Background
ယခုတစ်ပတ် ပဲလွန်းဖြူ အရောင်းပိုပေမဲ့ ဈေးငြိမ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက် အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ ပဲလွန်းဖြူ တန် ၁ဝဝဝ ကျော်ရှိပေမဲ့ လက်ကျန်နည်းသွားပြီလို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးကွက် ဇူလိုင် ၂၈ ရက်နေ့မှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။ MIRT - MAPT
ယခုတစ်ပတ် ပဲလွန်းဖြူ တင်ပို့မှု တန် ၂ဝဝ ရှိ ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်ရှိတာ ကြောင့် ယခင်တစ်ပတ်ဇူလိုင် ၁ဝ ရက် မှ ၁၆ ရက်အတွင်း တင်ပို့ခဲ့တဲ့ ပဲလွန်း ဖြူ တန် ၁၅ဝ ထက် ပိုလာတယ်လို့ ဆိုရမှာဖြစ်ပေမဲ့ ယခင်သီတင်းပတ်များ က တန်ချိန် ၄ဝဝ မှ ၁ဝဝဝ အတွင်းရှိ တာကြောင့် တင်ပို့မှုလျော့နည်းနေတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများက တော့ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ကိုရီယားနိုင်ငံများဖြစ်ပြီး အိန္ဒိယကို အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT - MAPT
ဝယ်လက်များ အဝယ်အေးနေတဲ့ ပြည်ပဲစင်းငုံ ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံတစ်တင်းကို ၁၃၅ဝဝ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ရန်ကုန်ဝယ်လက်အနည်းငယ်ရှိခဲ့သော် လည်း ယခုတစ်ပတ်မှာတော့ ဝယ်လက်များလည်း အဝယ်အေးနေခဲ့ ပါတယ်။ ပွဲရုံများ၌ ပဲလက်ကျန်များရှိသော်လည်း ဈေးမကိုက်တဲ့အတွက် ရောင်းချမှု မရှိကြဘူးလို့ သိရပါတယ်။ ဒါကြောင့် ပဲဈေးကွက်အတွင်း ပဲစင်းငုံမှာ အရောင်း အဝယ်သိသိသာသာ အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ
မုံရွာပဲစင်းငုံအရောင်းအဝယ် နိမ့်တုံမြင့်တုံ ဇူလိုင်လကုန်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်အနေနဲ့ ဝယ်သူခန့်မှန်း မရလောက်အောင် ဈေးကွက်အေးနေခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက်အနည်းငယ်ဆွဲသလို ဒေသတွင်း ဝယ်လက်လည်း အနည်းငယ်ရှိ ခဲ့ပြီး အနည်းဆုံးအရောင်းအဝယ်ဖြစ်တဲ့နေ့မှာ အိတ် ၂ဝဝ မှ ၃ဝဝ ခန့်နဲ့ အများဆုံး အရောင်းအဝယ်ဖြစ်တဲ့နေ့မှာ အိတ် ၂ဝဝဝ၊ ၃ဝဝဝ အထိရှိခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်ပေါက်ဈေးအားဖြင့် တစ်တင်း ၁၂၅ဝဝ ကျပ်မှ အမြင့်ဆုံး တစ်တင်း ၁၃၇ဝဝ ကျပ်ထိသာ တက်ဈေးဖြစ်ခဲ့တယ်လို့ ဈေးကွက် က ဆိုပါတယ်။ ထွန်းလှိုင်
ယခုအပတ် ပဲစင်းငုံဈေးမငြိမ်သော်လည်း ရောင်းဝယ်မှုကောင်း အိန္ဒိယပြည်တွင်းအဓိကဈေးကွက်များတွင် ပဲစင်းငုံဈေးတည်ငြိမ်မှု မရှိ သော်လည်း အရောင်းအဝယ် ကောင်းလျက်ရှိပါတယ်။ အဓိကဈေးကွက်များတွင် သွင်းကုန်ဈေးနှုန်း ကျဆင်းနေကြောင်း သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်နှင့် ကာနာ တာကာတွင် ယခင်နှစ်က အထွက်နှုန်းနည်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ တွင် ရာသီဥတုပိုမို ကောင်းမွန်သောကြောင့် ထုတ်လုပ်မှုမြင့်တက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဝယ်လိုအား မြင့်တက်ခြင်းကလည်း ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါ တယ် ဒေါ်လာ/ တန် ၂၇-၇-၁၁ ၂၆-၇-၁၁ ၂၅-၇-၁၁ ၂၃-၇-၁၁ ၂၂-၇-၁၁မွန်ဘိုင်း ၆၅၈-၆၆၄ ၆၅၅-၆၆ဝ ၆၇၅-၆၈၁ ၆၄၃-၆၅၄ ၆၃၁-၆၄၈ဒေလီ ၆၅၈ ၆၆၆ ၆၇၅ ၇ဝ၅-၇ဝ၆ ၇ဝ၄-၇ဝ၅ချန်နိုင်း ၆၄၇ ၆၄၉-၆၅၅ ၆၅၃-၆၅၈ ၆၃၁ ၆၄၃MIRT(MAPT)
တစ်ပတ်အတွင်း ပဲစင်းငုံတန် ၇၄ဝဝ ခန့် အဝယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ တန် ၇၄ဝဝ ခန့် စာချုပ်ချုပ်နိုင်ခဲ့ရာ ပဲစင်းငုံအနီ တန် ၇၂ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ အိန္ဒိယစက်သမားတွေရဲ့ လက်ထဲမှာ ပဲစင်းငုံတွေရှိနေလို့ အရောင်း အဝယ်တုံ့ဆိုင်းနေကြောင်းနဲ့ မြန်မာကုန်သည်တွေမှာ လက်ကျန်ရှိနေပြီး အရောင်း အဝယ် ခပ်အေးအေးသာရှိကြောင်း သိရပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်အတွင်း ပဲစင်းငုံအရောင်းအဝယ် စာချုပ် ချုပ် ဆိုမှုဟာ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၈ ရက်မှာ ပဲစင်းငုံဖြူနီ၊ ဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၄၉ဝ-၅၁ဝ ရှိကြောင်း သိရပါတယ် ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၂၈-၇-၁၁ ၆၁ဝ-၆၃ဝ ၅၉ဝ-၆၁ဝ၂၁-၇-၁၁ ၆၂ဝ-၆၄ဝ ၆ဝဝ-၆၂ဝMIRT(MAPT)
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု ယခင်အပတ်ထက်ပိုလာ ပဲစင်းငုံ ပြည်ပတင်ပို့မှုဟာ ဇူလိုင် ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး ၊ ဒုတိယအပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ၁၇ရက်မှ ၂၃ ရက်အတွင်းမှာတော့တန် ၆၁ဝဝကျော် တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်ထိ ပဲစင်းငုံ တင်ပို့ပြီးစီးမှု တန်ချိန် ၆ သောင်းနီးပါးရှိတာတွေ့ရပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၃ သောင်းကျော် ပိုမိုနေတာတွေ့ရပါတယ်။ ယခုအပတ် ပဲစင်းငုံအဝယ်ရှိလို့ ဆက်လက်တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
ဝယ်လိုအားကောင်းလာလို့ ယခင်အပတ်ထက် အိန္ဒိယမတ်ပဲဈေးမြင့် အိန္ဒိယပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းများ အဆက်မပြတ်ကျဆင်းခဲ့ပြီး နောက်ပိုင်း စက်ပိုင်များနှင့် ဝယ်ရောင်းများထံမှ ဝယ်လိုအားပြန်ကောင်းလာကြောင်း သိရပါတယ်။ ဇူလိုင်လဆန်းတွင် မိုးနည်းခဲ့သော်လည်း ယခုအခါ အိန္ဒိယကျွန်းဆွယ် တွင် မိုးပြန်လည်ကောင်းလာပြီဖြစ်လို့ သီးနံှအတွက် အလားအလာကောင်းများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုနည်းခြင်းနဲ့ နိုင်ငံတစ်ဝန်း စိုက်ပျိုး ဧရိယာ ကျဆင်းခြင်းက ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ ဈေးကွက် ငြိမ်နေရာမှ အနည်းငယ်တိုးတက်မှုရှိခြင်းကြောင့် ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၇-၇-၁၁ ၂၆-၇-၁၁ ၂၅-၇-၁၁ ၂၃-၇-၁၁ ၂၂-၇-၁၁မွန်ဘိုင်း ၈၂၉-၈၃၄ ၈၃ဝ ၈၃၉ -၈၄၄ ၈၁၈-၈၂၃ ၈၁၁-၈၁၇ဒေလီ ၈၄၆-၈၆၃ ၈၄၁-၈၅၈ ၈၃၃-၈၅၅ ၈၂၃-၈၄၆ ၈၂၂-၈၄၅ချန်နိုင်း ၈၂ဝ-၉၃၄ ၈၂၄-၉၃၇ ၈၃၃-၉၄၆ ၈၂၃-၉၃ဝ ၈ဝ၆-၉၁၈MIRT(MAPT)
ယခုအပတ် နယ်စပ်မှ မတ်ပဲအပို့ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၆ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်များမှာ မတ်ပဲတင်ပို့မှုမရှိခဲ့သော်လည်း ယခုအပတ်မှာ တန် ၆ဝ အပို့ရှိလာတာဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာတန် ၇ဝ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက် မတ်ပဲဈေးမှာ ကျနေသော်လည်း တစ်ဖက်နိုင်ငံမြေပြင်ဈေးများပြောင်းလဲမှု မရှိပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၄၉၉၉၈၅ ၅၂ဝ၃၉၁ ၂ဝ၄ဝ၆ ၄ ၇၈၉ ၇၈၉ - -MIRT (DOBT)
မတ်ပဲ FOB အရောင်းအဝယ် ယခုတစ်ပတ်ပိုမိုလာ ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း FOB အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုမှာ တန်ချိန် ၁၆ဝဝဝ ကျော် ရှိခဲ့ပါတယ်။ ယခင်အပတ် ပိတ်ရက်များကြောင့် စာချုပ်ချုပ်ဆိုမှု လျော့နည်းခဲ့ပေမဲ့ ယခုအပတ်မှာ ဝယ်လိုအားကောင်းပြီး တန် ၁ဝဝဝဝ ခန့် ပိုမိုချုပ် ဆိုခဲ့ပါတယ်။ အိန္ဒိယဈေးကွက်မှာ မတ်ပဲ စက်တင်ဘာ ဃမသစ ကို စောင့်ကြည့်ဝယ်ယူနေ ပေမဲ့ ယခင်နှစ်နဲ့ ယှဉ်ရင် ယခုနှစ် ဇူလိုင်မှာ ဝယ်ယူမှုများလာပြီး ဒီပါဝလီပွဲတော် မတိုင်မီ ဝယ်ယူမယ့်အနေအထားရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၁ ရက်မှ ၂၈ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုမှုဟာ မတ်ပဲ SQ၊ FAQ အခွံချွတ် စုစုပေါင်း တန်ချိန် ၆၅ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၈-၇-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝ၂၁-၇-၁၁ ၇၅ဝ-၇၇ဝ ၈၃၅-၈၅၅MIRT(MAPT)