Main menu

Background

Sunday, 3 Apr 2011

တစ်လအတွင်း အိန္ဒိယမွန်ဘိုင်း မတ်ပဲဈေး ကန်ဒေါ်လာ ၆ဝ ကျော်မြင့်လာ                အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေးက မတ်လ တစ်လအတွင်း ကန်ဒေါ်လာ ၆ဝ ကျော်မြင့် တက်ကွာခြားခဲ့ပါတယ်။ မတ်လအစပိုင်းမှာ မတ်ပဲ ဈေးအေးပေမဲ့ လကုန်ပိုင်းမှာ ဈေးကွက်အတွင်း ရောင်းချမှု အကန့်အသတ်သာရှိပြီး အဝယ်ပြန်တက်လာတဲ့အတွက် ဈေးပြန်မာလာတာဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ စိုက်ရာ ဥတ္တရာပရာဒေ့ရ်နဲ့ အင်ဒရာပရာဒေ့ရှ်ဒေသတွေမှာ မြေဆီလွှာအစိုဓါတ် ကောင်းမွန်တဲ့အတွက် ပဲအထွက်ပိုမယ်လို့ ခန့်မှန်းကြပါတယ်။ မတ်လဆန်းနဲ့ လကုန် ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်          ဒေါ်လာ/တန်                        မွန်ဘိုင်း                ဒေလီ ၃၁-၃-၁၁          ၉၄၆                   ၈၉၆-၉၆၃ ၁-၃-၁၁            ၈၈၁                       ၈၈၇ MIRT(MAPT)

Sunday, 3 Apr 2011

ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှ မတ်ပဲတန် ၈၆၆ဝ တင်ပို့နိုင်ခဲ့               မတ်လပထမပတ်မှာသာ မတ်ပဲ ၃၈ တန်တင်ပို့မှုရှိခဲ့ပြီး၊ ယခုအပတ် အတွင်း မတ်ပဲတင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာတော့ မတ်ပဲ ၈၆၆ဝ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မူဆယ်နဲ့တစ်ဘက်နိုင်ငံရွှေလီမြေပြင်ပေါက်ဈေးများကို ကြည့်တဲ့ အခါ မိမိဘက်မြေပြင် ပေါက်ဈေး ၁ဝ၂ ကျပ်မြင့်တက်သော်လည်း တစ်ဖက်နိုင်ငံ ဈေးပြောင်းလဲမှုမရှိပါဘူး ၊ ဈေးများနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                        မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု              ယခင်      ပြောင်းလဲမှု   %         ယခု            ယခင်    ပြောင်းလဲမှု      %မတ်ပဲ     ၈၉၃၉၈ဝ      ၈၈၃၇၇၈     ၁ဝ၂ဝ၂        ၁        ၁ဝ၅ဝ         ၁ဝ၅ဝ           -                -MIRT (DOBT)

Sunday, 3 Apr 2011

မှန်မှန်သာ တင်ပို့မှုရှိတဲ့ မတ်ပဲ                ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၅၅ဝဝ တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာလည်း တန် ၅၆ဝဝ ခန့်နဲ့ မှန်မှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ပြည်ပဝယ်လက်ပုံမှန်ရှိနေတဲ့အတွက် အရောင်းအဝယ် ပုံမှန်ဖြစ်နေ သလိုတင်ပို့မှုလည်း မှန်မှန်ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ ယခင် သီတင်းပတ်များက မိုးရွာသွန်းခဲ့လို့ အရောင်းအဝယ်နှေးခဲ့ရာမှ ရာသီဥတု ပြန်ကောင်းလာချိန် တောင်သူများ အရောင်းထွက်လာတာကြောင့် ရောင်းအားများ နေတယ်လို သိရပါတယ်။ အဝယ်ပုံမှန်သာရှိပြိး ဈေးကွက်အသီးသီးက ရောင်းအားများ စုံတာကြောင့် ဒီတစ်ပတ် ပြည်တွင်းမတ်ပဲဈေးလျော့ကျလာခဲ့ပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း ဧပြီ ၁ ရက်မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ-၁ဝ၆ဝ အသီးသီးရှိကြောင်း သိရပါတယ်                                                    MIRT - MAPT  

