Background
သြင်္ကန်အခါ မတိုင်မီ အရောင်းအဝယ်ဖြစ်နေတဲ့ စစ်ကိုင်း ကုလားပဲဖြူလုံးကြီး V2 ၂ဝ၁၁ ခုနှစ် ဧပြီလ ပထမပတ်အတွင်း ကုလားပဲဖြူလုံးကြီး V2တစ်ပိဿာ အနိမ့်၊ အမြင့်ပေါက်ဈေးမှာ ၉၁၁ ကျပ်-၉၅၈ ကျပ်ဈေးအတွင်းရောင်းဝယ် ခဲ့ကြပါတယ်။ ကုလားပဲဖြူလုံးကြီး တစ်ရက်နဲ့ တစ်ရက်ဈေးမှာ တစ်တင်းဈေးအပေါ် ၂ဝဝ ကျပ်၊ ၃ဝဝ ကျပ်၊ ၅ဝဝ ကျပ် တက်လိုက်၊ ကျလိုက် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဈေးအနည်းငယ်လှုပ်ခြင်းမှာ တိုင်းပြင်ပဝယ်လက်အဆွဲနည်းပြီး တိုင်းအတွင်း လှောင်လက်သမားများသာ ဝယ်လက်ရှိနေလို့ ဖြစ်ကြောင်း ကုန်သည် တစ်ဦးမှ ပြောပြပါတယ်။ ဧပြီလပထမပတ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးသို့ ကုလားပဲဖြူလုံးကြီး V2 တင်း ၃၆ဝဝ ကျော်စီးထွက်ခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာတော့ နေ့စဉ်ပျမ်းမျှတင်း ၈ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
အိန္ဒိယကုလားပဲသစ်ဝင်ရောက်မှုတိုးလို့ ဈေးကျဆင်း အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ကုလားပဲအသစ်ဝင်ရောက်မှု ဆက်လက်တိုးတက်နေတာကြောင့် ဧပြီလ ၁၉ -၂ဝ ရက်တွေမှာ ကုလားပဲဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ယခုရာသီ မုတ်သုန်မိုးပုံမှန်မယ့် ခန့်မှန်းမှုက မိုးပဲမျိုးစုံ အတွက် အခြေအနေကောင်းနေပါတယ်။ အိန္ဒိယနိုင်ငံမှာ မဒ္ဒရာပရာဒေ့ရှ်ပြီးရင် ကုလားပဲ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းခူးဆွတ်မှု အများဆုံးကာလဖြစ်နေပါတယ်။ ယခုနှစ် ကုလားပဲထုတ်လုပ်မှုမှာ တန်ချိန် ၇ ဒသမ ၃၈ သန်းကျော်နဲ့ စုစုပေါင်း ပဲမျိုးစုံ တန်ချိန် ၁၇ ဒသမ ၂၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စီမံကိန်းကော်မရှင်ရဲ့ ခန့်မှန်းချက်အရ နိုင်ငံရဲ့ ပဲမျိုးစုံဝယ်လိုအားဟာ ၂ဝ၁၁- ၂ဝ၁၂ အတွင်း တန်ချိန် ၁၉ ဒသမ ၁၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရာဂျက်စသန်က ပဲဝင်ရောက်မှုဟာ ယခင်သီတင်းပတ်က အိတ် ၄ဝဝဝဝ ရှိခဲ့ရာမှ အိတ် ၈ဝဝဝဝ ကို တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်းမှာလည်း ပဲအသစ်ဝင်ရောက်နေဦးမှာဖြစ်လို့ ဈေးကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ Source: commodityonline
နွေပဲတီ . . . နှစ်ဆန်းမှာပေါ်ပြီ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်အနေနဲ့ ဧပြီ လဆန်းပိုင်အတွင်း နယ်ပစ္စည်းအဝင်မရှိခဲ့လို့ အရောင်း အဝယ် တန့်နေရာက သြင်္ကန်ပြီး ယခုတစ်ပတ်မှာ ရေသွင်း ပဲတီစိမ်းကြီးအချို့ ဈေးကွက်ထဲစတင် ဝင်ရောက်လာပြီလို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာနယ်မှာရှိတဲ့ ပဲတီ တောင်သူအများစုက အထွက်နှုန်းကောင်း၊ သက်တမ်းလဲ နုတဲ့ ရေဆင်း (၁၁) (၁၂) မျိုးတွေ အများဆုံးစိုက်ပျိုးခဲ့ကြပြီး၊ ယခု ပဲသစ်ပေါ်ချိန်မှာ တစ်တင်း ၂၅ဝဝဝ ကျပ်ရလို့ အကျိုး အမြတ်ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဧပြီလကုန်ပိတ်ကနေ မေလအတွင်း ဈေးကွက်ထဲ ပဲတီစိမ်းတွေ လှိုင်လှိုင် ဝင်လာ နိုင်ပြီး၊ တရုတ်ဈေးကွက်အတွက် ကုန်သည်တွေအဝယ်သွက်နိုင်လို့ ဈေးမြောက်နိုင်ကြောင်း ကုန်စည်ဒိုင် ရပ်ကွက်က ကြား သိရပါတယ်။ ထွန်းလှိုင်
