Background
ဒီသီတင်းပတ် မြေထောက်ပဲ အတင်မရှိ မြေထောက်ပဲကို လွယ်ဂျယ်နယ်စပ်မှ တစ်ဖက်တရုတ်နိုင်ငံကို လိုင်းရင်းမှတစ်ဆင့် တင်ပို့နေတာ ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာတော့ လွယ်ဂျယ်မှ မြေထောက်ပဲ တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။ မတ်လ လဝက်ကာလမှာ တန် ၁၂ဝ ကျော်တင်ပို့ထားပြီး ၂ဝ၁ဝ ဧပြီလမှ ဖေဖော် ဝါရီလကုန်ထိ နယ်စပ်မှ မြေထောက် ပဲ တင်ပို့နိုင်မှုမှာ ဧပြီ၊ မေနဲ့ ဇွန်လများမှာသာ တန် ၃၄ဝ ကျော် တင်ပို့ထားခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)
ဒီတစ်ပတ်မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှု ကျဆင်း ယခုသီတင်းပတ် ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲ နှစ်မျိုးလုံး တင်ပို့မှု လျော့ကျခဲ့ပါတယ်။ ယခုသီတင်းပတ် မတ်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း မြေထောက်ပဲ တန် ၁၅ဝ နဲ့ ထောပတ်ပဲ ၂၅ တန်ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲလှိုင်လှိုင်ဝင်လာနေပြီဖြစ်ပေမဲ့ ဂျပန်နိုင်ငံ ဆူနာမီ ဂယက် ကြောင့် ဂျပန်အဝယ်လိုက်တဲ့ ထောပတ်ပဲတင်ပို့မှု လျော့ကျလာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ မတ်လ ၂၅ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ထောပတ်ပဲ FAQ ၉၁ဝ-၉၃ဝ နဲ့ ယခင်သီတင်းပတ်ဈေးများ အတိုင်း ငြိမ်နေပါတယ်။MIRT - MAPT
အဝင်များသော်လည်း ကုလားပဲဈေးငြိမ်လျက်ရှိ ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါတယ်။ ပန်းတောင်းနဲ့ ကံမမြို့နယ်များမှ ကုလားပဲသစ်များ အဝင်များပြီး တစ်နေ့လျှင် အိတ် ၅ဝဝ မှ ၆ဝဝ အထိ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာသော်လည်း ပဲခွဲစက်သမားများသာ ပုံမှန် အဝယ်ရှိတဲ့အတွက် တစ်ရက်လျှင် အိတ် ၂၅ဝ မှ ၃ဝဝ အထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ လှောင်လက်သမားများ အဝယ်ရှိတဲ့ရက်များမှာ အိတ် ၁ဝဝဝ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ဈေးအေးပေမဲ့အရောင်းအဝယ်ဖြစ်နေတဲ့ စစ်ကိုင်းက ကုလားပဲဖြူလုံးကြီး V 2 မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မတ်လ တတိယပတ်အတွင်း ကုလားပဲဖြူ လုံးကြီး V 2 တစ်ပိဿာ ၉၅၈ ကျပ်မှ ၉၃၇ ကျပ်သို့ ဈေးအေးသွားသော်လည်း အရောင်းအဝယ်ဖြစ်မှုအရေအတွက်ကို မထိခိုက်ကြောင်း ကုန်သည်တစ်ဦးမှ ပြောပြပါတယ်။ မန္တလေးနဲ့ ရန်ကုန်ဝယ်လက်ဆွဲလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ကုလားပဲဖြူလုံးကြီးတင်း ၁၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်မြဲလို့ သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်မှ ကုလားပဲဖြူလုံးကြီးနဲ့ တရုတ်(တိုင်ပေ) ကုလားပဲများ အဝင်လှိုင်နေဆဲဖြစ်ပြီး ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးမြို့သို့ ကုလားပဲဖြူလုံးကြီး တင်း ၁၄ဝဝဝ ကျော်၊ ရန်ကုန်မြို့သို့ တင်း ၁ဝဝဝ ခန့်စီး ထွက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ သန်းးသန်းးတင်
ပေါ်စဈေးပြန်ရောက်နေတဲ့ ကုလားပဲ ပခုက္ကူခရိုင်ထဲက ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ ကုလားပဲစုစုပေါင်း ဧက ငါးသောင်းခန့် စိုက်ပျိုးပြီး၊ နှစ်စဉ် တန် နှစ်သောင်းခွဲကျော် ထွက်ပါတယ်။ စိုက်သမျှရဲ့ ၇ဝ ရာခိုင်နှုန်းက ကုလားပဲဖြူလုံးကြီး ဖြစ်ပြီး၊ ၃ဝ ရာခိုင်နှုန်းကတော့ ကုလားပဲဝါတွေဖြစ်ကြပါတယ်။ ခရိုင်ထဲမှာ ကုလားပဲစိုက်ဧကရဲ့ ၅ဝ ရာခိုင်နှုန်းကို ရေစကြိုမှာစိုက်ကြပါတယ်။ အခုရက်ပိုင်းများမှာ ရေစကြိုနယ်ဘက် က ထွက်တဲ့ ကုလားပဲဖြူလုံးကြီးတွေဟာ ပခုက္ကူ ဈေးကွက်ပွဲရုံတွေကို နေ့စဉ်အိတ် ၁၅ဝဝ-၂ဝဝဝ ခန့် ဝင်ရောက်နေပါတယ်။ ကုလားပဲဖြူလုံးကြီး ပေါက်ဈေးက မတ်လဆန်းမှာ တစ်တင်းကို ၁၇၄ဝဝ ကျပ်ရှိရာမှ လဆန်း ၁ဝ ရက်ပတ်မှာ ၁၉၁ဝဝ ကျပ်ထိတက်ခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၇၆ဝဝ ကျပ်ဈေးပဲရှိပါတယ်။ ကုလားပဲဝါကြီးကလည်း မတ်လဆန်း မှာ ၁၆၅ဝဝ ကျပ်မှ ၁ဝ ရက်ကျော်မှာ ၁၇ဝဝဝ ကျပ်ရှိခဲ့ပြီး၊ ယခု ရက် ၂ဝ ကျော်မှာတော့ ၁၆၅ဝဝ ကျပ်ပဲရှိပါတယ်။ လက်ရှိတော့ လှောင်လက်အဝယ်များနဲ့ ပြည်တွင်းလုပ်ငန်းရှင်များပဲ အဝယ်ရှိကြောင်းပါ။ မောင်မောင်အေး
အိန္ဒိယဈေးကွက်တွေကို ကုလားပဲအဝင်တိုးလာလို့ ဈေးလျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များကို ကုလားပဲအသစ်ဝင်ရောက်မှု တိုးတက် လာပေမဲ့ အဝယ်ထိုင်းတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေးများ ၂ ဒသမ ဝ၄ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၃၁ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဘီကနာမှ ပဲအသစ်များ ယခုသီတင်းပတ်ပိတ်ရက်မှာ အမြောက်အမြား ဝင်ရောက် လာဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံက ပဲတင်သွင်းမှုအနေနဲ့ ၂ဝ၁၁ ဇန်နဝါရီတစ်လထဲမှာ တန်ချိန် ၅၉၅၂၁ ရှိပြီး ဖေဖော်ဝါရီလမှာ ၁၅ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅ဝ၅၇၇ ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းထုတ်လုပ်မှု ပိုမိုမယ့်ခန့်မှန်းချက်များက ယခုနှစ်ပဲတင်သွင်းမှုကို ကျဆင်းစေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁၁-၁၂ အတွင်း ပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၁၆ ဒသမ ၅၁ သန်းခန့်ရှိလို့ ၂ဝ၁၁-၁၂ မှာ တန်ချိန် ၃ ဒသမ ၄ သန်းတင်သွင်းဖို့ လိုအပ်မယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီ သောမတ်က ပြောကြားပါတယ်။ ပြည်တွင်းပဲအသစ်များ ဝင်ရောက်မှုတိုးတက်လာ တော့မှာဖြစ်လို့ ကုလားပဲဈေးကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါ တယ်။ ယမင်းးခင်၊Source: Argel Commodities
အိန္ဒိယအစိုးရဝန်ကြီးများအစည်းအဝေးက နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွက် ပဲတန်ချိန် ငါးသိန်း တင်သွင်းခွင့်ပြု အိန္ဒိယအစိုးရဝန်ကြီးများ အစည်းအဝေး (EGoM ) က MMTC လို နိုင်ငံပိုင်အေဂျင်စီများကို ၂ဝ၁၁- ၁၂ ဘဏ္ဍာနှစ်အတွက် ပဲမိုျးစုံတန်ချိန် ၅ သိန်းတင်သွင်းခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ တင်သွင်းပဲများ ပြည်တွင်းဈေးကွက်အတွင်း ပြန်လည်ရောင်းချရာမှာ ဆုံးရှုံးမှုကာမိဖို့ ထောက်ပံ့ငွေ ၁၅ ရာခိုင်နှုန်းကိုတော့ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ ဟာ ပြည်တွင်းဝယ်လိုအား တန်ချိန် ၁၈-၁၉ သန်းရှိပြီး ယခုနှစ် ထုတ်လုပ်မှုတန်ချိန် ၁၆ ဒသမ ၅ သန်းခန့်ရှိလို့ ပဲမိုျးစုံ တင်သွင်းသူသက်သက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ပိုင်STC နဲ့ MMTC လို အေဂျင်စီများကလည်း ပြည်တွင်းရောင်းချမှု တိုးမြင့်ဖို့ ပဲတင်သွင်းနေရပါတယ်။ EGoM ဟာ ပြည်ပက တင်သွင်းပဲများကို ရာရှင်ဆိုင်များကတစ်ဆင့် ရောင်းချရာမှာ တစ်ကီလိုကို ရူပီး ၁ဝ (ကန်ဒေါ်လာ ဝ ဒသမ ၂၂) လျှော့ချပေးတဲ့ အစီအစဉ်ကို စက်တင်ဘာလတိုင်အောင် နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးနှုန်းထိန်းချုပ်ဖို့ ရည်ရွယ်ပြီး သကြား၊ စားဆီနဲ့ ပဲမျိုးစုံ သိုလှောင်မှု ကန့်သတ်ခြင်းကိုလည်း စက်တင်ဘာလတိုင်အောင် သက်တမ်းတိုးခဲ့ပြန်ပါတယ်။ ယမင်းခင်၊ှSource: Business standard
အရောင်းအဝယ်အေးသော်လည်း ဈေးမြင့်လာတဲ့ ဟင်္သာတပဲတီစိမ်း ဟင်္သာတဈေးကွက်အတွင်း ပဲတီစိမ်းဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၂၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၃၃၅ဝဝ ကျပ်သို့ မြင့်တက်လာပါတယ်။ ဈေးကွက် အတွင်း ပဲတီစိမ်း ဝင်ရောက်မှုလည်း နည်းသွားပြီး ရောင်းဝယ်မှုမှာ ယခုတစ်ပတ်အတွင်း အေးသွားသော်လည်း ရန်ကုန်ဝယ်လက်ကုန်သည် ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်တင်းခွဲဝင်အိတ် ၂၅ဝဝ ခန့် ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုရှိတယ်လို့သိရပါတယ်။ အေးအေးခိုင်
ဈေးကွက်မျှော်လင့်ချက်နဲ့ နွေပဲတီစိုက်ပျိုးမှုသွက် မနှစ်ကနွေရာသီ မုံရွာပဲတီစိမ်းဈေးကွက်မှာ တစ်တင်း ၄၅ဝဝဝ ကျပ်မှ ၅ဝဝဝဝ ကျပ်အထိ ဈေးကောင်းရခဲ့ကြလို့ ဒီနှစ်ပဲတီတောင်သူတွေ ရေသွင်းပဲတီ စိုက်ပျိုးမှု သိသိသာသာ တိုးတက်လာတယ်လို့ သိရပါတယ်။ မုံရွာနယ်မှာ အထွက်နှုန်း ကောင်းတဲ့ ရေဆင်း ၁၁၊ ၁၂ ပဲတီမျိုးကို အဓိကရွေးချယ်စိုက်ပျိုးခဲ့ကြတဲ့အတွက် ပဲတီမျိုးစေ့ ပေါက်ဈေးမြင့်တက်လာခဲ့ရာ တစ်ပြည်ကို ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်အထိ ရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။ အထွက်နှုန်းအားဖြင့်် မြေ၊ ရေနဲ့ သွင်းအားစု ညီညွတ်မျှတရင် နွေပဲတီ တစ်ဧက ၂၅ တင်းခန့်ထွက်နိုင်လို့ အကျိုး အမြတ်ကောင်းမွန်တဲ့အတွက် အခုလို စိုက်ပျိုးသူများလာခြင်းဖြစ်တယ်လို့ တောပုကျေးရွာမှ တောင်သူအချို့က ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ မန္တလေး၊ ရန်ကုန်ဝယ်လက်ပုံမှန်ရှိနေပြီး၊ ယခုသီတင်းပတ်ထဲမှာ စိမ်းသေးတစ်တင်း ကျပ်၂၃ဝဝဝ မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
်အိန္ဒိယ မွန်ဘိုင်းဈေးကွက် တစ်လအတွင်း ပဲတီစိမ်းဈေးမြင့်လာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲတီစိမ်း အရောင်းအဝယ်မဖြစ်ပေမဲ့ ကင်ညာနဲ့ တန်ဇန်းနီးယား ပဲတီစိမ်းဈေးက ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူမှာ အနည်းငယ်မြင့်တက်လာတာ တွေ့ရပါတယ်။ ကင်ညာ ပဲတီစိမ်း ဈေးထက် တန်ဇန်းနီးယား ပဲတီစိမ်းဈေး ပိုနေတာလည်း တွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် အကန့်အသတ်သာရှိပြီး အဝယ်အထိုက် အလျောက် ရှိနေတာကြောင့် ဈေးအနည်းငယ်တိုးလာခြင်းဖြစ်ကြောင်း သိရပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် (တန်/ဒေါ်လာ) ကင်ညာပဲတီစိမ်း တန်ဇန်းနီးယားပဲတီစိမ်း ၂၄-၃-၁၁ ၉၃၉ ၁ဝ၄၃၂၄-၂-၁၁ ၈၉၈-၉ဝ၃ ၉၈၇MIRT (MAPT)