Background
ပြည်ငရုတ်သီးစိမ်း ဈေးကွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ဟာ ငရုတ်သီးစိမ်း အများဆုံးထွက်ရှိတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်။ သဲကုန်းမြို့ နယ်အတွင်းရှိ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်နယ်တစ်ဝိုက်မှ အများဆုံးထွက်ရှိ ပြီး၊ ရန်ကုန် (သီရိမင်္ဂလာဈေးသစ်) သို့ လည်း တိုက်ရိုက်တင်ပို့ကြောင်း သိရပါတယ်။ ယခုပြည်ဈေးကွက်တွင် ရောင်းချနေတဲ့ ငရုတ်သီးများမှာ ငရုတ်ရှည်ပွ၊ ငရုတ်ရှည်၊ ငရုတ်ပွကြီး၊ ပီနံသီး၊ ဂျီဆွယ်၊ ငရုတ်ရှည်ချိုပွတို့ ဖြစ်ကြပါတယ်။ ငရုတ်သီးဈေးနှုန်းများမှာ ငရုတ်ရှည်ပွ တစ်ပိဿာလျှင် ကျပ် ၄ဝဝဝ ၊ ငရုတ်ရှည် ကျပ် ၃ဝဝဝ၊ပီနံသီး ကျပ် ၁၅ဝဝဝ ရှိကြောင်း သိရပါတယ်။ ထိုငရုတ်သီး များကို ပြည်မြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ဇီးအုပ် တို့မှလာရောက်ရောင်းချကြပြီး၊ သဲကုန်း မြို့နယ်ရှိ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ် တို့မှလည်း ပြည်ဈေးကြီးသို့ လာရောက် ရောင်းချကြောင်း သိရပါတယ်။ နေ့စဉ် ပြည်မြို့မှ တောင်ကုတ်သို့ ငရုတ်သီးစိမ်း အိတ် ၂ဝ မှ ၃ဝ အထိ တင်ပို့ကြပြီး၊ တစ်အိတ်လျှင် ပိဿာချိန် ၃၅-၄ဝ အထိ ပါဝင်ကြောင်းသိရပါတယ်။ အိအိခိုင်
အဝယ်ပြန်သွက်လာလို့ အိန္ဒိယနနွင်းဈေးမြင့်တက်လာ အိန္ဒိယနိုင်ငံ နီဇမ်မာဘတ်မှာ အဝင်များသလို အဝယ်သွက်လာတာကြောင့် နနွင်းလက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့ပါတယ်။ ကြိုပွိုင့်အရောင်းအဝယ်သွက်လာတာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်မှာ ၂ ဒသမ ၅၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အဓိကတော့ ပြည်တွင်းလှောင်လက်များက ဝယ်လိုအားတက်လာတာကြောင့် ဈေးနှုန်း ခိုင်မာနေတာဖြစ်ပါတယ်။ နီဇမ်မာဘတ်ဈေးကွက်ကို ယခင်ရက်များက အိတ် ၅ဝဝဝ ခန့်စီဝင်ရောက်ရာမှ ဖေဖော်ဝါရီလ ၁၆ ရက်မှာ အိတ် ၃ဝဝဝ ဝန်းကျင်ကို လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် နနွင်းထွက်ရှိမှုကို ၇ဝ ကီလိုပါ အိတ်ပေါင်း ၆၉ သိန်း ခန့်မှန်းထားရာ ယခင်နှစ်ထုတ်လုပ်မှု အိတ်ပေါင်း ၄၈ သိန်းထက် ပိုမိုနေပါတယ်။ ယခုနှစ်အတွင်း နနွင်ဈေးက တစ်တန်ကို ရူပီး ၁၁ဝဝဝဝ (ကန်ဒေါ်လာ ၂၄၃၁) ဈေးရှိနေလို့ နနွင်းစိုက်ပိုျးသူ များ အတွက် ဝမ်းမြောက်စရာ ဖြစ်နေပါတယ်။ လာမယ့်ရက်တွေမှာတော့ နနွင်းဝင်ရောက်မှုက ၃ဝ ရာခိုင်နှုန်းခန့် ကျဆင်းလာ နိုင်ပေမဲ့ ဈေးနှုန်းကတော့ မပြောင်းလဲနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ အကယ်လို့ အိန္ဒိယမြောက်ပိုင်းက အဝယ်ထပ် တက်လာရင်တော့ ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အီရော့ နနွင်းကုန်သည်များ ရောင်းချတဲ့ ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန်ကို ရူပီး ၈၆၃၃ဝ-၁၁၁ဝ၅ဝ (ကန်ဒေါ်လာ ၁၉ဝ၈-၂၄၅၅) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၈၆ဝ၃ဝ-၁ဝ၈၁၄ဝ (ကန်ဒေါ်လာ ၁၉ဝ၂- ၂၃၉ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: business line
