Main menu

Background

Sunday, 2 Oct 2011

အိန္ဒိယဈေးကွက်မှာ ပဲဝါလေး ပဲစင်းငုံခွဲခြမ်းနဲ့ အချို့ပဲဈေးများ ၁၀-၁၅ ရာခိုင်နှုန်းခန့် မြင့်တက်                     မိုးပဲအထွက်ကျဆင်းမယ့် ခန့်မှန်းချက်များနဲ့ ငွေကြေးဈေးကွက် ကျဆင်းမှု များကြောင့် အိန္ဒိယဈေးကွက် များအတွင်း ပဲဝါလေး၊ ပဲစင်းငုံခွဲခြမ်းနဲ့ ပဲနီလေးလို ပဲအချို့ဈေးများ ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံဟာအဓိကပဲမျိုးစုံတင်သွင်းသူဖြစ်လို့ ရူပီးတန်ဖိုးကျဆင်းခြင်းကလည်း ပဲဈေးမြင့် တက်စေတဲ့ အကြောင်းရင်းတစ်ခုပါလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ ဒါ့အပြင် မိုးပဲအထွက်ကျဆင်းမယ့် ခန့်မှန်းချက်ကြောင့်လည်း ဈေးတက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။                      အိန္ဒိယနိုင်ငံမှာ ပဲဝါလေးဟာ ဝယ်လိုအားအများဆုံး ပဲဖြစ်ပြီး နှစ်စဉ်တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင် တင်သွင်းနေရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၁ မိုးရာသီအတွင်း ပဲစိုက်ဧရိယာဟာ ယခင်နှစ်ထက် ဟက်တာ ၁၀ ဒသမ ၈၉ သိန်း လျော့ကျခြင်းက ပဲထွက်ရှိမှု ပထမအကြိမ်ခန့်မှန်းရာ မှာ တန်ချိန် သုည ဒသမ ၇ သန်း လျော့ကျဖို့ဖြစ်စေပါတယ်။ အဓိကအကြောင်းရင်း ကတော့ ပထမပိုင်းမှာမိုးအဝင်နှောင့်နှေးနေပြီး နောက်ပိုင်းမှာ မိုးအလျှံပယ်ရွာသွန်း တာကြောင့်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း(IPGA)  ဒုတိယဥက္ကဌBinal Kothari က ပြောကြားပါတယ်။                     ပဲစင်းငုံခွဲခြမ်းဈေးတွေ သေချာပေါက် မြင့်တက်မယ်မှန်းပြီး အနိမ့်ဆုံးထောက်ပံ့ ဈေး (MSP)ထက်နိမ့်တဲ့ဈေးတွေနဲ့ ဝယ်ယူခြင်းကိုလည်း ကျွမ်းကျင်သူတွေက ထောက်ပြ ပြောကြားပါတယ်။ တစ်နိုင်ငံလုံးရှိ လက်လီရောင်းချ သူများဟာ ပွဲတော် ရာသီမှာ အကျိုးအမြတ်ရယူဖို့ ဈေးအမြင့်မှာ ထိန်းထားကြတယ်လို့လည်း ဆိုပါတယ်။ '' ဈေးနှုန်း ထပ်မံမြင့်တက်နိုင်ခြေမရှိတော့ပါဘူး။ လက်ကားဈေးကွက် တွေမှာ တဖြည်းဖြည်းနဲ့ စတင်ကျဆင်းလာနေပြီ။ လက်လီဈေးကွက်တွေနဲ့ ပတ်သက်လို့ အစိုးရကစောင့်ကြည့်သင့်ပါပြီ။ လက်လီရောင်းသူတွေက ဈေးချဖို့အသင့် မရှိဘူးလို့ '' Mr.kothari  က ဆိုပါတယ်။                     ဆောင်းပဲထုတ်လုပ်မှုက ဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်မယ်လို့လည်း Mr.Kothariက ဆိုပါတယ်။ မုတ်သုံမိုးကောင်းတဲ့အတွက် ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေးလို ဆောင်းပဲထုတ်လုပ်မှု ကောင်းလာဖွယ်ရှိတဲ့အတွက် ဈေးနှုန်း မြင့်တက် နိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ်။                   ယခင်လကတည်းက ပဲဈေးမြင့်တက်ခဲ့ပေမယ့် ဆောင်းပဲအထွက်ကောင်းခြင်း က လုံလောက်စွာ ရောင်းချနိုင်မှာဖြစ်လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်မယ်လို့လည်း ကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ထောင်စုအစိုးရ အနေနဲ့လည်း စိုက်ဧရိယာ တိုးချဲ့ခြင်းနဲ့ ထုတ်လုပ်နိုင်မှုမြှင့်တင်ခြင်းတွေနဲ့ ပဲမျိုးစုံထွက်ရှိမှု တိုးတက်အောင် အရေးပေါ် စီမံချက်တစ်ခု ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဲဒီစီမံချက်အရ ဆောင်းရာသီအတွင်း ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိဖို့ ရည်ရွယ် ထားပြီး မိုးပဲအထွက်လျော့ကျခြင်းကို ပြန်လည်ကာမိစေဖို့ပဲ ဖြစ်ပါတယ်။ ယမင်းရွှေစင် Source:Momeylife Digital

