Background
ရော်ဘာဈေးကျပေမယ့် အိန္ဒိယတာယာ ဈေးမကျ မကြာသေးမီ ကာလကတည်းက ရော်ဘာဈေးနှုန်းများ ကျဆင်းနေပေမဲ့ အိန္ဒိယတာယာ ဈေးနှုန်းတွေက တော့မြင့် တက်ဆဲဖြစ်ကြောင်းသိရပါတယ်။ ဒီလိုဖြစ်ရတာက သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဖြစ်တယ်လို့သိရပါတယ်။ ဈေးကွက်ထဲမှာ ရော်ဘာဈေးနှုန်းတွေ တဖြည်းဖြည်း ကျဆင်းနေပေမဲ့ လေးလအတွင်း တာယာဈေးနှုန်းသုံးကြိမ်တက်ခဲ့ကြောင်း တမီနာဒူးရှိ ပို့ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဆူနာမီကြောင့် ဂျပန်ကို တင်ပို့တဲ့ ပို့ကုန်တွေရပ်ဆိုင်းပြီး ကုန်ကြမ်းတွေ ဈေးတွေကျဆင်းခဲ့တာကြောင့် အဝေးပြေးလမ်းတိုးဂိတ်ကြေးတွေ လျှော့ချသင့်ကြောင်း ၎င်းဥက္ကဌက ပြောကြားခဲ့ပါတယ်။ ထရပ်ကား တာယာ ဈေးနှုန်းတွေက ဇန်နဝါရီလမှာ ရူပီး ၁၆ဝဝဝ ရှိပြီးယခုအချိန်မှာ ရူပီး ၂ဝဝဝဝ အထိ ခုန်တက်နေတာကြောင့် ထရပ်ကားလုပ်ငန်းရှင်တွေ အကြပ်ရိုက်နေကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက အိန္ဒိယ တာယာဈေးတွေက ရူပီး ၈ဝဝဝ လောက်ပဲရှိကြောင်းသိရပါတယ်။ အခွန်နှုန်းထားမြင့်မားမှုကြောင့် အိန္ဒိယ တာယာ ထုတ်လုပ်ရေးတွေက ပြည်တွင်းထုတ်လုပ်မှုကို လျှော့ချလိုက်တာကြောင့် အဆင့်မြင့် ထိန်းသိမ်းရေး ကော်မတီများက အစိုးရကို တာယာဈေးနှုန်း ပြန်လည်စစ်ဆေး ကြပ်မတ်ဖို့ တင်ပြခဲ့ပေမယ့်လည်း ထိရောက်မှုမရှိခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယမှာ အသုံးပြုနေတဲ့ တာယာ ၆ဝ ရာခိုင်နှုန်းက တရုတ်မှတင်သွင်းတာ ဖြစ်ပြီးဈေးနှုန်း ရူပီး ၉ဝဝဝ ခန့်သာရှိပြီး အိန္ဒိယနိုင်ငံလုပ် တာယာတွေကဈေးမြင့်ကြောင်းသိရပါတယ်။ ရော်ဘာဈေးနှုန်း ရုတ်တရက်ကျဆင်းပေမယ့်လဲ တာယာဈေးနှုန်း မကျတာ ကတော့ ဂျပန်ရဲ့ ဝယ်လိုအား ရပ်ဆိုင်းတာက ယာယီသာဖြစ်ပြီး တရုတ်ရဲ့ ဝယ်လိုအားက မြင့်တက်နေတာကြောင့်ဖြစ်ကြောင်း သုတေသီများကပြောပါတယ်။ Source:finance puzz.com ,KZW
ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့ မေလ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၇၈၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၄၅၈ တန်ကိုမူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ပေါက် ၃ ခုကတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် တန်ချိန် ၆၇၅ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်ပေါက်ကို ရော်ဘာကား အဝင်နည်းတယ်လို့သိရပါတယ်။ စခန်းအလိုက်ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်MSR (20)၁၃၇ တန်ကျော်၊MSR (50)တန် ၄၄၊ RSS-3 ၂၃၇ တန်ကျော်နဲ့RSS-5 ၃၃ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS-1 တန် ၃ဝ နဲ့ RSS-3 တန် ၃ဝဝ ကျော် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်တို့မှာ တင်ပို့မှုလျော့တဲ့အပြင် မြိတ်နယ်စပ်မှာလည်း တင်ပို့မှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ရော်ဘာ ပေါက်ဈေးများကိုနှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၄၁၃၅၄၂ဝ ၄၁၃၅၄၂ဝ - ၅ဝ၈၂ ၅ဝ၇၈ ၄ ဝ .ဝ၈RSS-5 ၄၁ဝဝ၂၁ဝ ၄၁ဝဝ၂၁ဝ - ၅ဝဝ၅ ၅ဝဝ၁ ၄ ဝ .ဝ၈MIRT (DOBT)
