Background
ကုလားပဲဖြူလုံးကြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ပို ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုမှာ ကုလားပဲဖြူလုံးကြီး FAQ တန် ၆ဝဝဝ ကျော်ရှိခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း အရောင်းအဝယ်စာခုျပ်နိုင်မှု တန် ၄၇ဝဝ နဲ့ နှိုင်းယှဉ်လျှင် ရောင်း ဝယ်မှု ပိုလာပါတယ်။ ရန်ကုန် FOB ဈေးကွက်အနေနဲ့ သြဂုတ်လ ၁၁ ရက်နေ့က ကုလားပဲ ဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ တာ တွေ့ရပါတယ်။ ပြည်တွင်းလက်ကျန်နည်းတာကြောင့် ပြည် တွင်း ဈေးငြိမ်ကြောင်း ဈေးကွက်က ဆိုပါတယ်။ MIRT - MAPT
ယခုအပတ် ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုလျော့ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှုဟာ ဇူလိုင်ပထမပတ်မှာ တန် ၂၅ဝဝ ကျော်၊ ဒုတိယပတ် မှာ တန် ၁၅ဝဝ ခန့်၊ တတိယပတ်မှာ တန် ၃ဝဝဝ ခန့်၊ နောက်ဆုံးပတ်မှာ တန် ၃၂ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက ကုလားပဲတန်ချိန် ၁ဝဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။ ယခု သြဂုတ်လဆန်းပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အတွင်း တန်ချိန် ၂၈ဝဝ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်အပတ်ထက် တင်ပို့မှုလျော့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁ -၂ဝ၁၂ သြဂုတ်လ ၅ ရက်နေ့အထိ တင်ပို့မှုက တန်ချိန် ၄ သောင်းရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူက တန်ချိန် ၁ဝဝဝ ခန့်ထက် ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခုအပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ် ဆက်လက်ဖြစ်နေတာကြောင့် လာမဲ့အပတ်များမှာ ဆက်လက် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ MIRT - MAPT
ယခုတစ်ပတ် ပဲတီစိမ်း သင်္ဘောတင်ပို့မှု ယခင်အပတ်ထက် အနည်းငယ်လျော့ ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ်က တန်ချိန် ၁၈ဝဝ ကျော်၊ ဇူလိုင် ဒုတိယပတ်က တန်ချိန် ၁၆ဝဝ ခန့်၊ တတိယပတ်က တန်ချိန် ၂၆ဝဝ ကျော်၊ ဇူလိုင်နောက်ဆုံးပတ်က တန်ချိန် ၄ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ၂ဝ၁၁ ဇူလိုင်လက ပဲတီစိမ်းတန်ချိန် ၁ဝဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုသြဂုတ်လဆန်းပတ် ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ၆ ရက်အတွင်း တန်ချိန် ၃၂ဝဝ ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခင်အပတ်ထက် တင်ပို့မှုလျော့လာပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂ဝ၁၁-၂ဝ၁၂သြဂုတ်လ ၅ ရက်နေ့အထိ တင်ပို့မှုက တန် ချိန် ၁ ဒသမ ၄၄ သိန်းကျော်ရှိတာကြောင့် ယခင်နှစ်ကာလတူက တင်ပို့ခဲ့တဲ့တန်ချိန် ဝ ဒသမ ၉၃ ကျော်ဖြစ်လို့ ယခု နှစ်မှာ ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်းစာချုပ် ချုပ်ဆိုရောင်းဝယ်နိုင်မှုဟာ အပတ်စဉ် အနည်းငယ် မြင့်တက်နေတာကြောင့် လာမည့်ရက်သတ္တပတ်များမှာ ဆက်လက်တင်ပို့နေနိုင်မယ်လို့ ဈေးကွက်က ဆိုပါတယ်။ MIRT - MAPT
ယခုတစ်ပတ်ပဲတီစိမ်းဈေးအေးပြီး အရောင်းအဝယ်ပိုဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၆၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက်ပဲတီရွှေဝါတန် ၆ဝဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၅၃ဝဝ ကျော်၊ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုအပတ်မှ ပိုမို အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရာသီ ဥတုကြောင့် အဝယ်ပါးလို့ ဈေးအနည်းငယ်အေးကြောင်း သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၁၁-၈-၁၁ ၇၃ဝ-၇၅ဝ ၉၈ဝ-၁ဝဝဝ ၁ဝ၅ဝ-၁ဝ၇ဝ၄-၈-၁၁ ၇၃ဝ-၇၅ဝ ၁ဝဝဝ-၁ဝ၂ဝ ၁ဝ၈ဝ-၁၁ဝဝ MIRT(MAPT)
