Main menu

Background

Wednesday, 30 Mar 2011

နယ်စပ်မှ ယခုရက်သတ္တပတ် ပဲတီစိမ်း တန် ၃၆ဝ ကျော်ပို့                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ပဲတီစိမ်း တန် ၃၆၇ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၈၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကထက် တန်ချိန် ၁၄၅ တန် ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်းတင်ပို့နိုင်မှု လျော့နည်းသော်လည်း ရာသီဥတု ပူပြင်းလာသည့်အတွက် တရုတ်ဖက်မှ ပဲတီစိမ်း ဝယ်လိုအားပိုမိုကာ သယ်ယူပို့ဆောင်စရိတ်များမှာလည်း သက်သာနေသည့် အတွက်လာမဲ့သီတင်းပတ်များမှာ အရောင်းအဝယ် ပိုမိုလာနိုင်တယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ နှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ပဲတီစိမ်း တန်ချိန် ၉၃၁၇၅ တန်ကျော်တင်ပို့ထားပြီး မတ်လအတွင်းမှာတော့ တန်ချိန် ၁၉၉၆ တန် တင်ပို့ထားပြီဖြစ်ပါတယ်။ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ပဲတီစိမ်းဈေးဟာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မိမိဘက် မြေပြင်ပေါက်ဈေးမှာ တစ်တန် ၁၁၄၆၇၅၆ ကျပ်နဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးမှာ ၁၂၇၅ မှ ၁၃၅၅ ဒေါ်လာအတွင်း ဖြစ်ပါတယ်။                                                                 MIRT (DOBT) 

Wednesday, 30 Mar 2011

တရုတ်ဝယ်လိုအားနည်းလို့ ပဲတီစိမ်းအတင်လျော့လာ                    ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းကနေ တရုတ်ဝယ်လိုအားကောင်းတာကြောင့် ပဲတီစိမ်း တင်ပို့မှု အားကောင်းခဲ့ရာက ယခုသီတင်းပတ်မှာတော့ တရုတ်အဝယ်အေးသွားလို့ တန်ချိန် ၅၈ဝဝ ခန့်ကို တင်ပို့မှု လျော့ကျ လာခဲ့ပါတယ်။ တရုတ်ဝယ်လက်များက ၎င်းတို့ လက်ထဲပစ္စည်းတော်တော်များများရောက်ရှိပြီဖြစ်လို့ အဝယ်ခေတ္တ ရပ်သွား ခြင်းဖြစ်ပေမဲ့ တရုတ် (တိုင်ပေ) ဈေးကွက်ကိုတော့ တင်ပို့မှု များနေဆဲဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်ပါးပြီး တောက်လျှောက်ဈေးဆင်းခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်ပတ်အတိုင်း မတ်လ ၂၅ မှာလည်း ပဲတီစိမ်း FAQ  က အညာတစ်တန်ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ၤ FAQ (ပခုက္ကူ) တစ်တန် ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်း သိရပါတယ်။                                    MIRT - MAPT

Wednesday, 30 Mar 2011

ယခုအပတ်နယ်စပ်မှ ပဲလွန်းဖြူ အပို့ပြန်ရှိ                   ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဖေဖော်ဝါရီ လကုန်အထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တန်ချိန် ၃၈၇ဝ ကျော် တင်ပို့ ထားပြီးဖြစ်ပါတယ်။ မတ်လမှာတော့ လဝက်ထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တင်ပို့မှုမရှိခဲ့သော် လည်း မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ တော့ ကန်ဒေါ်လာ ဝ ဒသမ ၂၁၉ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၆ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက် နိုင်ငံနယ်စပ်ဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိ ဘက်မှာ ဈေး ကျပ် ၁၃ဝဝဝ နီးပါးလျော့ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပဲလွန်းဖြူ ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ရပါတယ်               မိမိဘက်(ကျပ်/တန်)    ယခု               ယခင်         ပြောင်းလဲမှု           %၈ဝ၂၉၄၃           ၈၁၉၃၆၇       ၁၆၄၂၄             ၂                တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)     ယခု               ယခင်          ပြောင်းလဲမှု        %၁ဝဝ၉                ၁ဝဝ၉                   -               -MIRT(DOBT)

Wednesday, 30 Mar 2011

ဝယ်လိုအားများနေတဲ့ ပြည်ပဲလွန်းဖြူ              ပဲလွန်းဖြူအသစ်ပေါ်ချိန် ဖြစ်၍ တစ်နေ့ကို ပဲသစ်အိတ် ၅ဝ ခန့် ပြည်မြို့သို့ အဝင်ရှိပြီး ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ မြို့တွင်း လက်လီသမားများပါ အဝယ်များနေပြီး တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မိမိအေး

Wednesday, 30 Mar 2011

ပဲလွန်းဖြူ၊ နီ တင်ပို့မှု ပမာဏ များနေဆဲ                 ပင်လယ်ရေကြောင်းက အခြားပဲများတင်ပို့မှုအနေနဲ့ ပဲလွန်းဖြူ၊ နီတင်ပို့မှု ပမာဏမှ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာလည်း တန်ချိန် ၁၅ဝဝ ခန့် ရှိနေတာ တွေ့ရပါတယ်။ ဈေးကွက်တွေကို လှိုင် လှိုင်ဝင်နေသလို ပြည်ပအဝယ်ပုံမှန် ရှိနေတာကြောင့် အခြားပဲတင်ပို့မှု လျော့ကျပေမဲ့ ပဲလွန်းဖြူနီ တင်ပို့မှု ကျ မသွားတာဖြစ်ပါတယ်။ ဒီတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှု မရှိဘဲ မတ်လ ၂၅ ရက်မှာလည်း  FAQ တစ်တန် ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့  SQ တစ်တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Wednesday, 30 Mar 2011

ဝယ်လက်အေးလို့ ဈေးပြန်အေးတဲ့ တောင်ကြီးပဲစင်းငုံ                  ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ဒီနှစ် ပဲစင်းငုံအထွက်နည်းပါတယ်။ ဒီဇင်ဘာလရဲ့ နှင်းခါးရိုက်မှုကြောင့် အထွက်နှုန်းက မနှစ်ကထက်နည်းပါတယ်။ ဒီနှစ်ထွက်တဲ့ ပဲစင်းငုံရဲ့ဈေးနှုန်းကလည်း အတက်အကျကြမ်းပါတယ်။ စပေါ်ခါစ ဇန်နဝါရီလဆန်းမှာ ပဲစင်းငုံအနီသေး တစ်ပိဿာ ၉ဝဝ ကျပ်၊ အဖြူ၊ အနီကြီး တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလရဲ့ ဒုတိယပတ်မှာ ဈေးထပ်တက်လာပြီး အနီအသေး တစ်ပိဿာ ၁ဝဝဝ ကျပ်၊ ဖြူ၊ နီကြီးက တစ်ပိဿာ ၈ဝဝ ကျပ်ထိ ဈေးတက်လာပါတယ်။ ကုန်တင်ပို့မှုတွေ သတ်မှတ်လိုက်တာကြောင့် သီးနံှတွေလည်း သယ်ပို့ခတွေနဲ့အတူ ဈေးတက်လာတာတွေ့ရပါတယ်။ မတ်လ ပထမနဲ့ ဒုတိယ ပတ်တွေမှာ ငုံနီသေး တစ်ပိဿာ ၈၈ဝ ကျပ်မှ ၉၈ဝ ကျပ်ဈေးပတ်ခြာလည်နဲ့ တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ တတိယပတ်မှာ ဈေးအနည်းငယ်ပြန်လှုပ်လာပြီး ပဲစင်းငုံသေးက တစ်ပိဿာ ၉၅ဝ ကျပ်၊ ၉၆ဝ ကျပ်၊ ငုံဖြူကြီးက ၇၂ဝ ကျပ်၊ ငုံနီကြီးက ၇၇ဝ ကျပ်ရှိလာပါတယ်။ ဒီနှစ်အရောင်းအဝယ်က မနှစ်ကထက်ပိုအေး ပေမဲ့ ရန်ကုန်ဝယ်လက်တွေက ပုံမှန်ဝယ်ယူ နေပါတယ်။ ဈေးကွက်မှာလည်း အင်နဲ့အားနဲ့ ဝင်လာခြင်း မရှိပေမဲ့ ပုံမှန်တော့ဝင်နေပါတယ်။ တစ်ပတ်ကိုလည်း ပိဿာချိန် ခြောက်သောင်းမှ တစ်သိန်းအထိ စီးဆင်းနေတယ်လို့ ဒေသခံကုန်သည် တွေထံက သိရပါတယ်။ ဒီတစ်ပတ်ပဲစင်းငုံဈေးက ဝယ်လက်အေးလို့ ဈေး အနည်းငယ် ပြန်ကျပြီး အနီအသေးက တစ်ပိဿာ ၈၅ဝ ကျပ်၊ ဖြူကြီး ၆ဝဝ ကျပ်၊ နီကြီး ၆၁ဝ ကျပ်ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်

Wednesday, 30 Mar 2011

အေးသထက်အေးလာတဲ့ မုံရွာငုံနီဈေး                  ယခုတစ်ပတ်မုံရွာကုန်စည်ဒိုင်ပဲစင်းငုံနီဈေးကွက်အနေနဲ့ တစ်တင်း ၂ဝ၄ဝဝ ကျပ်နဲ့ ကျဈေးမှာ ၄ ရက်ခန့် ငြိမ်နေရာက မတ်လ ၂၂ ရက်မှာ တစ်တင်း ၆ဝဝ ကျပ် ထပ်မံဈေးကျခဲ့ရာ ၁၉၈ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကုန်သည်ကြီးအချို့ကတော့ အိတ်စပို့ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူစုဆောင်းမှုရှိပြီး နယ်အဆွဲကတော့ အေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နယ်တောင်သူအများစုကတော့ မြို့ပေါ်ပွဲရုံတွေဆီ ပစ္စည်းတင်ပို့အပ်နံှခဲ့ကြပြီး အသုံး လိုသလောက်သာ ကြိုထုတ်ခဲ့ကြကာ ကြိုက်ဈေးရမှ ဈေးဖြတ်ခဲ့ကြတယ်လို့ ဈေး ကွက်က ကြားသိရပါတယ်။  ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးဆင်းတင်ပို့မှု အားနည်းခဲ့ရာ မန္တလေးကို တင်း ၂ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ ရှိခဲ့ကြောင်း သိရှိရပါတယ်။ ထွန်းလှိုင်

Wednesday, 30 Mar 2011

 အိန္ဒိယဈေးကွက်မှာ တစ်လအတွင်း မြန်မာပဲစင်းငုံဈေး သိသိသာသာကျ                အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း မြန်မာပဲစင်းငုံဈေးက ဖေဖော်ဝါရီနဲ့ မတ်လကာလတူအတွင်း သိသိသာသာ ကျခဲ့ပါတယ်။ ပြည်တွင်းပဲအထွက် မြင့်တက်မယ့် မျှော်လင့်ချက်တွေအရ ဈေးထပ်ကျဆင်းမယ့် ခန့်မှန်းချက်တွေနဲ့ ကုန် သည်များဝယ်ယူမှုနည်းတဲ့အပြင် ရိတ်သိမ်းရာသီပဲအသစ်များ ဈေးကွက်ဝင်ရောက်မှု တိုးလာတာကြောင့် ခုလိုဈေးဆက်တိုက်ကျဆင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်းနဲ့ ဒေလီဈေးကွက်များမှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                          ဒေါ်လာ/တန်                       မွန်ဘိုင်း               ဂူဘာကာ၂၄-၃-၁၁           ၇၆၆                ၈၃၈-၈၉၃၂၄-၂-၁၁        ၇၈၈-၇၉၃               ၈၄၅MIRT-MAPT

Wednesday, 30 Mar 2011

ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ                   ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝဝဝ ကျော်ကို လျော့ကျခဲ့ သလို ယခုသီတင်းပတ်(မတ်လ ၁၇ ရက်မှ ၂၃ ရက်)မှာလည်း တန်ချိန် ၂ဝဝဝ ကျော် ကို ဆက်လက်ကျဆင်းခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲစင်းငုံ အသစ်တွေ ဝင်ရောက်မှု တိုးတက်လာတာကြောင့် မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျလာခဲ့တာဖြစ်ပါတယ်။ ယခုသီတင်းပတ် ပြည်တွင်းဈေးကွက်မှာလည်း ပြည်ပအဝယ်နည်းတာကြောင့် တစ်ပတ်လုံး ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ သီတင်း ပတ်နောက်ဆုံးရက်မှာတော့ ဈေးပြန်မတ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ မတ်လ ၂၅ ရက်မှာ ပဲစင်းငုံနီ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့အဖြူ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝနဲ့ ပဲစင်းငုံနီ (အဟောင်း) FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Wednesday, 30 Mar 2011

ပြည်မတ်ပဲဈေးပြန်မာလာ                ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး စစ္စရံ၊ သက်ကယ်မြှောင်နဲ့ ပြည်ပတ်ဝန်းကျင်နယ်များမှ မတ်ပဲများအဝင်များနေပြီး တစ်နေ့ကို အိတ် ၆ဝဝ- ၇ဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် အရောင်းအဝယ်အေးခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်သမား၊ ရန်ကုန်ဝယ်လက်များ အဝယ်များနေလို့ မတ်ပဲတစ်တင်းဈေးမှာ ၂၃၅ဝဝ-၂၃၈ဝဝ ကျပ်နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး၊ နေ့စဉ် ဝင်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက် တစ်တိုင်းလုံးမှ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ ပဲစီးဆင်းမှုကတော့ ပျမ်းမျှ တစ်နေ့ကို ၅၇ဝဝ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                   မိမိအေး

Pages