Main menu

Background

Monday, 6 Jun 2011

ယခုအပတ် မူဆယ်မှ အပို့ရှိတဲ့ မတ်ပဲ                ကန်ဒေါ်လာ ၈၉ဝဝ တန်ဖိုးရှိ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် မတ်ပဲ ၁၁ တန်ကို မူဆယ် (၁ဝ၅) မိုင်ဇုန်မှ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅ တန် လျော့နည်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ မေလအတွင်းနယ်စပ်မှ မတ်ပဲ ၅၄ တန် တင်ပို့ခဲ့ပြီး ဧပြီလ တစ်လလုံး ၁၈ တန်သာ တင်ပို့မှုရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                       မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်      ပြောင်းလဲမှု    %      ယခု      ယခင်     ပြောင်းလဲမှု    %မတ်ပဲ    ၅၂၇၃၅ဝ      ၅၂၁၈၇၂      ၅၄၇၈         ၁      ၉၄၁      ၉၆၃             ၂၂         ၂MIRT (DOBT)

Monday, 6 Jun 2011

အိန္ဒိယမတ်ပဲဈေး ဆက်လက်လျော့ကျ                အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လည်း မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပြုပြင်ပြီးမတ်ပဲကို ဝယ်လိုအား အကန့်အသတ်သာရှိတဲ့အပြင် နွေမတ်ပဲများဆက်လက် ဝင်ရောက်ခြင်းက ဈေးနှုန်း လျော့ကျဖို့ ဖိအားဖြစ်စေပါတယ်။ အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မိုးရွာသွန်း နေခြင်းက မိုးမတ်ပဲစိုက်ပျိုးဖို့ အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုလအတွင်း နွေပဲဝင်ရောက်မှု တိုးတက်ဖွယ်ရှိပြီး မြန်မာနိုင်ငံက ရောင်းအား ကောင်းနေခြင်းတို့က ဈေးနှုန်းထပ်မံကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပြန်လည်ရောင်းချသူများမှ အဝယ်ပြန်တက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ကို ဖော်ပြလိုက်ပါတယ်                         ဒေါ်လာ/တန်                        ၂-၆-၁၁           ၁-၆-၁၁       ၃၁-၅-၁၁             ၃ဝ-၅-၁၁မွန်ဘိုင်း             ၈၅၇-၈၆၈     ၈၅၈-၈၆၉      ၈၅၅-၈၆၆             ၈၇၆ဒေလီ                ၈၂၃-၈၉ဝ      ၈၂၄-၈၉၁      ၈၂၂-၈၈၈          ၈၂ဝ-၈၈၇ချန်နိုင်း              ၈၈၅-၁ဝ၁၂   ၈၈၅-၁ဝ၁၄    ၈၈၈-၁ဝ၁၆        ၈၉၈-၁ဝ၂ဝMIRT(MAPT)

Monday, 6 Jun 2011

ပြည်ပဝယ်လိုအားကောင်းနေပေမဲ့ အရည်အသွေးနိမ့် မတ်ပဲ FOB ဈေးအနည်းငယ်လျော့              ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ မတ်ပဲကို ဝယ်လိုအား ဆက်လက်ကောင်းနေတယ်လို့ သိရပါတယ်။ မိုးမိပဲရောနှောပါဝင်မှုကြောင့် အရည်အသွေးနိမ့်လို့ ဈေးကျမှုရှိတဲ့အပြင် ပို့ကုန် ဝင်ငွေ တစ်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ပြည်တွင်းအရောင်းအဝယ် ဈေးကျဆင်းခဲ့သလို FOB အရောင်းအဝယ်ဈေးကလည်း အနည်းငယ်အေးခဲ့ တယ် လို့ ဆိုပါတယ်။             မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ FOB  အရောင်းအဝယ် စာချုပ်ချုပ် ဆိုမှုအနေနဲ့ မတ်ပဲ  SQ ၊ FAQ တန်ချိန်၂၂၅ဝဝ ကျော်ရှိလို့ ယခင်သီတင်းပတ်ထက် အရောင်းအဝယ်ပိုမြင့်တာတွေ့ရပါတယ်။ မေလ တစ်လလုံး ပြည်ပအရောင်းအဝယ် ဖြစ်မှုအနေနဲ့ မတ်ပဲ SQ တန်ချိန် ၃၂ဝဝဝ ကျော်၊ FAQ တန်ချိန် ၆၂၃ဝဝ ခန့်နဲ့ မတ်ပဲအခွံချွတ်တန်ချိန် ၂၄ဝဝ ခန့် စုစုပေါင်း တန်ချိန် ၉၇ဝဝဝ ခန့်အထိ စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲဖြစ်ပေါ်တဲ့ ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                 ဒေါ်လာ/တန်                       မတ်ပဲ(FAQ)      မတ်ပဲ(SQ) ၃-၆-၁၁            ၇၆ဝ-၇၈ဝ      ၉၁ဝ-၉၃ဝ ၂၇-၅-၁၁          ၇၉ဝ-၈၁ဝ      ၉၃ဝ-၉၅ဝ MIRT(MAPT)