ပဲတီစိမ်းလုံးပြည့်ရော လုံးခြမ်းပါအပို့ရှိ သြဂုတ်လ ၃ ရက်မှ ၉ ရက် ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၃၂၅သန်းကျော် တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၆၉၈၈ တန်ခန့်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၂၂ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၂၁ တန် အပို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် တန်ချိန် ၃၅ဝဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %၆၁၅၆၂ဝ ၆၁၁၈၉၇ ၃၇၂၃ ဝ .ဝ၂ ၉၃၁ ၈၅၄ ၇၇ ၈ ပဲတီစိမ်းခရမ်းရွှေဝါများ မဝင်သော်လည်း အညာစများသာအဝင်ရှိပြီး ယခုအပတ်မှာ ပဲအဝင် နည်းလျက်ရှိတယ်လို့ သိရပါတယ်။MIRT (DOBT)
အိန္ဒိယပဲတီစိမ်း ဈေးကွက်ဈေးငြိမ်ပြီး အရောင်းအဝယ်အေး အိန္ဒိယပြည်တွင်း အဓိက ဈေးကွက်တွင် ဈေးငြိမ်လျက်ရှိပြီး၊ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်က သိုလှောင်ထားတဲ့ လှောင်ကုန်များရှိသလို သီးနံှသစ်များကို မျှော်လင့်လျက်ရှိကြောင်း၊ စိုက်ဧရိယာမှာ ယခင်နှစ် ထက် နည်းကြောင်းသိရပါတယ်။ လက်ငင်းဈေးကွက်တွင် ပဲတီစိမ်းဈေး ခိုင်မာလျက်ရှိရာမှ ဈေးလျော့ကျလျက်ရှိကြောင်း သိရပါတယ်။ ဝယ်လိုအား ပိုကောင်းလာပြီး ရောင်းလိုအား အနည်းငယ် အားနည်းခြင်းက ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေကြောင်း သိရပါတယ်။ နိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် မြေဆီသြဇာ ကောင်းမွန်ပြီး သီးနံှစိုက်ပျိုးသော ဒေသအများစုတွင် အခြေအနေကောင်း များဖြစ်ပေါ်နေကြောင်း သိရပါတယ်။ အနောက်မြောက်ဒေသတွင် မိုးရွာသွန်းမှုကြောင့် သီးနံှအထွက် နှောင့်နှေးနိုင်ကြောင်း သိရပါတယ်။ သြဂုတ်လကုန်ပိုင်းခန့်တွင် သီးနံှအသစ်များ ဒေသအသီးသီးမှ ဝင်ရောက်လာနိုင်ပြီး ကုန်သည်များက သီးနံှ၏ အရည်အသွေးအ တွက် စောင့်မျှော်နေကြကြောင်းလည်း သိရ ပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် - ဒေါ်လာ/ တန် ၁၁-၈-၁၁ ၁ဝ-၈-၁၁ ၉-၈-၁၁ ၈-၈-၁၁မွန်ဘိုင်း (ကင်ညာ) ၉၇၂ ၉၆၈ ၉၆၉-၉၇၄ ၉၅၆ဒေလီ ၇၇၃-၈၁၇ ၇၇၄-၈၁၈ ၇၇၅-၈၁၉ ၇၇၈-၈၂၃အာကိုလာ ၇၇၃-၈၈၄ ၈၁၈-၉၃၅ ၇၇၅-၈၈၆ ၇၇၈-၈၉ဝMIRT(MAPT)
ပြည်ပဲတီစိမ်းအရောင်းအေးသလို ဈေးလည်းအေးနေ သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်း ဝင်ရောက်မှု အဝင်ပါးလာခဲ့ပါတယ်။ ဇူလိုင်လ အတွင်း ပဲတီစိမ်းသီးနံှမှာ အဝင်များခဲ့ပြီး အရောင်းသွက်တယ် လို့ သိရပါတယ်။ သြဂုတ်လဆန်းမှစ၍ ယခုတစ်ပတ်အထိ အဝင်ပါးလာသလို အရောင်းအဝယ်လည်းအေးနေခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ ထိပ်စတစ်တင်း ၁၅ဝဝဝ ကျပ်နဲ့ ရိုးရိုးစမှာ တစ်တင်း၁၄၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးကျသွား ခဲ့ပါတယ်။ မန္တလေးဝယ်လက်နဲ့ ရနု်ကုန်ဝယ်လက်များ အဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ မန္တလေးဝယ်လက်အဝယ်အေးခဲ့ပြီး ရန်ကုန်သို့ အိတ် ၄ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့ကာ ဒေသတွင်း အရောင်းအဝယ်ဖြစ်မှု ပမာဏအနေဖြင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ တစ်ဧက ကျပ်လေးသောင်းစီ ထုတ်ချေးလျက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်လေးသောင်းစီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။ တောင်သူလယ်သမားများကို ယခင်က စိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်နှစ်သောင်းစီ ထုတ်ချေးပေးလျက်ရှိရာမှ အစိုးရအဖွဲ့သစ်တာဝန်ယူပြီးနောက်ပိုင်းတွင် တစ်ဧကလျှင် ကျပ်နှစ်သောင်းစီတိုး မြှင့်ပြီး