ပင်လယ်ရေကြောင်းမှ ရော်ဘာ တင်ပို့မှု လျော့ကျ မေလ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂ဝ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းဖိုးကို စင်္ကာပူကိုသာတင်ပို့မှုရှိတာ တွေ့ရပါတယ်။ ကမ္ဘာ့ရေနံဈေး ကျဆင်းခြင်း၊ ဂျပန်နိုင်ငံရဲ့ ဆူနာမီ ဂယက်က မပြီးပြတ်သေးပဲ ကားထုတ်လုပ်ရေးများ ရပ်နားထားခြင်းနဲ့ တရုတ်နိုင်ငံမှာ အလုပ်သမားပြဿနာကြောင့် ထုတ်လုပ်မှုတွေ လျှော့ချရခြင်းတို့ကြောင့် ရော်ဘာ ဝယ်လိုအားတွေ ကျဆင်းပြီး ကမ္ဘာ့ဈေးနှုန်းပါ ကျဆင်းနေကြောင်းသိရပါတယ်။ ဝယ်လိုအားမရှိတဲ့အတွက် မြန်မာပို့ကုန်တင်ပို့သူတွေလက်ထဲမှာ ပစ္စည်းတော်တော်များများကျန်ရှိနေကြောင်းသိရပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးနှုန်းကတော့RSS-3 ၁ တန်ကို ၄၆ဝဝ ဒေါ်လာ၊RSS-5 ၁ တန်ကို ၄၅ဝဝ ဒေါ်လာ၊MSR-20 ၁ တန်ကို ၄၆ဝဝ ဒေါ်လာရှိကြောင်းသိရပါတယ်။ KZW
ပြည်ဘိုကိတ်ပဲ ဈေးငြိမ်နေ ပြည်ဘိုကိတ်ပဲမှာ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ယခင်နှစ် ယခုလိုအချိန် တွင် ဘိုကိတ်တစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေးရှိပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဝယ်လက်များ အဝယ်အေးကာ တိုင်းအတွင်းရှိ လက်လီဝယ်ယူသူများဖြင့် အနည်းသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဈေးငြိမ်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ပဲပုပ် ပြည်ဈေးကွက်တွင် ပဲပုပ်တစ်ပိဿာ ၂ဝ တစ်တင်း ကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေသလို အရောင်းအဝယ် လည်း ငြိမ်နေပါတယ်။ ယခင်နှစ်မတ်လက တစ်တင်းကို ၁၈၅ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ ယခင် နှစ်ဈေးထက် လျော့နည်းနေတာကြောင့် အရောင်းအဝယ် အေးနေကြောင်း သိရပါတယ်။ အခြားတိုင်းမှ အဝယ်မရှိဘဲ ဒေသတွင်း လက်လီသမားများသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
အဝယ်များပေမဲ့ ဈေးလျော့နေတဲ့ ပြည်မတ်ပဲ ပြည် ပဲဈေးကွက်မှာ ယခင်တစ်ပတ် မေလ ပထမပတ်က ပဲတစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေး ယခုတစ်ပတ် မှာတော့ ၁၉၅ဝဝ ကျပ်ဈေးသာရှိပြီး ဈေးဆက်အေးနေတယ်လို့ သိရပါတယ်။ ပြည်အနီးအနားရွာမှာ တစ်နေ့ကို အိတ် ၆ဝဝ-၇ဝဝ ခန့်သာ အဝင်ရှိပြီး အဝင်နည်းလာတယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့မှ အိတ် ၄ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်ထက် ရန်ကုန်ဝယ်လက်များ အဝယ်ရှိပြီး တစ်နေ့ကိုအိတ် ၅ဝဝ-၆ဝဝ ခန့်အဝယ်ရှိသော်လည်း ဈေးလျော့အဝယ်ရှိတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးမှ ရန်ကုန်ဘုရင့်နောင်သို့ ပဲစီးဆင်းမှုက တော့ တစ်နေ့ကို အိတ် ၁၁၆၈၈ ခန့်တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
