Main menu

Background

Sunday, 6 Feb 2011

မတ်ပဲတင်ပို့မှုတန် ၁၅ဝဝဝ ကျော်ထိမြင့်တက်လာ              ယခုသီတင်းပတ် (ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ) အတွင်းမှာ ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၁၅ဝဝဝ ကျော်ထိ တိုးတက် တင်ပို့လာတာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို မတ်ပဲအသစ်တွေ လှိုင်လှိုင်ဝင် လာနေပြီဖြစ်သလို ပြည်ပဝယ်လက်တွေကလည်း အဝယ်ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေကို ဝင်ရောက်မှု တိုးလာတာကြောင့် အဝယ်ရှိပေမဲ့ ဈေးတော့ အနည်းငယ်အေးလာခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလ တစ်လလုံး မတ်ပဲတင်ပို့မှုအနေနဲ့ တန်ချိန် ၄၃ဝဝဝ ကျော်ရှိလို့ ၂ဝ၁ဝ ဒီဇင်ဘာလတင်ပို့မှု တန်ချိန် ၃၂ဝဝဝ ခန့်ထက်ပိုတင်လာတာတွေ့ရပါတယ်။ ကာလတူတင်ပို့မှုနဲ့ နှိုင်းယှဉ်ရာမှာတော့ ၂ဝ၁ဝ ဇန်နဝါရီလမှာ တန်ချိန် ၄၆ဝဝဝ ကျော်ထိ တင်ပို့ခဲ့လို့ အနည်းငယ်လျော့ကျတာတွေ့ရပါတယ်။ ဈေးနှုန်းလျော့ကျခဲ့တဲ့ ရန်ကုန် FOB  ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                          ဒေါ်လာ/တန်                       မတ်ပဲ(FAQ)               မတ်ပဲ(SQ) ၄-၂-၁၁              ၉၁ဝ-၉၂ဝ             ၁ဝ၃ဝ-၁ဝ၄ဝ ၂၇-၁-၁၁            ၉၃ဝ-၉၄ဝ            ၁ဝ၈ဝ-၁ဝ၉ဝ                                                                                                           MIRT(MAPT)

Tuesday, 1 Feb 2011

အိန္ဒိယနနွင်းဝယ်လိုအားနည်းလို့ ဈေးကျဆင်း           အိန္ဒိယဈေးကွက်တွေကို နနွင်းအသစ်ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပေမဲ့ ဒေသတွင်း လှောင်လက်တွေက ဝယ်လိုအားနည်းတာကြောင့် လက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သုညဒသမ ၁၇ ရာခိုင်နှုန်းနဲ့ သုည ဒသမ ၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို နနွင်းအသစ် ဝင်ရောက်မှုဟာ ယခင်သီတင်းပတ်က အိတ် ၁ဝဝဝ နဲ့ ၃ဝဝဝ စီ ဝင်ရောက်ခဲ့ရာက ယခုသီတင်းပတ်မှာ အိတ် ၂၅ဝဝ နဲ့ ၄ဝဝဝ စီဝင်ရောက်လာတယ်လို့ သိရပါတယ်။           ၂ဝ၁ဝ-၂ဝ၁၁ ယခုနှစ်အတွက် နနွင်းထွက်ရှိမှုကို ခန့်မှန်းရာမှာ ၇ဝ ကီလိုပါအိတ် ၆၉ သိန်းထိ ခန့်မှန်းထားပြီး ယခင်နှစ်က အိတ် ၄၈ သိန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ တောင်သူအများစုဟာ နနွင်းဈေးကောင်းနဲ့ ရောင်းရမယ်လို့ မျှော်မှန်းထားပေမဲ့ ဝယ်လက်တွေက ယခင်သီတင်းပတ်ဈေးနဲ့သာ ဝယ်လိုကြတယ်လို့ ဆိုပါတယ်။ တောင်သူများအနေနဲ့ နနွင်းဟောင်းတွေကို ပိုမိုရောင်းချလိုတဲ့အတွက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု တိုးတက်ပေမဲ့ အရောင်းအဝယ်တော့ ထိုင်းနေတယ်လို့ သိရပါတယ်။            ကာလတိုအတွင်းဈေးနှုန်းအလားအလာကတော့ နနွင်းဝင်ရောက်မှုနဲ့ ဝယ်လိုအားပေါ်မူတည်နေပြီး ကာလလတ်နဲ့ ကာလရှည်အတွင်းမှာတော့ ထုတ်လုပ်မှုမြင့်တက်လို့ နနွင်းဝင်ရောက်မှု တိုးတက်လာမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ အီရော့နနွင်းကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်း(အဟောင်း) ဈေးက တစ်တန်ကို ရူပီး ၉၁ဝ၆ဝ-၁၄၇၃၉ဝ (ကန်ဒေါ်လာ ၁၉၉၆-၃၂၃ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉ဝ၉၆ဝ-၁၄၄ဝဝ (ကန်ဒေါ်လာ ၁၉၉၄-၃၁၅၆) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှcif?Source: Angel commodities

