Background
နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ပို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၂သန်း တန်ဖိုးရှိ နနွင်းတက် ၂၆ တန် ကျော်နဲ့ နနွင်းခေါင်း ၃၂ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၃ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။MIRT(DOBT)
မလေးရှားနဲ့ ကိုရီးယားကို နနွင်းတင်ပို့ ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်း တန်ချိန် ၂ဝ ဒသမ ၆ တန်ကို ပင်လယ် ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံကို ၃ တန်နဲ့ ကိုရီယားနိုင်ငံကို ၁၇ ဒသမ ၆ တန်တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ သုံးသောင်းရှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတစ်တန်သာ တင်ပို့နိုင် ခဲ့တဲ့အတွက် ဒီတစ် ပတ်အပို့ သာခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
ယခုအပတ် မူဆယ်မှ မန်ကျည်းမှည့် အပို့ရှိ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၇၇ဝဝဝ တန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) တန် ၉ဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကစပြီး နယ်စပ်မှ မန်ကျည်းမှည့်အပို့နားနေရာကနေ ယခု အကြိမ်ဟာ ၂ဝ၁၁ အတွက် ပထမဆုံးအကြိမ် နယ်စပ်က အပို့ ရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ မန်ကျည်းမှည့်တင်ပို့မှုဟာ တန် ၂၂ဝ ကျော်ရှိခဲ့ပါတယ်။ MIRT (DOBT)
မန်ကျည်း စင်ကာပူကို အများဆုံးတင်ပို့ ယခုသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မန်ကျည်း ၄၆ ဒသမ ၃၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေက စင်ကာပူနိုင်ငံကို ၄ဝ တန်နဲ့ အိန္ဒိယနိုင်ငံကို ၆ ဒသမ ၃၅ တန်ဘဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်း ၄၇ တန်ကျော်တင် ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက အမှီလိုက်နိုင်တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၅၇ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ နှစ်သောင်းခုနှစ်ထောင်နီးပါးရရှိခဲ့ပါတယ်။ MIRT (DOT)
ချင်းပြန်စိုက်ချိန်နီးလို့ ရှမ်းချင်းဈေးကွက်ကို ချင်းဥမအဝင်များ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းသီးနံှကိုနှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပျိုးပါတယ်။ စိုက်ဧကရဲ့တတိယအများ ဆုံးစိုက်တဲ့မြို့နယ်ကနမ့်ဆန်မြို့နယ်ဖြစ်ပါတယ်။ နမ့်ဆန်ကလည်း ကလော၊ အောင်ပန်းဒေသတွေလိုပဲ ချင်း(ဥမ) ကိုပြန်ဖော်ကြပါတယ်။ အခုလည်းချင်းဥမတွေကိုပြန်ဖော်ပြီးတာကြောင့် ပြန်စိုက်နေကြပါပြီ။ တစ်ချိုု့တောင်သူတွေက မေလကုန်မှာစိုက်ပြီး၊ တစ်ချို့တောင်သူတွေကလည်း ဇွန်လမှသာ ပြန်စိုက်ကြပါတယ်။ ချင်းအထွက်များတဲ့ ဒေသတစ် ခုဖြစ်ပြီး ထွက်တဲ့ ချင်းတွေကိုတော့ တောင်ကြီး၊ အောင်ပန်းကိုအဓိကပို့ပါတယ်။ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့နယ်တွေကိုတော့အနည်းအကျင်းလောက်သာ စီးတယ်လို့ သိရပါတယ်။ မနှစ်က ဒေသထွက်ချင်း (စို) တန်ချိန်ပေါင်း ၃၃၁ ဒသမ ၉ တန်တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ နမ့်ဆန်ကုန်စည်ဒိုင်က သိရှိရပါတယ်။ ချင်းတက်(စို)က ကုန်သလောက် ဖြစ်သွားပြီး (ဥမ)တွေသာဈေးကွက်မှာရှိပါတော့တယ်။ ချင်း(ဥမ) ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုန်းဈေးကွက် ကတော့ချင်းစိုတွေမရှိတော့ဘဲ ချင်းခြောက် ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ အောင်ပန်း ဈေးကွက် မှာချင်း (ဥမ) တစ်ပိဿာ ၃ဝဝကျပ်၊ ၃၈ဝကျပ်၊ ချင်းခြောက်ကတစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ဝါတွင်းအလှူအတွက် ချင်း (ဥမ) များအရောင်းသွက် ပြည်ဈေးကွက်သို့ အောင်ပန်းဘက်မှ ချင်း(အတက်) အပြင် ချင်း(ဥမ) များပါ ယခုတစ်ပတ်အတွင်း ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်ဝင်ရောက်မှုရှိပြီး ချင်းတက် တစ်ပိဿာကို ယခင်အပတ်ဈေးအတိုင်း (ဂျွန်) ၁၃ဝဝ ကျပ်၊ (ရှယ်) ၁၅ဝဝ ကျပ်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ဧရာဝတီနှင့် ရခိုင်ဘက်သို့ အပါ အဝင်တစ်နေ့ကို ပိဿာချိန် ၄၅ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ချင်း (ဥမ) များမှာတော့ တစ်ပိဿာကို ၇၅ဝ-၈ဝဝ ကျပ်ရှိ၍ ချင်း (ဓါးလှီး) သမားများမှ အဝယ်ရှိပြီး ဝါတွင်းချင်းသုပ်အလှူအတွက် မျှော်မှန်းပြီး ချင်း (ဥမ) များတစ်နေ့ကို ပိဿာချိန် ၂၃ဝ ခန့်နှင့် အရောင်းသွက်လျက်ရှိနေပါတယ်။ ဝင်းလဲ့ဝါ
ထိုင်းနိုင်ငံက ဒုတိယနှစ်အဖြစ် သကြားထုတ်လုပ်မှုဆက်လက်စံချိန်တင်လို့ ဈေးနှုန်းကျဆင်းနိုင် ကမ္ဘာ့သကြားတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ယခုနှစ်မှာ လည်း ယခင်နှစ်လိုပဲ သကြားထုတ်လုပ်မှု့နဲ့ တင်ပို့မှု စံချိန်တင်မြင့်တက်တာကြောင့် သီတင်း ၇ ပတ်အတွင်း ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ သကြားဈေးကျဆင်းဖို့ အကူ အညီဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလမှာ စတင်တဲ့ သီးနံှရာသီအတွင်း တန်ချိန် ၁ဝ သန်းအထိ မြင့်တက်ထွက်ရှိနိုင်ပြီး တန်ချိန် ၇ ဒသမ ၅ သန်းအထိ တင်ပို့နိုင်မယ်လို့ ထိုင်းနိုင်ငံမှ အကြီးဆုံးသကြားစက် Mitr Phol Sugar Corp ရဲ့ ဒုတိယဥက္ကဌ Parin Amatyakul က ပြောကြားပါတယ်။ အဲဒီပမာဏဟာ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၉ ဒသမ ၆ သန်းထက် ၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တင်ပို့မှု တန်ချိန် ၇ သန်းထက် ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ဆိုပါတယ်။ရောင်းချမှုတိုးတက်ခြင်းက လွန်ခဲ့တဲ့ နှစ် အတွင်း ၆၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ ဈေးနှုန်းကိုထိန်းခုျပ်နိုင်မယ်လို့ ကမ္ဘာ့ စား သောက်ကုန်ကုမ္ပဏီ Nestle SA (NESN) ကပြောကြားပါတယ်။ ကမ္ဘာ့သကြားရောင်းချမှု ကြီးမားကျယ်ပြန့်လာခြင်းက ဇူလိုင်လအတွင်း နယူး ယောက်ဈေးနှုန်းကို သကြားကြမ်း တစ်ပေါင် ကန်ဒေါ်လာ ၂၂ ဆင့် (တစ်တန် ကန် ဒေါ်လာ ၄၈၅) ကို ၁၅ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ၁၉၈၅ ခုနှစ်ကတည်းက သကြားရောင်းဝယ်နေတဲ့ Beydoun က ပြောကြားပါတယ်။ ဈေးနှုန်းမြင့်မားမှု ကြောင့် ထုတ်လုပ်သူများ တိုးမြင့်ထုတ်လုပ်မှာဖြစ်လို့ ကမ္ဘာ့ စုစုပေါင်းထုတ်လုပ်မှု ဟာ တန်ချိန် ၁၈၂ ဒသမ ၂ သန်းအထိ စံချိန်တင်ပြီး ယခင်နှစ်ထက် ၁၄ ဒသမ ၂ သန်း တိုးတက်မယ်လို့ ဇွန်လ ၃ ရက်နေ့မှာC. Czarnikow Sugar Futures ကုမ္ပဏီမှ ခန့်မှန်းထားပါတယ်။ နိုဝင်ဘာမှ စတင်တဲ့ ကြံရာသီအတွင်း ထိုင်းနိုင်ငံမှာ ကြံစိုက်ပျိုးမှုဟာ ၂ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ၁ ဒသမ ၃ သန်းမြင့်တက်လို့ ကြံရိတ် သိမ်းမှုကလည်း ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ဝ၅ ဒသမ ၁ သန်းအထိ စံချိန်တင်နိုင်တယ်လို့ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံးမှ ဆိုပါတယ်။ နယူးယောက်မှာ ဇွန်လ ၂၂ ရက်နေ့ အောက်တိုဘာလပို့ရမယ့် သကြားကြမ်း ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဒသမ ၉၃ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၇၁) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: bloomberg.com
ပင်လယ်ရေကြောင်း မဆိုသလောက်အပို့ရ ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ မလေးရှားကို ရော်ဘာတန် ၂ဝ၊ တန်ဖိုးဒေါ်လာ ဝ ဒသမ ဝ၉၂ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်က တင်ပို့မှုမရှိခဲ့ပါဘူး။ ကမ္ဘာ့ရော်ဘာဈေးနှုန်း များ တစ်ရှိန်ထိုးကျဆင်းနေခြင်းနဲ့ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တာကြောင့် ယခုလိုတင်ပို့မှု လျော့နည်းရခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှု နည်းပေမဲ့ နယ်စပ်ကုန်သွယ်ရေးကနေတော့ စဉ်ဆက်မပြတ်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ၄၃ဝဝ ဒေါ်လာရှိကြောင်း သိရပါတယ်။ KZW
မေလတွင်အိန္ဒိယရော်ဘာ အထွက်နှုန်းတန်ချိန် (၅၉ဝဝဝ) ရှိလာ မေလမှာ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းက စံချိန်တင်ပြီး ၅၉၇ဝဝ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့လက ရော်ဘာသုံးစွဲမှု ၂ ရာခိုင်နှုန်းခန့်တိုးပြီး ၈၁ဝဝဝ တန်ကို ရောက်ရှိခဲ့ ကြောင်းရော်ဘာအသင်းရဲ့ စာရင်းများ အရသိရပါတယ်။ လွန်ခဲ့တဲ့နှစ် အလားတူကာလက ထုတ်လုပ်မှု တန်ချိန် ၅၆၄ဝဝ ရှိပြီး သုံးစွဲမှု ၇၉၁၅ဝ တန်ရှိကြောင်း သိရပါတယ်။ ရော်ဘာဝယ်လိုအားကတော့ တစ်လထက် တစ်လ ၂ ရာခိုင်နှုန်းခန့်ကျဆင်းပြီး ဧပြီလမှ တန်ချိန် ၈၂၅ဝဝ ရှိရာကနေ မေလမှာတန်ချိန် ၈၁ဝဝဝ တန်ရှိကြောင်း သိရပါတယ်။ ပို့ကုန်တင်ပို့မှု ကတော့ ယခင်နှစ်မေလမှာ ၁၄၇၈ တန်ရှိရာကနေ ယခုနှစ်မှာ ၁၈ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၁၇၄၂ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ သွင်းကုန်တင်သွင်းမှုကလည်း ယခင်နှစ်က ၁၅၃၇၂ တန်ရှိရာ ကနေ ၆ ရာခိုင်နှုန်းတိုးပြီး ၁၆၂၉၃ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မေလမှာ ရော်ဘာသိုလှောင်မှုက ၃၃ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၂၄၉၄၇ဝ တန်ရှိကြောင်း သိရပါတယ်။ ဇန်နဝါရီ ကနေ ဧပြီအထိ ထုတ်လုပ်မှုက