Monday, 6 Jun 2011

မတ်ပဲသင်္ဘောတင်ပို့မှု ဆက်လက်အားကောင်းလျက်ရှိ               ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုအနက် မတ်ပဲတင်ပို့မှုကတော့ ဆက်လက် ကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၄ဝဝဝ ကျော်တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်)နေ့ အထိမှာလည်း တန်ချိန် ၂၁ဝဝဝ ခန့်အထိတင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့မှု အများ ဆုံး ကတော့ အိန္ဒိယနိုင်ငံကိုဖြစ်ပြီး ဂျပန်၊ မလေးရှား၊ ဆော်ဒီအာရေးဗီးယား၊ ထိုင်း၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုလည်း အနည်းငယ်စီ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ် ဆိုရင် မေလ ၂၇ ရက်နေ့အထိ မတ်ပဲတန်ချိန် တစ်သိန်းကျော်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ ၆၉ဝဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၃ သောင်းကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း သင်္ဘောတင်ဆက်လက်များနေဦးမယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။   MIRT- MAPT 

Tuesday, 31 May 2011

ယခုနှစ်တွင် ကင်ညာနိုင်ငံ လက်ဖက်အထွက်ကျနိုင်                   အာဖရိကရဲ့ အကြီးဆုံးလက်ဖက်ထုတ်လုပ်သူဖြစ်တဲ့ ကင်ညာနိုင်ငံက ၂ဝ၁၁ မှာ ထုတ်လုပ်မှု ၁ဝ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး လွန်ခဲ့တဲ့လေးလလောက်ကတည်းက အထွက်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုက ဇန်နဝါရီလကနေ မတ်လအထိတာရှည်ခဲ့ပြီး ဧပြီလမှာတော့ မိုးအနည်းငယ် ရွာခဲ့တာကြောင့် ၂ဝ၁၁ ပထမလေးလရဲ့ လက်ဖက်အထွက်နှုန်းက ကီလိုဂရမ် ၁၁၆ ဒသမ ၆ သန်း ထွက်ရှိပြီး ၂ဝ၁ဝ ပထမလေးလထက် ၂ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကင်ညာနိုင်ငံရဲ့ လက်ဖက်အထွက်နှုန်းကောင်းပြီး ကီလိုဂရမ် (၃၉၉) သန်းရှိကြောင်း သိရပါတယ်။ ယခုနှစ်ဧပြီလမှာတော့ ယခင်နှစ်ထက် အထွက်နှုန်း ၁၂ ရာခိုင်နှုန်း ကျခဲ့ပြီး ကီလို ၃၁ ဒသမ ၄ သန်း ထွက်ရှိကာ ၂ဝ၁ဝ အလားတူ ကာလက ကီလို ၃၅ ဒသမ ၈သန်းထွက်ရှိခဲ့ကြောင်းသိရပါတယ်။ လက်ဖက်စိုက်ပျိုးတဲ့ ဧရိယာ ဖြစ်တဲ့ အနောက်ပိုင်း Rift  တောင်ကြားဒေသရဲ့ အထွက်နှုန်းကို ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကီလို ၁၇ ဒသမ ၅ သန်းသာ ထွက်ရှိခဲ့ပါတယ်။ ဇန်နဝါရီကနေ ဧပြီလအထိ ပို့ကုန်တင်ပို့မှု ကီလို ၁၃၉ ဒသမ ၆ သန်းရှိပြီး ၂ဝ၁ဝ ပထမလေးလထက် လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ကင်ညာလက်ဖက်ကို ပါကစ္စတန်သို့ အဓိကတင်ပို့ပြီး ကီလို ၆ ဒသမ ၄ သန်းလောက်တင်ပို့မှု ရှိကာ ကင်ညာရဲ့ လက်ဖက် တင်ပို့မှု စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ အခြားအဓိက တင်ပို့တဲ့ နိုင်ငံများကတော့ အာဖကန်နီစတန်ကို ကီလို ၅ ဒသမ ၈ သန်း၊ အီဂျစ်ကိုကီလို ၅ ဒသမ ၁ သန်း၊ ဥရောပကို ကီလို ၄ ဒသမ ၅ သန်းနဲ့ UAE  ကို ကီလို ၁ ဒသမ ၈ သန်း အသီးသီးတင်ပို့တယ်လို့ သိရပါတယ်။ ဒီငါးနိုင်ငံကို တင်ပို့မှုက စုစုပေါင်း တင်ပို့မှုရဲ့ ၇၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။Source:Commodity online,KZW

