Background
တောင်ကိုရီးယားက ဝယ်လိုအားရှိတဲ့ ပဲလွန်းဖြူ ယခုတစ်ပတ်အတွင်း (ဇွန်လ ၂၄ ဇူလိုင်လ ၁ ရက်) ပင်လယ်ရေ ကြောင်း က ပဲလွန်းဖြူ တန်ချိန် ၉ဝဝ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခင်သီတင်းပတ်က တန်ချိန် ၁ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အိန္ဒိယ၊ တောင်ကိုရီး ယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို တင်ပို့မှုရှိခဲ့တဲ့အနက် တောင်ကိုရီးယားကို တန် ၃ဝဝ နီးပါး တင်ပို့တာ တွေ့ရပါတယ်။ နိုင်ငံစုံက ဝယ်လိုအားရှိနေတဲ့ ပဲလွန်းဖြူကို ဇွန်လ တစ်လလုံးမှာ တန်ချိန် ၂၉ဝဝ ခန့် တင်ပို့ခဲ့ပြီး မေလ အတွင်းမှာ တန်ချိန် ၃၉ဝဝ ခန့်တင်ပို့မှု ရှိခဲ့ပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်း တင်ပို့မှုမှာတော့ တန်ချိန် ၃ဝဝဝ ခန့်ရှိခဲ့ တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှု မှာတော့ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ယခင် ဘဏ္ဍနှစ် ကာလတူက တန်ချိန် ၁ဝဝဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရ ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်များမှာလည်း ဆက်လက် တင်ပို့မှုရှိနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT
အိန္ဒိယ PEC နဲ့ STCတို့က ပဲဝယ်ယူဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC နဲ့ STC တို့ဟာ ပြည်ပက ပဲတန်ချိန် ၈၅ဝဝ နဲ့ တန် ၄ဝဝဝ စီဝယ်ယူဖို့ တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။ ယင်းတင်ဒါများဟာ ဇူလိုင်လ ၁၃ ရက်မှာ ပိတ်မှာဖြစ်ပါတယ်။ PEC မှ သြဂုတ်လအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁၁ ထွက် မြန်မာမတ်ပဲ FAQ တန် ၂ဝဝဝ နဲ့ မတ်ပဲ SQ တန် ၂ဝဝဝ၊ ဇူလိုင်လမှ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းကို ပို့ရမယ့် ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျ ဒေစီကုလားပဲလုံးတန် ၂ဝဝဝ နဲ့ ၂ဝ၁၁ ခုနှစ်ထွက် တန်ဇန်းနီးယားဒေစီ ကုလားပဲတန် ၂ဝဝဝ တို့အပြင် သြဂုတ်လအတွင်း ချန်နိုင်းဆိပ်ကမ်းကို အရောက်ပို့ရမယ့် ၂ဝ၁၁ ထွက် သြစတြေးလျ ပဲတီစိမ်းတန် ၅ဝဝ တို့ တင်သွင်း သွားမယ်လို့ သိရပါတယ်။ STC အဂျင်စီမှ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မွန်ဘိုင်းဆိပ်ကမ်းအရောက် ပို့ရမယ့် ၂ဝ၁၁ ခုနှစ်အတွက် တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂ဝဝဝ နဲ့ ၂ဝ၁ဝ ခုနှစ်ထွက် သြစတြေးလျဒေစီကုလားပဲလုံးတန် ၂ဝဝဝ တို့တင်သွင်းဖို့ တင်ဒါခေါ်ယူထားကြောင်းလည်း သိရပါတယ်။ ယမင်းခင်၊Source: nns commodityonline