Sunday, 2 Oct 2011

ပြည်ကုလားပဲ အရောင်းအဝယ်သွက်နေ                        ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၂၁၅၀၀ ကျပ်၊ ယခုတစ်ပတ်တွင် တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အဝင်အနည်းငယ်သာရှိပြီး ပဲဈေးကောင်း ရလာတဲ့အတွက် လှောင်လက်သမားများ ထုတ်ရောင်းမှုရှိကြောင်း သိရပါတယ်။ ခွဲခြမ်းသမားများ ပုံမှန် အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ်ရှိပြီး မန္တလေး ဝယ်လက်ရှိတဲ့ နေ့များမှာ တစ်နေ့ အိတ် ၇၀၀ မှ ၈၀၀ ခန့်အထိ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း 

Sunday, 2 Oct 2011

မုံရွာ V2  အဝယ်အားပျော့ စီးထွက်မှုလျော့လာ                    ပြီးခဲ့တဲ့တစ်ပတ်က တက်ဈေးနဲ့ အဝယ်အရောင်းသွက်ခဲ့တဲ့ မုံရွာ V2  ဈေးကွက်ဟာ စက်တင်ဘာလကုန်ပတ်မှာအဝယ်အရောင်းအနည်းငယ်လေးသွားပြီး ဈေးလည်းအေးလာခဲ့ပါတယ်။ ဒီလ V2  ပေါက်ဈေး အနေအထားက မနှစ်ကနဲ့ကာလတူ နှိုင်းယှဉ်ရင် အမြင့်ဈေးရခဲ့ပေမဲ့ ဒေသခံလှောင်လက်တွေအနေနဲ့ ပဲဝယ်ချိန် ပေါက် ဈေး ကွာခြားနေတဲ့အတွက် အကျိုးအမြတ်လည်း တူညီမှုမရှိဘဲ ယခုဈေးထက် ပိုမိုလာဖို့ မျှော်လင့်နေဆဲဖြစ်တာတွေ့ရပါတယ်။ မနှစ်က ဒီကာလ V2  ပေါက်ဈေး မှာ တစ်တင်း ၂၀၅၀၀ ကျပ်ဖြစ်ပြီး၊ ယခု ၂၄၈၀၀ ကျပ်ထိရပေမဲ့ ကျန်ကုလားပဲ တွေကတော့ မနှစ်ကနဲ့ ဈေးကွာခြားမှုမရှိဘဲ၊ ကုလားပဲတိုင်ပေတစ်တင်း ၂၀၄၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၉၀၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၂၀၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ် အသီးသီးဈေးပေါက်လျက်ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်အဆွဲအနေနဲ့ တစ်နေ့ပျမ်းမျှအိတ် ၁၀၀၀ မှ ၁၅၀၀ အတွင်းရှိခဲ့ပြီး ကျန်ကုလားပဲများကတော့ ဒေသတွင်း စက်သမားနဲ့ လက်လီအသုံးတစ်နေ့ အိတ် ၅၀၀ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးထွက်မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၃၀၀၀ ခန့် လျော့နည်းသွားပြီး၊ မန္တလေးကို တင်း ၅၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာရှိတယ်လို့သိရပါတယ်။ ထွန်းလှိုင် 

