Background
အိန္ဒိယနနွင်း ပြည်ပဝယ်လိုအားကောင်းလာလို့ ဈေးပြန်မြင့်လာ အိန္ဒိယပြည်တွင်း နနွင်းလက်ငင်းဈေးကွက်တွေကို ယခုသီတင်းပတ်အစပိုင်းမှာ အဝင်များလာလို့ တစ်တန်ကို ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၂) ကျဆင်းခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ နီဇမ်မာဘတ်ဈေးကွက်မှာ ပြည်တွင်း လှောင်လက်တွေ အဆွဲများတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေး ၁ ဒသမ ၃၆ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၄၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အီရော့ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာ ယခင်ရက်က အိတ် ၁၂ဝဝဝ ခန့်ရှိရာမှ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အိတ် ၁ဝဝဝဝ ဝန်းကျင်ကိုလည်းကောင်း၊ နီဇမ်မာဘတ်ဈေးကွက်ကို အိတ် ၈ဝဝဝ ဝန်းကျင်မှ အိတ် ၁၂ဝဝဝ ကိုလည်း ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ နနွင်းတောင်သူအများအပြားဟာ ဈေးကောင်းမျှော်လင့်ပြီး နနွင်းပမာဏများများဈေးကွက်ကို ယူလာကြ ပေမဲ့ အိန္ဒိယမြောက်ပိုင်းက အဝယ်အသစ်မထွက်လို့ အစပိုင်းရက်တွေမှာ ဈေးလျော့ကျခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီ ရာဗွီရှန်ကာ ကဆိုပါတယ်။ ကာလတိုနနွင်းဈေးက နနွင်းဝင်ရောက်မှုနဲ့ ပြည်ပအဝယ်ပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၇၉၈၉ဝ-၁၂ဝ၉၈ဝ (ကန်ဒေါ်လာ ၁၇၇၇- ၂၆၉ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၇၅ဝ၁ဝ-၁၁၅၅၅ဝ (ကန်ဒေါ်လာ ၁၆၆၈-၂၅၇ဝ) ရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: commodityonline
အရည်အသွေးပေါ်မူတည်ပြီး ဈေးအမိုျးမိုျးနဲ့ ရောင်းဝယ်နေတဲ့ ရှမ်းနနွင်းဈေးကွက် နနွင်းတက်တွေကတော့ ဈေးကွက်ကို တစိမ့်စိမ့်ဝင်နေပါတယ်။ မနှစ်ကလောက် အရောင်းမသွက်ပေမဲ့ ပြည်တွင်းသုံး (ဈေးပတ်သမား) တွေကတော့ ပုံမှန်ဝယ်ယူနေတယ်လို့သိရပါတယ်။ အခုလောလောဆယ် ဈေးကွက် ထဲကို အဝင်များနေတာ ကတော့ ကလောမြို့နယ်၊ တောင်လပို့ရွာက နနွင်းတွေပဲဖြစ်ပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ ပင်လောင်းနနွင်းတွေလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အရင်နှစ်တွေ လိုပဲ နနွင်းဈေးကတော့ အရည်အသွေးပေါ် မူတည်ပြီး ဈေးအမျိုးမျိုးသတ်မှတ် အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးတွေကတော့ ပင်လောင်းနနွင်းတစ်ပိဿာ ၁၇ဝဝ ကျပ်၊ တောင်လပို့နနွင်း ၂ဝဝဝ ကျပ်၊ ဆင်တောင်နနွင်း ၂၅ဝဝ ကျပ်မှ ၂၈ဝဝ ကျပ်နဲ့ အင်းလေးစကတော့ ၁၈ဝဝ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ယခုမူဆယ်မှ နနွင်းတက် တင်ပို့မှုရှိ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၉ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၂၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီတစ်လလုံး နနွင်းတက် ၄၂ တန်ကိုနယ်စပ်စခန်းများ ဖြစ်တဲ့ မူဆယ်နဲ့စစ်တွေတို့မှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်တင်ထွန်း(MIRT)
