Main menu

Background

Sunday, 2 Jan 2011

ယခင်နှစ်လောက်ဈေးကောင်းမရပေမယ့် ဈေးကွက်အတွင်း ပဲကြီးဈေး အမြင့်ဆုံးဖြစ်                ပဲခူးတိုင်းဒေသကြီးအနောက်တွင် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပဲကြီးကို ဧက ၂၉ဝဝဝ ခန့်စိုက်ပိုျးဖို့ လျာထားခဲ့ပြီး ယခု ဒီဇင်ဘာလကုန်မှာ အားလုံးနီးပါး စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးကို မိုးညို၊ အုတ်ဖို၊ နတ်တလင်း၊ ရွှေတောင်၊ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်က ဒီဇင်ဘာလမှာ တစ်တင်း ၃၈ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်မှာတော့ ယခင်နှစ်ဈေးနှုန်း မရရှိဘဲ နှစ်ကုန်မှာ ပဲကြီး (ကမ်းနား) တစ်တင်း ၃၃၅ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၅ဝဝဝ ကျပ်သာရှိတဲ့အတွက် ယခင်နှစ်ထက် တစ်တင်း ၃ဝဝဝ ကျပ်ခန့် ဈေးလျော့နည်းနေကြောင်း သိရပါတယ်။ သို့သော်လည်း ပဲဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ အမြင့်ဆုံး ဖြစ်နေခဲ့ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက်ကို အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                                              ခင်ဆွေဝင်း

Sunday, 2 Jan 2011

ပဲထုတ်လုပ်မှုကိုး တိုးမြှင့်ခြင်းဖြင့် အိန္ဒိယငွေကြေးဖောင်းပွမှုကို လျှော့ချ                  အိန္ဒိယအစိုးရက ကြက်သွန်ဈေးနှုန်းကျဆင်းဖို့ ကြက်သွန်နီ တင်ပို့မှု ကို ပိတ်ပင်လိုက်ခြင်းနဲ့ ပဲမျိုးစုံထုတ်လုပ်မှု မြင့်တက်ခြင်းတို့ကြောင့် ငွေကြေး ဖောင်းပွမှုကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး Pranab Kumar Mukherjee  က ပြောကြားပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခုနှစ် ပဲထုတ်လုပ်မှုဟာ တန်ချိန် ၂ သန်းခန့် မြင့်တက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။                   အိန္ဒိယနိုင်ငံဟာ ယခုနှစ် ပဲဝယ်လိုအား တန်ချိန် ၁၈ သန်း ကျော် နိုင်ပြီး ထုတ်လုပ်မှုက တန်ချိန် ၁၆ ဒသမ ၅ သန်းခန့် ရှိမယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ နိုဝင်ဘာလမှာ ၇ ဒသမ ၄၈ ရာခိုင်နှုန်း ရှိလို့ ၁၁ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး ယခုလကုန်ပိုင်းမှာ အနည်းငယ်မြင့်တက်လာဖွယ်ရှိပေမဲ့ ဇန်နဝါရီလ မှာတော့ အကျဘက်ကို ဆက်လက် ဦးတည် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။                                                               ယမင်းခင်၊ ှSources: commodityonline 

Sunday, 2 Jan 2011

မုံရွာကုလားပဲ ဒီဇင်ဘာမှာ နယ်အဆွဲများခဲ့                 မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဒီဇင်ဘာလထဲမှာ ဒေသ တွင်းလုပ်ငန်းသမားများ မျိုးအတွက် ဝယ်ယူမှုများအပြင် မန္တလေး၊ ရန်ကုန်နယ် အဆွဲပါပိုခဲ့လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ ပဲခွဲစက်၊ ကြာဇံစက်၊ အမှုံကြိတ် စက်လိုင်းသမားတွေအနေနဲ့ ဒီလထဲမှာ ကုန်ကြမ်းပစ္စည်းပိုသူက ထုတ်ရောင်း ခဲ့ကြသလို၊ စက်သမားအချို့ ကုန်ကြမ်းမပြတ်အောင် ဝယ်ယူစုဆောင်းမှုတွေ ရှိခဲ့တဲ့ အတွက် အခုလို အရောင်းသွက်ပြီး ဈေးမာခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးရဲ့ တစ်တင်း အနိမ့် အမြင့်မှာ ကုလားပဲရိုးရိုး ၁၉ဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၂ဝဝဝဝ ကျပ်၊ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၂၂၃ဝဝ ကျပ်၊ ၂၃၈ဝဝ ကျပ်နဲ့ ကုလားပဲ ၉၂၉ ၂၁၅ဝဝ ကျပ်-၂၃ဝဝဝ ကျပ်ဈေးပေါက်ခဲ့ပြီး လကုန်ပတ်မှာ အသီးသီး ဈေး အေးခဲ့ကာ ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ မန္တလေးကို တင်း ၁ဝဝဝဝ ခန့် ရန်ကုန်ကို တင်း ၁ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ အသီးသီး စီးထွက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။                       ထွန်းလှိုင် 

