀၀၀ (ကန်ဒေါ်လာ ၄၂၆) ရှိခဲ့ရာမှ ၃၃ ရာခိုင်နှုန်း တိုးမြှင့်ပြီး၊ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၆၈) သတ်မှတ်ခဲ့ပါတယ်။                   MSP ဈေးနှုန်းတိုးမြှင့်လိုက်တဲ့အတွက် ကာလတိုအတွင်း ဈေးနှုန်းမြင့်တက် ဖွယ်ရှိပါတယ်။ ရာဂျက်စသန် စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၈ ရက်အထိ ကုလားပဲဟက်တာ ၂၂၈၂၀၀ စိုက်ပျိုးပြီးကြောင်းနဲ့ မဟာရပ်ရှတရာမှာ ဟက်တာ ၆၁၀၀ ဝန်းကျင်သာ စိုက်ပျိုးထားကြောင်း သိရပါ တယ်။                  အဓိကပဲထုတ်လုပ်တဲ့ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့မှာ ရာသီဥတုအခြေ အနေအရ ပဲထွက်ရှိမှု ကျဆင်းဖွယ်ရှိတဲ့ သတင်းများ ထွက်ပေါ်နေပါတယ်။ အိန္ဒိယ နိုင်ငံမှ တင်သွင်းမှုဟာ လာမယ့်လများမှာ ဈေးပိုမိုကြီးမြင့်ဖွယ် ရှိလို့ ပြည်တွင်း ကုလားပဲဈေးလည်း ပိုမိုမြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ပြည် တွင်းမှာ မြေဆီလွှာ အစိုဓါတ်ကောင်းမွန်မှုကြောင့် ဆောင်းကုလားပဲနဲ့ ပဲလုံးထွက် ရှိမှုဟာ၂၀၁၁-၂၀၁၂ မှာ တိုးတက်နိုင်တဲ့အတွက် ကာလရှည်အတွင်း ဈေးနှုန်း ကျဆင်းလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းခင် Source: commodityonline

Sunday, 30 Oct 2011

                  အိန္ဒိယဈေးကွက်များအတွင်း ကာဘူလီကုလားပဲဈေးဟာ ယခင်နေ့ အမြင့် ဈေးမှာငြိမ်နေပါတယ်။အမြင့်ဈေးနဲ့ကာဘူလီကုလားပဲကို လှောင်လက်များ ဝယ်ယူမှု နှေးတယ်လို့ သိရပါတယ်။ အင်ဒိုရီရှိ ပဲတင်ပို့သူ များကလည်း ဈေးအကျကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ အစိုးရက ဆောင်းကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးကို တိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ လတ်တလော လှောင်လက်များ အဝယ် အေးတာကြောင့် ကာဘူလီကုလားပဲဈေး မြင့်တက်ဖွယ်မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                             ဒေါ်လာ/ တန်                 ၂၅-၁၀-၁၁      ၂၄-၁၀-၁၁         ၂၂-၁၀-၁၁            ၂၁-၁၀-၁၁ဒေလီ            ၆၈၄-၆၉၅     ၆၇၂-၆၇၇          ၆၆၂-၆၆၇              ၆၅၉-၆၆၄ကန်ပါ             ၇၂၄              ၇၁၈                  ၇၁၈                      ၇၁၈အာကိုလာ          -                  -                      ၇၁၂                      ၇၀၈MIRT(MAPT)

Sunday, 30 Oct 2011

                 ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှု တဖြည်းဖြည်းလျော့နည်းလာပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၅၁၀ ကျော်တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာတော့ တန်ချိန် ၃၇၀ ခန့်သာ တင်ပို့မှုရှိပါတယ်။ ယခုတစ်ပတ် ဝယ်လိုအားနည်းခြင်းအပြင် ပြည်တွင်းမှာလည်း လက်ကျန်နည်းနေပြီဖြစ်တယ်လို့ သိရပါတယ်။                  ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်လုံး ကုလားပဲအရောင်းအဝယ် မရှိကြောင်း သိရပါတယ်။ FOB ဈေးမှာတော့ ယခင်တစ်ပတ် အောက်တိုဘာလ ၂၁ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၁၀၃၀-၁၀၅၀ ရှိခဲ့ရာမှ အောက်တိုဘာလ ၂၈ ရက်မှာ ကန်ဒေါ်လာ ၁၀၀၀-၁၀၂၀ ကို လျော့ကျခဲ့ပါတယ်။ MIRT-MAPT

Pages