ပဲခူးရွှေဝါဈေးကွက်ဆက်ငြိမ်ဆဲ ပဲခူးဈေးကွက်မှာ သြင်္ကန်မတိုင်မီထိ အရောင်းအဝယ်ငြိမ်၊ ဈေးငြိမ်ရာမှ သြင်္ကန်ကာလအလွန်မှာ အရောင်းအဝယ် များပြန်လည်လှုပ်ရှားလာပါတယ်။ ငွေလိုတဲ့လှောင်လက်တွေနဲ့ ကုန်သည်အချို့ ထုတ်ရောင်းကြတာကြောင့် သက်ဝင် လှုပ်ရှားလာတယ်လို့ ကုန်သည်အသိုင်းအဝိုင်းကဆိုပါတယ်။ ဧပြီလပထမပတ်မှာ ပဲတီစိမ်းတစ်တင်းကို ၃၁ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ ဧပြီလဒုတိယပတ်နဲ့ တတိယပတ်တွေမှာ တစ်တင်းကို ၃၁ဝဝဝ ကျပ်နဲ့ ပဲဈေးငြိမ်နေခဲ့ပါတယ်။ ပဲ အဝင်အနေနဲ့ တစ်နေ့ကို အိတ် ၅ဝဝ မှ ၇ဝဝ ထိဘဲရှိတော့တယ်လို့ ပွဲရုံအသိုင်းအဝိုင်းက ဆိုပါတယ်။ ပဲခူးဈေးကွက်မှ မန်းဈေးကွက်သို့ ယခုတစ်ပတ်အထိ အိတ် ၁၅ဝဝ ဝန်းကျင် တင်ပို့ခဲ့တယ်လို့သိရပါတယ်။ အေးဝင်း
ဈေးအေးသွားတဲ့ ဟင်္သာတပဲတီစိမ်းဈေးကွက် ဟင်္သာတကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ ၂ဝ၁၁ ခုနှစ် ဧပြီလ တတိယပတ်အတွင်း ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၂ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခင်အပတ်ထက် တစ်တင်း ၁ဝဝဝ ကျပ်လျော့ နည်းလာတာတွေ့ရပါတယ်။ သြင်္ကန်နောက်ပိုင်း ဈေးအေးလာသော်လည်း အရောင်းအဝယ်က ဖြည်းဖြည်းမှန်မှန် ရှိနေကြောင်း သိရပါတယ်။ ဟင်္သာတမှ ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း တစ်တင်းခွဲဝင်အိတ် ၂ဝဝဝ ခန့် တင်ပို့ နေတယ်လို့သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယဈေးကွက် တစ်လအတွင်း တင်သွင်းပဲတီစိမ်းဈေးငြိမ် အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်လအတွင်း တင်သွင်းပဲတီစိမ်းဈေးလျော့ကျခဲ့ပြီး ပြည်တွင်းဒေစီ ပဲတီစိမ်းဈေးကတော့ အနည်းငယ်ပိုလာပါတယ်။ ဈေးကွက်အတွင်းလက်ကျန် အကန့်အသတ်သာရှိပေမဲ့ တောင်သူများ နွေပဲတီစိမ်းကို ပိုစိုက်လာကြခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဧပြီလအတွင်း ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ကန်ဒေါ်လာ မွန်ဘိုင်း(တန်ဇန်းနီးယား) ဒေလီ (ဒေစီ)၂၁-၄-၁၁ ၉၃၁ ၈၃၅-၈၇၅၂ဝ-၄-၁၁ ၉၂၁-၉၃၂ ၇၇၇-၉၁ဝMIRT (MAPT)
ပဲတီစိမ်း တင်ပို့မှု တဖြည်းဖြည်းမြင့်တက် မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒဿမ ၉၉၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၉၁၃ တန်တင်ပို့ခဲ့ပါတယ်။ နှစ်သစ်ကူးကာလ ဧပြီ ၆ ရက်မှ ၁၉ ရက်အထိကာလ အတွင်းမှာလည်း မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒဿမ ၃၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၂၃၅ တန် တင်ပို့ခဲ့ပါတယ်။ သယ်ယူစရိတ်များ အထိုက်အလျောက်သက်သာမှုရှိပြီး တစ်ဖက်နိုင်ငံဝယ်လိုအား ရှိတဲ့အတွက် တင်ပို့မှုပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံဈေးတက်နေပေမဲ့ မိမိဘက်ဈေးကျလျက်ရှိတာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၉၈၉ဝဝဝ ၁ဝ၁၈၉၃ဝ ၂၉၉၃ဝ ၃ ၁၂၅၂ ၁၂၄၈ ၄ ဝ .၃MIRT (DOBT)
