Background
ပြည်ပဲနီပြား လက်လီသမားများအဝယ်လိုက်နေ ယခုတစ်ပတ်ပြည် ဈေးကွက်သို့ ပဲနီပြားသီးနံှဝင်ရောက်မှု အနေဖြင့် အဝင်ပါးလာပြီလို့ သိရပါတယ်။ ရွှေ တောင်၊ ကျီးသဲဖက်မှ အနည်းငယ်ခန့် သာ ဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်မှု နည်းလာခဲ့လို့ ပဲဈေးမှာလည်း ယခင် အပတ်ထက် အနည်းငယ်ကျဆင်း သွား ခဲ့ပါတယ်။ တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ကြို့ပင် ကောက်၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ် များမှ လက်လီပြန်လည်ရောင်းချရန် လာရောက်ဝယ်ယူမှုများရှိတဲ့အတွက် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပဲကြော်၊ ပဲလှော်လုပ်ငန်းများ ပုံမှန်အဝယ်ရှိတဲ့ ပဲကြီး ပြည်ဈေးကွက်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၆ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်က အတိုင်းဈေးငြိမ် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီး ဝင်ရောက်မှုအနေဖြင့် မေလအတွင်း မကွေးတိုင်းဒေသကြီးဖက်မှ အိတ် ၄၅ဝ ခန့်ဝင်ရောက်ခဲ့ပြီး ဒေသတွင်းမြို့နယ် များမှ ဝင်ရောက်မှု နည်းခဲ့ပါတယ်။ ပဲခူး တိုင်း ဒေသကြီး ပြည်ဈေးကွက်မှ ရန်ကုန်သို့ အိတ် ၃ဝဝ ခန့်တင်ပို့နိုင်ခဲ့ပြီး ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများ နေ့စဉ်အဝယ်ရှိတဲ့အတွက် အိတ် ၁ဝဝ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယ ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့ အစိုးရ ဝယ်ယူမှုကို စဉ်းစားသင့် အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှု မြင့်တက်စေဖို့ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တစ်မျိုးတည်းနဲ့လုံလောက်မှုမရှိတာကြောင့်မူဝါဒရေးဆွဲသူများအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဖို့ အစိုးရဝယ်ယူမှုကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်လို့ အိန္ဒိယ စီမံခန့်ခွဲမှု တက္ကသိုလ်မှ ပါမောက္ခ G. Chandra shekhar က သုံးသပ်ဖော်ပြထားပါတယ်။ အိန္ဒိယရဲ့ အောင်မြင်မှုရနေတဲ့ နည်းပညာ၊ သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်မှုနဲ့ ဇီဝနည်းပညာသုတေသန စွမ်းဆောင်နိုင်မှုများကို အားလုံး သိပြီးဖြစ်ပါတယ်။ အခြားစီးပွားရေးတိုးတက်နေပြီး စက်မှုလုပ်ငန်းမြောက်မြားစွာ တိုးတက်နေပေမဲ့ စိုက်ပျိုးရေးကဏ္ဍကတော့ နောက်ကျနေဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးတိုးတက်ဖို့ ရက်ပေါင်း ၂၇ဝ နေရောင်ရရှိခြင်း၊ နှစ်စဉ်မိုးရေချိန် မီလီမီတာ ၉ဝဝ၊ စိုက်ပျိုးရေးဆိုင်ရာ ရာသီဥတု အပြောင်းအလဲရှိခြင်း၊ နိုင်ငံတစ်ဝန်း မြစ်ပေါင်းရာကျော်ရှိနေခြင်း၊ စိုက်ပျိုးနိုင်တဲ့ မြေဟက်တာသန်း ၁၅ဝ ခန့်ရှိခြင်း၊ ဇီဝမျိုးကွဲများစွာရှိခြင်းနဲ့ လယ်ယာလုပ်သားမိသားစုသန်းပေါင်း ၁၃ဝ ကျော် တည် ရှိနေပါတယ်။ မကြာသေးခင်နှစ်များက ကမ္ဘာ့ဝါအများဆုံး ထုတ်လုပ်တင်ပို့ သူဖြစ်ခဲ့သလို ပြောင်းထုတ်လုပ်မှုမှာလည်း ယခုနှစ်မှာ တန်ချိန် သန်း ၂ဝ ကျော်ခဲ့ပါတယ်။ တိုးတက်မှုနှုန်းနည်း အဲဒီလိုအောင်မြင်မှုတွေရရှိပေမဲ့ စိုက်ပျိုးရေးဆိုင်ရာအခြေအနေ ခြုံငုံကြည့်ရင်တော့ လက်ရှိအချိန်ထိ စိတ်ကျေနပ်ဖွယ်မရှိသေးပါဘူး။ စိုက်ပျိုးရေး ကဏ္ဍမှာ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်အတွင်း နှစ်စဉ်ပျမ်းမျှတိုးတက်နှုန်းဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးကုန်စည် အထူးသဖြင့် စားနပ် ရိက္ခာထုတ်ကုန် ဝယ်လိုအားကတော့ GDP တိုးတက်လာခြင်းနဲ့ လူဦးရေ တိုးပွားမှုတို့ကြောင့် တိုးတက်လျက်ရှိနေပါတယ်။ ထုတ်လုပ်မှုက လိုအပ်တာထက် လျော့နည်းနေတာကြောင့် ပြည်တွင်းပြတ်လပ်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း တင် သွင်းနေရမှုအပေါ် မှီခိုမှု တိုးတက်လာခဲ့ပါတယ်။ ဆီထွက်သီးနံှနဲ့ ပဲမျိုးစုံဟာ စီးပွားဖြစ်သီးနံှများဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုထက် လိုအပ်ချက်က ပိုမိုနေတာကြောင့် တင်သွင်းမှုများခြင်းနဲ့အတူ ပြည်တွင်း ဈေးကွက်က ကမ္ဘာကို လွှမ်းမိုးလာခဲ့ပါတယ်။ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲမျိုးစုံပေါများခဲ့ တာကြောင့် ပဲမျိုးစုံဈေးသက်သာလာခဲ့ပါတယ်။ စိုက်ဧရိယာဟာလည်း ဟက်တာ ၂၆ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ထွက်ရှိမှုကလည်း ယခင်နှစ်က တန်ချိန် ၁၄ ဒသမ ၇ သန်းမှ ၁၇ ဒသမ ၃ သန်းကျော်ထိ ထွက်ရှိခဲ့ပါတယ်။ (၁၁) ကြိမ်မြောက် ၅ နှစ်စီမံကိန်းရဲ့ အဆုံးပိုင်းနှစ်ဖြစ်တဲ့ ၂ဝ၁၁-၁၂ အတွင်း ရာသီဥတုကလည်း ဆက်လက်ကောင်းမွန်နေဦးမှာဖြစ်လို့ ပဲမျိုးစုံစိုက်ဧရိယာရော အထွက်ပါဆက်လက်တိုးတက်နေဦးမှာဖြစ်ပါတယ်။ သီအိုရီပိုင်းအရ အဲဒီအချက် တွေ မှန်ကန်နေပေမဲ့ ဖြစ်ပျက်လာမယ့် အခြေအနေကိုတော့ စောင့်ကြည့်ရအုံး မှာဖြစ်ပါတယ်။ လတ်တလောအထွက်နှုန်းဟာ တစ်ဟက်တာကို ကီလို ၆ဝဝ- ၆၂ဝ ခန့်နဲ့ အလွန်နိမ့်ကျနေပြီး ကမ္ဘာ့ပျမ်းမျှအထွက်ရဲ့ထက်ဝက်အောက် ကနေဒါ အထွက်နှုန်းရဲ့ သုံးပုံတစ်ပုံသာရှိနေပါတယ်။ အိန္ဒိယမှာ မိုးရေခံစိုက်ပျိုးမြေများပြီး ရောဂါပိုး ကျရောက်လွယ်ကာ မျိုးစေ့နည်းပညာဖွံ့ဖြိုးမှုမရှိဘူးလို့ ဆိုပါတယ်။ အဆုံးထိ ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အထွက်နှုန်း၂ ဆ (သို့မဟုတ်) တစ်ဟက်တာကီလို ၁ဝဝဝ ရရှိဖို့ ဆိုတာ မလွယ်ကူပါဘူးလို့ ဆိုပါတယ်။ ပဲမျိုးစုံအတွက် ရည်မှန်းချက် ပဲမျိုးစုံအတွက် ပထမရည်မှန်းချက်အနေနဲ့ လက်ရှိအထွက်နှုန်း ၁ ဟက်တာ ၆ဝဝ ကီလိုဝန်းကျင်မှ ကီလို ၇ဝဝ အထိ တိုးမြှင့်သင့်ပါတယ်။ ပဲစိုက်ဧရိယာ တစ်ဟက်တာကို ပျမ်းမျှကီလို ၇ဝဝ ထွက်ရှိမယ်ဆိုရင် ဟက်တာ ၂၅ သန်းမှ တန်ချိန်၁၇ ဒသမ ၅ သန်းထွက်မယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် ၁ ဟက် တာကို ပျမ်းမျှကီလို ၁ဝဝ နှုန်းတိုးမယ်လို့ ဆိုရင် ပဲတန်ချိန် ၂ ဒသမ ၅ သန်းပိုမို ထွက်ရှိမှာဖြစ်လို့ ပဲတင်သွင်းမှု အားထားရခြင်းကို လျော့ကျမှာဖြစ်သလို ကမ္ဘာ့ ဈေးနှုန်းလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ အများပြည်သူဖြန့်ဝေရေးအတွက် ဝယ်ယူမှု