Background
စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၁၁၅ သန်းတန်ဖိုးရှိ ပဲယင်း ၂၂၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ နယ်စပ်မှ ပဲယင်းအပို့ မရှိခဲ့ပေမဲ့ စက်တင်ဘာလ အတွင်းမှာ ပဲယင်း ၁၀၂၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ကာလအတွင်းမှာတော့ နယ်စပ်မှ ပဲယင်း (ချင်းပဲ) ၈၂၈၆ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးမှာ ယခင်အပတ်ထက် ၁၅ ဒေါ်လာခန့် လျော့ကျလျက်ရှိတာ တွေ့ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၅၈၀၀၀ ၃၅၀၇၅၇ ၇၂၄၃ ၂ ၄၈၆ ၅၀၁ ၁၅ ၃MIRT(MAPT)
မုံရွာကုန်စည်ဒိုင် အောက်တိုဘာပထမပတ် ကုလားပဲဈေးကွက်မှာ V2 ဈေး အနည်းငယ် ကျခဲ့ပေမယ့် ကျန်ကုလားပဲတွေ ဈေးမာနေခဲ့ပါတယ်။ Export အတွက် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်တွေ ဝယ်အားလျော့သွားခဲ့ လို့ အခုလိုဈေးကျ သွားခြင်းဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ယခုတစ်ပတ်မှာ V2 တစ်တင်း ၂၃၅၀၀ ကျပ်၊ တိုင်ပေတစ်တင်း ၁၉၇၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၈၅၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၅၀၀ ကျပ် အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ဈေးကွက် မျှော်လင့်ချက်နဲ့ ကုန်သည်အချင်းချင်း အရောင်းအဝယ်ဖြစ်ခဲ့ကြလို့ မုံရွာကုန်စည် ဒိုင်မှာ တစ်ရက် အိတ် ၁၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲစီးဆင်းသွားမှု အနေနဲ့ မန္တလေးကို တင်း ၃၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၂၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအနိမ့်နဲ့ ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲ လက်ငင်းဈေးအနည်းငယ်တိုးလာပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ ထွက်ရှိမှုကောင်းနိုင်တဲ့ သတင်းတွေအရ ကြိုပွိုင့်ဈေးကွက်မှာအောက်တိုဘာ ၆ ရက်နေ့က ဈေးကျဆင်းခဲ့ပါတယ်။ NCDEX မှာအောက်တိုဘာလ စာချုပ် ကုလားပဲဈေးဟာ ၃ ဒသမ ၉၉ ရာခိုင်နှုန်းလျှော့ကျပြီး တစ်တန်ကို ရူပီး ၁၄၆၀၅ (ကန်ဒေါ်လာ ၂၉၇) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘီကနာမှာ သိုလှောင်မှု ပမာဏအပေါ် ကန့်သတ်ခြင်းနဲ့ ဝယ်ယူမှုကောင်းနေခြင်းတို့က ဈေးနှုန်းကျဆင်းမှုကို အထောက်အပံ့ပြုနေပါတယ်။ နောက်လအနည်းငယ်အတွင်း ကုလားပဲဈေး သိသိသာသာမြင့်တက်နိုင်တဲ့ အလားအလာအရ ပွဲတော်အတွက် အဝယ်ရှိပေမဲ့ အချို့ရောင်းချသူများက ဈေး မတက်မီ ရောင်းမထုတ်သေးကြောင်း သိရပါတယ်။ ပထမ အကြိမ် မိုးပဲထုတ်လုပ်မှု ခန့်မှန်းချက်အရ ယခင်နှစ်မှာ တန်ချိန် ၇ ဒသမ ၂ သန်းထွက်ရှိရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းနိုင်ခြင်းက ကာလလတ်အတွင်း ကုလားပဲ ဈေးကို အထောက်အပံ့ပြုနိုင်ပါတယ်။ ယမင်းခင် Source: commodityonline