Sunday, 2 Jan 2011

ဈေးအတက်အကျ မငြိမ်တဲ့ ပြည်ကုလားပဲ                   ပဲခူးတိုင်းဒေသကြီးအနောက်မှာ ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကုလားပဲစိုက်ဧက ၂၉ဝဝဝ ခန့်လျာထားပြီး ယခုဒီဇင်ဘာလကုန်မှာ ဧက ၂၇ဝဝဝ ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ ပြည်ကုလားပဲဈေးမှာ တစ်တင်းကို ယခင် တစ်ပတ်က ၂၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပေမဲ့ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်း ၂ဝ၅ဝဝ ကျပ်မှ ၂၁၇ဝဝ ကျပ်အတွင်း ဈေးအတက်အကျ မငြိမ်ဘဲ ရှိနေတာကို တွေ့ရပါတယ်။ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိပဲ တိုင်း အတွင်းမှာသာ အရောင်းအဝယ်ရှိပြီး ပဲခွဲစက်သမားများမှလည်း ပုံမှန် အရောင်းအဝယ်ရှိတာကြောင့် တစ်နေ့ကို အိတ် ၂ဝဝ ကျော်အရောင်း အဝယ် ရှိကြောင်း သိရပါတယ်။                                                                                       လွင်လွင်ဆန်း

Sunday, 2 Jan 2011

ဈေးကွက်များကို ကုလားပဲအဝင်နည်းလို့ ဈေးမြင့်တက်ဖွယ်ရှိ                  အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲအထွက်ပိုမယ့် မျှော်လင့်ချက်တွေက ဈေးကျဆင်းဖို့ ဖိအားဖြစ်စေပေမဲ့ လတ်တလောဈေးကွက်တွေကို ပဲအဝင် လျော့ကျလာတာကြောင့် ဈေးအနည်းငယ်ပြန်မြင့်တက်လာပါတယ်။ ပဲစိုက် ပျိုး ဧရိယာမြင့်တက်ခြင်းနဲ့ ပဲအထွက်ပိုမယ့် မျှော်လင့်ချက်တွေ ရှိပေမဲ့ ကုလားပဲ ကုန်သည်များဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သိသိသာသာကျဆင်းခဲ့တဲ့ ဈေးနိမ့်နဲ့ အဝယ်တက်လာခဲ့တယ်လို့ ဆိုပါတယ်။                   ပဲအများဆုံးစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဒ္ဒရာပရာ ဒေ့ရှ်၊ မဟာရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းနေခြင်းက မြေဆီလွှာ အစိုဓါတ်တိုးတက်စေပြီး စိုက်ပျိုးမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမှု ကတော့ အနည်းငယ် နှေးကွေးနေတယ်လို့ သိရပါတယ်။                                      ယမင်းခင်၊ ှSource: Business standard 

Sunday, 2 Jan 2011

ဈေးအေးနေတဲ့ စစ်ကိုင်းက ပဲတီစိမ်း                  မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလဆန်းမှ ပဲတီစိမ်းကြီးတစ်ပိဿာဈေး ၁၂၆၃ ကျပ်မှ လလယ်တွင် ၁၃၁၆ ကျပ်သို့ ဈေးမြင့်သွားပြီး၊ ယခုဒီဇင်ဘာနောက်ဆုံးပတ်မှာ ၁၁၅၈ ကျပ်သို့ ဈေးအေးသွားပါတယ်။ အလားတူ ပဲတီစိမ်း အသေးတစ်ပိဿာဈေးမှာ ၁၁၈၄ ကျပ်၊ ၁၃၁၆ ကျပ်၊ ၁ဝဝဝ ကျပ် ဈေးပေါက်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအကြီးကို မန္တလေးဝယ်လက် အဆွဲများပြီး၊ ပဲတီစိမ်းအသေးကို ရန်ကုန်ဝယ်လက်မှ အဆွဲများပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းကြီး တင်း ၄ဝဝ ကျော်၊ ပဲတီစိမ်းအသေးတင်း ၆ဝဝ ကျော် အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ တင်း ၉ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ သန်းသန်းတင် 