Wednesday, 30 Mar 2011

ဂျပန်နိုင်ငံနျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ပြည်သူများ ဗီယက်နမ်ဆားကို ဝယ်ယူလာ                 တရုတ်ပြည်သူများဟာ ဂျပန်နိုင်ငံမှ ရေဒီယိုသတ္တိြွကပြန့်နံှ့မှုကို ဆားလုပ်ငန်းများမှာ ကာကွယ်မယ့်သတင်းများကြောင့် နယ်စပ်မှ ဖြတ်ကျော်ပြီး ဗီယက်နမ်အိုင်အိုဒင်းဆားများ ဝယ်ယူစုဆောင်းလာကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိြွကများ ပင်လယ်ထဲသို့ စီးဝင်ပြီး ပင်လယ်ရေမှာ ပါဝင်နိုင်တာကို စိုးရိမ်ပြီးHe Kou  ရှိ တရုတ်ပြည်သူများဟာ ဗီယက်နမ်နိုင်ငံက ဆားကို အပြေးအလွှား ဝယ်ယူလာတဲ့အတွက် ဆားဈေးများ ထောင်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံLao Cai  ပြည်နယ် Coc Leu  ရှိ ဆားဆိုင်ပိုင်ရှင်များ ပြောကြားချက်အရ ဆားဈေးကွက်ဟာ ပုံမှန်ထက် ပိုရောင်းနေရတယ်လို့ သိရပါတယ်။ ဆားဈေးများလည်း ၃၅-၅ဝ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သလို ဆားလက်ကျန်များ ဟာလည်း ၂ ရက်အတွင်း ရောင်းကုန်သွားတယ်လို့ ဆိုပါတယ်။ လက်လီအရောင်းဆိုင်များကလည်း ၎င်းတို့အနေနဲ့ တိုးတက်နေတဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်ဖို့ အမြင့်ဈေးနဲ့ ဆားတွေဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား အလွန်အမင်းမြင့်မားနေခြင်းက ဆားဈေးရုတ်တရက် မြင့်တက်စေခဲ့တယ် ဆိုပါတယ်။ ပုံမှန်အနေနဲ့ အိုင်အိုဒင်းဆား ၅ဝ ကီလိုတစ်အိတ်ကို ဒေါင် ၁ဝ၅ဝဝဝ (ကန်ဒေါ်လာ၅ ဒသမ ဝ၄)ရှိရာမှ ဒီရက်ပိုင်းအတွင်း ဒေါင် ၁၆ဝဝဝဝ - ၂ဝဝဝဝဝ (ကန်ဒေါ်လာ ၇ ဒသမ ၇၆-၉ ဒသမ ၅၉) အထိမြင့်တက် လာခဲ့တယ်လို့ ဆိုပါတယ်။                      He Kou ရှိတရုတ်ဈေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း တရုတ်လူမျိုးများ ဆားကို အပြေးအလွှား ဝယ်ယူလာ ကြလို့ ဈေးနှုန်း မြင့်တက်နေတယ်လို့ အတည်ပြုပြောကြားပါတယ်။ ၂ ကီလို တစ်အိတ်ကို ၅ ယွမ် (ကန်ဒေါ်လာ ဝ ဒသမ ၇၆) နဲ့ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ံHe Kou  ရှိ ဈေးဆိုင်အားလုံးမှာ ဆားပြတ်လပ်သွားလို့ ဗီယက်နမ်Lao Cai   ပြည်နယ်က ဆားတွေစုဆောင်းဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Lao Cai  ပြည်နယ်မှာ ဆားဈေး ထောင်တက်နေတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်နေ့ တစ်ရက်ထဲမှာပင် တရုတ်လူမျိုးများကို ဆား တန် ၃ဝ-၄ဝ ခန့်ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။                  Lao Cai  နယ်စပ်ဂိတ် အကောက်ခွန် ဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ Phan Thi Ha  ပြောကြားချက်အရ တရုတ်He Kou  မှာ ဆားဈေးက ဆက်တိုက်မြင့်တက်ခဲ့လို့ တရုတ်ပြည်သူများက ဗီယက်နမ်ဆားကို ချက်ချင်းတင်သွင်း နေကြတယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက ဆားဈေးကွက်တည်ငြိမ်စေဖို့ ကြိုးပမ်းနေပြီး တရုတ်ကျန်းမာရေး စောင့်ရှောက်မှုကျွမ်းကျင်ရှင်များက အိုင်အိုဒင်းဆားများက ရေဒီယိုသတ္တိြွကပြဿနာကို ကာကွယ်နိုင်ခြင်းမရှိကြောင်း ရှင်းပြဖို့ ကြိုးပမ်းနေသလို တရုတ်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးတဲ့အတွက် ရေဒီယို သတ္တိြွကကြောင့် ထိခိုက်မှုမရှိနိုင်ဘူးလို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။                                တရုတ်အာဏာပိုင်များက Lao Cai ပြည်နယ်က ဆားတင်သွင်းမှုကို တင်းကြပ်ထားကြောင်းနဲ့ နယ်စပ်ဒေသခံ များအနေနဲ့ နယ်စပ်ဖြတ်ကျော်ချိန်မှာ လူတစ်ဦး ဆား ၅ အိတ်-၁ဝ အိတ်သာသယ်ယူနိုင်တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: Vietnam.Net