Tuesday, 31 May 2011

အိန္ဒိယမြောက်ပိုင်းမှာ နနွင်းအမြောက်အမြား ထုတ်လုပ်ဖို့ ဆောင်ရွက်              အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်ကို အမြောက်အမြား စိုက်ပျိုးလျက်ရှိရာ နနွင်းစိုက်ပျိုးမှုအနေနဲ့ တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုအနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဟက်တာကို နနွင်း ၃ ဒသမ ၉ တန်နှုန်း ထွက်ရှိပေမဲ့ အဲဒီဒေသမှာတော့ ၁ ဒသမ ၅ တန်နှုန်းသာထွက်ရှိတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အရှေ့မြောက်ပိုင်း တောင်ကုန်းဒေသများအတွက် အထွက်နှုန်းကောင်းတဲ့ Lackadong နဲ့ Megha မျိုးများစိုက်ပျိုးဖို့ I C A Rသုတေသနဌာနမှ ဒါရိုက်တာ S V Ngachan  ကသတ်မှတ်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။                 လက်ရှိအချိန်ထိ နိုင်ငံတော်စိုက်ပျိုးရေးဆိုင်ရာ တီထွင်ထုတ်လုပ်မှု စီမံကိန်း (NAIP ) က အဲဒီနနွင်းမိုျးတွေကို ဟက်တာ ၃၃ဝဝဝ မှာ စိုက်ပိုျးထားတယ်လို့ ဆိုပါတယ်။ နနွင်းစိုက်ပျိုးသူတွေအတွက် အဲဒီဒေသမှာ အကြီးဆုံးစိန်ခေါ်မှုကတော့ ထုတ်လုပ်မှုထက် ပိုကြီးမြင့်တဲ့ ဈေးနှုန်းမရှိခြင်းဘဲလို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသတွင်းလယ်ယာထုတ်လုပ်မှုအားလုံးနီးပါးမှာ ကိုင်တွယ်ထိန်းသိမ်းမှု၊ ပြုပြင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနဲ့ ဈေးကွက်ရရှိမှုစတဲ့ အခြေခံအထောက် အကူမရှိတာကြောင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုမြင့်မားတယ်လို့ သိရပါတယ်။               တောင်သူတွေကို အကူအညီပေးဖို့အတွက် ယင်းဒေသခရိုင် ၇ ခုမှာ တစ်ဝက်ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံအချို့ကိုICAR နဲ့  NAIP တို့မှ ထူထောင်ထားတယ်လို့ Dr Ngachan  က ဆက်လက်ပြောကြားပါတယ်။ အစောပိုင်းက တောင်သူများဟာ ၎င်းတို့ရဲ့ ထုတ်ကုန်တွေကို ပြုပြင်ထုတ်လုပ်စက်ရုံတွေကို သယ်ယူရာမှာ သယ်ယူစရိတ် မြင့်မားတာကြောင့် ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိတောင်သူများဟာ ကွင်းထဲမှာပဲ နနွင်းအခြောက်ခံပြီး စက်ရုံတွေကို ပို့တယ်လို့ ဆိုပါတယ်။ ထုပ်ပိုးပြီးတဲ့ နောက်မှာတောင်သူများဟာ တိုက်ရိုက်သော်လည်းကောင်း ICAR တောင်သူများအသင်းမှ တစ်ဆင့် ICAR တံဆိပ်နဲ့ ဈေးကွက်တွေမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။                ကီရာလာ၊အင်ဒရာပရာဒေ့ရှ်က နနွင်းနဲ့ယှဉ်ရင် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသက နနွင်းများဟာ ကယ်လ်စီယံနဲ့ Oleoresin  ပါဝင်မှုများတယ်လို့ ဆိုပါတယ်။ ဒေသတွင်းနေရာအနံှ့အပြားမှာ ပြုပြင်ထုတ်လုပ်တဲ့ စက်များတပ်ဆင်ခြင်းဖြင့် လုပ်ငန်းရှင်များနဲ့ စက်ရုံများကို အကူအညီဖြစ်စေသလို တောင်သူများအတွက်လည်း ဈေးအမြင့်နဲ့ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ Dr Ngachan  က ဆက်လက်ပြောကြားပါတယ်။ ယမင်းခင်၊Source: hindubusinessline