ယခင်နှစ်အလားတူကာလထက် ၅ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၂ ဒသမ ၆၇ သိန်းရှိကြောင်းသိရပါတယ်။ ရော်ဘာထုတ်လုပ်မှုကတော့ ၂ဝဝ၈ မှာ တန်ချိန် ၈ ဒသမ ၈၁ သိန်း၊ ၂ဝဝ၉ မှာ တန်ချိန် ၈ ဒသမ ၂ဝ သိန်းနဲ့ ၂ဝ၁ဝ မှာတန်ချိန် ၈ ဒသမ ၅၁ သိန်းထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ တကယ်လို့ ထုတ်လုပ်မှုဟာ စီမံကိန်းချမှတ်တဲ့အတိုင်းသာ ဖြစ်မယ်ဆိုရင် ကမ္ဘာ့တတိယရော်ဘာ ထွက်ရှိမှု အများဆုံးမလေးရှားရဲ့ ထုတ်လုပ်မှုထက်တန် ၇၅ဝဝဝ သာလျော့နည်းမယ်လို့ သိရပါတယ်။ ရော်ဘာကို မိရိုးဖလာ စိုက်ပိုျးတဲ့ မလေးရှားရဲ့ ယခုနှစ်အထွက်နှုန်းက တန်ချိန် ၉ ဒသမ ၇၅ သိန်းရှိနိုင်ပြီး ၃ဒသမ ၆ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ထုတ်လုပ်မှုကတော့ ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ Source; Commodity online,KZW
ကာရာလာအပြင် အခြားဒေသများ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုး ကာရာလာဒေသဟာ အိန္ဒိယရဲ့ သဘာဝရော်ဘာထွက်ရှိရာဒေသအဖြစ် အချိန်ကြာမြင့်စွာ ကတည်းက ရပ်တည်ခဲ့ပြီး အိန္ဒိယရော်ဘာထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းက ကာရာလာကနေထွက်တာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ကာရာလာမှာ စိုက်မြေတွေပြည့်နှက်နေတာကြောင့် အိန္ဒိယရော်ဘာအသင်းက ရော်ဘာ စိုက်ပိုျးနိုင်တဲ့မြေနေရာတွေကို အခြားဒေသတွေမှာ ရှာဖွေနေကြောင်းသုတေသီများကပြောပါတယ်။ အရှေ့မြောက်ပိုင်းက ထရိုင်ပူရဒေသရဲ့ ရာသီဥတုအခြေအနေက ကာရာလာ နဲ့ နီးစပ်ပါတယ်ဒါ့အပြင် အခြားဒေသတွေ ဖြစ်တဲ့ မဟာရရှထရာနဲ့ ဂိုရာဒေသတွေကိုလည်း ရော်ဘာစိုက်ပျိုးဖို့ အလားအလာရှိကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။ ၁၉၇၉ ခုနှစ်မှာ စတင်ခဲ့တဲ့ စိုက်ပျိုးရေးအစီအစဉ်မှာ ဂိုရာဒေသကို ရော်ဘာ စိုက်ပျိုးရေးဒေသအဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ရော်ဘာအသင်းရဲ့ နောက်ဆုံးစာရင်းများအရ မဟာရရှထရာမှာ စိုက်ပျိုးရေး လုပ်ငန်း ၂၂ဝ ရှိပြီး ဂိုရာမှာ ၁၉၅ ခုရှိကြောင်းသိရပါတယ်။ မဟာရရှထရာမှာ ရော်ဘာ ဟက်တာ ၉ဝဝ စိုက်ပျိုးပြီး ဂိုရာမှာတော့ ဟက်တာ ၇ဝဝ စိုက်ပိုျးကြောင်းသိရပါတယ်။ မဟာရရှထရာက ဟက်တာ ၁ဝဝ နဲ့ ဂိုရာက ဟက်တာ ၆၅ဝ က အရွယ်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဂိုရာဒေသမှာ တစ်နှစ်ကို တန် ၉ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ၁၄ဝဝ ကီလိုဂရမ်ထုတ်လုပ်နိုင်ကာ မဟာရရှထရာဒေသမှာတော့ တစ်နှစ်ကို တန် ၂ဝဝ ထုတ်လုပ်နိုင်ပြီး တစ်ဟက်တာကို ပျမ်းမျှခြင်း ၂ တန်ထုတ်လုပ်နိုင်ကြောင်းသိရပါတယ်။ ဂိုရာဒေသက ရော်ဘာပင်တွေရဲ့ ၆ဝ ရာခိုင်နှုန်းက အပင်အိုတွေဖြစ်နေပြီး ပြန်လည်စိုက်ပျိုးဖို့ လိုအပ်လျက်ရှိကာ မဟာရရှထရာက ရော်ဘာပင်တွေကတော့ သက်တမ်းငယ်သေးကြောင်း သိရပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ မဟာရရှထရာမှာ ရော်ဘာဟက်တာ ၂၅ဝဝ နဲ့ ဂိုရာမှာ ဟက်တာ ၅ဝဝ ထပ်မံစိုက်ပျိုးဖို့ ရော်ဘာအသင်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source; Commodity online ,KZW