Tuesday, 1 Feb 2011

နနွင်းခြောက်လုပ်ဖို့ ဈေးကောင်းပေးဝယ်တဲ့ ဟိုပုံးနနွင်း              နနွင်းစို ဈေးက ဒီတစ်ပတ်မှာ အနည်းငယ်တက်လာပါတယ်။ ဝယ်လက်တွေက အခြောက်ပြုလုပ်ဖို့အတွက် ဝယ်နေ ကြတဲ့အတွက် ဈေးတက်လာတာလို့ သိရပါတယ်။ ဒီနှစ်နနွင်းက ချင်းထက် အထွက်ကောင်းပါတယ်။ ဟိုပုံးမြို့နယ်မှာလည်း ချင်းအထွက်နည်းပေမဲ့ နနွင်းကတော့ ပုံမှန်ထွက်တယ်လို့ သိရပါတယ်။ ဟိုပုံးမြို့နယ်၊ တောင်ပိုင်းနယ်၊ နမ့်ခုတ်မြို့နယ်တွေကနေ ဟိုပုံးဈေးကွက်ကို ဝင်နေပြီး တစ်ရက်ကိုပျမ်းမျှ ပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေပါတယ်။ ဟိုပုံးနနွင်းခြောက်တွေက ဖေဖော်ဝါရီလမှာဈေးကွက်ကို ဝင်လာတော့မှာဖြစ်ပါတယ်။ ယခုလောလောဆယ် နနွင်းခြောက်ပေါက်ဈေးက တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။            အောင်ပန်းဈေးကွက်မှာလည်း နနွင်းခြောက်အဝင်နည်းနေပါသေးတယ်။ ပင်လောင်းနဲ့ ဆင်တောင်က နနွင်းခြောက် တွေသာ နည်းနည်းစီဝင်နေပြီး၊ ပင်လောင်းနနွင်းက တစ်ပိဿာ ကျပ် ၂ဝဝဝ - ၂၁ဝဝ၊ ဆင်တောင်နနွင်းက ကျပ် ၃၃ဝဝ- ၃၄ဝဝ ကျပ် ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Tuesday, 1 Feb 2011

မှန်မှန်တင်ပို့နေတဲ့ နနွင်း               ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကျောက်တော်ဒေသထွက် နနွင်းတက် တစ်တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုး တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ နိုင်ခဲ့ပါတယ်။            မိမိဘက် နနွင်းတက်တစ်တန်ပေါက်ဈေးဟာ ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးက ၁၄ဝဝဝဝ တာကာ ပေါက် လျက်ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ ဒီဇင်ဘာလထိ ကာလအတွင်းမှာ နနွင်းတက်တန်ချိန် ၁ဝဝဝ ကျော် တင်ပို့ထားပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ၅ တန်တင်ပို့ထားပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း(MIRT) 

