Main menu

Background

Sunday, 7 Aug 2011

ပြည်ပဲလွန်းဖြူ အရောင်းအဝယ် အေးနေ             ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲ တစ်တင်းကို ၁၈၅ဝဝ ကျပ်နဲ့ ဈေးငြိမ် နေတာကို တွေ့ရပါတယ်။ ပဲအဝင် လည်း သိပ်မရှိတော့ဘဲ လက်ကျန်က လည်း နည်းနေပြီး အရောင်းအဝယ် လည်း အေးနေတာကို တွေ့ရပါတယ်။ တစ်နေ့ကို ၄-၅ အိတ်သာ မြို့တွင်း လက်လီသမားများ အရောင်းအဝယ် ရှိ တာကို တွေ့ရပါတယ်။          မိမိအေး

Sunday, 7 Aug 2011

ပဲလွန်း ဖြူ လက်ကျန်နည်းလာလို့ ဈေးငြိမ်ပြီး အရောင်းလျော့လာ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် လ ၄ ရက်အတွင်း ပဲလွန်းဖြူ အရောင်းအဝယ်ဖြစ်မှုဟာ လက်ကျန်နည်းလာ ပြီဖြစ်တာကြောင့် တန် ၄ဝဝ ခန့်သာ ရှိ တယ်လို့ သိရပါတယ်။ ယခင်အပတ် တန် ၁ဝဝဝ ကျော် တင်ပို့နိုင်လို့ လျော့ နည်းလာကာ တွေ့ရပါတယ်။ ပြည်ပ ဝယ်လက်ကြိုက်တဲ့ ပဲဖြစ်ပေမဲ့ ပြည်တွင်းလက်ကျန်တော့ တော်တော်လေး နည်းသွားပြီလို့ သိရပါတယ်။                  ရန်ကုန် FOB ဈေးကွက်မှာ သြဂုတ်လ ၄ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။                 MIRT- MAPT

Sunday, 7 Aug 2011

ယခုအပတ်ပဲလွန်းဖြူ တင်ပို့မှု ယခင်အပတ်ထက်ပိုလာ                  ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက် အတွင်း တန် ၁၅ဝ၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်၊ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန် ၃ဝဝ တင်ပို့နိုင်တာကြောင့် ဇူလိုင်လအတွင်း ယခုအပတ်ပိုတင်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများဖြစ်ပြီး အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတို့ကို အများ ဆုံး တင်ပို့တာ တွေ့ရပါတယ်။ MIRT- MAPT

Sunday, 7 Aug 2011

ကြိုက်ဈေးမရသော်လည်း ရောင်းချမှုရှိတဲ့ ပြည်ပဲစင်းငုံ                 ပြည်ပဲစင်းငုံဈေးကွက်ရဲ့ ယခုသြဂုတ်လပထမပတ် ပဲဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၂၇ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ ယှဉ်ကြည့်ရင် တစ်တင်းကို ၈ဝဝ ကျပ်ထိ လျော့ကျခဲ့ပါတယ်။ အခြားတိုင်း ဒေသ ကြီးများရှိ ဝယ်လက်များမှ အဝယ်ဆက်လက်အေးနေခြင်းကြောင့် ဈေးလျော့ ခြင်းဖြစ်ကြောင်း သိရပါ တယ်။ ပဲဈေးကွက်တွင် ပဲစင်းငုံမှာ ကြိုက်ဈေး မရသော် လည်း ငွေလိုသူအချို့ ထုတ်ရောင်းကြကြောင်း သိရပါတယ်။ အရောင်းအဝယ် နေ့တိုင်းမဖြစ်သော်လည်း တစ်ချို့ရက်များတွင် အိတ် ၃ဝဝ ထိ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 7 Aug 2011

