Main menu

Background

Sunday, 21 Aug 2011

ပဲလွန်းဖြူယခင်အပတ်အတိုင်း ပုံမှန်တင်                    ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူတင်ပို့မှုဟာ ဇူလိုင်တစ်လလုံးအတွင်း တန် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပြီး၊ သြဂုတ်လ ပထမပတ်က တန် ၃ဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အထိ တင်ပို့မှုမှာလည်း တန်ချိန် ၃ဝဝ ခန့် ဖြစ်လို့ ပုံမှန်တင်ပို့နေတယ်လို့ ဆိုရမှာပါ။ တင်ပို့ခဲ့တဲ့ နိုင်ငံ တွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နိုင်ငံများဖြစ်ပြီး ကိုရီးယားနဲ့ စင်ကာပူ နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရပါတယ်။                       လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ ပဲလွန်းဖြူ တင်ပို့ပြီးစီးမှုမှာ ၁၃၆ဝဝ ကျော်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူက တင်ပို့ခဲ့မှုမှာ တန်ချိန် ၁၃ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။   MIRT-MAPT

Sunday, 21 Aug 2011

ပြည်ပဲစင်းငုံ အရောင်းအဝယ်အေးနေ                    ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၇ဝဝ ကျပ်လျော့နည်းခဲ့ပြီး၊ တစ်တင်းကို ၁၂ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ဈေးကွက်တွင်း လက်ကျန် များရှိနေသော်လည်း အခြားတိုင်းမှ ဝယ်လက်များမှာ ယခုတစ်ပတ်တွင် အဝယ်မရှိ တာကြောင့် ဈေးအနည်းငယ် လျော့နည်းရခြင်းဖြစ်ကြောင်း သိရပါတယ်။ တိုင်း အတွင်းမှာလည်းလက်လီ/လက်ကားဝယ်ယူသူများ သိပ်မရှိဘဲဈေးကွက် တွင်း အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ

Sunday, 21 Aug 2011

အိန္ဒိယ ပဲစင်းငုံဈေးကွက် ဈေးအေးပြီး စိုက်ပျိုးမှု လျော့နည်းနေ                   အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွင် ဈေးမငြိမ်သော်လည်း ဈေးကွက် အတွင်း ထူးခြားသော အပြောင်းအလဲမရှိကြောင်း သိရပါတယ်။ ရောင်းလိုအား လုံလောက်သော်လည်း အရောင်းအဝယ် နည်းလျက်ရှိပြီး၊ ဝယ်လိုအားတက်လာပါက ဈေးကောင်းလာနိုင်ဖွယ် ရှိပါတယ်။ တစ်ဆင့်ရောင်းသူများရဲ့ အဝယ်လိုက်ချင်း ကလည်း ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ အိန္ဒိယအနောက် ပိုင်း၊ အလယ်ပိုင်းနဲ့အရှေ့ပိုင်းမှာ မိုးရွာသွန်းမှုကြောင့် သီးနံှအတွက် အခြေအနေ ကောင်းပေမဲ့ ကုန်သည်များက တောင်ပိုင်းဒေသအတွက် စိုးရိမ်နေကြောင်း သိရပါတယ်။ အိန္ဒိယအရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာ ပဲစင်းငုံ ဆက်လက်စိုက်ပျိုးနေကြောင်း၊ ယခင်နှစ်ထက် စိုက်ပျိုးမှု လျော့နည်းတဲ့အပြင် ဈေးနှုန်းလည်း ကျဆင်းနေကာ အချို့ ဒေသများတွင် တောင်သူများကလည်း အခြားသီးနံှစိုက်ပျိုးရန် ပိုမိုအားသန်နေတယ်လို့ သိရပါတယ်။ သို့ရာတွင် စက်ပိုင်များထံမှ ဝယ်လိုအားတက်ပြီး၊ ၂ဝ၁၁- ၂ဝ၁၂ တွင် ယခင်နှစ်ထက် ပဲထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာကြောင့် ဈေးနှုန်းကို အထောက်အပံ့ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                    ဒေါ်လာ/တန်                     ပဲစင်းငုံအသစ်အနီ(FAQ)           ပဲစင်းငုံအဟောင်းအနီ(FAQ)၁၈-၈-၁၁              ၅၅ဝ-၅၇ဝ                                  ၅၄ဝ-၅၆ဝ၁၁-၈-၁၁              ၅၇ဝ-၅၉ဝ                                  ၅၆ဝ-၅၈ဝMIRT(MAPT)