နနွင်းဈေးကောင်းရခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက် တာကာလအတွင်း နနွင်းတန်ချိန် ၄၇ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ကုန် သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ စင်ကာပူကို ၃၂ တန် တို့ပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန် စုစုပေါင်းမှာ ၆၈ တန်ရှိခဲ့ပြီး ယခင်ဇန်နဝါရီလအတွင်း တင်ပို့မှုက ၁ဝ၇ တန်ရှိခဲ့တာကြောင့် ဖေဖော် ဝါရီလမှာ နနွင်းတင်ပို့မှုကလျော့နည်းခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈၈၉၂၅ ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်မန်ကျည်းသီးဈေးကွက် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိ ပြည်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များဟာ မန်ကျည်းသီးအများဆုံးစိုက်ပျိုးထွက်ရှိရာ မြို့နယ်များဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှ နှစ်စဉ် မန်ကျည်းသီး ပိဿာချိန် ၂ သိန်းမှ ၂ သိန်းခွဲခန့်ထွက်ရှိပြီး ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီးများသို့ အဓိကတင်ပို့ ရောင်းချပါတယ်။ မန်ကျည်းသီးဈေးနှုန်းများမှာ ယခင်နှစ်က အစေ့လွတ် တစ်ပိဿာ ၁၆ဝဝ ကျပ်-၁၈ဝဝ ကျပ်ဖြစ်ပြီး ယခုနှစ်တွင် အစေ့လွတ် တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါ တယ်။ စောစောရီ
မန်ကျည်းတန်ချိန် ၄ဝဝ ကျော်တင်ပို့နိုင်ခဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၂ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့ကုန်သွယ်ဖက်နိုင်ငံတွေက အင်ဒိုနီးရှားကို တန် ၅ဝ၊ မလေးရှားနိုင်ငံကို ၂၉၁ တန်နဲ့ စင်ကာပူနိုင်ငံကို ၇၁ တန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် မန်ကျည်းတန် ချိန် ၂၉၄ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း မန်ကျည်းစုစုပေါင်း တင်ပို့နိုင်ခဲ့တဲ့တန်ချိန်က ၈ဝ၄ တန်ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ၁၄၇၈၅၅ ရရှိခဲ့ပါတယ်။ MIRT (DOT)
ချင်းစို ဝင်ရောက်မှုနည်းလာတဲ့ ရှမ်းချင်းဈေးကွက် ဒီတစ်ပတ် အောင်ပန်းဈေးကွက်၊ ဟိုပုံးဈေးကွက်တွေမှာ ချင်း (စို) ဈေးငြိမ်နေပါတယ်။ ဈေးကွက်ထဲကိုလည်း ချင်းစို ဝင်ရာက်မှု နည်းသွားပါပြီ။ တောင်သူတွေကလည်း ကြိုက်ဈေးရ၊ ဒီထက်ဈေးပိုတက်လာမှသာဖော်ပြီး ရောင်း ကြတော့မယ်လို့သိရပါတယ်။ ဒီနောက်ပိုင်း အစိုတွေအဝင်နည်းပြီး အခြောက် တွေသာ ပိုဝင်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း (စို) တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၈ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ နမ့်ဆန်ဈေးကွက်မှာလည်း ချင်း (စို) အဝင်နည်း သွားပြီလို့ သိရပါတယ်။ ပေါ်ကာစမှာ အစိုတွေအတိုင်းရောင်းခဲ့ကြပြီး အခြောက်အဖြစ်သိပ်မလုပ်ခဲ့ ကြဘူးလို့ သိရပါတယ်။ ဟိုပုံးနယ်ဖက်ကထွက်တဲ့ ချင်းတွေသာ အရည်အသွေး ညံ့လို့ အစိုတိုင်းရောင်းတာနည်းပြီး အခြောက်လုပ်တာ များပါတယ်။ နမ့်စန်မှာ ချင်း (စို) တစ်ပိဿာပေါက်ဈေးက ၃ဝဝ ကျပ်သာ ရှိပါတယ်။ အခြောက်တွေက တော့ ဈေးကွက်ကို သိပ်မဝင်လာသေးပေမဲ့ ဈေးကတော့ ၂ဝဝဝ ကျပ်အောက်မှာ သာ ဖွင့်နိုင်တယ်လို့သိရပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ အစိုဈေးက ၃ဝဝ ကျပ်၊ ၄ဝဝ ကျပ်ရှိပြီး ချင်းခြောက်ဈေးက ၁၇ဝဝ ကျပ်၊ ၁၈ဝဝ ကျပ်ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ တော့ ချင်းခြောက်တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည် ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
ပြည်ချင်းဈေးကွက် ပုံမှန်ရောင်းဝယ်ဖြစ် ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်တွင်လည်း ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ အဝင်ပုံမှန်ရှိနေပါတယ်။ အရောင်းအဝယ်အားဖြင့် တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာလည်း ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့ရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့လည်း သိရပါတယ်။ ဝင်းလဲ့ဝါ
ဖေဖော်ဝါရီလအတွင်း ချင်း ၆ဝ တန်သာတင်ပို့နိုင် ဒီတစ်ပတ်မှာတော့ ချင်းတင်ပို့နိုင်ခြင်းမရှိပါ။ ဖေဖော်ဝါရီလ ချင်းစုစုပေါင်း တင်ပို့နိုင်ခဲ့တဲ့ တန်ချိန်က ၆ဝ ဒသမ ၄ တန်ပဲဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ လ ချင်းတင်ပို့နိုင်မှုက တန်ချိန် ၁ဝ၈ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ချင်း တင်ပို့မှုက တန်ချိန် ၅ဝ လောက်လျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
သကာပွက်ရည်ဈေးလိုက်လို့ တောင်သူတွေတွက်ခြေကိုက် ယခုနှစ်ကြံရာသီတွင် သကြားဈေးကောင်းမွန်လျက်ရှိသဖြင့် သကြားချက်ရန် အရေးကြီးကုန်ကြမ်းဖြစ်တဲ့ သကာပွက်ရည်ဈေးလည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ သကာပွက်ရည် တစ်ပိဿာဈေးရဲ့ နှစ်အလိုက် ဈေးကွက်ကိုလေ့လာတဲ့ အခါ ၂ဝဝ၉ ခုနှစ်က တစ်ပိဿာ ၅ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ ၂ဝ၁ဝ ခုနှစ်က ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်ကနေ ယခုနှစ်မှာ တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်ထိ ဈေးရလာ ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့်လည်း အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာက ကြံတောင်သူတွေဟာ ဇန်နဝါရီလကုန်ပတ်ကနေ ယနေ့ထိ ကြံခုတ်၊ ကြံရည်ကျိုချက် ပြီးရလာတဲ့ သကာပွက်ရည်ကို မုံရွာမှာရှိတဲ့ ဖောက်သည်တွေထံ တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်ဈေးများနဲ့ တင်ပို့ရောင်းချလျက်ရှိတယ်လို့သိရပါတယ်။ ကြံတစ် ဧကကို သကာပွက်ရည် ၈၅ ပိဿာဝင် အပိုင်း ၂ဝ မှ ၂၅ အတွင်းရရှိလို့ တစ်ဧက ခန့်မှန်းဝင်ငွေကျပ် ၁၅ သိန်းခန့် ရရှိတဲ့အတွက် ကြံတောင်သူတွေ အကျိုးအမြတ် ရရှိခဲ့ကြောင်းသိရပါတယ်။ မုံရွာမှာ သကာပွက်ရည်ဒိုင်ဖွင့်လှစ်ဝယ်ယူသူ တစ်ဦးစ၊ နှစ်ဦးစသာရှိပြီး ကိုယ်တိုင်သကြားဖြူချက်လုပ်ဖို့ အခက်အခဲရှိတဲ့အတွက် မန္တလေးသကြားစက်ကြီးများသို့ ထပ်ဆင့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်