ပဲစိုက်ပျိုးသူများဟာ ဝယ်ယူရေး မူဝါဒကြောင့် ဆန်နဲ့ ဂံျုစိုက်ပျိုးသူတွေလို အလွယ်တကူ အဆင်သင့် ဈေးကွက်ရောင်းချရတဲ့ အခွင့်အလမ်းမရှိဘူးလို့ ဆိုပါတယ်။ ဗဟိုအစိုးရအနေနဲ့ ဆန်၊ ဂံျုနဲ့ သကြားတို့ကို အများပြည်သူဖြန့်ဝေရေး စနစ်မှတစ်ဆင့်ဝယ်ယူပြီး ဖြန့်ဝေနိုင်ရင် ပဲမျိုးစုံကိုရော ဘာကြောင့်မလုပ်နိုင် တာလဲ။ ကျန်းမာရေးအတွက်ရော ဈေးသက်သာဖို့အတွက် ပဲမိုျးစုံဟာ ပြည်သူ တွေ အတွက် သကြားထက်ပိုအရေးပါပါတယ်။ ဒါကြောင့် လက်ရှိအထွက်နှုန်းကနေ တစ်ဟက်တာ ကီလို ၇ဝဝ ထိ တိုးမြှင့် သင့်ပါတယ်။ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းတစ်ခုထဲနဲ့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မှာ မဟုတ်တဲ့အတွက် စိုက်ပိုျးထုတ်လုပ်သူများ မြှင့်တင်ထုတ်လုပ်နိုင်ဖို့ ဝယ်ယူရေး ဟာ သေချာတဲ့အချက်ပါလို့ ဆိုပါတယ်။ မူဝါဒရေးဆွဲသူများအနေနဲ့ မူဝါဒများနဲ့ အထောက်အပံ့ပေးခြင်းဖြင့် စိုက်ပျိုးသူများ ပမာဏများစွာ ထုတ်လုပ်ဖို့ လယ်ယာ သိပ္ပံဆိုင်ရာ သင့်တော်တဲ့မူဝါဒများ ဖန်တီးရမယ့်အချိန်လို့လည်း ဆိုပါတယ်။ အကယ်လို့သာ တိုက်တွန်းဆောင်ရွက်ကြမယ်ဆိုရင် ပြည်ပက တင်သွင်းမှု အပေါ် မှီခိုနေရမှုကို အသေအချာလျှော့ချနိုင်မှာဖြစ်ပါတယ်လို့ သုံးသပ်ထားပါတယ်။ ဒီဈေးကွက်သတင်းကြောင့် အနာဂတ်မှာ မြန်မာနိုင်ငံက အိန္ဒိယဈေးကွက်ကို အားထားပြီး ပဲတွေစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချဖို့ကို ချင့်ချိန်စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ဈေးကွက်တစ်ခုတည်းကို မှီခိုမဲ့အစား အခြားသင့်တော်တဲ့ ဈေးကွက် တွေကို ထိုးဖောက်ဖို့ ပြင်ဆင်သင့်ပြီလို့ အကြံပြုလိုပါတယ်။ ယမင်းရွှေစင်၊ Source: Businessline
အိန္ဒိယပြည်တွင်း ကုလားပဲဈေးမြင့်တက်ရာမှ ပြန်ငြိမ်လာ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ အဝယ်တက်လာတာကြောင့် ဈေးမြင့်တက်ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာ အဝယ် ပြန်ဆိုင်းလာတဲ့အတွက် ကုလားပဲဈေး ပြန်ငြိမ်လာပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ပဲဝင်ရောက်မှုလျော့ကျလာတဲ့အပြင် လှောင်လက်များမှ ဝယ်ယူစုဆောင်းနေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ လာမယ့် သီတင်းပတ်များမှာ ပဲခွဲစက်များနဲ့ လက်လီရောင်းချသူများ ဝယ်လိုအားပြန်လည်ကောင်းမွန်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် လုံလောက်တဲ့ လက်ကျန်သိုလှောင်မှု တွေရှိနေပေမဲ့ ကုလားပဲထုတ်ကုန်များကို ဝယ်လိုအားမြင့်တက်ဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ ပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂-၆-၁၁ ၁-၆-၁၁ ၃၁-၅-၁၁ ၃ဝ-၅-၁၁မွန်ဘိုင်း ၅၁၂ ၅၁၈ ၅ဝ၅ ၅ဝ၄ဒေလီ ၅၄ဝ-၅၄၅ ၅၄ဝ-၅၄၆ ၅၃၃-၅၃၉ ၅၂၇-၅၃၂ကန်ပါ ၅၈၇ ၅၉ဝ ၅၈၈ ၅၇၆MIRT(MAPT)
