Background
မူဆယ်မှ ယခုအပတ် ပဲယင်း တင်ပို့မှုလျော့ သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ပဲယင်း ၃ဝ၂ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၅၃၂ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိ ဘက်မှာရော တဘက်နိုင်ငံမှာပါ မြေပြင်ဈေးများ မြင့်တက်နေသော်လည်း အရောင်းအဝယ် အေးနေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို ကြည့်လျှင် မိမိဘက်ဈေးကျပ် ၁ဝဝဝ ကျနေပြီး တစ်ဘက်နိုင်ငံဈေး ဒေါ်လာ ၂ဝ ပိုမိုလျက်ရှိပါတယ်။ ယခုအပတ်မှာ ပဲယင်းကား ၁၅ စီးဝန်းကျင်သာ အဝင်ရှိပြီး ယခင်အပတ်က အစီး ၂ဝ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ မိမိဘက် နဲ့ တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲယင်း ၃၂၈၃၃၂ ၃၂၉၃၃၂ ၁ဝဝဝ ဝ .၃ ၅၁၇ ၄၉၇ ၂ဝ ၄MIRT (DOBT)
ဒေသတွင်းသာမက အခြားတိုင်းမှလည်း မှာယူမှုရှိခဲ့တဲ့ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်အတွင်း လက်ကျန်ပဲများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ထော ပတ်ပဲသီးနံှမှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဇွန်လမှစ၍ သြဂုတ်လဆန်းအထိ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့်ဈေးငြိမ်ခဲ့ပြီး၊ ယခု သြဂုတ်လ တတိယပတ်တွင် တစ်တင်း ၅ဝဝ ကျပ်ခန့် မြင့်တက်လာခဲ့ပါတယ်။ ဒေသတွင်း လက်လီသမားများအဝယ်ရှိသလို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မှ မှာယူမှုများရှိတဲ့အတွက်အိတ် ၄ဝ-၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါ တယ်။ ခင်ဆွေဝင်း
လက်ကျန်နည်းပြီး ပြည်ပအရောင်း ဈေးအေးလာတဲ့ မြေထောက်ပဲနဲ့ ထောပတ်ပဲ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မြေထောက်ပဲနဲ့ ထောပတ်ပဲ အရောင်းအဝယ်စာချုပ်နိုင်မှုဟာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်းမြေထောက်ပဲ FAQ ၂၄ တန်၊ ထောပတ်ပဲ တန် ၅ဝ ဝန်းကျင် စာချုပ်ရောင်းချခဲ့ပါတယ်။ ဈေးကွက်မှာ လက်ကျန်နည်းလာတာကြောင့် ယခင် အပတ်က မြေထောက်ပဲ ၈၅ တန်၊ ထောပတ်ပဲ ၁၁ဝ တန်ထက် ရောင်းချမှု လျော့ကျလာပါတယ်။ သြဂုတ်လ ၁၈ ရက်က မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ- ၆၄ဝ၊ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ၇၃ဝ-၇၅ဝ ဖြစ်တာကြောင့် ယခင် တစ်ပတ် မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ထက် ဈေးအေးလာတာတွေ့ရပါတယ်။ လက်ကျန်နည်းပေမဲ့ ပြည်ပပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့် ဈေးအေးလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ MIRT-MAPT
ယခုတစ်ပတ်မြေထောက်ပဲတင်ပို့မှု ပိုပြီး ထောပတ်ပဲတင်ပို့မှုလျော့ ပင်လယ်ရေကြောင်းမှ ပြည်ပသင်္ဘောတင်နိုင်မှုဟာ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိ မြေထောက်ပဲတန် ၂၅ဝ ကျော်နဲ့ ထောပတ်ပဲ တန် ၁ဝဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ မြေထောက်ပဲကို တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများသို့ တင်ပို့ခဲ့ပြီး၊ ထောပတ်ပဲကို တရုတ်နဲ့ စင်ကာပူနိုင်ငံများသို့ တင်ပို့ ခဲ့ကြောင်းသိရပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၅၉ဝဝ ကျော်၊ ထောပတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁၁ဝဝဝ ဝန်းကျင်ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူ တင်ပို့မှုမှာ မြေထောက်ပဲတန်ချိန် ၄၄ဝဝ ကျော်၊ ထောပတ်ပဲ တန်ချိန် ၈ဝဝဝ ကျော်နဲ့ နှိုင်းယှဉ်ရင် ယခုဘဏ္ဍာနှစ်မှာ ပို တင်ပို့နိုင်ခဲ့ပါတယ်။ MIRT-MAPT