Sunday, 2 Oct 2011

အိန္ဒိယ ကုလားပဲဈေးအေး                      အိန္ဒိယဈေးကွက်များအတွင်း ယခင်သီတင်းပတ်များက ဈေးကောင်းနေတဲ့ ကုလားပဲ ဈေးဟာ ယခုတစ်ပတ်မှာ ဈေးအေးနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ လှောင်လက်များ ထုတ်ရောင်းခြင်းတို့ကြောင့် ဈေးလျော့လာတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ကနဦး စိုက်ပျိုးမှုအခြေအနေကောင်းမွန်နေခြင်းနဲ့ စိုက် ဧရိယာ တိုးတက်ဖွယ်ရှိခြင်းတို့ကလည်း ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ဆောင်းပဲ အထွက်မြှင့်တင်တဲ့ အစိုးရမူဝါဒနဲ့ ဆောင်းပဲစိုက်ပျိုးချိန် အစပိုင်းမှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေကြောင့် တောင်သူတွေ ပဲစိုက်ဖို့ အားတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေမှာ ရောင်းချမှုနည်းခြင်းနဲ့ ယခုနှစ် ဝယ်လိုအားကောင်းခြင်း ကြောင့် ကမ္ဘာ့ဈေးကောင်းနေခြင်းတို့ကတော့ ကုလားပဲဈေးကို အထောက်အပံ့ပြု နေဆဲပဲ ဖြစ်ပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                              ဒေါ်လာ/ တန်                   ၂၉-၉-၁၁        ၂၈-၉-၁၁         ၂၇-၉-၁၁             ၂၆-၉-၁၁ဒေလီ           ၇၁၅-၇၂၀        ၇၄၆-၇၅၁         ၇၃၂-၇၃၇           ၇၃၁-၇၄၁ကန်ပါ             ၇၄၆                ၇၇၇                  ၇၇၃                   ၇၇၂အာကိုလာ        ၇၄၆                ၇၈၇                    -                      ၇၈၂MIRT(MAPT)

Sunday, 2 Oct 2011

ကုလားပဲတင်ပို့မှု နည်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်းလျော့လာ                       ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁၇၀၀ ကျော်သာ ရှိလာတာတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် FOB ဈေးကွက်မှာလည်း အရောင်းအဝယ်ဖြစ်မှုက ယခုစက်တင်ဘာ နောက်ဆုံး ပတ်မှာ တန်ချိန် ၂၀၀ ခန့်သာ ရှိတော့တာတွေ့ရပါတယ်။ ပြည်တွင်းလက်ကျန် နည်းလာတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုနည်းသလို တင်ပို့မှုလည်း တဖြည်းဖြည်း ကျဆင်း လာခဲ့တာ ဖြစ်ပါတယ်။                        လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကုလားပဲပြည်ပ တင်ပို့မှု မှာ တန်ချိန် ၆၀၀၀၀ ကျော်ရှိတာ တွေ့ရပါတယ်။ ရန်ကုန် FOB တစ်တန် ကန်ဒေါ်လာ ၁၁၀၀-၁၁၂၀ ရှိကြောင်း သိရပါတယ်။ MIRT-MAPT 

Sunday, 2 Oct 2011

ပြည်ပဲကြီး ဈေးနှုန်းအနည်းငယ်မြင့်                  ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲကြီးကမ်းနားဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်၊ ပဲကြီး(ရွှေကျွန်း)မှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်ကထက် တစ်တင်း ၁၀၀၀ ကျော်ခန့် ဈေးမြင့်ခဲ့ပါတယ်။ ပြည် ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ကံမဘက်မှ ပဲကြီးအဝင် အနည်းငယ်ရှိလာခဲ့ပြီး၊ ဒေသတွင်းလက်ကျန်ပဲများလည်း ထုတ်ရောင်းချမှုများရှိတာကြောင့် တစ်ရက်လျှင် ပဲကြီးရွှေကျွန်းအိတ် ၃၀၀ ကျော်နဲ့ပဲကြီးကမ်းနားအိတ် ၂၀၀ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ဒေသတွင်းပဲကြော်ပဲလှော်ဖို လုပ်ငန်းများမှလည်း ပုံမှန်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။                ခင်ဆွေဝင်း

Sunday, 2 Oct 2011

ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းလက်ကျန်နည်းလာ                       ပြည်ဈေးကွက်သို့ ပဲတီစိမ်းအဝင်ပါးလာပြီဖြစ်သလို ပဲလက်ကျန်လည်း နည်းလာခဲ့ပြီဖြစ်ပါတယ်။ စက်တင်ဘာလဆန်းမှစ၍ ပဲတီစိမ်းကို မျိုးစိုက်ပျိုးရန် ဝယ်ယူမှုများရှိတာကြောင့် အိတ် ၃၀ ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုစက်တင်ဘာလ ကုန်မှာတော့ အရောင်းအဝယ်အေးလာခဲ့ပါတယ်။ နေ့စဉ် အရောင်းအဝယ် မဖြစ်တော့ဘဲ တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့်သာ ဈေးအေးနေခဲ့တယ်လို့ သိရပါတယ်။  ခင်ဆွေဝင်း 

Sunday, 2 Oct 2011

အိန္ဒိယဈေးကွက်များကို ပဲတီစိမ်းအသစ်ဝင်ရောက်မှုရှိလို့ ဈေးလျော့လာ                 အိန္ဒိယဈေးကွက်တချို့ကို ပဲအသစ်များဆက်တိုက်ဝင်ရောက်နေတာကြောင့် ပဲတီစိမ်းဈေးလည်း လျော့ကျလာခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာ ရိတ်သိမ်းကာလအတွင်း ရာသီဥတု ခြောက်သွေ့နေတာကြောင့် အဓိကဈေး ကွက်များကို ပဲအသစ်ဝင်ရောက်မှု တိုးလာနေပါတယ်။ ဒါပေမဲ့ ဈေးကွက်များမှာတော့ ဒီနှစ်စိုက်ဧကလျော့ကျတဲ့ သတင်းတွေက လွှမ်းမိုးနေပါတယ်။ ယခုနှစ်ထုတ်လုပ်မှုကို ကနဦးခန့်မှန်းချက် အရ တန်ချိန် ၁ ဒသမ ၂ သန်းဝန်းကျင်ရှိလို့ ယခင်နှစ်ထက် ၂၁ ဒသမ ၀၅ ရာခိုင်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်များအတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်                                           ၂၉-၉-၁၁      ၂၈-၉-၁၁        ၂၇-၉-၁၁             ၂၆-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)          ၈၃၃         ၈၄၈-၈၅၉         ၈၄၄-၈၅၄           ၈၅၃-၈၅၈ဒေလီ                                   ၅၇၂-၇၃၆    ၅၇၂-၇၅၆          ၅၉၀-၇၇၃          ၆၀၉-၈၁၂အာကိုလာ                               ၆၁၃-၈၃၈   ၆၁၃-၈၃၈              -                   ၆၀၉-၈၅၃MIRT(MAPT)

Sunday, 2 Oct 2011

ပဲတီစိမ်း တင်ပို့မှု ဆက်လက်လျော့နည်းဆဲ                     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ ရွှေလီသို့ ကန်ဒေါ်လာ ၀ ဒသမ ၈၅၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၉၈၂ တန်ကျော်ကို စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တော့ တန် ၃၆၀ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းကား ပျမ်းမျှ တစ်နေ့ ၁၀ စီးခန့် အတက်ရှိတယ်လို့ သိရပါတယ်။ သယ်ယူပို့ဆောင်ခတွေကလည်း ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ်လျှင် ၁ ပိသာကို ၁၆ ကျပ်နှုန်းပိုလာတာတွေ့ရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                  မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု             ယခင်      ပြောင်းလဲမှု  %    ယခု     ယခင်    ပြောင်းလဲမှု   %ပဲတီစိမ်း    ၆၅၈၀၄၃      ၆၄၇၀၉၉     ၁၀၉၄၄     ၂     ၉၀၈     ၈၉၃             ၁၅        ၂MIRT (DOBT)

Sunday, 2 Oct 2011

ပဲတီစိမ်း FOB အရောင်းအဝယ်တန်ချိန် တစ်ထောင်ကျော်လျော့လာ                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုကတော့ တန်ချိန် တစ်ထောင်ကျော်ကို လျော့ကျလာခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၂၉ ရက်အတွင်း FOB အရောင်းအဝယ်ဖြစ်မှု ဟာ စုစုပေါင်းတန်ချိန် တစ်သောင်းကျော်သာရှိပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ အရည်အသွေးနိမ့် ပဲအသစ်များ ဝင်ရောက်နေရာယူထားတဲ့အတွက် မြန်မာပဲတီစိမ်းကို ယခုရက်ပိုင်း အဝယ်မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့စက်တင်ဘာလ ၃၀ ရက်မှာပဲတီစိမ်းအညာ (FAQ ) တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ နဲ့ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၀၅၀-၁၀၇၀ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT 

Pages