Main menu

Background

Sunday, 25 Sep 2011

ရော်ဘာအပို့ တက်ချည်ဆင်းချည်                  သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန် ၁၄၀ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၆၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မလေးရှားကို တန် ၄၀ နဲ့ စင်ကာပူကို တန် ၁၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၃၀၀ ကျော်တင်ပို့ခဲ့ပါတယ်။ ယခုရာသီက ရော်ဘာပြတ်လတ်တဲ့အချိန်ဖြစ်တာကြောင့် လက်ကျန်နည်းပြီး တင်ပို့မှုကျဆင်းတာဖြစ်ကြောင်းသိရပါတယ်။ နယ်စပ်ကလည်း ၆၆၉ တန်ခန့် အပို့ရှိပြီး ယခင်အပတ် တင်ပို့မှုထက် တန် ၃၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ RSS-3  နဲ့ MSR-20 တစ်တန်ကို ၄၅၀၀ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၄၀၀ ဒေါ်လာ ဈေး ပေါက်ကြောင်းသိရပါတယ်။ KZW 

Sunday, 25 Sep 2011

ပြောင်းတင်ပို့မှု ထက်ဝက်ကျော်ကျ                   သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန် ၂၃၄၀ ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၆၅၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၈၀၁တန်၊ အိန္ဒိယ ကို တန် ၃၆၀ ၊ အင်ဒိုနီးရှားကို တန် ၇၁၀ ၊ ဖိလစ်ပိုင်ကို တန်၂၃၀ ၊ ဗီယက်နမ်ကို တန် ၂၄၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၅၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ထက်ဝက် ကျော်ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန် သွယ်ရေးကနေ ၆၂၈၀ တန်အပို့ရှိပြီး ယခင်အပတ်ထက် တန် ၁၇၀၀ ခန့် လျော့ နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၃၀၅ ဈေးပေါက်လျက်ရှိပါတယ်။ KZW

Sunday, 25 Sep 2011

နယ်စပ်မှ ပြောင်းအပို့လျော့                 သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၈၈သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၀၂၇ တန်ခန့် နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၇၉သန်းတန်ဖိုးရှိ နှံစားပြောင်း တန် ၂၆၀ အပို့ရှိခဲ့ပါ တယ်။ မန္တလေး-မူဆယ်ပြောင်း ၁ ပိဿာ ကုန်သယ်စရိတ်မှာ ၁ ပိသာ ၂၆ ကျပ် ဈေးဖြစ်နေပြီး ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ မိမိဘက် မြေပြင် ပြောင်းဖူးစေ့ ဈေးအနည်းငယ် မြင့်တက်ခဲ့ပြီး နှံစားပြောင်းဈေးမှာ ကျပ် တစ်သောင်းကျော် လျော့နည်းခဲ့ပါတယ်                                        မိမိဘက်(ကျပ်/တန်)                                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု              ယခင်       ပြောင်းလဲမှု    %          ယခု     ယခင်    ပြောင်းလဲမှု   %ပြောင်းဖူးစေ့       ၁၉၈၅၉၉       ၁၉၅၈၉၅     ၂၇၀၄          ၁ .၄      ၂၈၈    ၂၇၄              ၁၄         ၅နှံစားပြောင်း        ၁၉၆၃၅၇       ၂၁၀၇၇၀      ၁၄၄၁၃          ၇        ၃၁၃     ၃၁၃              -             -MIRT (DOBT)