ဟိုပုံးနနွင်း ဈေးကွက်ကိုအဝင်လှိုင် နနွင်းအထွက်များပြီး၊ ပစ္စည်းကောင်းတဲ့ ဟိုပုံးနနွင်းခြောက်တွေလည်း ဈေးကွက်မှာ အဝင်များလာပြီဖြစ် ပါတယ်။ ဟိုပုံးတောင်ဖက်ခြမ်းဒေသဖြစ်တဲ့ ပေါက်လင်းနယ်ကနေ အများအပြားဝင်လာတာဖြစ်တယ်လို့ သိရ ပါတယ်။ မနှစ်က ဈေးကောင်းခဲ့လို့ ဒီနှစ်တောင်သူတွေ အစိုက်များတာကြောင့် နနွင်းအထွက်လည်း သိပ်မလျော့ခဲ့ ပါဘူး။ နာမည်ကြီး ဟိုပုံးနနွင်း ကလည်း ဈေးကွက်ကိုအတော်များများ ဝင်လာနေပြီလို့သိရပါတယ်။ ဒါပေမဲ့ ဒီနှစ်နနွင်း ဈေးကွက်က မနှစ်ကလောက် မသွက်ဘူးလို့ ဒေသခံကုန်သည်တွေထံမှသိရပါတယ်။ ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ နနွင်းပေါက်ဈေးက တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေး ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း နနွင်းခြောက်တွေက အရင်တစ်ပတ်ကထက် ပိုပြီးဝင်လာတယ်လို့ သိရပါတယ်။ ချင်းလိုပဲ ပြည်ပဝယ်လိုအား ရပ်နေတာကြောင့် အရောင်းအဝယ်ကလည်း အနည်းငယ်အေးနေ တယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်းခြောက်ဈေးက နနွင်းခြောက် (ရိုးရိုး) တစ်ပိဿာ ၂ဝဝဝ ကျပ်၊ ၂၅ဝဝ ကျပ်၊ ဆင်တောင်နနွင်းက ၃ဝဝဝ ကျပ်၊ ၃၅ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
ယခုအပတ် စစ်တွေအပြင် မူဆယ်နယ်စပ်မှ တင်ပို့မှုရှိ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ ပုံမှန်တင်ပို့နေကျဖြစ်တဲ့ စစ်တွေနယ်စပ် အပြင် မူဆယ်နယ်စပ်မှလည်း ပရဆေးကုန်ကြမ်းအဖြစ်အသုံးပြုရန် ဒေသထွက်နနွင်းများကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ဟိုပုံးဒေသထွက် နနွင်းတက် ၆ ဒသမ ၇၉ တန်နဲ့ စစ်တွေနယ်စပ်မှ ၁ တန်၊ စုစုပေါင်း ၈ တန် နီးပါးတန်ဖိုးအားဖြင့် ၁၄၇ဝဝ ဒေါ်လာဖိုး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလထိ ကာလအတွင်း နယ်စပ်စခန်း များမှ နနွင်းတက် တန် ၁ဝဝဝ ကျော်တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)
ပြန်လည်တင်ပို့နိုင်ခဲ့တဲ့နနွင်း ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း နနွင်း ၂၁ တန်ကို ပင် လယ်ရေကြောင်းလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ကုန်သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံကို ၁၆ တန်နဲ့ မလေးရှားနိုင်ငံကို ၅ တန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်း နှစ်ပတ်ခန့် အပို့ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၆၅ဝ ခန့်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၃၄၇ဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT)
မန်ကျည်း ၇၄ တန်တင်ပို့နိုင် ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း မန်ကျည်းတန်ချိန် ၇၄ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့နိုင်ငံက စင်ကာပူနိုင်ငံကို ၂၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၅ဝ တန်ပဲဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၂၅၉ဝဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် မန်ကျည်းတင်ပို့နိုင်မှုက ၂၄ တန်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်အပို့သာခဲ့ တာတွေ့ရပါတယ်။ MIRT (DOT)
ချင်းစိုဈေးကျ၊ ချင်းခြောက်ဈေးမာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ အောင်ပန်းဈေး ကွက်မှာ ဒီတပတ် ချင်းစိုဈေးက အနည်းငယ်ကျလာပြီး၊ ချင်းခြောက်ဈေးက ပြန်တက်လာပါတယ်။ ချင်းခြောက်တွေကလည်း ဈေးကွက်ကိုအများကြီး ဝင်မလာသေး ပါဘူး။ အောင်ပန်းဈေးကွက်မှာ ချင်း (စို) ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေး ရှိပါတယ်။ ဟိုပုံးချင်းဈေးကွက်မှာတော့ အပင်ကျပြီး၊ အခက်လှတဲ့ ချင်း (စို) ကို တစ်ပိဿာ ၄၂ဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့သိရပါတယ်။ ပယ်ချင်းလို့ခေါ်တဲ့ ချင်းညံ့တွေကို အခြောက်ပြုလုပ်ဖို့ ဝယ်ယူနေကြပြီး၊ ချင်းခြောက်တွေ ကတော့ တပေါင်းလမှသာ အဝင်များလာမှာဖြစ်တယ်လို့သိရပါတယ်။ ဒီနှစ်က ပြည်ပဝယ် လက်တွေ အဝယ်ရပ် နေပြီး၊ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေကြပါတယ်။ ဒီနှစ်ထွက်ချင်းကို အလှူပွဲမှာဧည့်ခံရန်၊ ဟင်းခတ် အမွှေး အကြိုင်အဖြစ် အသုံးပြုရန် အတွက်သာ ဝယ်ယူနေကြတဲ့အတွက် တစ်ရက်ကို ပိဿာချိန် ၁ သောင်း၊ ၁ သောင်းခွဲခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်း ခြောက်ဈေးက တစ်ပိဿာ ၁၆ဝဝ ကျပ်မှ ၁၈ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂ဝဝဝ ကျပ်၊ ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။ ဧဧခိုင်
ထမနဲပွဲရာသီဖြစ်လို့ ပြည်ဈေးကွက်မှာ ချင်းဈေးမြင့် ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့်နှင့် အဝင်များ လာပါတယ်။ ယခုကာလသည် တပို့တွဲလ ထမနဲပွဲတော်ချိန်ဖြစ်လို့ တစ်နေ့ကို ပိဿာချိန် ၅ဝဝ ခန့်နှင့် အရောင်းအဝယ် သွက်လျက်ရှိပြီး ယခင်တစ်ပတ်ကထက် ချင်းတစ်ပိဿာကို ၂ဝဝ ကျပ်ခန့်ဈေးမြင့် သွားခဲ့ပါတယ်။ ယခုတစ်ပတ်ချင်းဈေးမှာ တစ်ပိဿာကို (ရှယ်) ၁၃ဝဝ ကျပ်၊ (ဂျွန်) ၁၂ဝဝ ကျပ်တို့ရှိပြီး ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈ဝ-၂ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ဝင်းးလဲ့ဝါ
ဖြည်းဖြည်းမှန်မှန်သွားနေတဲ့ မန်းပြောင်း မန်းဈေးကွက်တွင် ပြောင်းဖူးစေ့ကို တရုတ်ဝယ်လိုအားနည်းလာသော် လည်း ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များ အရက်ချက်လုပ်ငန်းရှင်များတို့ ဝယ်လို အားရှိနေတဲ့အတွက် ပုံမှန်အရောင်းအဝယ်ရှိပြီး ဈေးငြိမ်နေတာ ကိုလည်း တွေ့ရပါ တယ်။ ယခုတစ်ပတ်မှာလည်း ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းဘဲ ပြောင်းလဲမှုမရှိဘဲ ပြောင်းဖူးစေ့ ရှမ်းနဲ့ စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်၊ တစ်တန် ၁၇ဝ၂၄၄ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က တစ်ပိဿာ ၂၆၅ ကျပ်၊ တစ်တန် ၁၆၂၂၈၃ ကျပ် အထွက်တိုးပြောင်း တစ်ပိဿာ ၂၆၄ ကျပ်၊ တစ်တန် ၁၆၁၆၇ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြကြောင်း တွေ့ရပါတယ်။ တရုတ်ဝယ်လိုအားနည်းသော်လည်း ပြည်တွင်း ဝယ်လိုအားရှိနေတဲ့အတွက် ဈေးမကျဘဲ ဈေးငြိမ်နေတာဖြစ်တယ်လို့ ရောင်းဝယ်ကြတဲ့ ကုန်သည်များမှ ပြောကြားကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
USDA ၏ ကြေညာချက်ကြောင့် ပြောင်းဈေးကောင်း အမေရိကန်ရဲ့ ပြောင်းစိုက်ပျိုးသူများက ယခုရက်သတ္တပတ်အတွင်း သတင်းကောင်းတချို့ကြားနေရပါတယ်။ အဲဒါကတော့ အမေရိကန်စိုက်ပျိုးရေး ဌာန(USDA)က ၁၅ နှစ်အတွင်း ပြောင်းသိုလှောင်မှုကျဆင်း သွားတယ်လို့ ကြေညာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။USDA ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ပြောင်းရောင်းလိုအား စုစုပေါင်း ဘူရှယ် ၆၇၅ သန်းရှိတယ်လို့ သိရပါတယ်။ စားသုံးမှုနဲ့အီသနောထုတ်လုပ်မှု နှစ်မျိုးစလံုံးကြောင့် ဝယ်လိုအားတိုးလာပြီ လွန်ခဲ့တဲ့ လ အနည်းငယ်ကတည်းက ရောင်းလိုအားပြတ်လတ်ခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူများက ပြောကြားပါတယ်။ ကမ္ဘာ့အကြီးဆုံးပြောင်းထုတ်လုပ်တဲ့ အာဂျင်တီးနား နိုင်ငံမှာ သီးနံှပျက်စီးမှုကြောင့် ကမ္ဘာ့ရောင်းလိုအားနည်းသွားခဲ့ကြောင်း သိရပါ တယ်။ အာဂျင်တီးနားရဲ့ နောက်ဆုံးအထွက်နှုန်းဟာ ရာသီဥတုဆိုးရွားတာကြောင့် ကျဆင်းနေပြီး ဈေးကွက်ကလည်း ဆက်လက်အကျပ်အတည်းဖြစ်နေကြောင်း ဂျီနီဗာမှ သုတေသီတစ်ဦးက ပြောကြားပါတယ်။ ပြောင်းဟာ စားသုံးဖို့နဲ့ လောင်စာဆီအတွက် လုံလောက်မှုရှိနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်းUSDA ရဲ့ အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။USDA ရဲ့ ကြေညာချက်အပြီးမှာ ပြောင်းဈေးနှုန်းက တစ်ဘူရှယ်ကို ၇ ဒေါ်လာအထိ ရောက်သွားပြီး ပြောင်းထုတ်လုပ် သူတွေကတော့ နွေဦးရာသီ ရိတ်သိမ်းချိန်အတွက် အခွင့် အလမ်းရမယ့် သတင်းကောင်းတွေ ကြားခဲ့ရပါတယ်။ ပြောင်းဈေးနှုန်းက လွန်ခဲ့တဲ့ ၆ လကတည်းက ၂ ဆဖြစ်ခဲ့ပြီး ချီကာဂိုမှာတော့ လ ၃ဝ အတွင်း အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ှSource: Bloomberg.com KZW