Tuesday, 1 Feb 2011

ကျောက်ဆည်နနွင်းထွက်ပြီ             ပြည်ပဝယ်လိုအားကောင်းတဲ့ နနွင်းတက်ဟာ မန္တလေးတိုင်းဒေသကြီးအနေနှင့် ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်မှာ အများဆုံးစိုက်ပျိုးတာကိုတွေ့ရပါတယ်။ ထွက်ရှိရာဒေသကိုအစွဲပြုပြီး၊ ဗမာနနွင်းတက်လို့ ခေါ်ဝေါ်ပြီး ရှမ်းနနွင်းထက် အရည်အသွေးကောင်းမွန်တာကြောင့် ဈေးပိုလေ့ရှိပါတယ်။ ယခုရက်များမှာ ဗမာ နနွင်းတက်အသစ်များ စတင်ထွက်ရှိလာရာ တစ်ပိဿာ ၃၅ဝဝ ကျပ် ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ တစ်ဧက ကုန်ကျစရိတ်အနေနဲ့ ငါးသိန်းဝန်းကျင်ကုန်ကျကာ တစ်ပိဿာဈေးအနေနဲ့ ၅ဝဝ ကျပ်ဝန်းကျင်သာကုန်ကျတဲ့အတွက် တောင်သူ အကျိုးအမြတ်ဖြစ်ထွန်းတယ်လို့ သိရပါတယ်။ သီးနံှပေါ်စ ဈေးနှုန်းဖြစ်လို့ အထွက်လှိုင်ချိန် ဈေးအခြေအနေကို စောင့်ကြည့်ဖို့လိုကြောင်း နနွင်းတက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ သင်းးသင်းးမြတ် 