အိန္ဒိယပဲစင်းငုံလက်ကျန်များလို့ ဈေးလျော့နေ                 အိန္ဒိယ ပြည်တွင်းဈေးကွက်ထဲတွင် ယခင်နှစ် ပဲလက်ကျန် အမြောက်အမြား ကျန်ရှိနေသလို ပြည်ပက တင်သွင်းပဲစင်းငုံတွေ ရရှိနေတာကြောင့်လည်း ဈေးလျော့ ကျနေပါတယ်။ ပဲခွဲစက်များမှလည်း ပြုပြင်ပြီး ပဲစင်းငုံကို ဝယ်လိုအားနည်းပါး တာကြောင့် မွန်ဘိုင်းဈေးကွက်မှာ ပြည်ပက တင်သွင်းလာတဲ့ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ နှစ်ကထက်နည်းနေ ပေမဲ့ ဒေသအများစုရဲ့ ရာသီဥတု အခြေအနေမှာ သီးနံှအကြိုက်ဖြစ်လို့ ပဲစင်းငုံ ထွက်ရှိမှု မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ လာမယ့် သီတင်းပတ်များမှာ ပဲစင်းငုံဈေးနှုန်း အားပျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                ဒေါ်လာ/ တန်                      ၄-၈-၁၁        ၃-၈-၁၁      ၂-၈-၁၁       ၁-၈-၁၁             ၃ဝ-၇-၁၁မွန်ဘိုင်း           ၆၃ဝ-၆၃၃     ၆၃၇-၆၄၈     ၆၅၆           ၆၅၈              ၆၅၆-၆၇၃ဒေလီ                 ၆၂၅              ၆၂၅           ၆၃၃            -                      ၆၅၆ချန်နိုင်း               ၆၁၉              ၆၃၁           ၆၃၃          ၆၅၈                  ၆၅၆MIRT(MAPT)

Sunday, 7 Aug 2011

ယခုတစ်ပတ် ပဲစင်းငုံ ပြည်ပကို အရောင်းအေးသလို ဈေးအေးနေ                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ်တွင်း ပဲစင်းငုံတန်ချိန် ၅၆ဝဝ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်နိုင်ခဲ့တဲ့ အနက် ပဲစင်းငုံနီ တန် ၅၄ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင်အပတ် ပဲစင်းငုံ တန်ချိန် ၇၄ဝဝ ခန့် စာချုပ်ချုပ်ဆိုနိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဝယ်လက်များအနေနဲ့ အာဖရိက ဘက်မှာ မိုးခေါင်နေလို့ မြန်မာနိုင်ငံဘက်မှ အထိုက်အလျောက်တော့ ဝယ်ယူမှုရှိ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက်လျော့ကျသွားတဲ့ ရန်ကုန် FOB ဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်              ဒေါ်လာ/တန်              ပဲစင်းငုံအသစ်အနီ(FAQ)       ပဲစင်းငုံအဟောင်းအနီ(FAQ)၄-၈-၁၁            ၅၈ဝ-၆ဝဝ                               ၅၇ဝ-၅၉ဝ၂၈-၇-၁၁          ၆၁ဝ-၆၃ဝ                               ၅၉ဝ-၆၁ဝMIRT(MAPT) 

Sunday, 7 Aug 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်လျော့                ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပတင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး၊ ဒုတိယပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန်ချိန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အတွင်း တန် ၆၁ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက် မှ ၃ဝ ရက်ထိ တန် ၅၆ဝဝ နီးပါးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ခုနှစ်သောင်း ကျော် ဖြစ်တာကြောင့် ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော်ထက် ထက်ဝက် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။         MIRT- MAPT

Sunday, 7 Aug 2011

ဈေးဆက်အေးနေတဲ့ ပြည်မတ်ပဲဈေးကွက်                  သြဂုတ်လရဲ့ အစရက် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေး ယခင်တစ်ပတ်ထက် အေးလာခဲ့တယ်လို့ သိရပါတယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးလာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အဝယ်ရှိခဲ့ပါတယ်။ မြို့တွင်း ဝယ်လက်ကတော့ နေ့စဉ်အရောင်းအဝယ်မရှိဘဲ တချို့ ရက်မှာ သာ အရောင်းအဝယ်ဖြစ်တာကို တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်သို့ ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်မှ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 7 Aug 2011