Sunday, 25 Sep 2011

ကာလတူထက်ရော အနီးစပ်ဆုံးကာလထက်ပါ သြဂုတ်လမှာ မူဆယ်မှ ပြောင်းအပို့ပို                    သြဂုတ်လမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၇၅၀ သန်းတန်ဖိုးရှိပြောင်း ၄၁၉၈၁ တန် တင်ပို့မှုရှိပြီး ယမန်နှစ်ကာလတူထက် ၂၂၈၄၄ တန်နဲ့ အနီးစပ်ဆုံးကာလ ဇူလိုင်လထက် ၇၄၈ တန်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လထိကာလမှာ ကန်ဒေါ်လာ ၅၅ ဒသမ ၃၆ သန်းတန်ဖိုးရှိပြောင်း တန်ချိန် ၂၀၁၄၀၀ ကျော်အပို့ရှိခဲ့ပါတယ်။ ပြည်တွင်းဈေး၊ သယ်ယူစရိတ်နဲ့ အခွန် အခအရ အရင်းကျသင့်ငွေများပြီး အကျိုးအမြတ်နည်း၍ ယခင်လထက် တင်ပို့မှု အနည်း ငယ်သာ ပိုမိုခဲ့ရပါတယ်။ ယခုလက်ရှိမူဆယ်မှ တင်ပို့နေတဲ့ပြောင်းတွေဟာ မန္တလေး၊ သီပေါနဲ့ တောင်ကြီးတို့က ပြောင်းလက်ကျန်များ တင်ပို့နေတာဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ်မှာ တရုတ်ပြည်အတွင်းပိုင်းဒေသအချို့မှာ ရာသီဥတုဖောက်ပြန်တဲ့ အတွက် ပြောင်းအထွက်နည်းတာကြောင့်မို့ မိမိတို့ ပြောင်းကို ဝယ်လိုအားရှိနေတာ ဖြစ်ပါတယ်။ မိမိတို့ဘက်မှာတော့ ပြောင်းအထွက်များပြီး အစောပိုင်း ကာလများက သယ်ယူပို့ဆောင်ခ သက်သာခဲ့ခြင်းနဲ့ ယခုအခါ အခွန်နှုန်းထားများ လျှော့ချပေး လိုက်ခြင်းတို့ကြောင့် တင်ပို့မှုပိုမိုနေတာဖြစ်ပါတယ်။                   ယခုလ ပြည်တွင်းပြောင်းဖူးစေ့ ဈေးနှုန်းများကတော့ ပြောင်း (စီပီ) ၁၆၄၄၃၉- ၁၈၇၁၂၀၊ ပြောင်း(ရှမ်း) ၁၅၀၈၃၀-၁၈၁၄၅၁ ကျပ်နဲ့ ပြောင်း (ဗမာ) ၁၄၇၄၂၈ - ၁၆၄၄၃၉ ကျပ် အသီးသီးဖြစ်ပြီး ရွှေလီဈေးကတော့ ၁ တန်ကို ယွမ် ၁၈၈၀ မှ ၁၉၀၀ ထိရှိပါတယ်။MIRT(DOBT)

Sunday, 25 Sep 2011

ရော်ဘာစိုက်ပျိုးရေးစီမံကိန်းများမှ ဆင်းရဲမှုလျှော့ချပေးနိုင်            မလေးရှားရော်ဘာစက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးရေး အာဏာပိုင် (RISDA) ကစိုက်ပျိုးမှုအကောင်းဆုံး ဆာဘေ့ ဒေသမှာ ရော်ဘာစိုက်ပျိုးရေးမြှင့်တင်ရေး လှုပ်ရှားမှုများကို ကျေးလက်အဖွဲ့အစည်းများကြားမှာ ဆင်းရဲမှုလျှော့ချရေး အစီအစဉ်အဖြစ် ဆောင်ရွက်မယ်လို့သိရပါတယ်။(RISDA) ရဲ့ဥက္ကဋ္ဌက ရော်ဘာလုပ်ငန်းငယ်တွေကို အထောက်အပံ့ပေး ခြင်းကို ဆက်လက် အကောင်အထည်ဖော်မှာဖြစ်ပြီး အထူးသဖြင့် ကျေးလက်ဒေသများကိုအဓိကထားပြီး ထောက်ပံ့မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ရော်ဘာ စိုက်ဧရိယာဟက်တာ(၁)သန်းကိုရောက်ရှိဖို့ ကြိုးစားမှာဖြစ်ပြီး၊ ကမ္ဘာ့ရော်ဘာ ထုတ်လုပ်နိုင်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ၎င်းင်းက ပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရဆီကတုံ့ပြန်မှု အကောင်းဆုံးလည်းလိုအပ်ပြီး အေဂျင်စီတွေနဲ့စိုက်ပျိုးသူတွေပါဝင်ဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း ပြောကြားပါတယ်။(RISDA) အနေနဲ့ အစီအစဉ် အမျိုးမျိုး ချမှတ်ဆောင်ရွက်နေပြီး အားလုံးသော အစီအစဉ်တွေက ကျေးလက်က ရော်ဘာလုပ်ငန်းတွေအတွက် ရည်ရွယ်ကြောင်း သိရပါတယ်။ ကျေးလက်ဒေသကို အဓိကထားရတဲ့ အကြောင်းရင်းကတော့ လုပ်ငန်းငယ်တွေက ကျေးလက်မှာပဲရှိပြီး ဆင်းရဲမွဲ တေမှုနှုန်းလည်း မြင့်မားကြောင်းသိရပါတယ်။ ဒီလိုဆောင်ရွက်တာက (RISDA) ရဲ့ စည်းမျဉ်းတစ်ခုဖြစ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်လည်း ဖြစ်ကြောင်းသိရပါတယ်။ မလေးရှား Sabah ဒေသမှာ ရော်ဘာစိုက်ဧရိယာ ဟက်တာ(၇) သောင်းရှိပြီး နှစ်စဉ် မက်ထရစ်တန် (၆) သောင်းထုတ်လုပ်ကြောင်း ရော်ဘာ Sabah စက်မှု အသင်း (LIGS) ကပြောကြား ခဲ့ပါတယ်။                       ဒါပေမယ့် နိုင်ငံရဲ့ ထုတ်လုပ်မှုကျဆင်းနေပြီး (LIGS)  ရဲ့ဆောင်ရွက်ချက်ကတော့ ၂ ဆတက်ခဲ့ကြောင်း သိရပါတယ်။ အစိုးရအနေနဲ့(LIGS)  နဲ့ (RISDA)  တို့လိုအဖွဲ့အစည်းတွေက အထောက်အပံ့တွေပေးခဲ့ကြောင်းလည်း သိရပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ စိုက်ပျိုးရေးနဲ့ အစားအစာ ဒုတိယဝန်ကြီးကလည်း အစိုးရအနေနဲ့Sabah  ဒေသမှ ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးသင့်ကြောင်းပြောကြားခဲ့ပါတယ်။                   ပြည်နယ်အစိုးရကနေ LIGS  ကို ချေးငွေရင်းဂစ် သန်း(၆၀)ထုတ်ပေးမယ်လို့လည်း ကြေညာခဲ့ပါတယ်။ ရော်ဘာ စိုက်ပျိုးရေး စီမံကိန်းအကောင်အထည်ဖော်မှုဟာ ကျေးလက်အဖွဲ့အစည်းတွေအတွက် အကျိုးကျေးဇူးကြီးမားမှာဖြစ်ပြီး စိုက်ပျိုးရေး နည်းပညာနဲ့ ဈေးကွက်ဈေးနှုန်း အားကောင်းလာတာကြောင့် ရော်ဘာ စိုက်ပျိုးသူတွေရဲ့ ဝင်ငွေတိုးလာပြီး နိုင်ငံတစ်ဝန်းလုံး အတွက် အကျိုးရှိမှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ Source:Internet,KZW 