Tuesday, 1 Feb 2011

 ခြံစည်းရိုးကြက်ဆူကို စီးပွားဖြစ်ထုတ်တော့မည်            တရုတ်၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေမှာ စိုက်ပျိုးထားတဲ့ ခြံစည်းရိုးကြက်ဆူ  (Jatropha) သီးနံှတွေကို ရိတ်သိမ်းတော့မှာဖြစ်ပါတယ်။ ခြံစည်းရိုးကြက်ဆူကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ ကုမ္ပဏီတွေက ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ဒါကြောင့် ဇီဝလောင်စာအဖြစ် ထုတ်လုပ်ရေးမှာ ခြံစည်းရိုးကြက်ဆူဟာ အရေးပါတဲ့သီးနံှဖြစ်လာတယ်ဆိုတာကို ဒီနှစ်ထဲမှာပြသနိုင်တော့မှာ ဖြစ်ပါတယ်။                ခြံစည်းရိုးကြက်ဆူကထုတ်တဲ့ဆီကို အဆင့်မြင့်ဇီဝလောင်စာထုတ်လုပ် နိုင်မှာဖြစ်သလို လေယာဉ်ဆီအဖြစ် ထုတ်လုပ်နိုင်မယ့် အလားအလာတွေရှိနေပါတယ်။ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေမှာ ၂ဝဝ၄ ခုနှစ် နှစ်ဦးပိုင်းက တည်းက ကျယ် ကျယ်ပြန့်ပြန့်စိုက်ပျိုးခဲ့ပေမယ့် မျှော်လင့်ထားသလို ဆီအထွက်နှုန်းမရရှိတဲ့အတွက် အိန္ဒိယနိုင်ငံမှာ အောင်မြင်မရမရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သီးနံှရဲ့အထာ ကို သဘောပေါက်လာပြီး ဆီအထွက်နှုန်း တိုးမြှင့်ပေးနိုင်မယ့် နည်းပညာတွေ ကောင်းမွန်လာတဲ့အတွက် ဇီဝလောင်စာဆီဘက်ကို ပြန်လည် စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပါတယ်။ ဂျာမနီနိုင်ငံ လူသန်ဇာ၊ ဘရာဇီးရဲ့ တီအေအမ်၊ အဲနယူးဇီလန်နဲ့ အဲချိုင်းနားစတဲ့ လေကြောင်းကုမ္ပဏီတွေက ခြံစည်းရိုးကြက်ဆူဆီက ထုတ်တဲ့ လောင်စာဆီတွေနဲ့ စမ်းသပ်ပြီး အောင်အောင်မြင်မြင် ပံျသန်းနိုင်ခဲ့ပါတယ်။                Biofuel Resource  ကုမ္ပဏီက တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်မှာ ကြက်ဆူပင် ၃၃ စတုရန်းကီလိုမီတာ စိုက်ပိုျးထားပြီး လေးနှစ်အကြာမှာ စီးပွားဖြစ် ရိတ်သိမ်းထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဒီပြည်နယ်က တရုတ်အစိုး ရက ခွင့်ပြုချက် ပေးထားတဲ့ မြေဧရိယာရဲ့ ၁ဝ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။ ယခုနှစ်ကုန်မှာ ကြက်ဆူဆီ တန်ချိန် တစ်သောင်းခွဲထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏနဲ့ဆိုရင် ထရပ်ကားအစီး ၁ဝဝဝ အတွက် ငါးနှစ်စာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ယခုနှစ်ဒုတိယနှစ်ဝက်မှာ သန့်စင်စက်ရုံကို အပြီးသတ်တည် ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဆူဆီကို ကိုယ်ပိုင်စက်ရုံနဲ့သန့်စင်ပြီး ကွမ်ရှီးပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းတွေကို ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။              သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ ရုပ်ြွကင်းလောင်စာဖြစ်တဲ့ ရေနံကို အဓိကအသုံးပြုတဲ့လုပ်ငန်းကဏ္ဍ ဖြစ်တဲ့အတွက် ဇီဝလောင်စာကိုလက်တွေ့ အစားထိုးနိုင်ပြီဖြစ်တဲ့အတွက် ဇီဝလောင်စာက နေစွမ်းအင်နဲ့ လေစွမ်းအင်တို့ထက် အစားထိုး သုံးစွဲရာမှာ သာလွန်ကောင်းမွန်တယ်လို့ Biofuel Resource  ရဲ့ အမှုဆောင် အရာရှိ မစ္စတာ အန်းနက်တန်က ပြောပါတယ်။              စားနပ်ရိက္ခာထုတ်လုပ်တဲ့သီးနံှတွေ စိုက်ဖို့မသင့်တော်တဲ့မြေနေရာတွေမှာ ခြံစည်းရိုးကြက်ဆူကို စိုက်ပျိုး နိုင်တဲ့အတွက် ခြံစည်းရိုးကြက်ဆူဟာ အားထားနိုင်တဲ့ လောင်စာဆီထုတ်သီးနံှဖြစ်တယ်လို့ စင်ကာပူရှိ စက်မှုလုပ်ငန်းလေ့လာ ဆန်းစစ်သူ တွေက ယုံကြည်ထားပါတယ်။ စိုက်ပျိုးခြံအတော်များများမှာ အောင်မြင်မှုမရရှိတဲ့ အကြောင်းအရင်းက မျိုးစေ့အရိုင်းတွေသုံးတာနဲ့ သီးနံှတွေကို မှန်မှန်ကန်ကန်မစိုက် ပျိုးလို့ဖြစ်ပါတယ်။              စင်ကာပူနိုင်ငံ တီးမားဆက်သက်ရှိ သိပ္ပံဓာတ်ခွဲခန်းက ဆီအထွက်ပို ကောင်းတဲ့ ခြံစည်းရိုးကြက်ဆူကို အောင်မြင်စွာ သုတေသနပြုစိုက်ပျိုးနိုင်ပြီဖြစ် ကြောင်း J.oil သုတေသနပညာရှင် ဒေါက်တာဟောင်းရန်က ပြောပါတယ်။ အခြားစင်ကာပူကုမ္ပဏီတွေကလည်း ခြံစည်းရိုးကြက်ဆူစိုက်ပျိုးရေး လုပ်ငန်းအတွက် ငွေကြေးပုံအော အသုံးပြုလျက်ရှိပါတယ်။ ဒီအထဲမှာ ရိုးမ မဟာဗျူဟာဦးပိုင်ကုမ္ပဏီ့Yoma Strategic Holdings နဲ့ Bioenergy Plantation လည်းပါဝင်ပါတယ်။့Yoma Strategic Holding က မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုး လုပ်ကိုင်နေပြီး Bioenergy Plantation  က အိန္ဒိယနိုင်ငံအန္နရာပရာဒက်ပြည်နယ်မှာ ပထမဆုံး ''ကိုယ်ထူကိုယ်ထ ကျေးရွာ'' တစ်ခုထူထောင်ပြီးခြံစည်းရိုးကြက်ဆူ စိုက်ပိုျးရေးလုပ်ငန်းတွေ၊ စွမ်းအင်ယူနစ်တွေနဲ့ လေစွမ်းအင်စက်ရုံ တွေ အသုံးပြုထားပါတယ်။              Yoma ကုမ္ပဏီက ခြံစည်းရိုးကြက်ဆူ ဟတ်တာ ၂၄ဝ ကို ရိတ်သိမ်း ထားပြီးဖြစ်ပါတယ်။ ခြံစည်းရိုးကြက်ဆူ လုပ်ငန်းက နှစ်ပေါင်းများစွာ ရွာလည် နေရာကနေ ကျယ်ကျယ်ပြန့်ပြန့်စီးပွားဖြစ်စိုက်ပျိုးလာတဲ့အခါမှာတော့ သီးနံှသစ် တစ်ခုအဖြစ် ဖြစ်ထွန်းလာပါတယ်လို့Yoma ကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ Mr.Serge Pun  က ပြောပါတယ်။ Source: The Strait Times, ဉာဏ်တင်