Export ဝယ်လက်သွက်လို့ ဈေးကောင်းပြီး ရောင်းအားတက်တဲ့ မုံရွာ V2 မုံရွာကုန်စည်ဒိုင်တတိယပတ်ကုလားပဲဈေးကွက်မှာ V2 အရောင်းအဝယ်ဆက် လက်အားကောင်းနေပြီး၊ ဈေးအနေနဲ့လည်း အထက်ဈေးမှာ တန့်နေတာတွေ့ရပါတယ်။ အခုလို V2 အပါအဝင် ကုလားပဲဈေးအားလုံး နီးပါး ဈေးကောင်းရနေလို့ နယ်တောင်သူတွေရဲ့ပဲတွေ မုံရွာပွဲရုံတွေကို တစိမ့်စိမ့်ဝင်လာနေတယ်လို့ ဈေးကွက် က သိရပါတယ်။ V2 ဈေးကွက်ရဲ့ အဓိကဝယ်လက်က ရန်ကုန်ဖြစ်ပြီး၊ မန်းကုန်သည်အချို့လည်း အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးများကတော့ V2 တစ်တင်း ၂၁၄ဝဝ ကျပ်မှ ၂၁၆ဝဝ ကျပ်၊ တိုင်ပေ တစ်တင်း ၁၆၈ဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်၊ V2 တစ်တင်း ၁၆၅ဝဝ ကျပ်မှ ၁၆၈ဝဝ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၆ဝဝဝ ကျပ်မှ ၁၅၅ဝဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ V2 အရောင်းအဝယ်ဟာ တစ်နေ့ပုံမှန် အိတ် ၁၅ဝဝ ခန့်ရှိကာ ကြိုက်ဈေးရရင် ရန်ကုန်ဝယ်လက်အဆွဲပိုလို့ တစ်နေ့တင်း ၅ဝဝဝ ခန့်ထိ ရှိခဲ့တယ်လို့သိရပါတယ်။ စီးထွက်မှုအားဖြင့် ယခုတစ်ပတ်အတွင်း ရန်ကုန်ကို တင်း ၁ဝဝဝဝ ကျော်နဲ့ မန္တလေးကို တင်း ၅ဝဝဝ နီးပါးရှိခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယ ကုလားပဲဈေးကွက် ပွဲတော်များကြောင့် ဝယ်လိုအားကောင်းမယ် မျှော်လင့် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ဈေးနှုန်းခိုင်မာလျက်ရှိပြီး၊ စက်ပိုင်များနဲ့ တစ်ဆင့်ရောင်းချများမှ ဈေးနှုန်းတက်မယ့် မျှော်လင့်ချက်အရ ဝယ်လိုအားများ ခိုင်မာနေကြောင်း သိရပါတယ်။ ယခုနှစ်ကုန်ပိုင်း ပွဲတော် များပိုမိုများပြားလာ တာကြောင့် ကုလားပဲနဲ့ ကုလားပဲထုတ်ကုန်များအတွက် ဝယ်လိုအားပိုလာပြီး ဈေး နှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ အမေရိကန်မှာ စိုက်ဧရိယာ ကျဆင်းခြင်းကလည်း ကမ္ဘာ့ဈေးကွက် ကုလားပဲဈေးနှုန်း အလားအလာကောင်းဖို့ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက စိုက်ဧကကျဆင်းပြီး မိုးရွာပြီး ရေကြီးခြင်းကလည်း ကုန်သွယ်ရေးကို ထိခိုက်မှုရှိနိုင်ကြောင်း သိရပါတယ်။ အိန္ဒိယပြည် လက်ငင်းဈေးကွက်တွင် ဈေးနှုန်းအားနည်းလျက်ရှိပြီး၊ ဈေးကွက်အတွင်း အဝယ်ပါးကြောင်းနှင့် သြစတြေးလျမှ သွင်းကုန်များ ဝင်ရောက်လာပါက တစ်ဆင့် ရောင်းနဲ့သိုလှောင်မှုများက ဈေးနှုန်းကို ဖိအားပေးနိုင်ကြောင်း သိရပါတယ်။ ဈေး ကွက် အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၈-၈-၁၁ ၁၇-၈-၁၁ ၁၆-၈-၁၁ ၁၂-၈-၁၁မွန်ဘိုင်း ၅၇ဝ-၅၉၇ ၅၈၄-၆ဝ၆ ၅၈၆-၆ဝ၈ ၅၈၄-၅၉ဝဒေလီ ၆၄၇-၆၅၂ ၆၅ဝ-၆၅၆ ၆၅၂-၆၅၇ ၆၄၅-၆၅ဝကန်ပါ ၆၇၅ ၆၈၁ ၆၈၅ ၆၇၂MIRT(MAPT)
ယခုအပတ် ကုလားပဲဖြူလုံးကြီး ပုံမှန်အရောင်းရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOBဈေးကွက်မှာ သြဂုတ် လ ၁၂ ရက်မှ ၁၈ ရက်အတွင်း အရောင်းအဝယ်စာချူပ် ချုပ်ဆိုမှုဟာ ကုလားပဲဖြူလုံးကြီး FAQ တန် ၂၂ဝဝ ကျော်ရှိပြီး၊ ယခင်အပတ်က စာချုုပ် ချုပ်ဆို ရောင်းချ နိုင်မှုတန်ချိန် ၂၇ဝဝ ကျော်ရှိတာကြောင့် ပုံမှန်အရောင်းအဝယ်ရှိတယ်ဆိုရမှာ ဖြစ်ပါတယ်။ ဝယ်လိုအားရှိနေပေမဲ့ အခြားပဲဈေးများနည်းတူ ရန်ကုန် FOB ဈေးနှုန်းအနေ နဲ့ သြဂုတ်လ ၁၈ ရက်နေ့က ကုလားပဲဖြူလုံးကြီး၊ FAQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်တာကြောင့် ယခင်အပတ် သြဂုတ် ၁၁ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ထက် ဈေးလျော့လာပါတယ်။ MIRT - MAPT
ယခုအပတ် ကုလားပဲဖြူလုံးကြီး ပြည်ပကို ပိုမိုတင်ပို့လာ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ ဇူလိုင်နောက်ဆုံးပတ် မှာ တန် ၃၂ဝဝ ကျော်၊ သြဂုတ်လ ပထမပတ်မှာ တန် ၂၈ဝဝ ကျော်တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်ထိ တန်ချိန် ၄၉ဝဝ ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ ကုလားပဲဖြူလုံးကြီးတန်ချိန် ၄၅ဝဝဝ ကျော် တင်ပို့နိုင်တာကြောင့် ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၃ဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT
လက်ကျန်ပဲများနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ပဲတီစိမ်း ယခုတစ်ပတ် ပြည်ပဲတီစိမ်းဈေးကွက်မှာ အရည်အသွေးအလိုက် ကွာခြားမှုရှိခဲ့ပါတယ်။ ရိုးရိုးစမှာ တစ်တင်း ၁၄၅ဝဝ ကျပ်နဲ့ ထိပ်စမှာ တစ်တင်း ၁၆ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်မှုရှိခဲ့ကြပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှုမှာ တဖြည်းဖြည်းနည်းလာခဲ့ပြီး၊ လက်ကျန်ပဲများဖြင့် တစ်ရက်ကို အိတ် ၁ဝဝ ကျော် ရောင်းဝယ်ခဲ့ကြသလို အရောင်းအဝယ်သွက်တဲ့ ရက်များမှသာ တစ်ရက် အိတ် ၃ဝဝ၊ ၄ဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုသြဂုတ်လ တတိယပတ်အထိ ရန်ကုန်သို့ အိတ် ၁၈ဝဝ ကျော်တင်ပို့ခဲ့ပြီး၊ မန္တလေးဝယ်လက်များ အဝယ်အေးနေခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယ ပဲတီစိမ်း ဈေးကွက်ဈေးနှုန်း အားနည်းနေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွင် ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး လာမယ့် ရက်သတ္တပတ်မှာ အိန္ဒိယကျွန်းဆွယ် အတွင်း မိုးရွာဖွယ်ရှိတာကြောင့် သီးနံှရင့်မှည့်မှုနဲ့ ရိတ်သိမ်းမှု နှောင့်နှေးဖွယ်ရှိကြောင်း သိရပါတယ်။ နိုင်ငံအထက်ပိုင်းမှာ မိုးရွာသွန်းမှုကြောင့် မြေဆီသြဇာကောင်းပြီး၊သီးနံှစိုက်ပိုျးတဲ့ဒေသများမှာ အခြေအနေကောင်းများ ဖြစ်ပေါ်နေပါတယ်။ ဒေသ အသီးသီးမှာ သီးနံှအသစ်များ သြဂုတ်လကုန်မှစလို့ ရောက်ရှိနိုင်ပြီး သီးနံှအရည်အသွေးအတွက် ကုန်သည်များက စိတ်ပူပန် နေကြကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ အဓိကဈေးကွက်များမှာ ဈေးနှုန်းအားနည်းနေပြီး ဝယ်လိုအားလည်း အကန့်အသတ် ရှိနေကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၈-၈-၁၁ ၁၇-၈-၁၁ ၁၆-၈-၁၁ ၁၂-၈-၁၁မွန်ဘိုင်း (ကင်ညာ) ၉၂၁ ၉၄၈ ၉၆၇ ၉၆၄ဒေလီ ၇၆၇-၈၁၁ ၇၇၁-၈၁၆ ၇၇၃-၈၁၈ ၇၇၁-၈၁၆အာကိုလာ ၇၆၇-၈၇၇ ၇၇၁-၈၈၂ ၇၇၃-၇၉၆ ၇၇၁-၈၈၂MIRT(MAPT)