ပြည်ပဲနီပြားဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက် ပဲနီပြားမှာ ဧပြီလအတွင်း၌ တစ်ရက်ကို အိတ် ၁၅ဝ-၂ဝဝ အထိအဝင်ရှိခဲ့ပြီး ယခုမေလမှစ၍ အဝင်ပါး လာခဲ့ပါတယ်။ တစ်ရက်ကိုအိတ် ၆ဝ အထိအဝင်ရှိခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်တင်း ၁၆ဝဝဝ ကျပ်ဖြင့် မေလဆန်းမှစ၍ ဈေးငြိမ်နေတာကိုတွေ့ရပါတယ်။ ဒေသတွင်းလက်လီသမားများအပြင် နယ်မြို့နယ်များဖြစ်သည့် ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်များမှလည်း အဝယ်ရှိတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည် ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းနေ ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ ဧပြီလအတွင်း ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂ဝ၅ဝဝ ကျပ်၊ ပဲကြီးကမ်းနားတစ်တင်း ၁၈၅ဝဝ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မေလ ပထမ ပတ်တွင် ပဲကြီးရွှေကျွန်းတစ်တင်း ၁၈ဝဝဝ ကျပ်၊ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၆၅ဝဝ ကျပ်၊ မေလဒုတိယပတ်တွင် ပဲကြီး ရွှေကျွန်းမှာ တစ်တင်း ၁၅၅ဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၄၅ဝဝ ကျပ်ဖြင့် တစ်တင်း ၂ဝဝဝ ကျပ်ခန့် ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဝက်ထီးကန်၊ ပန်းတောင်းဖက်မှလည်း တစ်ရက်ကို အိတ် ၃ဝဝ ကျော် အထိ အဝင်ရှိခဲ့ပြီး ပဲကြော်ဖိုသမားများသာအဝယ်ရှိတဲ့ အတွက် အိတ် ၁၅ဝ ခန့် နေ့စဉ်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဝယ်လက်များ အဝယ်ရှိလာတဲ့ ပြည်ပဲစင်းငုံ ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ဆက်တိုက်ကျဆင်းနေတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်များ အဝယ်ရှိနေတာကြောင့် အိတ် ၁၆ဝဝ နီးပါး အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ တိုင်းအတွင်းတွင် ပဲလက်ကျန်နည်းနေတဲ့အပြင် အခြားတိုင်းမှလည်း အဝင်မရှိတာကြောင့် ဈေးကွက် တွင်း အရောင်းအဝယ်အေးပြီး လှောင်လက်များ တချို့ကလည်း ဈေးကောင်းမယ့် အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ဒေသတွင်းအဝယ်အရောင်းနဲ့ ဈေးပြောင်းလဲနေတဲ့ မုံရွာငုံနီ မေလ ဒုတိယပတ်မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်ကတော့ ဧပြီလကုန်ပတ် အနိမ့်ဆုံးဈေး တစ်တင်း ၁၆၅ဝဝ ကျပ်နဲ့ မေလအနိမ့်ဆုံးတစ်တင်း ၁၄၈ဝဝ ကျပ်ကြားမှာ ဈေးပြောင်းလဲကာ ဒေသတွင်း ကုန်သည်တွေ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ယနေ့ပဲစင်းငုံနီဈေးကွက်အနေနဲ့ တောင်သူ အရောင်း မရှိတော့ဘဲ ရန်ကုန်အိတ်စပို့ ဝယ်လက်ဈေးအတက်ကို မျှော်မှန်းပြီး ကုန်သည်အချို့ ပစ္စည်းဝယ်ယူထားရှိမှုသာရှိခဲ့လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင်