Background
ယခုနှစ် မတ်လ တင်ပို့မှုကျ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ချင်း ၈ တန်ကို စင်ကာပူနိုင်ငံကိုတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၆၂ဝ ခန့်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၂၉၆ဝ ရရှိခဲ့ပါတယ်။ မတ်လမှာ ချင်း စုစုပေါင်း ၇၁ ဒသမ ၉၉၄ တန်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ ၆ဝ ဒသမ ၄ တန်သာတင်ပို့နိုင်ခဲ့တာကြောင့်မတ်လမှာ ၁၁ ဒသမ ၅၉၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ် ၂ဝ၁ဝ မတ်လမှာ ချင်း စုစုပေါင်း ၂ဝ၈၈ ဒသမ ၂၁၈ တန်တင်ပို့နိုင်ခဲ့တာကြောင့် ယခုနှစ်မတ်လမှာ ချင်းတင်ပို့မှုအား တော်တော်လေးလျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
မြောင်းမြမှာ သီဟိုဠ် လှိုင်လှိုင်ပေါ် မြောင်းမြမြို့နယ်တွင် သီဟိုဠ်စိုက်ပျိုးဧက ၇၈၈၄ ဧကရှိတဲ့အနက် ၄၇၃၄ ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကကို ၁ဝ၂ ပိဿာနှုန်းဖြင့် ၈၆၁၅၈၈ ပိဿာထွက်ရှိကြောင်းသိရပါတယ်။ ယခုအချိန်တွင် သီဟိုဠ်လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ အဝယ်ဒိုင် များမှာ လာရောက်ရောင်းချကြောင်းတွေ့ရပါတယ်။ အဝယ်ဒိုင်ပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခင်က သီဟိုဠ်အဖွင့်ဈေးဟာ ၁၄၅ဝ ရှိပြီး၊ ယခုနှစ်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ်ထိရှိလာပြီး အရောင်းအဝယ်သွက်ကြောင်းနဲ့ ရရှိသော သီဟိုဠ်များကို ရန်ကုန်-ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ကြောင်းပြောပါတယ်။ ဆက်လက် ၍ ခြံပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခုနှစ်သီဟိုဠ်ပွင့်ချိန်တွင် အချိန်အခါ မဟုတ် မိုးရွာသောကြောင့် အပွင့်ေြွက၍ အသီးအထွက်ဆုတ်ကြောင်းပြောပါတယ်။ သီဟိုဠ်အဆံမှာ သိပ်ပြီးထူးကဲသောအရသာရှိသဖြင့် တန်ဖိုးကြီးသော သရေစာ များ၊ အစားအသောက်များမှာ ထည့်သွင်းအသုံးပြုသဖြင့် ဈေးကောင်းပြီး၊ ပြည်ပ သို့တင်ပို့ရောင်းချနိုင်သော သီးနံှဖြစ်ပါတယ်။ ကျော်လင်း
ထုတ်လုပ်မှုကျဆင်း၍ အာဖရိကပြောင်းဈေးနှုန်းတက် မိုးခေါင်မှုကြောင့်ပြောင်းအထွက်နှုန်းထိခိုက်စေပြီး အာဖရိကနိုင်ငံတွေမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနိုင်ငံတွေ ကတော့ ကင်ညာ၊ ဆိုမားလီယား၊ ယူဂန်ဒါ၊ ကွန်ဂိုသမ္မတနိုင်ငံ(DRC) နဲ့ဘီနင်တို့ ဖြစ်ကြောင်းသိရပါတယ်။ ဆိုမားလီယားမှာ ၂ဝ၁၁ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကြားမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်ဈေးတက်လာကာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၃၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါတယ်။ ဈေးနှုန်း တက်တာရဲ့အကျိုးဆက်က ကင်ညာရဲ့ငွေကြေးဖေါင်းပွမှုကို ပိုမိုဆိုးရွားစေပြီး ဇွန်လ မတိုင်ခင် ၂ ဆ ပိုမိုဆိုးရွားမယ်လို့ခန့်မှန်းကြပါတယ်။ ကင်ညာရဲ့အမျိုးသား စာရင်း ဗျူရိုရဲ့ကိန်းကဏန်းများအရ ကုန်ဈေးနှုန်းတက်မှုကမတ်လမှာ ၉ ဒဿမ ၁၉ ရာခိုင်နှုန်းရှိပြီး ဖေဖော်ဝါရီမှာ ၆ ဒဿမ ၆၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။ ကင်ညာရဲ့မျိုးစေ့ ကုမ္ပဏီကတော့ ရေသွင်းစိုက်ပျိုးနည်းကိုသုံးပြီး လာမယ့်ကာလမှာ ပြောင်းမျိုးစေ့ထုတ်လုပ်ဖို့အတွက် တွန်းအား ပေးနေကြောင်းသိရပါတယ်။ မိုးခေါင်မှုကြောင့်ပြည်တွင်းရောင်းလိုအားရဲ့ ၈ဝ ရာခိုင်နှုန်းထုတ်လုပ်ပေးတဲ့ ၎င်းကုမ္ပဏီက ၂ဝဝ၉ မှာ ပြောင်းဖူးမျိုးစေ့ ကီလို ၂၅ သန်းထုတ်လုပ်ရာကနေ ကီလို ၁၈ သန်း အထိ ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: commodity online,KZW
ပြောင်းဖူးစေ့ တင်ပို့မှု လျော့ကျ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒဿမ ၃၂၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလမတ်လ ၆ ရက်မှ ၁၉ ရက်နေ့အထိ ကာလအတွင်းမှာတော့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ပြောင်းဖူးစေ့ ၈၃ဝ၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒဿမ ၁၅ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တရုတ်ဈေးကွက်မှာ ဈေးကောင်းရရှိရေး ဈေးကွက်အခြေအနေစောင့် ကြည့်နေတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နံှစားပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို ယှဉ်ကြည့်ရင် မသိမသာလေးသာကွာဟမှုရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၃ဝ၉ဝ ၂၅၃ဝ၉၃ ၃ ဝ .ဝ၁ ၂၈၂ ၂၈ဝ ၂ ဝ .၇MIRT (DOBT)
ပင်လယ်ရေကြောင်းက တန် ၅ဝဝဝ ကျော် တင်ပို့နိုင် ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၅၇၈၉ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၅၂၃ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာ တန်ချိန် ၃၆၄၅ သာတင်ပို့ခဲ့တာကြောင့် တင်ပို့မှုတန် ၁ဝဝဝ ကျော်ပိုမိုမြင့်တက်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယကို ၁၅၁၅ တန်၊ အင်ဒိုနီးရှားကို ၁၉၁၉ တန်၊ ဖိလစ်ပိုင်ကိုတန် ၃၆ဝ၊ စင်္ကာပူကို ၁၂၄၂ တန်နဲ့ ဗီယက်နမ်ကို ၇၅၃ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ၤFOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ၂၇ဝ နဲ့ ၂၉ဝ ကြား ဈေးရနေ ကြောင်း သတင်းရရှိပါတယ်။ KZW