ကျပ်လေးသောင်းစီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အစိုးရမှ စုစုပေါင်းစပါးစိုက်ဧက သန်း ၂ဝအတွက် ကျပ်နှစ်သောင်းစီ တိုးမြှင့်ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ''စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့လည်း ယခင်က တစ်ဧကကို ကျပ်နှစ်သောင်းပဲပေးခဲ့ရာကနေ ယနေ့တစ်ဧကကို ကျပ် လေးသောင်း ပေးပါတယ်။ နှစ်ဆတိုးပြီးပေးပါတယ်။ နိုင်ငံတော်မှာ စပါးစိုက်ဧက စုစုပေါင်း သန်း ၂ဝအတွက် နောက်ထပ် နှစ်သောင်းစီ တိုးပြီးပေးထားပါတယ်'' ဟု ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ မယ်သီတာ
အက်ဖ်အီးစီများကို ရုပ်သိမ်းပြီး Exchange Rate ကို တစ်ပြေးညီ သတ်မှတ်ပေးမည် သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံး စုဝေးခန်းမတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တစ်ပြေးညီသတ်မှတ်ပေးပြီး အက်ဖ်အီးစီများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးသန်းငြိမ်းက ''Exchange Rate က ကျွန်တော်တို့နိုင်ငံရဲ့ Monetary Policy မှာ အရေးကြီးတဲ့ ကိရိယာတစ်ခုဖြစ်တော့ ဒီကိစ္စကို ကျွန်တော်တို့ အထူးအလေးထားဆောင်ရွက်ဖို့ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားနဲ့နေ့စဉ်လူမှုစီးပွားဘဝတွေမှာ ထိခိုက်မှုမရှိစေဖို့ ဦးစားပေးပြီး အိုင်အမ်အက်ဖ်နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ Exchange Rate Unification ကိစ္စ ဆောင်ရွက်ရင် အက်ဖ်အီးစီရုပ်သိမ်းရေးကိစ္စကလည်း အလိုအလျောက်ပါသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုရုပ်သိမ်းတဲ့အခါမှာ အက်ဖ်အီးစီလက်ဝယ် ရှိတဲ့ နိုင်ငံသားများအနေနဲ့ နစ်နာမှုမရှိစေဖို့ အက်ဖ်အီးစီ အစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေအမေရိကန်ဒေါ်လာဖြစ်စေ(ဒါမှမဟုတ်) အဲဒီအချိန်မှာ ရှိတဲ့ သတ်မှတ်ထား တဲ့ပေါက်ဈေး နဲ့ညီမျှတဲ့ ကျပ်ငွေဖြစ်စေ ရရှိမှာဖြစ်ပါတယ်။ နစ်နာမှုမရှိစေဖို့အတွက် တာဝန်ယူဆောင်ရွက်ပေး မှာဖြစ်ပါတယ်'' ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ မယ်သီတာ
ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည် ယခုလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိရာ ယင်းကဲ့သို့ရေလွှမ်းမိုးမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ ရသည့်လယ်ယာမြေများအတွက် လယ်ယာစိုက်ပိုျးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူလယ်သမားများအား ပံ့ပိုးကူညီမှု များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၂ရက်က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် လယ်ယာစိုက်ပိုျးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရှင်းလင်းပြောကြားသွားခဲ့သည်။ ဒုတိယဝန်ကြီးဦးအုန်းသန်းက ''ရေကြီးနစ်မြုပ်မှုတွေနဲ့ပတ်သက်ပြီး ရေကျသွားတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ နဲ့ တောင်သူလယ်သမားများ စပါးပြန်လည်စိုက်ပျိုးနိုင်အောင် လိုအပ်ချက်တွေဖြစ်တဲ့ မျိုးများကို ကြိုတင်ရှာဖွေစုဆောင်းထားပြီး မျိုးအပါအဝင် အခြားပံ့ပိုးမှုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူပဲ နောင်နှစ်တွေ မှာ ရေလွှမ်းမိုးမှုမရှိအောင် နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်နဲ့အညီ ဆည်မြောင်းဦးစီးဌာနက မိုးကုန်သွားတဲ့အခါ သက်ဆိုင်ရာကွင်းတွေကို တိုင်းတာပြီး လုပ်သင့်လုပ်ထိုက် တဲ့ ရေမြောင်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒုတိယသမ္မတကြီးဦးစီးတဲ့ ကရင်ပြည်နယ်ခရီးစဉ်မှာလည်း အလားတူစီမံဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ မယ်သီတာ