Wednesday, 30 Mar 2011

နနွင်းဝင်ရောက်မှုလျော့ကျလို့ အိန္ဒိယနနွင်းကြိုပွိုင့်ဈေး မြင့်တက်လာ                    အိန္ဒိယနနွင်းဈေးကွက်မှာ လက်ကျန်နည်းခြင်းနဲ့ နနွင်းစိုက်ပျိုးရာဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းလို့ နနွင်း ဝင်ရောက်မှု လျော့ကျခဲ့တဲ့ သတင်းများအရ မတ်လ ၂၂ ရက်နေ့မှာ နနွင်းကြိုပွိုင့်ဈေး ၁ ဒသမ ၂၅ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်ကွေ့နိုင်ငံများက အဝယ်တက်လာတာကြောင့် လည်း ဈေးမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။                      ဒါပေမဲ့ လာမယ့်သီတင်းပတ်များမှာတော့ နနွင်းအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်လို့ ဈေးကွက်ဈေးနှုန်းကို ဖိအား သက်ရောက်နိုင်တယ်လို့ဆိုပါတယ်။ နနွင်းဈေး ပိုမိုမြင့်တက်လာတာကြောင့် တောင်သူများ စိုက်ဧရိယာခဲျ့ထွင် လာကြတဲ့ အတွက် လက်ငင်းဈေးကွက်မှာ နနွင်းသစ်ရောင်းချမှု အဆက်မပြတ်တိုးတက်နေတယ်လို့သိရပါတယ်။ အတ္တရာပရာဒေ့ရှ်မှာရှိတဲ့ အဓိကလက်ငင်းဈေးကွက်ကြီးဖြစ်တဲ့ နီဇမ်မာဘတ်မှာ ရူပီး ၄၄၁၉ ဒသမ ၅ (ကန်ဒေါ်လာ ၉၉ ဒသမ ၃၇) ကျဆင်းပြီး၊ ရူပီး ၁ဝ၆၇၆၂ (ကန်ဒေါ်လာ ၂၄ဝဝ ) နဲ့ ဈေးပိတ်ခဲ့တယ်လို့သိရပါတယ်။ နနွင်းဝင်ရောက်မှုအနေနဲ့ မတ်လ ၂၂ ရက်နေ့က နီဇမ်မာဘတ်ကို အိတ် ၁၆ဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ ကာလတိုအတွင်း နနွင်းဝင်ရောက်မှုတိုးတက် လာမှာဖြစ်လို့ ဈေးနှုန်းအကျဘက်ဆင်းနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: Angel Commodities

Wednesday, 30 Mar 2011

မူဆယ်နယ်စပ်မှ နနွင်းတက်တင်ပို့မှု ပိုမို                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နနွင်းတက် (ရှမ်း) ၂၄၁ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၄၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ စစ်တွေ နယ်စပ်မှ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ မတ်လ တစ်လထဲမှာ နနွင်းတက် တန် ၄ဝဝ ကျော်၊ ဧပြီလမှ ဖေဖော်ဝါရီ လကုန်ထိမှာတော့ နနွင်းတက် တန် ၁ဝဝဝ ကျော် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တင်တင်ထွန်း MIRT

Wednesday, 30 Mar 2011

မလေးရှားကို အများဆုံးတင်ပို့ခဲ့               ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၁၃၆ တန် ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွက်ဘက်နိုင်ငံတွေက ဂျပန်နိုင်ငံကို ၁၈ တန်၊မလေးရှားနိုင်ငံကို ၉၀တန်နဲ့ စင်ကာပူနိုင်ငံကို ၂၈ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ မတ်လမှာ နှစ်ပတ်ဆက်တိုက် အပို့ပျောက်နေတဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည် တင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော် ဝါရီလအတွင်း ၆၈ တန်သာတင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်ပို့တဲ့ နနွင်းတန်ချိန်က ပိုသာ ခဲ့တယ်လို့ ဆိုရပါမယ်။ ပျမ်းမျှတစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၅၉၅၄ဝ ရရှိခဲ့ပါတယ်။