မလေးရှားရော်ဘာထုတ်လုပ်မှု ဖေဖော်ဝါရီမှာကျဆင်း မလေးရှားနိုင်ငံရဲ့ရော်ဘာထုတ်လုပ်မှုက ၁၅ ဒဿမ ၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၉၁၄၄၉ တန်ကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီမှာတော့ ၁ဝ၈၆၂၅ တန်ထွက်ရှိပြီး စံချိန်တင်ခဲ့ပါတယ်။ နှစ်စဉ်တိုးတက်မှု ၁၂ ဒဿမ ၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလကုန် သိုလှောင်မှုက ဇန်နဝါရီထက် ၇ ဒဿမ ၂ ရာခိုင်နှုန်းပိုမိုပြီး ၁၉၁၅၃၈ တန်ကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီမှာလုပ်ငန်းငယ်တွေရဲ့ထုတ်လုပ်မှုက ၉၄ ဒဿမ ၂ ရာခိုင်နှုန်းရှိပြီး ကျန်တာကတော့ ခြံကြီးများရဲ့ ထုတ်လုပ်မှုဖြစ်တယ်လို့ သိရပါတယ်။ ပို့ကုန်တင်ပို့မှုကတော့ ဇန်နဝါရီမှာ ၇ဝ၅၅၁ တန်ရှိရာကနေ ဖေဖော်ဝါရီမှာ ၆၉၆၃၈ တန်ကိုကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီမှာ မလေးရှားရော်ဘာအသင်းကနေ စိုက်ပိုျးရေး မြှင့်တင်မှုများစတင်ဆောင်ရွက်အကောင် အထည်ဖော်နေကြောင်းသိရပါတယ်။ မလေးရှားရော်ဘာအသင်း MRBC နဲ့ မလေး ရှား ရော်ဘာပျိုးပင်ဗဟိုဌာနMRBC တို့က ဒီလုပ်ငန်းကိုဦးဆောင်ပါတယ်။ ရော်ဘာအသင်းက မျိုးသစ်စိုက်ပိုျးရေး နည်း ပညာပြောင်းလဲမှုနဲ့စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ လေ့ကျင့်ပညာပေးရေးများဆောင်ရွက်ပြီး MRBC ကတော့ တစ်နှစ်ကို ရော်ဘာ ပျိုးပင်ပေါက် ၃ ဒဿမ ၂၄ သန်း ထုတ်လုပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ရော်ဘာအသင်းအနေနဲ့ ဟက်တာ ၁၁၈ဝ မှာ ဆောင်ရွက်မှာဖြစ်ပြီး MRBC က ဆာဘေ့နဲ့ ဆာရာဝပ်ပြည်နယ်တို့မှာရှိတဲ့ ရော်ဘာစိုက်ပျိုးရေးတွေကို မြှင့်တင်ဖို့ ပျိုးပင် ၄၅ ဟက်တာထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ မလေးရှားအစိုးရက ၂ဝ၂ဝ မှာ ၎င်းပြည်နယ်များမှာ ရော်ဘာ ဟက်တာ ၃ သိန်းနဲ့ ၅ သိန်း စိုက်ပျိုး ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ Source: commodity online,KZW
ရာသီဥတုအခြေအနေပေါ်တွင်မူတည်၍ အင်ဒိုနီးရှား၏ ရော်ဘာထုတ်လုပ်မှုမြင့်တက်နိုင် အဓိကရော်ဘာထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ရောင်းလိုအားနဲ့ ဈေးနှုန်း မြင့်တင်မှုတို့ ရောထွေးလျက် ရှိနေပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်းကလဲမြင့်တက်မြဲမြင့်တက်လျက်ရှိနေပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး အင်ဒိုနီးရှားနိုင်ငံက ရော်ဘာကုန်သွယ်ရေးကို ဦးဆောင်နေပြီး ယခုနှစ်မှာ ရာသီဥတုအခြေအနေကောင်းခဲ့ရင် ထုတ်လုပ်မှု ၄ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိကြောင်း အင်ဒိုနီးရှား ရော်ဘာအသင်းကပြောကြားခဲ့ပါတယ်။ ရာသီဥတုအပြောင်းအလဲတွေက ထုတ်လုပ်မှုကို ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ထိခိုက်စေနိုင်ကြောင်း