Main menu

Background

Monday, 6 Jun 2011

မိုးကြိုပဲတီစိမ်းများ စစ်ကိုင်းမှာထွက်ပြီ                 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၁-၁၂ ခုနှစ် ပဲတီစိမ်း(မိုးကြို) စိုက်ပျိုးရန်လျာထားဧက ၂ သောင်း ၈ ထောင်ကျော်အနက် ဧက ၃ သောင်း ၃ ထောင်ကျော် ရာခိုင်နှုန်းအားဖြင့် ၁၁၈ ရာခိုင်နှုန်း စိုက်ပျိုးခဲ့ကြောင်း သိရှိ ရပါတယ်။ ဧပြီလမှာ စိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းများမေလနောက်ဆုံးပတ်မှာ ထွက်ပေါ်ပြီး စစ်ကိုင်းမြို့ပေါ်ရှိ ပွဲရုံ များသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ စစ်ကိုင်းမြို့ အနောက်ဘက်ရှိ စကျင်ကျေးရွာ၊ မြောက်ဘက်ရှိ ဆည်လေးတော၊ ကန်ကြီးကုန်း၊ ကျောက်ပနန်း၊ ပဒူ၊ ရေတွင်းကောင်း၊ မာလဲတောကျေးရွာ များ၊ စစ်ကိုင်းတောင်ရိုး ဧရာဝတီမြစ်ဘေးရှိ ဝါးချက်၊ မင်းကွန်း၊ ထုံးဖို ကျေးရွာများ၊ အုန်းတောနှင့်ဆားတောင် နယ်တစ်ဝိုက်မှ ပဲတီစိမ်း (မိုးကြို)များ တစ်ရက်ကိုတင်း ၅ဝ၊ ၆ဝ ကျော်ဝင် ရောက်ပါတယ်။ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများမှထွက်ရှိတဲ့ ပဲ၊ နှမ်းသီးနံှမျိုး စုံကို သယ်ယူပို့ဆောင်စရိတ် သက်သာပြီး ဈေးကွက်နီးသောမန္တလေးမြို့သို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရပါ တယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လ ၂ ရက်နေ့ ပဲတီစိမ်းကြီးတစ်တင်း ပေါက်ဈေးမှာ ၂၈ဝဝဝ ကျပ်ဈေးပေါက် ကြောင်းသိရှိရပါတယ်။ သန်းသန်းတင်

Monday, 6 Jun 2011

ရာသီအစားအစာ ပဲတီစိမ်းဝယ်လိုအား မြင့်တက်                တရုတ်နိုင်ငံမှာ ရာသီဥတုပူပြင်းတဲ့အတွက် ရာသီအစားအစာဖြစ်တဲ့ ပဲတီစိမ်းဝယ်လိုအား မြင့်တက်လျက်ရှိပါတယ်။ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၄၉၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၂၃၄ တန်ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်း ပြည်တွင်းဈေးအညံ့တစ်တန်ကို ၇ဝ၇၆၅ဝ ကျပ်မှ အကောင်းတစ်တန် ၉၅၈ဝ၅ဝ ကျပ်ရှိနေပြီး တရုတ်မှ ၇၈၈ဝ မှ ၉ဝဝဝ ယွမ်ထိ ဈေးပေး ဝယ်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်-                                           မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု             ယခင်         ပြောင်းလဲမှု        %          ယခု           ယခင်   ပြောင်းလဲမှု     %ပဲတီစိမ်း       ၁၁၂၈၄၅ဝ      ၉၅၇၅၄ဝ      ၁၇ဝ၉၁ဝ      ၁၅ .၁၅      ၁၄ဝဝ       ၁၂၁၃     ၁၈၈             ၁၃MIRT (DOBT)

Monday, 6 Jun 2011

အိန္ဒိယဈေးကွက် ပဲတီစိမ်း ဈေးတစ်တန် ကန်ဒေါ်လာ ၃ဝ လျော့ကျ          အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားနည်းခြင်းနဲ့ လှောင်လက်များ လက်ကျန်ရှင်းထုတ်နေခြင်းကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေး တစ်တန်ကို ကန်ဒေါ်လာ ၃ဝ ခန့်လျော့ကျခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့မှုကြောင့် နိုင်ငံတကာဈေး ခိုင်မာနေပေမဲ့ အိန္ဒိယပြည်တွင်းထုတ်လုပ်မှု မြင့်တက်ခြင်းက ဈေးနှုန်းတည်ငြိမ်ဖို့ ထိန်းချုပ်ထားပါတယ်။ နွေပဲတီစိမ်းများ ဝင်ရောက်နေပြီဖြစ်ပြီး နိုင်ငံအတွင်း အနောက်တောင်မိုးရွာသွန်းနေခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ဈေးပိုမိုမြင့်တက်မယ့် မျှော်လင့်ချက်တွေကြောင့် လှောင်လက်များမှာ သိုလှောင်မှု အမြောက်အမြား ထားရှိ ကြောင်း သိရပါတယ်။ ကာလတိုအတွင်း ဈေးအတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်။                                             တန်/ ဒေါ်လာဈေးကွက်                  ၂-၆-၁၁            ၁-၆-၁၁         ၃၁-၅-၁၁                 ၃ဝ-၅-၁၁မွန်ဘိုင်း (ကင်ညာ)       ၉၅၇-၉၆၈           -                    -                           ၁ဝ၉၈ဒေလီ                         ၇၃၄-၇၅၇        ၇၅၇-၈၂၄      ၇၅၅-၈၂၂                ၇၅၄-၈၂ဝအာကိုလာ                   ၈၉ဝ-၉၇၉            -                ၈၈၈-၉၇၇               ၈၈၇-၉၉၈MIRT(MAPT)

Monday, 6 Jun 2011

အရည်အသွေးကောင်းတဲ့ အညာပဲတီရွှေဝါကို ပြည်ပအဝယ်ပိုရှိ               ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အရည်အသွေးကောင်းတဲ့ အညာပဲတီရွှေဝါကို ပြည်ပ ဝယ်လက်အဝယ်ပိုရှိတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း တရုတ်နဲ့ အင်ဒိုနီးရှားဝယ်လက်အချို့ အဝယ်လိုက်လာတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်နဲ့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုအနေနဲ့ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ ပဲတီစိမ်း၊ အညာပဲတီရွှေဝါ စုစုပေါင်း တန်ချိန် ၃၃ဝဝ ခန့် စာချုပ်နိုင်ခဲ့ပြီး မေလတစ်လလုံးမှာ တန်ချိန် ၁၅ဝဝဝ ခန့် ပြည်ပအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ဈေးပြောင်းလဲခြင်းမရှိဘဲ ဇွန်လ ၃ ရက်နေ့မှာလည်း ပဲတီစိမ်း FAQ (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁၁၇ဝ-၁၁၉ဝ နဲ့ ရွှေဝါအကြီး တစ်တန်ကန်ဒေါ်လာ ၁၂၇ဝ-၁၂၉ဝ အသီးသီးရှိကြောင်း သိရပါတယ် MIRT- MAPT

Monday, 6 Jun 2011

ပဲတီစိမ်း သင်္ဘောတင်တန်ချိန် ၄ဝဝဝ ကျော်                ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုမှာ ပဲတီစိမ်း တန်ချိန် ၅၇ဝဝ ကျော်ထိရှိရာမှ ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ စင်ကာပူတို့ဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ ပြည်ပတင်ပို့မှု အနေနဲ့ ပဲတီစိမ်းတန်ချိန် ၅၁ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၄၅ဝဝဝ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း တရုတ်နဲ့ အင်ဒိုနီးရှားက အဝယ်ရှိလာလို့ လာမယ့် သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။     MIRT- MAPT

Monday, 6 Jun 2011

ရန်ကုန်ဝယ်လက်အပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲလွန်းဖြူ                    ပြည်ဈေးကွက်မှာ ပဲလွန်းဖြူ တစ်တင်းကို ၁၃ဝဝဝ ကျပ်ဈေးသာရှိပြီး အဝင်လည်းမရှိဘူးလို့ သိရပါတယ်။ နေ့စဉ်အရောင်းအဝယ်မရှိသော်လည်း ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့နေ့မှသာ လှောင်လက်များက ထုတ်ရောင်းလို့ တစ်နေ့ကို အိတ် ၁၄ဝ-၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး

Monday, 6 Jun 2011

ယခုအပတ် မူဆယ်မှ ပဲလွန်းဖြူ အပို့ရှိ                   မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၇၄ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂ဝ၃ တန် တင်ပို့မှုရှိခဲ့ပါတယ်။ မေလတစ်လ လုံး ပဲလွန်းဖြူတင်ပို့မှုမရှိဘဲ ယခုအပတ် ကျမှသာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြီး ခဲ့တဲ့ ကာလတူနှစ် မေလမှာ ပဲလွန်းဖြူ တင်ပို့မှုဟာ ၅၉၇ တန်ရှိခဲ့ပြီး ယခုနှစ်မှာ တော့ တင်ပို့မှု သိသိသာသာ ကျသွားတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ဈေးများကိုကြည့်တဲ့အခါ သိသိသာသာဈေးကျလျက်ရှိတာ တွေ့ ရပါတယ်။                                                  ဒေါ်လာ/တန်                    မိမိဘက် (ကျပ်/တန်)                         တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု               ယခင်       ပြောင်းလဲမှု   %         ယခု        ယခင်   ပြောင်းလဲမှု       %၅၄၄၅၃ဝ     ၆၁၆၅၁၂     ၇၁၉၈၂     ၁၃         ၇၁၄       ၇၉ဝ            ၇၆            ၁ဝMIRT(DOBT)

Monday, 6 Jun 2011

ပဲလွန်းဖြူ တန် ၈ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့               ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ ပုံမှန်တင်ပို့မှုရှိရာ ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာလည်း တန်ချိန် ၈ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကို ကြည့်မယ်ဆိုရင် ပဲလွန်းဖြူ တန်ချိန် ၈ဝဝဝ ခန့်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူတန်ချိန် ၆၂ဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် မှာ FOB အရောင်းအဝယ်ဖြစ်မှုမှာ တစ်ပတ်အတွင်း တန် ၅ဝသာရှိလို့ ယခု တစ်ပတ် အရောင်းအဝယ်စာချုပ် ချုပ် ဆိုမှု လျော့နည်းတာတွေ့ရပါတယ်။ မေလ တစ်လလုံးမှာ FOB  အရောင်း အဝယ်ဖြစ်မှု တန်ချိန် ၁၈ဝဝ ခန့် ရှိ တယ်လို့ သိရပါတယ်။ ရန်ကုန်  FOB ဈေးကတော့ ယခင်သီတင်းပတ်များ အတိုင်း  FAQ တစ်တန်ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT- MAPT

Monday, 6 Jun 2011

အိန္ဒိယ STC အေဂျင်စီမှ ကနေဒါ ပဲဝါလေးနဲ့ မြန်မာပဲစင်းငုံ တင်သွင်းဖို့ တင်ဒါခေါ်               အိန္ဒိယနိုင်ငံပိုင် STC  အေဂျင်စီဟာ ဇူလိုင်လအတွင်း တင်ပို့ရမယ့် ကနေဒါ ပဲဝါလေးတန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ အတွင်း တင်သွင်းရမယ့် ၂ဝ၁၁ ရာသီအတွက် မြန်မာ ပဲစင်းငုံတန်ချိန် ၂ဝဝဝ လည်း တင်သွင်းသွားမယ်လို့ သိရပါတယ်။ တင်ဒါကို ဇွန်လ ၃ ရက်နေ့မှာ ပိတ်မယ်လို့ သိရပါတယ်။ ယမင်းခင် Source: nns commodity news

Monday, 6 Jun 2011

အေးအေးနှေးနှေး အငုံဈေး                မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံကို ယခင်တစ်ပတ်က ရန်ကုန်ဝယ်လက်အချို့ဆွဲလို့ ဈေးအနည်းငယ် မာခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ ဈေးက ခပ်အေး အေး ပြန်ဖြစ်သွားပါပြီ။ ယနေ့ပေါက်ဈေးက တစ်ပိဿာ ၇ဝဝ ကျပ်ဈေးပဲရှိပါတယ်။ မြင်းခြံ၊ မိတ္ထီလာစတဲ့ မြို့ကြီးတချို့မှာ လှောင်ထားသူတွေရှိပေမဲ့ ဈေးမကောင်းလို့ စောင့်ကြည့်နေကြပါတယ်။ ပဲအဓိကစိုက်တဲ့ဒေသ တောင်သူကြီးတွေ လက်ထဲမှာလည်း လက်ကျန်ပဲတွေ ရှိနေပါသေးတယ်။ ပဲစင်းငုံဈေးကျပေမဲ့ မစိုက်ပဲပစ်ထားလို့ မဖြစ်သေးတာကြောင့် စောစောရွာတဲ့မိုးနဲ့အတူ ပဲစင်းငုံတွေစိုက်နေကြပါပြီ။ တချို့ နေရာတွေမှာ တစ်ထွာကျော်ကျော်လောက် အပင်ဖြစ်ထွန်းနေပြီကို တွေ့နေရပါပြီ။ ယခုနှစ် မိုးဦးကောင်းနေတာကြောင့် ပဲစင်းငုံစိုက်ဧက မတိုးတောင် မလျော့လောက်ဘူးလို့ ခန့်မှန်းရပါတယ်။ မန္တလေးပဲအမျိုးမျိုးရဲ့ ဈေးနှုန်းတွေမှာတော့ ပဲစင်းငုံဈေးက ပဲတီစိမ်း၊ ကုလားပဲဖြူလုံးကြီးတို့ အောက်မှာပဲရှိပါတယ်။ မျိုးသူ

Pages