ရန်ကုန် FOB ဈေးကွက်ကုလားပဲအဝယ်ပုံမှန်ရှိ ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် တန် ၃ဝဝ ကျော်သာရှိပေမဲ့ ယခုသီတင်းပတ် (မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်) အတွင်းမှာတော့ တန် ၁ဝဝဝ နီးပါးနဲ့ နေ့စဉ်နီးပါး အဝယ်ရှိခဲ့တာတွေ့ရပါတယ်။ မေလ တစ်လလုံး အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ကုလားပဲဖြူလုံးကြီး တန်ချိန် ၈၅ဝဝ ကျော်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဝယ်လက်ပုံမှန်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုးကျဆင်းလာတာကြောင့် မေလ ၂၇ ရက်နေ့က FAQ တစ်တန်ကို ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ရှိရာမှ ဇွန်လ ၃ ရက်နေ့မှာ ကန်ဒေါ်လာ ၇၉ဝ-၈၅ဝ ကို လျော့ကျလာခဲ့ပါတယ်။ MIRT- MAPT
ကုလားပဲဖြူလုံးကြီး ယခုတစ်ပတ်မှာလည်း တန် ၃ဝဝဝ အပို့ရှိ ယခင်သီတင်းပတ် ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုမှာ ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက် ) အတွင်းမှာလည်း တန် ၃ဝဝဝ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပါကစ္စတန် ဝယ်လက်အဆွဲများတာကြောင့် ကုန်သည်လက်ကျန်နည်းလာပြီ လို့လည်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ ပြည်ပတင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန် ၄ဝဝ ကျော်သာရှိလို့ ယခုနှစ် အတွင်း ကုလားပဲတင်ပို့မှုများစွာ ပိုမိုနေတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ် မှာလည်း ပုံမှန်တင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT- MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှု အရှိန်ကောင်းနေ ယခင်သီတင်းပတ်က ထောပတ်ပဲတန်ချိန် ၈၅ဝ၊ မြေထောက်ပဲ တန်ချိန် ၃၅ဝ ကျော်တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာလည်း ထောပတ်ပဲ တန်ချိန် ၁ဝဝဝ နီးပါးနဲ့ မြေထောက်ပဲတန် ၄ဝဝ ကျော်နဲ့ တင်ပို့မှုအရှိန်ကောင်းနေတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ မလေးရှား၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲ တန် ၆ဝဝဝ နီးပါး၊ မြေ ထောက်ပဲ တန် ၂၆ဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲ တန် ၅၃ဝဝ နဲ့ မြေထောက်ပဲတန် ၂ဝဝဝ နီးပါးရှိလို့ ယခုဘဏ္ဍာနှစ်အတွင်း ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ FOB အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ ယခုတစ်ပတ်အတွင်း ထောပတ်ပဲတန် ၁၇ဝ နဲ့ မြေထောက်ပဲတန် ၃ဝဝ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေတစ်လလုံးအရောင်း အဝယ်ဖြစ်မှုအနေနဲ့ ထောပတ်ပဲတန် ၃၆ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၁၆ဝဝ နီးပါး အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ ဇွန်လ ၃ ရက်နေ့မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။MIRT- MAPT
မိုးကြိုပဲတီစိမ်းများ စစ်ကိုင်းမှာထွက်ပြီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၁-၁၂ ခုနှစ် ပဲတီစိမ်း(မိုးကြို) စိုက်ပျိုးရန်လျာထားဧက ၂ သောင်း ၈ ထောင်ကျော်အနက် ဧက ၃ သောင်း ၃ ထောင်ကျော် ရာခိုင်နှုန်းအားဖြင့် ၁၁၈ ရာခိုင်နှုန်း စိုက်ပျိုးခဲ့ကြောင်း သိရှိ ရပါတယ်။ ဧပြီလမှာ စိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းများမေလနောက်ဆုံးပတ်မှာ ထွက်ပေါ်ပြီး စစ်ကိုင်းမြို့ပေါ်ရှိ ပွဲရုံ များသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ စစ်ကိုင်းမြို့ အနောက်ဘက်ရှိ စကျင်ကျေးရွာ၊ မြောက်ဘက်ရှိ ဆည်လေးတော၊ ကန်ကြီးကုန်း၊ ကျောက်ပနန်း၊ ပဒူ၊ ရေတွင်းကောင်း၊ မာလဲတောကျေးရွာ များ၊ စစ်ကိုင်းတောင်ရိုး ဧရာဝတီမြစ်ဘေးရှိ ဝါးချက်၊ မင်းကွန်း၊ ထုံးဖို ကျေးရွာများ၊ အုန်းတောနှင့်ဆားတောင် နယ်တစ်ဝိုက်မှ ပဲတီစိမ်း (မိုးကြို)များ တစ်ရက်ကိုတင်း ၅ဝ၊ ၆ဝ ကျော်ဝင် ရောက်ပါတယ်။ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများမှထွက်ရှိတဲ့ ပဲ၊ နှမ်းသီးနံှမျိုး စုံကို သယ်ယူပို့ဆောင်စရိတ် သက်သာပြီး ဈေးကွက်နီးသောမန္တလေးမြို့သို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရပါ တယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လ ၂ ရက်နေ့ ပဲတီစိမ်းကြီးတစ်တင်း ပေါက်ဈေးမှာ ၂၈ဝဝဝ ကျပ်ဈေးပေါက် ကြောင်းသိရှိရပါတယ်။ သန်းသန်းတင်
ရာသီအစားအစာ ပဲတီစိမ်းဝယ်လိုအား မြင့်တက် တရုတ်နိုင်ငံမှာ ရာသီဥတုပူပြင်းတဲ့အတွက် ရာသီအစားအစာဖြစ်တဲ့ ပဲတီစိမ်းဝယ်လိုအား မြင့်တက်လျက်ရှိပါတယ်။ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၄၉၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၂၃၄ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်း ပြည်တွင်းဈေးအညံ့တစ်တန်ကို ၇ဝ၇၆၅ဝ ကျပ်မှ အကောင်းတစ်တန် ၉၅၈ဝ၅ဝ ကျပ်ရှိနေပြီး တရုတ်မှ ၇၈၈ဝ မှ ၉ဝဝဝ ယွမ်ထိ ဈေးပေး ဝယ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁၁၂၈၄၅ဝ ၉၅၇၅၄ဝ ၁၇ဝ၉၁ဝ ၁၅ .၁၅ ၁၄ဝဝ ၁၂၁၃ ၁၈၈ ၁၃MIRT (DOBT)
အိန္ဒိယဈေးကွက် ပဲတီစိမ်း ဈေးတစ်တန် ကန်ဒေါ်လာ ၃ဝ လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားနည်းခြင်းနဲ့ လှောင်လက်များ လက်ကျန်ရှင်းထုတ်နေခြင်းကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေး တစ်တန်ကို ကန်ဒေါ်လာ ၃ဝ ခန့်လျော့ကျခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့မှုကြောင့် နိုင်ငံတကာဈေး ခိုင်မာနေပေမဲ့ အိန္ဒိယပြည်တွင်းထုတ်လုပ်မှု မြင့်တက်ခြင်းက ဈေးနှုန်းတည်ငြိမ်ဖို့ ထိန်းချုပ်ထားပါတယ်။ နွေပဲတီစိမ်းများ ဝင်ရောက်နေပြီဖြစ်ပြီး နိုင်ငံအတွင်း အနောက်တောင်မိုးရွာသွန်းနေခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ဈေးပိုမိုမြင့်တက်မယ့် မျှော်လင့်ချက်တွေကြောင့် လှောင်လက်များမှာ သိုလှောင်မှု အမြောက်အမြား ထားရှိ ကြောင်း သိရပါတယ်။ ကာလတိုအတွင်း ဈေးအတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်။ တန်/ ဒေါ်လာဈေးကွက် ၂-၆-၁၁ ၁-၆-၁၁ ၃၁-၅-၁၁ ၃ဝ-၅-၁၁မွန်ဘိုင်း (ကင်ညာ) ၉၅၇-၉၆၈ - - ၁ဝ၉၈ဒေလီ ၇၃၄-၇၅၇ ၇၅၇-၈၂၄ ၇၅၅-၈၂၂ ၇၅၄-၈၂ဝအာကိုလာ ၈၉ဝ-၉၇၉ - ၈၈၈-၉၇၇ ၈၈၇-၉၉၈MIRT(MAPT)