Sunday, 2 Jan 2011

တရုတ်ဆွဲအားကောင်းလာတဲ့ မန်းပဲတီစိမ်း                မန်းဈေးကွက်သို့ မုံရွာ၊ ရွှေဘိုနယ်ဘက်မှ ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ ဈေးကွက်အတွင်းမှာ အသစ်ရော၊ အဟောင်းပါ အရောင်းအဝယ်သွက်နေကြပါတယ်။ တရုတ်ဝယ်လက်မှ ပဲတီစိမ်း (ထိပ်စ) များသာ ဝယ်ယူကြပြီး၊ လတ်စနဲ့အောက်စများကိုတော့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်လုပ်ငန်းရှင်များမှသာ အများဆုံးဝယ်ယူနေတာကို တွေ့ရပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းတွေက တစ်ပိဿာ ၁၃၅ဝ ကျပ်၊ တစ်တန် ၈၂၆၇ဝဝ ကျပ်၊ အောက်စ တစ်ပိဿာ ၁ဝ၁၃ ကျပ်၊ တစ်တန် ၆၂ဝ၃ဝဝ ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ် အတွင်း တရုတ်သို့ ၈၇ဝ တန်၊ ရန်ကုန်သို့ ၄၉ဝ တန် တင်ပို့မှုရှိခဲ့ပြီး၊ ဈေးကွက်အတွင်းမှာ ယခင်တစ်ပတ်က ပဲတီစိမ်းဟာ တရုတ် ဝယ်လိုအားနည်းခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တရုတ်ဝယ်လိုအား ပြန်ကောင်းလာတယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောကြားကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး 

Sunday, 2 Jan 2011

အိန္ဒိယပဲတီစိမ်း နိုဝင်ဘာထက် ဒီဇင်ဘာ ကာလတူဈေးပိုလာ                အိန္ဒိယဈေးကွက်တွေမှာ မိုးပဲတီစိမ်းအထွက်ပိုပြီး ဆောင်းစိုက်ပဲကလည်း စိုက်ဧရိယာပိုမယ်လို့ ခန့်မှန်းထားပေမဲ့ လတ်တလော ဈေးကွက်တွေမှာတော့ ပဲတီစိမ်းဈေးက ခိုင်မာနေပါတယ်။ နိုဝင်ဘာလကုန်ရက်နဲ့ ဒီဇင်ဘာလ ကုန်ရက်ဈေးနှုန်း နှိုင်းယှဉ်ရာမှာ ဈေးအနည်းငယ် ပိုလာတာတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတကာဈေးကွက်မှာ ဝယ်လိုအားကောင်းနေတဲ့ ပဲဖြစ်လို့ အိန္ဒိယမှာလည်း ဈေးမကျဘဲ ခိုင်မာနေတာဖြစ်ပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဒေလီဈေးကွက်တို့မှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                           ဒေါ်လာ/ တန်                      ချန်နိုင်းဈေးကွက်              ဒေလီဈေးကွက်၃ဝ-၁၂-၁ဝ         ၁ဝ၂၄-၁ဝ၃၆                   ၁ဝဝ၂-၁ဝ၃၆၃ဝ-၁၁-၁ဝ             ၉၉၆                        ၉၆၃-၁ဝ၂၈MIRT (MAPT)

Sunday, 2 Jan 2011

နယ်စပ် အပို့ တန် ၁ဝဝဝ ကျော်                ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ပဲတီစိမ်း တန် ၁၁၅၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် မူဆယ်မှ ၁ဝ၂၈ တန်နဲ့ စစ်တွေမှ ၆ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာ တန် ၁၂ဝ ကျော်တင်ပို့ မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်း တင်ပို့နိုင်ခဲ့ခြင်း မရှိပါဘူး။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ နယ်စပ်မှ ပဲတီစိမ်း တန်ချိန် ၇၄ဝဝဝ ကျော်တင်ပို့နိုင်ပြီး ဖြစ်ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်း ဈေးကျဆင်းလျက် ရှိတာတွေ့ရပါတယ်                                                    မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု        ယခင်         ပြောင်းလဲမှု         ရာခိုင်နှုန်း        ယခု      ယခင်       ပြောင်းလဲမှု      ရာခိုင်နှုန်းပဲတီစိမ်း    ၉၆ဝဝ၆၈   ၉၈၂၄ဝ၆          ၂၂၃၃၈             ၂ .၃          ၁၁၇၉    ၁၂၃၃           ၅၄              ၄ .၄MIRT (DOBT)

Sunday, 2 Jan 2011

ပင်လယ်ရေကြောင်း အပို့ တန် ၃ဝဝဝ ကျော်သာရှိ            ယခင်သီတင်းပတ်က ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ကျော်ထိ ပင်လယ်ရေကြောင်းက တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျတင်ပို့ခဲ့ပါတယ်။ အိန္ဒိယဝယ်လိုအားရှိတဲ့ ခရမ်းရွှေဝါ၊ ပဲတီစိမ်းအလုံးကြီးများ အသစ်မထွက်သေးတဲ့အတွက် တင်ပို့မှုလျော့နည်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်း၊ မုံရွာဘက်က ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး တရုတ်ဝယ်လက်က အရည်အသွေးကောင်းတွေကို ဈေးပေးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်တစ်ပတ်ဈေးအတိုင်း FAQ  (အညာ၊ ပခုက္ကူ) တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ- ၁၂၂ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT

Pages