Main menu

Background

Sunday, 12 Jun 2011

  အိန္ဒိယပဲစင်းငုံဈေး တည်ငြိမ်ရာမှ ပြန်လျော့လာ                အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များနဲ့ ပြန်လည်ရောင်းချသူများ အဝယ်တက်လာလို့ သီတင်းပတ်အစပိုင်းမှာ ဈေးတည်ငြိမ်လာခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ လှောင်လက်များလက်ကျန် ရှင်းထုတ်နေကြတာကြောင့် ဈေးပြန်လည် လျော့ကျခဲ့ပါတယ်။ ပဲစင်းငုံအဓိက စိုက်ပျိုးတဲ့ နိုင်ငံတောင်ပိုင်းက မဟာ ရပ်ရှတရာ၊ ကာနာတာကာ၊ တမီနာဒူးနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်း နေပြီ ဖြစ်ပေမဲ့ ပဲစင်းငုံ စိုက်ပျိုးကာစဖြစ်လို့ အထွက်တိုးဖို့ အထောက်အပံ့မဖြစ်နိုင် သေးဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံအသစ် ဈေးကွက်ထဲဝင်လာဖို့ ၆ လခန့်လိုနေသေး တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ထုတ်လုပ်မှု ပိုမိုတာကြောင့် သိုလှောင် လက်ကျန်လုံလောက်နေတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေး နှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                ဒေါ်လာ/တန်                      ၉-၆-၁၁       ၈-၆-၁၁         ၇-၆-၁၁             ၆-၆-၁၁မွန်ဘိုင်း         ၆၆ဝ-၆၈၂     ၆၉၁-၆၉၆      ၆၈၇-၇ဝ၄        ၆၈၈-၇ဝ၄ဒေလီ            ၇၂၅-၇၂၇      ၇၃၅-၇၃၆      ၇၃၅-၇၃၈       ၇၃၁-၇၃၃ချန်နိုင်း         ၆၆ဝ-၆၆၅       ၆၅၁-၆၆၈          ၆၇၁              ၆၈၂MIRT(MAPT)

Sunday, 12 Jun 2011

ပဲစင်းငုံနီ FOB အရောင်းအဝယ်ပိုများလာ              ယခုတစ်ပတ်ဇွန်လ၄ ရက်မှ ၁ဝ ရက်အတွင်း ပဲစင်းငုံနီ FOB  အရောင်းအဝယ် ယခင်သီတင်းပတ်ထက် ပိုဖြစ်လာပါတယ်။ ပြည်ပအဝယ်ရှိသလို ပြည်တွင်းရောင်း ချမှုလည်း များနေလို့ အရောင်းအဝယ်ပမာဏများလာပေမဲ့ FOB ဈေးနှုန်းကတော့ အနည်းငယ်လျော့ကျလာခဲ့ပါတယ်။                 ယခုတစ်ပတ်( ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်း ပဲစင်းငုံနီ တန် ၅၄ဝဝ နဲ့ ပဲစင်းငုံဖြူနီ တန် ၃၆ဝ၊ စုစုပေါင်းတန် ၆ဝဝဝ နီးပါး အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်သီတင်းပတ်ထက် ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း ပဲစင်းငုံနီ၊ အဖြူ စုစုပေါင်း တန် ၆၇ဝဝ ခန့် ပြည်ပအရောင်း စာခုျပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲလာတဲ့ ရန်ကုန် FOB  ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါ တယ်                                                             ဒေါ်လာ/တန်                  ပဲစင်းငုံနီ(FAQ)           ပဲစင်းငုံဖြူနီ၊အဖြူ(FAQ)၁ဝ-၆-၁၁        ၆၃ဝ-၉၅ဝ                     ၅၃ဝ-၅၅ဝ၃-၆-၁၁          ၆၄၅-၆၆၅                      ၅၄ဝ-၅၅ဝMIRT(MAPT)

Sunday, 12 Jun 2011

်ပင်လယ်ရေကြောင်းက ပဲစင်းငုံတန် ၆ဝဝဝ ကျော်အတင်ရှိ                   ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခင်သီတင်းပတ်က တန်ချိန် ၅ဝဝဝ ခန့်သာရှိခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာ တန်ချိန် ၆၁ဝဝ ကျော်ထိ တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ ၂ဝ၁၁ မေလ တစ်လလုံး တင်ပို့မှု အနေနဲ့ ပဲစင်းငုံ တန် ၂ သောင်းနီးပါးရှိပြီး ၂ဝ၁ဝ မေလအတွင်းမှာတော့ တန်ချိန် ၇ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                       လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကတော့ တန်ချိန် ၃ဝဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၁၇ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ်မှာ တန်ချိန် တစ်သောင်းကျော် ပိုတင်လာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု ပုံမှန်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Sunday, 12 Jun 2011

ယခုအပတ် မူဆယ်မှ တင်ပို့မှုပို                မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၄၆၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၉ တန် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ယခုအပတ် မတ်ပဲဈေးတက်လျက်ရှိပြီး တစ်ဘက်နိုင်ငံဈေးကတော့ ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နိုှုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု        ယခင်       ပြောင်းလဲမှု       %        ယခု     ယခင်     ပြောင်းလဲမှု         %မတ်ပဲ ၆ဝ၉၂၉၄     ၅၂၇၃၅ဝ      ၈၁၉၄၄         ၁၃       ၈၉၆      ၉၄၁         ၄၅                 ၅MIRT (DOBT)

Sunday, 12 Jun 2011

အိန္ဒိယမတ်ပဲဈေး အဆင်းဘက်ဆက်လက်သွားနေ                 အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုတစ်ပတ်လည်း မတ်ပဲဈေးက ဆက်လက်ဆင်းနေပါတယ်။ မုတ်သုံမိုးကောင်းမယ့် အခြေအနေရှိနေခြင်း၊ မိုးပဲစိုက်ပျိုးမှု စတင်နေပြီဖြစ်ခြင်းတို့ကြောင့် မတ်ပဲဈေး ဆက်လက်လျော့ကျနေပါတယ်။ မိုး ကောင်းမွန်နေခြင်းနဲ့ အစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးများ တိုးမြှင့်ပေး နေခြင်းတို့ ကြောင့် တောင်သူများစိုက်ဧက ပိုလာမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ပြန်လည် ရောင်းချသူများ အဝယ်ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါ တယ်                                    ဒေါ်လာ/တန်                        ၉-၆-၁၁         ၈-၆-၁၁        ၇-၆-၁၁             ၆-၆-၁၁မွန်ဘိုင်း             ၈၅၅              ၈၇၆               ၉ဝဝ               ၈၉၄ဒေလီ             ၈၃၉-၉ဝ၆     ၈၄၂-၉၁ဝ      ၈၃၈-၉ဝ၅         ၈၃၉-၉ဝ၆ချန်နိုင်း          ၈၈၉-၁ဝဝ၁   ၈၉၈-၁ဝ၁၁    ၈၉၄-၁ဝ၁၇       ၉ဝ၆-၁ဝ၂၃MIRT(MAPT)

Sunday, 12 Jun 2011

ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုးကျဆင်းပေမဲ့ မတ်ပဲ FOB ဈေးအနည်းငယ်ပို              ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းလာနေပေမဲ့ ယခုတစ်ပတ် ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်)မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မတ်ပဲဈေးကတော့ ယခင်တစ်ပတ်ထက် အနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ အိန္ဒိယ နိုင်ငံပိုင်အေဂျင်စီမှ မြန်မာမတ်ပဲ ဝယ်ယူဖို့ တင်ဒါခေါ်ယူထားပြီး အဝယ်သွက် လာတာကြောင့် ဈေးတက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ ပြည်ပဝယ်လက်များ ဝယ်ယူစာချုပ်ထား ရှိမှုဟာ မတ်ပဲ FAQ၊ SQ တန်ချိန် ၁၅ဝဝဝ ခန့်ရှိလို့ ယခင်သီတင်းပတ် အရောင်း အဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၂၅ဝဝဝ ထက် လျော့ကျခဲ့ပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်းမှာတော့ မတ်ပဲ SQ  တန်ချိန် ၇ဝဝဝ ခန့်၊FAQ  တန်ချိန် ၁၇ဝဝဝ ကျော်နဲ့ အခွံချွတ် မတ်ပဲတန် ၆ဝဝ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်    ဒေါ်လာ/တန်                   မတ်ပဲ(FAQ)             မတ်ပဲ(SQ) ၁ဝ-၆-၁၁         ၇၈ဝ-၈ဝဝ               ၉၃ဝ-၉၅ဝ ၃-၆-၁၁          ၇၆ဝ-၇၈ဝ               ၉၁ဝ-၉၃ဝ                                                                 MIRT(MAPT)

Sunday, 12 Jun 2011

မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ရှိဆဲ              ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု အားကောင်းလျက်ရှိရာ ယခုသီတင်းပတ် (ဇွန်လ၂ ရက်မှ ၈ရက်) အတွင်းမှာလည်း တန်ချိန် နှစ်သောင်းကျော် ရှိတာ တွေ့ရ ပါတယ်။ မေလ တစ်လလုံးမှာ မတ်ပဲတန်ချိန် ၈၅ဝဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး ၂ဝ၁ဝ မေလ သင်္ဘောတင်ပို့မှု တန်ချိန် ၃၁ဝဝဝ ကျော်နဲ့ ယှဉ်ရင် တန်ချိန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။                ယခုဘဏ္ဍာနှစ်အတွင်း ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၂၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၅ သောင်းကျော်သာရှိလို့ ယခုနှစ်မှာ ထက်ဝက်ကျော်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် များမှာလည်း မတ်ပဲတင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။                MIRT- MAPT 

Pages