Tuesday, 1 Feb 2011

ဒီတစ်ပတ်နနွင်းပိုတင်ပို့နိုင်ခဲ့                   ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက် တာကာလအတွင်း နနွင်းတန်ချိန် ၁၉ ဒသမ ၆၃ တန်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၆၃ တန်နဲ့ မလေးရှားနိုင်ငံ ကို ၁၈ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်တစ်တန်ကို  FOB ဈေး ကန်ဒေါ်လာ ၁၅၈ဝ ဝန်းကျင်ရှိခဲ့တဲ့ နနွင်းဈေးက ဒီတစ်ပတ်မှာတော့ ၁၉ဝဝ ဒေါ်လာဝန်းကျင်ခန့်ရရှိခဲ့ပါတယ်။ စုစုပေါင်းရရှိခဲ့တဲ့ ပို့ကုန် ဝင်ငွေစုစုပေါင်းက ကန် ဒေါ်လာ ၃၇၅၄၅ ဒေါ်လာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထက် နနွင်း ၅ တန် ခန့်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) 

Sunday, 30 Jan 2011

အဝင်နည်းပေမဲ့ ပြည်ချင်းဈေး ပုံမှန်ရှိ                ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင် အိတ် ၁ဝဝ ခန့်သာ အဝင် ရှိနေပြီး ဈေးနှုန်းမှာ ပုံမှန်ဖြစ်နေပါတယ်။ အရောင်းအဝယ်အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့်ရှိပြီး ရခိုင်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှုရှိတယ်လို့ လည်း သိရပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၁ဝဝ ကျပ်၊ (ဂျွန်) ၉၅ဝ ကျပ်တို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဝင်းလဲ့ဝါ

Sunday, 30 Jan 2011

ချင်းတန်ချိန်သုံးဆယ်တင်ပို့ခဲ့            ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ချင်းတန်ချိန် ၃ဝ ကို ပင်လယ်ရေကြောင်းလမ်းကနေ ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံ ပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၁၄ဝဝ ကျော်နဲ့ တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာတော့ ကန်ဒေါ်လာ ၁၄၇ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက် အပို့လျော့ခဲ့ပါတယ်။ ချင်းတင်ပို့မှု ကနေ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄၄၃၂၅ ရရှိခဲ့ပါတယ်။ MIRT (DOT)  

Sunday, 30 Jan 2011

လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ဘိုကိတ်               ပြည်ဈေးကွက်တွင်းသို့ ဘိုကိတ်ပဲများ အဝင်ပါးလာပြီဖြစ်ပါတယ်။ ဘိုကိတ်ပဲမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်တင်းလျှင် ၂၃ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလက တစ်တင်းကို ၁၆၅ဝဝ-၁၉ဝဝဝ ကျပ်ကြား အရောင်းအဝယ်ကောင်းခဲ့ပြီး၊ ယခုနှစ်မှာ ယခင်နှစ်ဈေးထက် ဈေးကောင်းရ နေပါတယ်။ အဝင်ပါးလာတာကြောင့် ဈေးကောင်းရနေပြီး လက်လီဝယ်ယူသူများနဲ့သာ အရောင်းအဝယ်ဖြစ် နေကြောင်းသိရပါတယ်။ ဆုမွန်မွန်ဆွေ

Pages