Background
ပဲယင်း ပဲကြီးတင်ပို့မှု ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ ပဲယင်း ၂၄၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၄၆ သန်းဖိုးနဲ့ ပဲကြီး ၁၂၇ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ဇွန်လအတွင်းမှာတော့ ပဲယင်း ၅၈၈ တန်နဲ့ ပဲကြီး ၂၇၂ တန် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ပဲယင်းရဲ့ မိမိဘက်ပေါက်ဈေးက တစ်တန် ၃၃၇၉ဝ၈ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ၆ဝ၃ ဒေါ်လာရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)
ပြည်ပအရောင်းစာချုပ် အနည်းငယ်လျော့ ယခင်သီတင်းပတ်က FOB ဈေးကွက်မှာ ထောပတ်ပဲ တန် ၇၅ဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၇ဝဝ ခန့် ပြည်ပအရောင်း စာချုပ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်)အတွင်းမှာတော့ ထောပတ်ပဲ တန်ချိန် ၅၄ဝ ခန့်နဲ့ မြေထောက်ပဲ တန်ချိန် ၄ဝဝ ခန့်သာ ရှိလို့ ယခုတစ်ပတ်စာချုပ်အရောင်း အနည်းငယ်လျော့ခဲ့ပါတယ်။ ဇွန်လ တစ်လလုံး ပြည်ပရောင်းချမှုမှာ ထောပတ်ပဲ တန်ချိန် ၂၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၂၃ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ယခင်သီတင်းပတ်ဈေးများအတိုင်း ဇူလိုင် ၁ ရက်မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ နဲ့ မြေထောက်ပဲ FAQ ကတော့ ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ထောပတ်နဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေ အခြားပဲများအုပ်စုအနေနဲ့ ပြည်ပသင်္ဘောတင်ပို့မှုရှိတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း အားကောင်းနေတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲတန် ၆ဝဝ၊ မြေထောက်ပဲ တန် ၃၇ဝ ကျော် တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ ထောပတ်ပဲ တန်ချိန် ၁ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၅ဝဝ ကျော်ထိ တိုးတက်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ ပြည်ပတင်ပို့ပြီးစီးမှုမှာ ထောပတ်ပဲ တန်ချိန် ၈ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၄ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၇ဝဝဝ နဲ့ မြေထောက်ပဲ တန်ချိန် ၃ဝဝဝ နီးပါးရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
အဝယ်သွက်မယ့် အလားအလာကြောင့် အိန္ဒိယကုလားပဲဈေး အတက်ဘက်ဦးတည် အိန္ဒိယကုလားပဲဈေးကွက်တွေကို ကုလားပဲအဝင်လျော့ကျပြီး ဝယ်လို အားမြင့်တက်လာတာကြောင့် ကြိုပွိုင့်ရော လက်ငင်းဈေးပါ အတက်ဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်လိုအား ယာယီလျော့ကျပေမဲ့ ပွဲတော်ကာလနီးကပ်လာပြီး အဝယ်တက်လာနိုင်တဲ့ အလား အလာအရ ဈေးကျဆင်းမှု ရပ်တန့်သွားတယ်လို့ သိရပါတယ်။ မိုးရွာသွန်းမှု တိုးတက်နေခြင်းက စိုက်ပျိုးရေးကုန်စည်အများစုကို ဈေးလျော့ ကျစေနိုင်ပေမဲ့ လာမယ့် ရက်တွေမှာ ဝယ်လိုအားတက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ သြစတြေးလျမှာ ၂ဝ၁၁-၁၂ အတွင်း ကုလားပဲစိုက် ဧရိယာ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပုံမှန်အားဖြင့် ကုလားပဲဈေးနှုန်းက ဈေးကွက်အတွင်း ဝင်ရောက်မှုအများဆုံး ကာလဖြစ်တဲ့ မေလလယ်အတွင်းဈေးကျဆင်းတတ်ပြီးဝင်ရောက်မှု ကျဆင်းလာချိန် မှာ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လေ့ရှိပါတယ်။ ယေဘုယျဈေးနှုန်းဦး တည်ရာ အရ ကုလားပဲဝယ်လိုအားကောင်းဖွယ်ရှိခြင်းက ဈေးနှုန်းပြန်လည် ခိုင်မာလာနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: commodityonline
မုံရွာ V2 ရန်ကုန်အဝယ်မြူးနေဆဲ မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ဇွန်လတစ်လလုံးရန်ကုန်အဝယ်ရှိလို့ အရောင်းအဝယ်သွက်ခဲ့ပြီး တိုင်ပေ နဲ့ 929 ကိုဒေသစက်သမားတွေ အဝယ်လေး ခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လထဲမှာဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေး အနိမ့်အမြင့်ကို လေ့ လာတဲ့အခါ တိုင်ပေတစ်တင်း ၁၄၂ဝဝ ကျပ် မှ ၁၅၅ဝဝ ကျပ်၊ 929 တစ်တင်း ၁၄ဝဝဝ ကျပ် မှ ၁၅၄ဝဝ ကျပ်၊V 2 တစ်တင်း ၁၅၈ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ် နဲ့ ကုလားပဲရိုးရိုး ၁၃ဝဝဝ ကျပ်မှ ၁၄၂ဝဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်ဇွန်လဈေးကွက်မှာ တစ်ရက်လျှင် V 2 အိတ် ၁၅ဝဝ မှ ၂ဝဝဝ အတွင်းနေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ကုလားပဲတွေအနေနဲ့တစ်ရက်ကိုအိတ် ၁ဝဝဝ ဝန်းကျင်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဇွန်လထဲမှာ မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေး နဲ့ ရန်ကုန် ကို V2 ၁၅ဝဝဝ ခန့်စီးထွက်သွားခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယကုလားပဲဈေး လက်ရှိဈေးမှာ ခိုင်မာနေ အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်တွေမှာ ကုလားပဲဝယ်လိုအားရှိ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း လက်ရှိဈေးနဲ့ ခိုင်မာနေပါတယ်။ ယခုလအတွင်း ဝယ်လိုအားဆက်လက်ခိုင်မာဖွယ်ရှိတာကြောင့် လှောင်လက်များ သိုလှောင်ပဲတွေကို ဆက်ထိန်းထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိုးပဲမျိုးစုံ ထွက်ရှိမှု အလားအလာကောင်းခြင်းနဲ့အတူ လှောင်လက်များ လက်ကျန်ရှင်းထုတ်ပါက လာမယ့်ရက်တွေမှာ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ကုလားပဲ အထွက် ရာသီဥတုကောင်းမွန်နေပေမဲ့ ကနေဒါနဲ့ အမေရိကန်မှာတော့ စိုက်ဧရိယာ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်း ကုလားပဲ ဈေး လက်ရှိဈေးဝန်းကျင်မှာပဲ အပြောင်းအလဲရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၆-၁၁ ၂၉-၆-၁၁ ၂၈-၆-၁၁ ၂၇-၆-၁၁မွန်ဘိုင်း ၅၃၁-၅၃၇ ၅၂၃-၅၂၈ ၅၂၇-၅၂၈ ၅၂၇-၅၃၂ဒေလီ ၅၉၃-၅၉၈ ၅၈၄-၅၉ဝ ၅၈၃-၅၈၈ ၅၈၂-၅၈၈ကန်ပါ ၆၄ဝ ၆၃၂ ၆၃၅ ၆၃၄MIRT(MAPT)
ကုလားပဲဖြူလုံးကြီး တင်ပို့မှုတက် ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁ဝဝဝ အောက် သာရှိရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၂၄ဝဝ အထိ တိုးတက်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်က ဝယ်လိုအားကောင်းနေလို့ တင်ပို့မှုတက်နေပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ ကုလား ပဲဖြူလုံးကြီး တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၇ဝဝဝ ခန့်ရှိပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုမှာ တန်ချိန် ၅ဝဝ သာရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်တဲ့ မိုးကြိုပဲတီစိမ်း စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၂ဝ၁၁-၁၂ ခုနှစ် မိုးပဲတီစိမ်း စိုက်ပျိုးရန်လျာထားဧက ၄ သိန်း ၁ သောင်းကျော် အနက် ဧက ၂ သိန်း ၁ သောင်း၊ ရာခိုင်နှုန်း ၅ဝ စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းသီးနံှကို မိုးကြို၊ မိုး၊ ဆောင်းသီးနံှများအဖြစ် တစ်နှစ်ကို ၃ ကြိမ်စိုက်ပျိုးကြပါတယ်။ ယခုအချိန်က မိုးပဲတီစိမ်းစိုက်ချိန် မိုးကြိုပဲတီစိမ်းသီးနံှများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်လို့ နယ်စုံမှ မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်နေကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ အဝင်လှိုင်လို့ မုံရွာ ကုန်စည်ဒိုင်မှာ ဇွန်လပထမပတ်အတွင်း ပဲတီစိမ်းကြီး တစ်ပိဿာ ၁၅၂၆ ကျပ်မှ ဇွန်လ တတိယပတ်မှာ ၁၁၃၂ ကျပ်သို့ ဈေးအေးခဲ့ရာ တစ်ပိဿာအပေါ် ၃၉၄ ကျပ်၊ တစ်တင်း အပေါ် ၇၅ဝဝ ကျပ်ဈေးကျခဲ့ကြောင်း သိရပါတယ်။ ဈေးအေးသော်လည်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ပဲတီစိမ်းကြီးပျမ်းမျှတင်း ၁ဝဝဝ ကျော် အရောင်း အဝယ် ဖြစ်ကြောင်း ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေး သို့ ပဲတီစိမ်းကြီးတင်း ၄၃ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါ တယ်။ သန်းးသန်းးတင်
ပဲတီစိမ်း ဈေး ခိုင်မာနေရာမှ ပြန်လည်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲတီစိမ်းဈေး ခိုင်မာနေခဲ့ရာမှ ယခုသီတင်းပတ်မှာ ပြန်လည်လျော့ကျ လာခဲ့ပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းပါးခြင်းကြောင့် ဈေးပြန်လည်ကျဆင်း လာတာဖြစ်ပါတယ်။ ပဲတီစိမ်းအဓိကစိုက်ပျိုးတဲ့ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာအပါအဝင် အခြားဒေသတွေမှာ မိုးရွာသွန်းခြင်းက အစောပိုင်းစိုက်သီးနံှတွေအတွက် ကောင်းမွန်စေပါတယ်။ လက်ရှိရာသီပဲအထွက်ကောင်းမယ့်အလားအလာရှိခြင်း၊ ဝယ်လိုအားပါးနေပေမဲ့ လှောင်လက်များ လက်ကျန် ထုတ်ရောင်းလာခြင်းတို့က ဈေးနှုန်းပိုမိုကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ လှောင်လက်များလက်ထဲမှာ လက်ကျန်ပမာဏများများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးနှုန်းဦးတည်ရာအတိုင်း သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးက ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၆-၁၁ ၂၉-၆-၁၁ ၂၈-၆-၁၁ ၂၇-၆-၁၁မွန်ဘိုင်း ၉၅ဝ ၉၆၈-၉၇၄ ၉၇၇ ၉၈၁-၉၈၇ဒေလီ ၇၉၄-၈၅ဝ ၇၉ဝ-၈၄၆ ၇၈၈-၈၄၄ ၇၈၇-၈၄၃အာကိုလာ ၈၅ဝ-၉၁၇ ၈၄၆-၉၃၅ ၈၄၄-၉၃၂ ၈၄၃-၉၃၁MIRT(MAPT)
ပဲတီစိမ်း တန် ၁ဝဝဝ ကျော် ပိုမိုတင်ပို့ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၆၂၅ဝ တန်၊ ဒေါ်လာ ၆ ဒသမ ၄ဝ၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၅ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှ တန် ၁ဝဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံ ဈေးများပါ မြင့် တက်လာတဲ့ အတွက် တင်ပို့မှုပိုမိုခဲ့တယ်လို့ ဆိုရပါတယ်။ ဝယ်လိုအားတက်လာသလို မန္တလေး-မူဆယ် သယ်ယူစရိတ်နှုန်းထားလည်း ပဲတီစိမ်း ၁ ပိသာလျှင် ၄၁ ကျပ်မှ ၄၃ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့သိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၇၉၃၅၁ဝ ၇၆၇၇၆၃ ၂၅၇၄၇ ၃ .၂ ၁၁၇၆ ၁၁၇၃ ၃ ဝ .၃MIRT (DOBT)