Sunday, 25 Sep 2011

၂၀၁၁-၁၂ အတွက် ကမ္ဘာ့သကြားပိုလျှံမှု တန်ချိန် ၉ ဒသမ ၁၆ သန်းကို လျော့ကျဖွယ်ရှိ                      ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာကြောင့် အစောပိုင်းက ကမ္ဘာ့သကြားပိုလျှံမှုကို တန်ချိန် ၁၀ ဒသမ ၅၈ သန်းရှိမယ်လို့ ခန့်မှန်းထားရာမှ ၂၀၁၁-၁၂ အတွင်း တန်ချိန် ၉ ဒသမ ၁၆ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ဆွစ်ဇာလန်အခြေစိုက် သုတေသနပညာရှင်Kingsman SA  က ပြောကြားပါတယ်။ အောက်တိုဘာလ ၁ ရက်မှာစတင်မယ့် ၂၀၁၁-၁၂ ရာသီအတွက် ကမ္ဘာ့ထုတ်လုပ်မှုရော စားသုံးမှုပါ လျော့ကျမယ်လို့လည်း ဆိုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ သီးနှံထွက်ရှိမှု ပမာဏပေါ် မူတည်ပြီး ကမ္ဘာ့သကြားပိုလျှံမှုလည်းလျော့ကျနိုင်တယ်လို့ ဆိုပါတယ်။                        အဓိက ကြံစိုက်ပျိုးရာ နိုင်ငံများထဲမှ အထူးသဖြင့် ဘရာဇီးတောင်ပိုင်းမှာ အထွက်နှုန်း ကျဆင်းဖွယ် ရှိခြင်းကြောင့် ကမ္ဘာ့ထုတ်လုပ်မှုကျဆင်းမယ်လို့ ခန့်မှန်း ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်း၊ တရုတ်နဲ့ အရှေ့အာဖရိက တစ်ခုလုံးမှ ထုတ်လုပ်မှုကျော်လွန်ဖွယ်ရှိတဲ့ အခြေအနေ မသေချာခြင်းအပေါ်လည်းထည့်သွင်း စဉ်းစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။                     ၂၀၁၁-၁၂ အတွက်တတိယအကြိမ် ခန့်မှန်းချက်အရ ကမ္ဘာ့သကြား ထုတ်လုပ်မှုကို အစောပိုင်းက တန်ချိန် ၁၇၆ ဒသမ ၃၃ သန်းခန့်မှန်းရာမှတန်ချိန် ၁၇၃ သန်းကို လျော့ကျခန့်မှန်းထားပါတယ်။ အလားတူ ၂၀၁၁-၁၂ အတွက် ကမ္ဘာ့ သကြားစားသုံးမှုမှာလည်း အစောပိုင်းက တန်ချိန် ၁၆၅ ဒသမ ၇၆ သန်း ခန့်မှန်း ထားရာမှ ကမ္ဘာ့သကြားဈေး ကြီးမြင့်ခြင်းနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းတို့ကြောင့် တန်ချိန် ၁၆၄ သန်းကိုလျော့ကျခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ၂၀၁၀-၁၁ စားသုံးမှုတန်ချိန် ၁၆၂ ဒသမ ၄၂ သန်းထက်ပိုမိုမယ်လို့တော့ ဆိုပါတယ်။ ယမင်းခင်၊Source: P T I 

Pages