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ကုလားပဲ ဈေးဆက်တိုက်ကျ ဆင်းခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာ လှောင်လက်များအဝယ်လိုက်လာလို့ ဈေးပြန်တက်လာပါတယ်။ အရောင်း အဝယ် ဖြစ်မှုအနေနဲ့ ကုလားပဲအမျိုးအစားနဲ့ အရည်အသွေးအလိုက် ဈေးကွာခြားမှု ရှိပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် နည်းနေပြီဖြစ်လို့ လာမယ့်ရက်တွေမှာ ဈေးပြန် လည် မြင့်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိ ဆောင်းပဲစိုက်ပျိုးမှုမှာ အစိုဓာတ်ကောင်းမွန်ပြီး ရာသီဥတုသာယာနေတဲ့အတွက် ကုလားပဲစိုက်ဧရိယာ မနှစ်ကထက် ပိုနိုင် ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၅-၁၀-၁၁ ၄-၁၀-၁၁ ၃-၁၀-၁၁ ၁-၁၀-၁၁ဒေလီ ၆၆၀-၆၆၆ ၆၇၃-၆၈၃ ၆၅၄-၆၇၀ ၆၃၃-၆၄၃ကန်ပါ ၇၂၆ ၇၂၉ ၇၁၆-၇၂၁ ၆၆၈အာကိုလာ ၇၂၁ ၇၃၄ ၇၁၆-၇၂၁ ၆၉၄-၆၉၉MIRT(MAPT)
ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ စက်တင်ဘာလ နောက်ဆုံးပတ် မှာ တန်ချိန်၁၉၀၀ ခန့်နဲ့ ယခင်သီတင်းပတ်များလိုဘဲ ပုံမှန်အနေအထားနဲ့ တင်ပို့နေပါတယ်။ စက်တင်ဘာလ တစ်လလုံးအတွင်း ကုလားပဲ ပြည်ပတင်ပို့မှု တန် ၈၅၀ ခန့် ရှိပြီး သြဂုတ်လအတွင်း တန်ချိန် ၁၆၀၀၀ ခန့်ရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ စက်တင်ဘာလအတွင်းမှာတော့ တန်ချိန် ၇၀၀ ခန့်သာရှိခဲ့လို့ ယခုနှစ်မှာ ကုလားပဲ တင်ပို့မှု သိသိသာသာ ပြန်တက်လာခဲ့ပါတယ်။ FOB ဈေးကွက် အရောင်းအဝယ်ဖြစ်မှုမှာ အောက်တိုဘာလ ပထမပတ် အတွင်း တန်ချိန် ၄၆၀ ကို ပြည်ပအရောင်းအဝယ်စာချုပ်ခဲ့ပြီး စက်တင်ဘာလ တစ်လလုံးအတွင်း တန်ချိန် ၅၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအရောင်းအဝယ် အနည်းငယ်ဖြစ်ပေမဲ့ အခြားပဲဈေးများ ကျဆင်း ခြင်းနဲ့အတူ ကုလားပဲ FOB ဈေးလည်း စက်တင်ဘာလ ၃၀ ရက်မှာ ကန်ဒေါ်လာ ၁၁၀၀-၁၂၀၀ ရှိခဲ့ရာမှ အောက်တိုဘာ ၇ ရက်မှာ ကန်ဒေါ်လာ ၁၀၈၀-၁၁၀၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)
ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲတီစိမ်းသီးနှံအနေဖြင့် အဝင်မရှိခဲ့ဘဲ ပွဲရုံများမှာလည်း နည်းပြီး ပွဲရုံအနည်းငယ် လောက်သာ ပဲလက်ကျန်ရှိတယ်လို့ သိရပါတယ်။ လိုင်းသမားများအဝယ်မရှိသလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလမှစပြီး မျိုး သမားများ အဝယ်ရှိလာခဲ့ပါတယ်။ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ မျိုးပဲလာရောက် ဝယ်ယူမှုများရှိတဲ့အတွက် အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲဈေးမှာ တစ်တင်းကို ၁၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ ယခင်နှစ်က မျိုးပဲဈေးမှာတစ်တင်း ၂၅၅၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် မျိုးပဲဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာရှိတဲ့အတွက် ပဲစိုက်ပျိုးရန် ဝယ်ယူသူတောင်သူများအနေနဲ့ မျိုးဖိုး ရင်းနှီးစားရိတ်သက်သာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ယခင်ရက်ပိုင်းက ပဲတီစိမ်းဈေးငြိမ်နေရာမှ ယခုသီတင်းပတ် နှောင်းပိုင်းမှာတော့ ပဲခွဲစက်များမှာ အဝယ်သွက်လာလို့ ဈေးပြန်တက်လာခဲ့ပါတယ်။ ရာဂျက်စသန်မှ ဈေးကွက်များကို ပဲအသစ်ဝင်ရောက်မှု တိုးတက်နေပြီး ပဲအရည်အသွေးအလိုက် ဈေးအပြောင်းအလဲရှိတယ်လို့ သိရပါတယ်။ ရာဂျက်စသန်နဲ့ အခြားပဲထုတ်လုပ်ရာ ဒေသများက ပဲဝင်ရောက်မှုလည်း စတင်လာတော့မှာဖြစ်ပြီး ပဲတီစိမ်းခွဲခြမ်းကို ဝယ်လိုအားနည်းလာဖွယ်ရှိခြင်းကြောင့် နောက် ၄ ရက်ခန့်အတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၅-၁၀-၁၁ ၄-၁၀-၁၁ ၃-၁၀-၁၁ ၁-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၈၄၃ ၈၄၁ ၈၄၃ -ဒေလီ ၅၀၈-၇၁၁ ၅၁၀-၆၇၃ ၅၁၁-၆၅၄ ၅၁၀-၆၅၃အာကိုလာ ၆၃၀-၈၃၃ ၆၁၁-၈၃၆ ၅၁၁-၈၃၈ -MIRT(MAPT)
စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၀၄၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၂၅၄ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၇၂ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ စက်တင်ဘာလမှာ ကန်ဒေါ်လာ ၅ ဒသမ ၆၀၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၆၈၅၄ တန်ခန့် အပို့ရှိခဲ့ပြီး ဧပြီလမှ စက်တင်ဘာလထိနယ်စပ်မှ ပဲတီစိမ်းတန် ၁၁၇၉၆၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ မြေပြင်ဈေးများ ပိုမိုရလျက်ရှိနေတယ်လို့ သိရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၅၃၅၁၀ ၆၄၇၀၉၉ ၆၄၀၁ ၁ ၈၉၄ ၈၇၇ ၁၇ ၂MIRT(DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပြည်ပအဝယ်အေးလို့ အောက်တိုဘာလ ပထမပတ်မှာ ပဲတီစိမ်းတန်ချိန် ၁၉၀၀ ခန့်သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာ ပဲတီရွှေဝါ တန် ၇၀၀၀ကျော်၊ ပဲတီစိမ်းတန်ချိန် ၁၄၀၀ ခန့်နဲ့ ပဲတီစိမ်းခွဲခြမ်းတန်ချိန် ၂၀၀၀ ကျော် စုစုပေါင်း တန်ချိန် တစ်သောင်းကျော် ပြည်ပ အရောင်း အဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုတိုးတက်နေတဲ့ကာလဖြစ်ပြီး အရည်အသွေး နိမ့်ကျမှုတွေ ကြောင့် ပြည်ပပဲများ ဝယ်လိုအားနည်းနေခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ ပခုက္ကူအစကို အနည်းငယ်အဆွဲ ရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးလို့ ရန်ကုန် FOB ဈေးများလည်း အနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပခုက္ကူ ရွှေဝါအသေး၇-၁၀-၁၁ ၇၈၀-၈၀၀ ၈၄၀-၈၆၀ ၁၀၂၀-၁၀၄၀၃၀-၉-၁၁ ၈၀၀-၈၂၀ ၈၆၀-၈၈၀ ၁၀၅၀-၁၀၇၀MIRT(MAPT)
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုလများ အတွင်း လျော့ကျလာခဲ့ရာ စက်တင်ဘာ နောက်ဆုံးပတ်မှာ တန်ချိန် ၁၅၀၀ခန့်ကို ဆက်လက်လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံးအတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၁၄၀၀၀ ခန့် တင်ပို့ခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၁၅၀၀၀ ကျော်တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ စက်တင်ဘာလ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၁၀၀၀ ကျော်နဲ့ ယှဉ်ရင်တော့ ယခုနှစ်ကာလတူမှာ ပိုမိုတင်ပို့တာတွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ စက်တင်ဘာလ အထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၉၃၀၀၀ ကျော်ရှိပြီး ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၃၀၀၀၀ ကျော်တင်ပို့ခဲ့လို့ လက်ရှိဘဏ္ဍာနှစ်မှာ ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယအဝယ်နှေးနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိပါတယ်။ MIRT(MAPT)