Sunday, 21 Aug 2011

ယခုအပတ် ပဲစင်းငုံ ပြည်ပအဝယ်အေးသလို ဈေးလည်းအေး                       ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပဲစင်းငုံ FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၃၂ဝဝ ကျော် ရှိခဲ့တဲ့အနက် ပဲစင်းငုံနီ FAQ တန် ၂၆ဝဝ ခန့် ပါဝင်ပါတယ်။ ယခင်အပတ် က ပဲစင်းငုံတန်ချိန် ၄၅ဝဝ စာချုပ်ချုပ်နိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ဝယ်လိုအားနည်းတဲ့အတွက် ပြည်ပဝယ်လက်များလည်း အဝယ်အေးခြင်းဖြစ်တယ် လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။                                 ဒေါ်လာ/တန်                ပဲစင်းငုံအသစ်အနီ(FAQ)              ပဲစင်းငုံအဟောင်းအနီ(FAQ)၁၈-၈-၁၁           ၅၅ဝ-၅၇ဝ                               ၅၄ဝ-၅၆ဝ၁၁-၈-၁၁           ၅၇ဝ-၅၉ဝ                               ၅၆ဝ-၅၈ဝ                                                                                           MIRT(MAPT)

Sunday, 21 Aug 2011

ပဲစင်းငုံ ပြည်ပသင်္ဘောတင်နိုင်မှု ယခင်အပတ်ထက်လျော့                ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပသင်္ဘောတင်နိုင်မှုဟာ ဇူလိုင်နောက်ဆုံး ပတ်က တန်ချိန် ၅၆ဝဝ ခန့်၊ သြဂုတ်လ ပထမပတ်က တန်ချိန် ၅ဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပြီး၊ သြဂုတ်လဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အတွင်း တန်ချိန် ၃၅ဝဝ ကျော်၊တင်ပို့ခဲ့တာကြောင့် ပဲစင်းငုံတင်ပို့မှု တဖြည်းဖြည်း လျော့နည်းလာတာ တွေ့ ရပါတယ်။                 လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်အထိ ပဲစင်းငုံ တင်ပို့ပြီး စီးမှုမှာ တန်ချိန် ၇၈ဝဝဝ ကျော် ဖြစ်တာကြောင့် ယခင်နှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၁ဝဝဝ ကျော် ထက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT - MAPT

Sunday, 21 Aug 2011

အိန္ဒိယ မတ်ပဲ အဓိကဈေးကွက်များမှာ ဝယ်လိုအားနည်း                    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်မှာ ဈေးနှုန်းများ အတက်အကျနဲ့ မငြိမ် မသက်ဖြစ်နေပါတယ်။ အဓိက ဈေးကွက်များမှာ ဝယ်လိုအားနည်းနေပြီး၊ အိန္ဒိယ အရှေ့ပိုင်း နှင့် အနောက်မြောက်ပိုင်းမှာ ရေကြီးမှုနှင့် မိုးရွာသွန်းမှုကြောင့် ဥတ္တရာ ပရာဒေ့ရှ် ဒေသအချို့မှာ ထိခိုက်နိုင်မှုကို ကုန်သည်များက စိုးရိမ်နေကြကြောင်း သိရပါတယ်။ အိန္ဒိယပြည်အရှေ့ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများမှာ မိုးဆက်လက် ရွာသွန်း နိုင်ပြီး၊ သြဂုတ်လ ၂၂ရက်ခန့်မှစလို့ ရာသီဥတုခြောက်သွေ့ နိုင်ကာ ၎င်း ရာသီဥတု ခြောက်သွေ့မှုက သီးနံှရင့်မှည့်မှုအတွက် အထောက် အပံ့ပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အိန္ဒိယမြောက်ပိုင်းနဲ့ အလယ် ပိုင်းဒေသများမှာ သီးနံှစိုက်ပျိုးချိန် စောတာကြောင့် မိုးရွာသွန်းမှုက သီးနံှရင့်မှည့်မှုကို အဟန့်အတား ဖြစ်စေကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                   ဒေါ်လာ/ တန်                         ၁၈-၈-၁၁           ၁၇-၈-၁၁         ၁၆-၈-၁၁              ၁၂-၈-၁၁မွန်ဘိုင်း                ၇၈၉                   ၇၉၉                  ၇၉၆                   ၈ဝဝဒေလီ                ၈၃၃-၈၇၇          ၈၃၈-၈၈၂            ၈၄ဝ-၈၈၄          ၈၃၈-၈၈၂ချန်နိုင်း              ၈၁၁-၉၃၂         ၈၁၆-၉၃၇             ၈၁၈-၉၃၉         ၈၁၆-၉၃၇MIRT(MAPT)

Sunday, 21 Aug 2011

ယခုအပတ် နယ်စပ်မှ မတ်ပဲပိုမို တင်ပို့နိုင်                   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်း တန်ဖိုးရှိ မတ်ပဲ ၉၇ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်သာ အကျရှိပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ ၅၅ ဒေါ်လာခန့် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု            ယခင်     ပြောင်းလဲမှု   %     ယခု     ယခင် ပြောင်းလဲမှု    %မတ်ပဲ     ၄၉၉၂၇၃   ၅ဝဝ၂၇၃       ၁ဝဝဝ      ၂      ၈၆၂    ၈ဝ၇          ၅၅         ၆MIRT (DOBT)

Sunday, 21 Aug 2011

ယခုအပတ် မတ်ပဲ FOB ဈေးပြန်အေး                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၁၄၄ဝဝ ကျော်ဖြစ်လို့ ယခင်အပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း FOB စာချုပ်နိုင်မှု တန် ၁၇၂ဝဝ ကျော်ထက် လျော့ကျခဲ့ပါတယ်။ အိန္ဒိယဈေးကွက်များမှာ ဈေးအေးနေ ပြီး ဝယ်လက်များက ဈေးလျှော့အဝယ်ရှိခဲ့လို့ ပြည်တွင်းဈေးကွက်မှာလည်း ဈေး အေးရတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးလျော့ကျမှုကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                                             ဒေါ်လာ/တန်                  မတ်ပဲ(FAQ)            မတ်ပဲ(SQ)၁၈-၈-၁၁     ၇၄ဝ-၇၆ဝ           ၈၃၅-၈၅၅၁၁-၈-၁၁     ၇၅၅-၇၇၅           ၈၄ဝ-၈၆ဝMIRT(MAPT)

Sunday, 21 Aug 2011

ယခုအပတ် မတ်ပဲတင်ပို့မှု အနည်းငယ်ပြန်တက်လာ                         ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့နိုင်မှုဟာ ဇူလိုင်နောက်ဆုံးပတ်မှာ တန်ချိန် ၁၇၅ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး၊ သြဂုတ်လပထမပတ်က တန်၁၃၅ဝဝကျော် တင်ပို့ ခဲ့ကာ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ရက်ထိ မတ်ပဲတန် ၁၃၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်ထက် အနည်းငယ်ပို တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ်ဆိုရင် တန်ချိန် ၂ ဒသမ ၈၇ သိန်းကျော် ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တင်ပို့နိုင်မှု တန်ချိန် ၁ ဒသမ ၈၉ သိန်းကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မတ်ပဲအရောင်းအဝယ် စာချုပ်များ ဆက်လက်ရောင်းဝယ်နေတာ ကြောင့် ရှေ့အပတ်များမှာ ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။           MIRT - MAPT 

Tuesday, 9 Aug 2011

တရုတ်၏ ကုန်ပြန်လည်ဖြည့်တင်းမှုကြောင့် ပြောင်းတင်သွင်းမှုမြင့်တက်နိုင်                ကမ္ဘာ့ပြောင်း ဒုတိယအများဆုံးစားသုံးတဲ့ တရုတ်နိုင်ငံက တိရစ္ဆာန်စာအတွက် ဝယ်လိုအား တိုးတက်လာ ရာ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစတင်ကာ ပြောင်းကို ပြန်လည်သိုလှောင်ထားနိုင်ဖို့ ပြောင်းကိုတင်သွင်းနိုင်ကြောင်းYigu Information Consulting Ltd.  ကုမ္ပဏီက ခန့်မှန်းလိုက်တယ်။          ပြည်တွင်းပြောင်းထုတ်လုပ်မှုက နိုင်ငံတော်အရန်သိုလှောင်ထားမှုနဲ့ တိုးတက် လာတဲ့ ဝယ်လိုအား ကိုပြည့်မီအောင် ထွက်ရှိမှာ မဟုတ်ကြောင်း သုတေသနပညာရှင် Zhang Qi ကပြောကြားလိုက်တယ်။ တရုတ် က ပြည်တွင်းငွေကြေးဖောင်းပွမှု သုံးနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့မှုကြောင့် ဈေးနှုန်းတွေ သက်သာဖြေလျော့ စေဖို့အတွက် ပြောင်းနဲ့ ပဲပုပ်ကို နိုင်ငံတော်အရန် သိုလှောင်ထားမှုမှ ထုတ်ရောင်းချ ပေးလျက်ရှိတယ်။ ပြီးခဲ့တဲ့လမှာ ဝက်သား ဈေးနှုန်းက ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။                 ဒါကြောင့် နိုင်ငံတော်သိုလှောင်ထားမှုပြုလုပ်ဖို့အတွက် နိုင်ငံရပ်ခြားမှ သင်္ဘော တင် ဝယ်ယူဖို့ ရှာဖွေနိုင်ဖွယ်ရှိကြောင်း Zhang Qi က ခန့်မှန်းထားတယ်။ အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်း ရောင်းလိုအား ကျပ်တည်းနိုင်ကြောင်းနဲ့ လယ်သမားတွေကလည်း ရောင်းလိုအားတင်းကျပ်မှုကြောင့် ဈေးနှုန်းအမြင့်ကိုလည်း မျှော်မှန်းကြမှာဖြစ်တယ်။                လာမဲ့နှစ်အနည်းငယ်အတွင်းမှာ တရုတ်က နှစ်စဉ်အများဆုံးတင်သွင်းနေတဲ့ အမေရိကန်ပြည်ထောင်စုမှ ပြောင်းကို တန်ချိန် ၁၅ သန်းပိုမိုတင်သွင်းနိုင်ဖွယ် ရှိ ကြောင်း အမေရိကန်လယ်ယာစိုက်ပိုျးရေးဌာန မူဝါဒဌာန ညွှန်ကြားရေးမှူး Michael Dwyer  က ခန့်မှန်းထားတယ်။                   ချီကာဂိုကုန်သွယ်ရေးမှာ ဒီဇင်ဘာလ သင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက သုည ဒသမ ၄ ရာခိုင်နှုန်း တက်သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၂၇၁ ဒသမ ၁၆ နဲ့ ချုပ်ဆိုခဲ့ပါတယ်။ တရုတ်က ပြောင်းအစား ပိုမိုဈေးချိုတဲ့ ဂံျုတန်ချိန် ၁၆ သန်းကို အစားထိုးသုံးစွဲနိုင်ကြောင်း ခန့်မှန်းထားတယ်။ ယခုနှစ်မှာ ပြောင်းစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာ၊ မျိုးစေ့နဲ့ ပေါင်းသတ်ဆေးဈေးနှုန်းတွေက ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်။ အာဂျင်တီးနားက လာမဲ့ နှစ်မှာ တရုတ်ကို ပြောင်းတင်ပို့ဖို့ မျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:www.bloomberg.com

Pages