အိန္ဒိယ ပဲစင်းငုံ အတက်ဘက်ဦးတည်လာပြီးမှ ပြန်ဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုသီတင်းပတ်အစပိုင်းတွင် ပဲစိုက် ပျိုးရာဒေသများမှ မိုးနည်းပါးတဲ့အတွက် ပဲစင်းငုံဈေးနှုန်းမြင့်တက်ခဲ့ရာမှ သီတင်း ပတ် နှောင်းပိုင်းမှာ မိုးပြန်လည်ရွာသွန်းလာခြင်းနဲ့အတူ ပဲဈေးများ လည်း ပြန်ဆင်း လာတယ်လို့ သိရပါတယ်။ ပဲစိုက်ပျိုးဖို့ ရာသီဥတုသင့်တင့်နေပေမဲ့ အဓိကဒေသ တွေမှာ စိုက်ပျိုးမှု နောက်ကျနေတယ်လို့ သိရပါတယ်။ ဝယ်လိုအား ပါးပါးရှိနေပြိး လှောင်လက်များက ဆက်လက် ထိန်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ဈေးကွက်တွေမှာ လက်ကျန်အလုံအလောက်ရှိနေတဲ့အတွက် လှောင်လက်တွေ လက်ကျန်ရှင်းထုတ်ရင်တော့ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပဲအသစ် ဈေးကွက်ထဲဝင်လာဖို့ အချိန်လိုအပ်နေခြင်းက ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၇-၇-၁၁ ၆-၇-၁၁ ၅-၇-၁၁ ၄-၇-၁၁မွန်ဘိုင်း ၆၇ဝ-၆၈၁ ၆၇၆-၆၈၇ ၆၉၁-၆၉၇ ၇ဝ၆-၇၁၇ဒေလီ ၇၅၄-၇၅၆ ၇၅၅-၇၅၇ ၇၆၂-၇၆၄ ၇၇၃-၇၇၆ချန်နိုင်း ၆၇၅ ၆၇၆ ၆၇၄ ၆၈၄MIRT(MAPT)
FOB အဝယ် ပဲစင်းငုံ တန် တစ်သောင်းထိတက်လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပြည်ပအရောင်းအဝယ် တက်လာခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ် အတွင်းမှာ ပဲစင်းငုံ တန်ချိန် ၁ဝဝဝဝ ခန့် FOB အရောင်းစာချုပ် ချုပ်ခဲ့လို့ ယခင် သီတင်းပတ်များထက် သိသိသာသာပိုလာတာတွေ့ရပါတယ်။ ဇွန်လ ပထမပတ် အတွင်း ပဲစင်းငုံတန် ၅ဝဝဝ ခန့်သာ ပြည်ပအရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုလ ပထမပတ်မှာ တစ်ဆပိုလာတာတွေ့ရပါတယ်။ လက်ရှိဈေးမှာ အိန္ဒိယဝယ်လက်တွေ အကြိုက်တွေ့နေလို့ အဝယ်သွက်လာ တာ ဖြစ်ပေမဲ့ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၈ ရက်မှာလည်း ပဲစင်းငုံ (FAQ) တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ ) တစ်တန်ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT- MAPT
ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၄ဝဝဝ တင် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်အထိ တန်ချိန် ၄ဝဝဝ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၂၂ဝဝဝ ခန့်ရှိပြီး မေလမှာ တန်ချိန် ၂ဝဝဝဝ ခန့်ရှိတာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဇွန်လအတွင်းမှာတော့ တန်ချိန် ၁၉ဝဝဝ ခန့်ရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန်၄၉ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၁ဝဝဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ လက်ရှိဈေးကွက်မှာ ပဲစင်းငုံအနီစကို အဝယ်လိုက်နေလို့ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
အိန္ဒိယမတ်ပဲဈေးခိုင်မာရာမှ မိုးရွာသွန်းလို့ ဈေးပြန်လျော့လာ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းမှာ ဈေး အနည်းငယ်ပြန်မာတဲ့ သဘောရှိခဲ့ရာမှ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးပြန်လည် ရွာသွန်းလာတဲ့အတွက် မတ်ပဲဈေးလည်း ပြန်လည်လျော့ကျ လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံ ပင်နီစူလာနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးပုံမှန်အောက်သာ ရွာသွန်းခဲ့တာကြောင့် ပဲစိုက်ပျိုးမှုနှေးကွေးတဲ့အတွက် သီတင်းပတ်အစပိုင်းမှာ ဈေးမာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာ မိုးရွာသွန်းခဲ့တဲ့အတွက် မိုးပဲအတွက် အလား အလာပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ ပဲအသစ်ဝင် လာလို့ အချိန်လိုအပ်နေသေးတာကြောင့် ဝယ်လိုအားတက်မယ်ဆိုရင် ဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၇-၇-၁၁ ၆-၇-၁၁ ၅-၇-၁၁ ၄-၇-၁၁မွန်ဘိုင်း ၈၅၈-၈၆၇ ၈၇၉-၈၈၄ ၈၇၁-၈၉၉ ၉၁၃-၉၁၉ဒေလီ ၉ဝဝ-၉၁၇ ၉ဝ၁-၉၁၈ ၈၉၉-၉၁၆ ၉၁၃-၉၃ဝချန်နိုင်း ၈၃၃-၉၅၇ ၈၅၁-၉၆၃ ၈၇၁-၉၈၃ ၈၇၄-၉၈၆MIRT(MAPT)
မတ်ပဲအနည်းငယ်သာ နယ်စပ်ကပို့ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၈၇ဝဝ တန်ဖိုးရှိ မတ်ပဲ ၁ဝ တန်သာ တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုအောက်တန် ၅ဝ လျော့ နည်းခဲ့ပါတယ်။ ပဲဈေးများလျော့ကျနေတာကြောင့် ယခုအပတ် မတ်ပဲတင်ပို့မှု လျော့ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၄၆၇၂၉ ၅၇၉၆၉၄ ၃၂၉၆၅ ၆ ၈ဝ၃ ၈ဝ၅ ၂ ဝ .၂MIRT (DOBT)
ဇူလိုင်လ ပထမပတ်အတွင်း မတ်ပဲ FOB တန် သုံးသောင်းနီးပါး အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ အဝယ်သွက်နေတာကြောင့် ဇူလိုင်လ ပထမပတ်အတွင်းမှာ တန် သုံးသောင်းနီးပါးအရောင်းအဝယ်စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ပထမ ပတ်အတွင်းမှာ တန်ချိန် နှစ်သောင်းနီးပါးသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လက်ရှိဈေးမှာ ဝယ်ယူဖို့ စိတ်ဝင်စားလာခြင်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချခြင်းကြောင့် ပဲဈေးကွက်မှာ ပြည်ပအရောင်း အဝယ်နဲ့ ပြည်တွင်းအရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပအဝယ် သွက်ပြီး ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်းအလဲမများတာကြောင့် ယခုရက်ပိုင်း မတ်ပဲ FOB ဈေးအနည်းငယ်တိုးလာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၈-၇-၁၁ ၇၆ဝ-၇၈ဝ ၈၅ဝ-၈၇ဝ၁-၇-၁၁ ၇၅ဝ-၇၇ဝ ၈၅ဝ-၈၇ဝMIRT(MAPT)
မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၆ဝဝဝ ကျော် ပြည်ပမတ်ပဲသင်္ဘောတင်ပို့မှုမှာ ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန် ၁၆ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်များက တန်ချိန် ၁၈ဝဝဝခန့် တင်ပို့မှုရှိလို့ယခုတစ်ပတ်မှာ တင်ပို့မှုအနည်းငယ် လျော့ကျတာ တွေ့ရပါတယ်။ ဇွန်လတစ်လလုံး တင်ပို့မှု အနေနဲ့ တန်ချိန် ၇၆ဝဝဝ ကျော်ရှိပြီး မေလအတွင်းမှာ တန်ချိန် ၈၅ဝဝဝ ခန့်ထိ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇွန်လအတွင်းမှာတော့ တန်ချိန် ၅၃ဝဝဝ ကျော်ရှိလို့ ယခုနှစ် ဇွန်လမှာ တန်ချိန် ၂ သောင်းကျော်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကို လေ့လာ ကြည့်ရာမှာ တန်ချိန် ၁၉ဝဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၃ဝဝဝဝခန့်သာရှိလို့ ယခုနှစ်မှာတန်ချိန်၆ သောင်းခန့် ပိုမိုတင်ပို့ပြီး ဖြစ်တာ တွေ့ရပါတယ်။လက်ရှိပြည်ပဝယ်လက်များအဝယ်ရှိနေတာကြောင့် လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT