Main menu

Background

Sunday, 20 Mar 2011

မုံရွာကုလားပဲ နယ်လက်ထက် ခွဲစက်သမားပိုဆွဲ                မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ နယ်စုံ က ကုလားပဲမျိုးစုံ အဝင်လှိုင်ခဲ့ပြီး ဝယ်လက်ကတော့ ရန်ကုန်၊ မန္တလေးနယ်လက် ထက် ဒေသတွင်းခွဲစက်သမားတွေက ပိုများခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုအပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးများကတော့ ကုလားပဲရိုးရိုး တစ်တင်း ၁၆၇ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၇၈ဝဝ ကျပ်၊ ဗွီတူး တစ်တင်း ၁၈ဝဝဝ ကျပ်မှ ၁၈၈ဝဝ ကျပ်နဲ့ 929 တစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၇၇ဝဝ ကျပ် အသီးသီးကျဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် နယ်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ ကုလားပဲမျိုးစုံတစ်နေ့ တင်း ၅ဝဝဝ ဝန်းကျင်ရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ အိတ်စပို့ဝယ်လက်အဆွဲနည်း လို့ ဈေးဆက်လက်အေးဖွယ်ရှိတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက သုံးသပ်ခဲ့ကြပြီး ယခုလ ၁၅ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ နယ်တင်ပို့မှု အားနည်း လျက်ရှိရာ မန္တလေးကို တင်း ၂ဝဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁၅ဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၅ဝဝ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Sunday, 20 Mar 2011

အိန္ဒိယကုလားပဲဈေး ဆက်တိုက်လျော့ကျရာမှ အနည်းငယ်ပြန်မြင့်လာ              အိန္ဒိယကုလားပဲဈေးကွက်တွေမှာ ပဲအသစ်တွေ အဝင်ရှိနေလို့ တစ်ပတ် လုံး ဆက်တိုက်ကျဆင်းခဲ့ရာက မတ်လ ၁၆ ရက်မှာတော့ အဝယ်ပြန်လိုက်လာလို့ လက်ငင်းရော ကြိုပွိုင့်ဈေးပါ သုည ဒသမ ၄၅ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၄၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို မတ်လ ၁ဝ ရက်က သြစတြေးလျကုလားပဲဖြူလုံးကြီး ကွန်တိန်နာ လေးလုံးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။             လွန်ခဲ့တဲ့ ရက်များအတွင်း ပဲဝင်ရောက်မှု များလာပြီး အရောင်းအဝယ် ဖြစ်မှုနည်းလို့ ဈေးက အကျဘက် ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတော်ကာလဝယ်လိုအား တက်မယ်လို့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ ပဲ ဝင်ရောက်မှု သိသိသာသာတိုးတက်လာခဲ့ရာ အိတ်ပေါင်း ၃ဝဝဝဝ-၃၅ဝဝဝ ခန့် ဝင်ရောက်တယ်လို့ သိရပါတယ်။ ရာဂျက်စသန်က ပဲအသစ်ကတော့ ဧပြီလမှာ ဝင်ရောက်မယ်လို့ သိရပါတယ်။ ဈေးနှုန်းခန့်မှန်းချက်အနေနဲ့ ပြည်တွင်းလှောင်လက် တွေ ဝယ်လိုအားရှိနိုင်လို့ ကုလားပဲဈေးခိုင်မာတဲ့ဘက်ကို ရောက်ရှိလာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source:commoditiesonline.com

Sunday, 20 Mar 2011

ဟင်္သာတပဲတီစိမ်းဈေးမြင့်လာပြီး အရောင်းသွက်               ဟင်္သာတဈေးကွက်အတွင်း ပဲတီစိမ်းဈေးမှာ ယခင် တစ်ပတ်ကပိဿာ ၂ဝတစ်တင်းကို ၂၉ဝဝဝ ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်းကို ၃၂၅ဝဝ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်တစ်ပတ် ထက် ဈေးပိုမြင့်လာခဲ့လို့ တောင်သူများအတွက်လည်းအကျိုး အမြတ်ပိုရလာပါတယ်။ ဈေးကွက်အတွင်း ပဲတီစိမ်းများ အရောင်းအဝယ်လည်း ကောင်းနေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ကို နေ့စဉ် တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့်အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ အေးအေးခိုင် 

Sunday, 20 Mar 2011

ပြည်ပဲတီစိမ်း လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်                    ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းပဲတီစိမ်းကို ၂ဝ၁ဝ -၁၁ ခုနှစ်တွင် ၂၃ဝဝ၄ ဧကစိုက်ပျိုးခဲ့ပြီး ပြည်ခရိုင် အတွင်းမြို့နယ်များဖြစ်တဲ့ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များ၌ အများဆုံးစိုက်ပိုျးထွက်ရှိခဲ့တာကို တွေ့ရပါတယ်။ အထွက်နှုန်းအနေဖြင၎င်းမြို့နယ်များ၌ တစ်ဧက ၁၄ တင်းနှုန်းနီးပါးထွက်ရှိခဲ့ကြပါတယ်။ ဈေးကွက်အတွင်းသို့ ဒီဇင်ဘာလအထိ ပဲတီစိမ်းသီးနံှအများအပြားဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလဆန်းမှစ၍ အဝင်ပါးလာကာ ယခုမတ်လအတွင်း ဝင်ရောက်မှုမရှိတော့ဘဲ ပဲလက်ကျန်များသာ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ဈေးနှုန်းအနေဖြင့် တစ်တင်း ၂၇ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်  ဖြစ်ခဲ့ကြပြီး မတ်လအတွင်း ရန်ကုန်သို့ အိတ် ၇၅ဝ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း 

Sunday, 20 Mar 2011

ပဲတီစိမ်း အဝင်နည်းပြီး ဈေးအေးလာ                 မန္တလေးဈေးကွက်ကို ပခုက္ကူ၊ ရွှေဘို၊ မြင်းမူ၊ အရာတော်၊ ဆားတောင်ဒေသများနဲ့ ပဲခူး၊ ဒိုက်ဦးမှ ပဲတီစိမ်းများ ဝင်ရောက်မှု ရှိနေကြောင်း သိရပါတယ်။ အရင်တစ်ပတ်ပေါက်ဈေး ပဲတီစိမ်းရိုးရိုး တစ်ပိဿာ ၁၂၄၄ ကျပ်-၁၅၆၄ ကျပ်၊ ရွှေဝါစ ၁၉ဝဝ ကျပ်ရှိခဲ့ပြီး အခုတစ်ပတ်မှာ ရိုးရိုးစ ၁၃၅ဝ ကျပ်-၁၅၁ဝ ကျပ်၊ ရွှေဝါ ၁၈၆၇ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ အဝင်လည်းနည်းပြီး ဈေးအေးလာပေမဲ့ တရုတ်ဘက်ရော ပဲခွဲစက်များပါ အရောင်းအဝယ် ရှိနေပါတယ်။ ဈေးကွက်မှာ ခရမ်းရွှေဝါစက ဈေးအမြင့်ဆုံးရှိနေပြီး မန္တလေးဈေးကွက်ကို ဝင်လာတဲ့ ရွှေဝါစများက အရည်အသွေးပိုင်းမှာ အလတ်စတွေပဲ ဝင်ပြီး ရှယ်စများက ရန်ကုန် Over Sea လိုင်းကိုသွားတယ်လို့ ကုန်သည်များမှ ဆိုပါတယ်။ တရုတ်ဈေးကွက်ကို ၂ဝ၁၁ ဖေဖော်ဝါရီလတွင်းက တန်ချိန် ၈ဝဝဝ ခန့် ပို့ခဲ့ပြီး မတ်လတွင်းမှာ တန် ၁၅ဝဝ ပဲတင်နိုင်သေးလို့ အရှိန်လျော့လာတာကို တွေ့ရပါတယ်။ ဈေးကွက်မှာ ပဲတီစိမ်း ရိုးရိုးစနဲ့ လုံးကြီးထိပ်စများ လက်ကျန်နည်းနေကြောင်း သိရပြီး ခွဲစက်သမားများက တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၅၁ဝ ကျပ်အတွင်း တရုတ်လိုင်းသမားများကတော့ ရွှေဝါစ တစ်ပိဿာ ၁၈၆၇ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ သက်သက်နိုင် 

Sunday, 20 Mar 2011

အိန္ဒိယ ပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ                အိန္ဒိယပြည်တွင်းအဓိက ဈေးကွက်တွေဖြစ်တဲ့ မွန်ဘိုင်းနဲ့ ချန်နိုင်းမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ အရောင်းအဝယ်မဖြစ်၊ ဈေးမရှိပေမဲ့ အခြားဈေးကွက်တွေမှာတော့ ပဲတီစိမ်းဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ဒါပေမဲ့ ကန်ပါဈေးကွက်မှာတော့ လက်ကျန်က လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ အလားအလာတွေအရ ဈေးအနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ လာမယ့် ရက်တွေမှာလည်း ဈေးငြိမ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လ ကာလတူဈေးများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ်                   ဒေလီဈေးကွက်           အင်ဒိုနီးရှားဈေးကွက်၁၅-၃-၁၁          ၁၂၈၁                          ၁၁၄၉၁၅-၂-၁၁          ၁၂၇၆                           ၁၁၈၈MIRT (MAPT)

Sunday, 20 Mar 2011

နယ်စပ်မှာ အရောင်းအဝယ်အေး                မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၅၁၅ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ပဲတီစိမ်း ၅၁၃ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၁၃ တန်နီးပါးတင်ပို့မှုလျော့နည်းခဲ့ပါတယ်။ယခုအချိန်မှာ တရုတ်ဖက်ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ပဲတီစိမ်းဈေး ကွက်အရောင်းအဝယ်အေးပြီး ဝယ်ယူမှုနည်းပါးတဲ့အတွက် ယခုအပတ်မှာ တင်ပို့မှုလျော့နည်းရခြင်းဖြစ်ပါတယ်။ပြည်တွင်း ဈေးနှုန်းမှာ ယခင်အပတ်ပဲတီစိမ်းကြီး တစ်တန်ကို ၉၁၄၆၆၆ ကျပ်ရှိခဲ့ပြီး ယခုအပတ်မှာ ၈၂၇၄၁၄ မှ ၉၈ဝဝဝဝ ကျပ်၊ ပဲတီစိမ်းလတ်တစ်တန်ကို ၇၄ဝ၄၄၄ မှ ၇၆၂၂၂၂ ကျပ်၊ ပဲတီစိမ်းရွှေဝါတစ်တန်လျှင် ၁၁၃၂၄၄ ကျပ်မှ ၁၁၉၇၇၇ ကျပ်ထိရှိပြီး တစ်ဖက်နိုင်ငံရွှေလီဝယ်ယူဈေးမှာ ယွမ် ၈၈၈ဝ မှ ၁ဝ၄၈ဝ ယွမ်ထိ ဈေးပေါက်နေပါတယ်။မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် -                                                             မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု                 ယခင်         ပြောင်းလဲမှု        %          ယခု          ယခင်   ပြောင်းလဲမှု      %ပဲတီစိမ်း         ၁၁၄၆၇၅၆        ၁၁၄ဝဝ၈ဝ        ၆၆၇၆           ဝ .၆      ၁၃၅၅         ၁၃၅၂       ၃            ဝ .၂၂MIRT (DOBT)

Sunday, 20 Mar 2011

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု အရှိန်ကောင်းနေဆဲ                   ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၇၃ဝဝ ခန့်နဲ့ အရှိန်ကောင်း နေဆဲဖြစ်တာ တွေ့ရပါတယ်။ အဓိကဝယ်လက်ကတော့ တရုတ်ဖြစ်ပြီး ပုံမှန်နယ်စပ်လမ်းကြောင်းက တင်ပို့ရာမှ ယခုအခါ ဗီယက်နမ်ဘက်ကတစ်ဆင့် တင်ပို့နေတာကြောင့် ပင်လယ်ရေကြောင်းက တင်ပို့မှုတက်လာတာဖြစ်ပါတယ်။ ဗီယက်နမ်နယ်စပ်နဲ့ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်တို့အကြား အခွန်သက်သာခွင့် သဘောတူညီချက်အရ နယ်စပ်လမ်းကြောင်းမှ တင်ပို့မှုထက် ဗီယက်နမ်ဘက်ကို ပိုမိုတင်ပို့လာခြင်းဖြစ်တယ်လို့ ပဲကုန်သည်ကြီးတစ်ဦးထံမှ သိရပါတယ်။                ယခုတစ်ပတ်အတွင်း ဈေးကွက်တွေမှာ အိန္ဒိယဝယ်လက်အဝယ်အေးပေမဲ့ တရုတ်၊ ပါကစ္စတန် ဝယ်လက်အချို့ရှိလို့ အရောင်းအဝယ် အထိုက်အလျောက်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခုရက်ပိုင်းအတွင်း ပြောင်းလဲမှုမရှိဘဲ မတ်လ ၁၈ ရက်မှာ ပဲတီစိမ်း (အညာ) FAQ  တစ်တန်ကို ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်းသိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

လက်လီသမားများသာ အဝယ်ရှိတဲ့ ပြည်ပဲလွန်းဖြူ                 ပြည်ပဲလွန်းဖြူ ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး တက်သစ်ကျွန်း ရွာဘက်မှ တစ်ရက်ကို ပဲအိတ် ၃ဝ-  ၄ဝ ခန့် အဝင်ရှိခဲ့ပြီး၊ ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ အခြားတိုင်းဒေသကြီးနဲ့ ပဲရောင်းဝယ်မှုမရှိဘဲ မြို့တွင်းလက်လီ သမားများသာအဝယ်ရှိလို့ ပဲတစ်တင်း ကို ၂ဝဝဝဝ ကျပ်နဲ့ ပွဲရုံတွေက ပြန်လည်ရောင်းချ တယ်လို့သိရပါ တယ်။ မိမိအေး

Sunday, 20 Mar 2011

ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု တစ်ပတ်ထက်တစ်ပတ်ပိုမိုလာ             ပြည်ပ နိုင်ငံစုံအဝယ် ရှိနေတဲ့ ပဲလွန်းဖြူ၊ ပဲလွန်းနီဟာ ဈေးကွက် တွေထဲ လှိုင်လှိုင် ဝင်လာနေသလို ပြည်ပ တင်ပို့မှုလည်း တစ်ပတ်ထက် တစ်ပတ်ပိုမိုလို့လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်နေ့) အတွင်း ပဲလွန်းဖြူ တန်ချိန် ၂ဝဝဝ နီးပါးနဲ့ ပဲလွန်းနီ တန် ၆ဝဝ ခန့်ရှိလို့ စုစုပေါင်းတန်ချိန် ၂၆ဝဝ ထိ တင်ပို့လာခဲ့တာ တွေ့ရပါတယ်။ ပဲလွန်းဖြူ တင်ပို့တဲ့ နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ယူအေအီး တို့ဖြစ်ပါတယ်။              လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်လ ၁၁ ရက်နေ့အထိ ပဲလွန်းဖြူတင်ပို့မှုကို လေ့လာရာမှာတော့ တန်ချိန် ၂၃ဝဝဝ ကျော်သာရှိပြီး ယခင်ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော် ထက် တန်ချိန် တစ်သောင်းကျော် လျော့နည်းနေသေးတာ တွေ့ရပါတယ်။ ယခုလပိုင်းအတွင်း ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု တိုးတက်လာပေမဲ့ ရန်ကုန် FOB  ဈေးက ငြိမ်လျက်ရှိပြီး မတ်လ ၁၈ ရက်နေ့မှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊ ှ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Pages