အိန္ဒိယမတ်ပဲဈေး အကျဘက်ကို ဆင်းနေဆဲ                 အိန္ဒိယပြည်တွင်းဈေးကွက်တွင် မတ်ပဲဝယ်လိုအားနည်းနေပြီး အရောင်းအဝယ် ပါးလျက်ရှိပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မတ်ပဲစိုက် ဧရိယာဟာ ပြီးခဲ့တဲ့နှစ်ထက် ပိုမိုပြီး အဓိက ပဲစိုက်ဒေသတွေမှာ ရာသီဥတုကောင်း မွန်နေတယ်လို့ သိရပါတယ်။ ပဲစိုက်ဒေသများရဲ့ ရာသီဥတုမှာ သီးနံှအကြိုက် ဖြစ်နေလို့ သီးနံှဖြစ်ထွန်းအောင်မြင်မယ့် အလားအလာရှိတာကြောင့် ဈေးကွက်တွေ မှာ ဝယ်လိုအားနည်းနေခြင်းဖြစ်ပါတယ်။ PEC  မှ မတ်ပဲတင်သွင်းရန် တင်ဒါခေါ်ပြီး ဖြစ်သော်လည်း နိုင်ငံတကာ မတ်ပဲဈေးနှုန်းများမှာ သိသိသာသာမြင့်တက် လာခြင်း မရှိသေးကြောင်း သိရပါတယ်။ အဓိကဈေးကွက်များမှာ ဝယ်လိုအား အလွန်နည်းပါး နေဆဲဖြစ်ပြီး ပြုပြင်ပြီးမတ်ပဲ ဝယ်လိုအားကလည်း အကန့်အသတ်သာရှိတဲ့အတွက် ဈေးနှုန်းအကျဘက် ဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                ဒေါ်လာ/ တန်              ၄-၈-၁၁          ၃-၈-၁၁      ၂-၈-၁၁           ၁-၈-၁၁      ၃ဝ-၇-၁၁မွန်ဘိုင်း    ၈၁ဝ                ၈၁၇             ၈၃၁             ၈၄၆           ၈၄၃ဒေလီ     ၈၂၂-၈၅၅      ၈၂၂-၈၅၆       ၈၃၇-၈၇ဝ    ၈၄ဝ-၈၇၄    ၈၃၇-၈၇၁ချန်နိုင်း    ၈၁၆-၉၂၉      ၈၁၇-၉၂၉      ၈၂၅-၉၄၄     ၈၃၄-၉၅၁   ၈၂၉-၉၄၂MIRT(MAPT)

Sunday, 7 Aug 2011

မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုနိုင်မှုမှာ တန် ၁၆ဝဝဝ ရှိခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုမှုမှာလည်း တန်ချိန် ၁၆ဝဝဝ ကျော်ဖြစ်လို့ ယခင်အပတ်အတိုင်း ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။                   ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျဆင်းလာတာရယ်၊ အိန္ဒိယ က မတ်ပဲဈေး လျော့ဝယ်တာရယ်ကြောင့်ယခုတစ်ပတ်မတ်ပဲ FAQ ဈေးလျော့တာ တွေ့ရပါတယ်။ အိန္ဒိယမှာ စက်တင်ဘာပဲအသစ် ပေါ်ကာနီးလေဝယ်ယူမှု ဈေးအေး လေဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများကိုယခင်တစ်ပတ်နှင့် နှိုင်း ယှဉ် ဖော်ပြလိုက်ပါတယ်                                ဒေါ်လာ/တန်                  မတ်ပဲ(FAQ)         မတ်ပဲ(SQ)၄-၈-၁၁        ၇၅ဝ-၇၆ဝ           ၈၄ဝ-၈၆ဝ၂၈-၇-၁၁      ၇၅၅-၇၇၅          ၈၄ဝ-၈၆ဝMIRT(MAPT)

Pages