Tuesday, 31 May 2011

ပင်လောင်းနနွင်းတွေများတဲ့ ရှမ်းနနွင်းဈေးကွက်                ဒီနှစ်နနွင်းဈေးကွက်မှာပင်လောင်းနနွင်းတွေများနေပါတယ်။ ဝယ်လက်ကလည်းနည်းနေတာကြောင့် ပုံနေတယ်လို့ သိရပါတယ်။ ဆင်တောင်နနွင်းကတော့ ဝယ်လက်ရှိပေမဲ့ပစ္စည်းကနည်းနေပြီလို့သိရပါတယ်။ ယခု လောလောဆယ်မှာတော့ တောင်ပိုလနယ်ကထွက်တဲ့နနွင်းကိုလည်း အကြိုက်တွေ့နေတယ်လို့ သိရပါတယ်။တောင်ပိုလတစ်ရွာတည်းကထွက်တဲ့ နနွင်းက ဆင်တောင်နနွင်းလောက်မကောင်းပေမဲ့ အတော်သန့် တာကြောင့် ဝယ်လက်တွေကြိုက်ကြပါတယ်။ ဒါပေမဲ့ အဲဒီ နနွင်းကလည်း တစ်ရွာတည်းကထွက်တာကြောင့် အထွက်နှုန်း ကလည်း မများဘူးလို့သိရပါတယ်။ အထွက်များတဲ့ ပင်လောင်း နနွင်းကတော့ အရည်အသွေးညံ့တာကြောင့် ဝယ်လက်အကြိုက်မတွေ့ပါဘူး။ နနွင်းဈေးကတော့ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ၄ဝဝဝ ကျပ်၊ တောင်ပို့လနနွင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်နှင့်ပင်လောင်းနနွင်းက တစ်ပိဿာ ၇ဝဝ ကျပ်၊ ၁၂ဝဝ ကျပ် ဈေးရှိတယ်လို့နနွင်းပွဲရုံကသိရှိရပါတယ်။    ဧဧခိုင်

Tuesday, 31 May 2011

ယခုအပတ် မူဆယ်မှ နနွင်းတက် တင်ပို့မှု ပိုမိုလာ               မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၁ သန်း တန်ဖိုးရှိ နနွင်းတက် ၅၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၆ တန် သာ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၄ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ မေလ ၂၄ ရက်ထိ ကာလအတွင်း နယ်စပ်မှ နနွင်းတက် တင်ပို့နိုင်မှုမှာ တန် ၁ဝ၅၆ တန်ကျော်ရှိပြီဖြစ်ပါတယ်။                   MIRT (DOBT)

Tuesday, 31 May 2011

မလေးရှားကို နနွင်း ၁၂ တန်ပို့              မေ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း နနွင်း ၁၂ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၇၄ တန်ကျော်တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ်စင်ကာပူကို အဓိကတင်ပို့ခဲ့တဲ့နနွင်းက ဒီတစ်ပတ်မှာ မလေးရှားဘက်ကို ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းသုံးထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Tuesday, 31 May 2011

ပင်ယံဖျားက ရွှေမန်ကျည်း              ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်းကလွဲလို့ အခြားပဲတွေ ဈေးကျဈေးအေးနေချိန်မှာ ပဲ ပင်ယံဖျားမှာ သီးမှည့်တဲ့ မန်ကျည်းက ခေါင်ကိုမော့ ရင်ကိုကော့နေတာတွေ့ရပါတယ်။ ယခင်နှစ်ကာလတူတွေကို ပြန်ကြည့်ရင် ၂ဝဝ၈ မေလ ယခုလိုရက်မျိုးမှာ မန်ကျည်းတစ်ပိဿာ ၁၅ဝ ကျပ်-၁၆၅ ကျပ်၊ ၂ဝဝ၉ မေလမှာ ၁၈ဝ ကျပ်-၂ဝဝ ကျပ်၊ ၂ဝ၁ဝ မေလမှာ ၆ဝဝ ကျပ်-၆၅ဝ ကျပ်ရှိပြီး ယခုနှစ်မှာတော့ ၁၃ဝဝ ကျပ်-၁၃၃ဝ ကျပ်ထိ ၂ဝဝ၈ ဈေးရဲ့ ၁ဝ ဆနီးပါးဖြစ်ခဲ့ပါတယ်။ ယခုကာလမှာတော့ ပခုက္ကူကို မြိုင်နယ်ဘက်က မန်ကျည်းအဝင်နည်းသွားပြီး ပေါက်နယ်နဲ့ ဂန့်ဂေါနယ် ကပဲ အဝင်ရှိပါတော့တယ်။                                              မောင်မောင်အေး

Pages