ပင်လယ်ရေကြောင်း အပို့ တန်ချိန် တစ်သောင်းနားကပ်လာ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၆ဝဝဝ ကျော်လောက်အထိ တင်ပို့မှုရှိခဲ့ရာမှ သြင်္ကန်မတိုင်မီ ဧပြီလ ၅ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်တင်ပို့လာခဲ့ပါတယ်။ တရုတ် ဝယ်လက်ပုံမှန်အဆွဲရှိတာကြောင့်လို့ သိရပါတယ်။ မတ်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၃ဝဝဝဝ ခန့်ရှိပြိး ဖေဖော်ဝါရီလမှာ တန်ချိန် ၂၇ဝဝဝ ကျော်ရှိတာတွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လမှာတော့ တန်ချိန် ၅၃ဝဝဝ ကျော်အထိ တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မတ်လမှာ တင်ပို့မှုအားကောင်းပေမဲ့ မနှစ်က ကာလတူထက် တန်ချိန် ၂ သောင်းကျော်လျော့ကျ နေသေးတာတွေ့ရပါတယ်။ ဈေးကွက်အခြေအနေကတော့ လက်ရှိဈေးဝန်းကျင်နဲ့ အိန္ဒိယဝယ်လက်တွေ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်ကလည်း အဝယ်စိပ်နေဆဲမို့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ပြောင်းလဲမှုမရှိဘဲ FAQ (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၁၁၅ဝ-၁၁၇ဝ ၊ FAQ (ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ရွှေဝါသေးတစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၄၇ဝ နဲ့ ရွှေဝါအကြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅၆ဝ- ၁၅၈ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
အိန္ဒိယ MMTC အေဂျင်စီမှ ပဲမျိုးစုံ တန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် MMTC အေဂျင်စီဟာ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပြီး အဲဒီတင်ဒါကို ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၈ ရက်မှာ ပိတ်မယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများက တော့ မြန်မာနိုင်ငံက မတ်ပဲ SQ ၊ FAQ နဲ့ ပဲစင်းငုံ တန်ချိန် ၃ဝဝဝ စီ၊ သြစတြေးလျက ဒေစီကုလားပဲ တန် ၃ဝဝဝ နဲ့ ကနေဒါက ပဲဝါလေးတန် ချိန် ၂၅ဝဝဝ တို့ဖြစ်တယ်လို့ သိရပါ တယ်။ အဲဒီပဲတွေကို ၂ဝ၁၁ ခုနှစ် မေလ အတွင်း ချန်နိုင်း၊ မွန်ဘိုင်းနဲ့ ကိုလ် ကတ္တားဆိပ်ကမ်းတွေကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင် Source:nns;commodityonline
ဈေးဆက်အေးနေတဲ့ ပြည်ပဲလွန်း ပြည်ရဲ့ ပဲလွန်းဈေးကွက်မှာ ပဲတစ်တင်းကို ၁၈ဝဝဝ ကျပ်ဈေးရှိပြီး၊ သြင်္ကန်မတိုင်မီကထက် ဈေးလျှော့ခဲ့ တယ်လို့သိရပါတယ်။ ယခုရက်ပိုင်းတွင် ပဲဝင်ရောက်မှုမရှိဘဲ ယခင်ရက်များက ဝင်ထားတဲ့ ပဲများဖြင့်သာ အရောင်း အဝယ်ဖြစ်နေပြီး၊ တစ်နေ့ကို ၁ဝ အိတ် ခန့်သာ အရောင်းအဝယ်ရှိ ကြောင်း သိရပါတယ်။ ယခုရက်ပိုင်းများမှာ ရန်ကုန် ဝယ်လက်များ အဝယ်နည်းနေကြောင်းလည်း သိရပါတယ်။ မိမိအေး