အင်ဒိုနီးရှားရော်ဘာအသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ထုတ်လုပ်မှုက ၂ဝ၁၁ မှာ တန်ချိန် ၂ ဒဿမ ၉၇ သန်းရှိတယ်လို့ခန့်မှန်းထားပြီး ၂ဝ၁ဝ မှာ တန်ချိန် ၂ ဒဿမ ၈ သန်းထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားရဲ့ရော်ဘာထုတ်လုပ်မှုက တစ်နှစ်မှာ တစ်ဟက်တာကို ၈၈ဝ ကီလိုဂရမ်ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထက်လျော့နည်းကာ အိန္ဒိယကတော့ တစ်ဟက်တာကို ၁၅ဝဝ ကီလိုဂရမ်နဲ့ အမြင့်ဆုံး ထုတ်လုပ်သူဖြစ်ကြောင်းသိရပါတယ်။ လာနီညာရာသီဥတု ဖြစ်စဉ်က ယခုနှစ်မှာခြောက်သွေ့ တဲ့ရာသီမှာ တောင်ပုံမှန်မဟုတ်တဲ့ မိုးကြီးမှုကိုဖြစ်စေပြီးကုန်ပစ္စည်း တော်တော်များများရဲ့အထွက်နှုန်းကို ထိခိုက်စေခဲ့ပါတယ်။ ၂ဝ၁၅ မှာ ထုတ်လုပ်မှု ၂ဝ ရာခိုင်နှုန်းကျော် တိုးတက်နိုင်ပြီး တန်ချိန် ၃ ဒဿမ ၆ သန်းထုတ်လုပ်ကာ ပြည်တွင်းနဲ့တရုတ်နိုင်ငံရဲ့ ဝယ်လိုအားတွေမြင့် တက်လာဖွယ်ရှိကြောင်း အင်ဒိုနီးရှားရော်ဘာအသင်း ွGapkindo က ပြောကြားခဲ့ပါတယ်။ ဒေသတွင်း ဈေးကွက်တွေဖြစ်တဲ့ တိုကျိုကုန်စည်ဒိုင်နဲ့ စင်ကာပူကုန်စည်ဒိုင်တို့ရဲ့ဈေးကွက်အခြေအနေပေါ်မှာမူတည်ပြီး ရော်ဘာဈေးနှုန်း အပြောင်းအလဲရှိ နိုင် ကြောင်း သုတေသီများက ခန့်မှန်းထားတယ်လို့သိရပါတယ်။ Source: commodity online,KZW
အိန္ဒိယရော်ဘာအထွက် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက် အိန္ဒိယနိုင်ငံရဲ့ ရော်ဘာထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၈၆၁၉၅ဝ ကို ရောက်ရှိခဲ့တယ်လို့ ရော်ဘာအသင်းကပြောကြားခဲ့ပါတယ်။ (၁၆၅) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးမှာ ရော်ဘာအသင်းဥက္ကဌက ယခုလက်ရှိပြည်တွင်းထုတ်လုပ်မှုက ၈၃၁၄ဝဝ တန်ရှိနေပြီး လျာထားချက်က ၉ဝ၂ဝဝဝ တန်ရှိကာ သုံးစွဲမှုလျာထားချက် ၉၇၇ဝဝဝ တန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းသုံးစွဲမှုက ၂ဝ၁ဝ-၂ဝ၁၁ မှာ ၂ ရာခိုင်နှုန်းတိုးပြီး မော်တော်ယာဉ်ကဏ္ဍမှာ တာယာထုတ်လုပ်ရေးတွေရဲ့တိုးတက်မှုက ၂၃ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ တာယာတင်ပို့မှုက ၂ဝ ရာခိုင်နှုန်းတိုးခဲ့ပေမယ့် ထရပ်ကားနဲ့ဘက်စ်ကားတာယာတင်ပို့မှုက ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁ဝ-` ၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ရော်ဘာတင်ပို့မှုတန်ချိန် ၂၈၄၂၄ ရှိပြီး ယခင်နှစ်ကတန်ချိန် ၂၅ဝ၉ဝ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ သွင်းကုန်တင်သွင်းမှုက ၁၇၇၄၈၂ တန်ရှိပြီး ၇၃ ရာခိုင်နှုန်းက အခွန်လွတ်စနစ်နဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၁- ၂ဝ၁၂ မှာ သိုလှောင်မှု ၂၇၇ဝ၉၅ တန်နဲ့ စာရင်းဖွင့်ခဲ့တာကြောင့် ရော်ဘာအသင်းအနေနဲ့ ကုန်ပစ္စည်းပြတ်လပ်မှာကို စိုးရိမ်စရာမလိုကြောင်း သိရပါတယ်။ တာယာထုတ်လုပ်သူတွေ့ရဲ ကုန်ကြမ်းလိုအပ်ချက်အတွက် ရော်ဘာတွေတင်သွင်းမှုကို နှောင့်နှေး စေတဲ့စစ်ဆေးရေးအဆင့်တွေကို လျှော့ချပေးဖို့ ရော်ဘာအသင်းကိုမော်တော်ကားတာယာ ထုတ်လုပ် သူများအသင်း ATMA က တိုက်တွန်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ရော်ဘာရဲ့ အရည်အသွေးကတာယာ ထုတ်လုပ်သူများနဲ့သာသက်ဆိုင်ပြီး အစိုးရနဲ့သက်ဆိုင်မှုမရှိကြောင်း ATMA က ပြောကြားခဲ့ပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလအတွက် စာခုျပ်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို (၄၁၅ ယန်း) (၅ ဒေါ်လာ) ရှိပြီး ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ တစ်တန်ကို ၃၄၉၆ဝ ယွမ် (၅၃၅၁ ဒေါ်လာ) ရှိကာ အိန္ဒိယကုန်စည်ဒိုင်ရဲ့ မေလအတွက် ရော်ဘာအလားအလာက တစ်တန်ကို ၂၃၈ဝဝဝ ရူပီး (၅၃၃၇ ဒေါ်လာ) ရှိကြောင်း သတင်းရရှိပါတယ်။ ှSource: commodity online ,KZW
မူဆယ်နဲ့ ချင်းရွှေဟော်က ပုံမှန်ပို့ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်တို့မှ ရော်ဘာ အဆင့်စုံ ၈၄၁ ဒဿမ ၂၇၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒဿမ ၉၆၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူးကာလ ဧပြီလ ၆ ရက်မှ ၁၉ ရက်နေ့အထိမှာတော့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၇ ဒဿမ ၂၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၇၇ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-1 ၂၅ တန်၊ RSS-3 ၅၂၅ တန်၊ RSS-5 တန် ၆ဝ၊ MSR (20) ၁၅၉ တန်နဲ့ MSR (50) ၁၆၈ တန် အသီးသီးဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS-3 တန် ၂၉ဝ နဲ့RSS-5 တန် ၅ဝ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၄၁ဝ၂၆၈ဝ ၄ဝ၉၄၆၂၅ ၈ဝ၅၅ ဝ .၁ ၄၅၉၃ ၄၅၇၅ ၁၉ ဝ .၄RSS - 5 ၃၉၆၄၈၅ဝ ၃၉၅၈၅၈၅ ၆၂၆၅ ဝ .၁ ၄၄၄ဝ ၄၄၂၃ ၁၇ ဝ .၃MIRT (DOBT)
ပင်လယ်ရေကြောင်း မှန်မှန်တင်ပို့နေ ဧပြီလ ၁ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၁၆ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မတ်လကုန်ရက်သတ္တပတ်မှာလည်း တန်ချိန် ၄၂ဝ တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကိုRSS -3 ၇၅ တန်၊RSS -5 တန် ၁၄ဝ နဲ့ စင်္ကာပူကို MSR -20 ၂ဝ၁ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့ RSS -3 တစ်တန်ကို ၅၁ဝဝ ဒေါ်လာ၊ RSS -5 တစ်တန်ကို ၅ဝဝဝ ဒေါ်လာနဲ့MSR -20 တစ်တန်ကို ၅၁ဝဝ ဒေါ်လာအသီးသီးတင်ပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။ KZW