Wednesday, 30 Mar 2011

အိန္ဒိယနိုင်ငံ Kerala ၏ တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်သည့်ဟင်းခတ်အမွှေးအကြိုင်များအား ဂျပန်နိုင်ငံသို့ တင်ပို့မှုလျော့နည်းနိုင်                ဂျပန်နိုင်ငံတွင် ဘေးအန္တရာယ်ကျရောက်ပြီးနောက်ပိုင်း သဘာဝအဆီ တွေနဲ့ ဟင်းခတ်အမွှေးအကြိုင် အဆီတွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဂျပန် နိုင်ငံကို တင်ပို့လျက်ရှိတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဟင်းခတ်အမွှေးအကြိုင်များ ထွက်ရှိရာ ဒေသဖြစ်တဲ့ Kerala  က တင်ပို့မှုလျော့နည်းမှာကို စိုးရိမ်လျက် ရှိပါတယ်။                   ဖာလာစေ့မှာ ဂျပန်နိုင်ငံကိုအဓိကတင်ပို့နေတဲ့ ပို့ကုန်အမယ်မဟုတ်သော် လည်း ဂျပန်နိုင်ငံကို ငရုတ် ကောင်းနဲ့ ဖာလာစေ့တင်ပို့မှုမှာ လျော့နည်းနိုင်ဖွယ်ရှိပါတယ်။ ဒါ့ပြင် ုKerala က သီဟိုဠ်စေ့တွေကို ဂျပန်နိုင်ငံကို တန်ချိန် ၅၆ဝဝ တင်ပို့နိုင်ခဲ့သော်လည်း ယခုအခါ ဂျပန်နိုင်ငံတွင် ဘေးဒုက္ခဖြစ်ပေါ်ပြီးတဲ့ နောက် သီဟိုဠ်စေ့တင်ပို့မှုမှာလည်း လျော့နည်းသွားနိုင်ပါတယ်။ အလားတူ ပုစွန်ဆိတ်အဓိကတင်ပို့လျက်ရှိတဲ့ ဂျပန်နိုင်ငံကို ပင်လယ်စာ တင်ပို့မှုနဲ့ ၂ဝ၁ဝ ပြည့်နှစ်က ဖွံ့ဖြိုးမှု ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအကြား ဖြစ်ထွန်းခဲ့တဲ့ အုန်းဆံမျှင် တင်ပို့မှုမှာလည်း လျော့နည်းသွားနိုင်ပါတယ်။                                                     ကြည်မာလာ၊Source:commodityonline.com

Wednesday, 30 Mar 2011

ယခင်သီတင်းပတ်ထက် အပို့လျော့ခဲ့                 ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံကို ၂၄၁ တန်၊ စင်ကာပူနိုင်ငံကို ၉၈ တန်နဲ့ ထိုင်းနိုင်ငံကို ၇၅ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာ့သုံးဆယ်ကျော်လောက် လျော့နည်းပြီး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန် ဒေါ်လာ ၃၆ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၅၁၆၆၅ ဒေါ်လာရရှိခဲ့ပါတယ်။MIRT(DOT)

Wednesday, 30 Mar 2011

ချင်းတက်ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ အောင်ပန်းချင်း                 ဒီတစ်ပတ်မှာတော့ ဈေးကွက်သို့ နမ့်စမ်ချင်းများ အနည်းငယ်ဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ-၆ဝဝဝ လောက် ဝင်တယ်လို့သိရပါတယ်။ ဈေးကတော့ တစ်ပိဿာကို ၅၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းကတော့ ခြံထွက် အလယ် အလတ်တန်းစားတွေလို့ သိရပါတယ်။ ဟိုပုံးချင်းကတော့ ချင်းစိုတစ်ပိဿာကို အတက်ပေါ် မူတည်ပြီး (၅ဝဝ ကျပ်မှ ၆ဝဝ ကျပ်)၊ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ပြန်ရောင်းမယ့် ဈေးပတ်သမားတွေသာ အဝယ်ရှိလို့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။                  အောင်ပန်းဈေးကွက်မှာလည်း အတက်ပေါ်မူတည်ပြီးရောင်းဝယ်ကြလို့ ချင်းမြေနီ တက်ကြီးတစ်ပိဿာ ၈ဝဝ ကျပ်၊ မြေဝါတက်ကြီးတစ်ပိဿာ ၇ဝဝ ကျပ်၊ မြေဖြူတက်ကြီးတစ်ပိဿာ ၆ဝဝ ကျပ်၊ ဒါးလှီးချင်းအသေး ၅ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ မျိုးပယ်ချင်းအညံ့ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက် တစ်ပိဿာကို ၂ဝဝဝ ကျပ်၊ ၂၁ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကတော့ ပြည်တွင်းသုံးပဲ ရှိပြီး၊ ချင်းခြောက်ကတော့ နထစသမအ ရှိလို့ အနည်းငယ်အရောင်းသွက်လာတယ်လို့ လည်း သိရပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ တစ်ပိဿာကို ၂ဝဝဝ ကျပ်ဈေး ရှိကြောင်း တောင်ကြီးကုန်စည်ဒိုင်မှသိရှိရပါတယ်။ S.Y.H

Pages