Background
မန်ကျည်းသီးမှည့်ပြည်မန်ကျည်းမှည့် ဈေးမာ ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များ ဈေးမာလာပါတယ်။ လက်ကျန်နည်းပြီး မန်ကျည်းမှည့် အသစ် မဝင်သေးတာကြောင့် ဈေးမာ လာတယ်လို့ သိရပါတယ်။ ယခင်လက မန်ကျည်းမှည့် တစ်ပိဿာလျှင် လက် လီ ၁၅ဝဝ ကျပ်၊ လက်ကား ၁၂ဝဝ ကျပ်မှ ယခုလက်လီတစ်ပိဿာ ၂ဝဝဝ ကျပ်၊ လက်ကားတစ်ပိဿာ ၁၈ဝဝ ကျပ် အထိ ဈေးမြင့်ခဲ့တယ်လို့ သိရပါ တယ်။ အိရွှေစင်
မန်ကျည်းသီးမှည့် စစ်တွေနယ်စပ်ကနေ ယခု အပတ်မှာ မန်ကျည်းသီးမှည့် အစေ့ပါ တင်ပို့မှုမရှိခဲ့ပေမဲ့ ယခင်အပတ်က ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး စစ်တွေ နယ်စပ်က တင်ပို့နိုင်ခဲ့ပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်း သီးမှည့်များကို စစ်တွေနယ်စပ် က ပုံမှန်လေး တင်ပို့လျက်ရှိပြီး ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ မန် ကျည်းသီးမှည့် ၂၂၄ တန် တင်ပို့ထား ပြီးဖြစ်ပါတယ်။စစ်တွေနယ်စပ်မှ မန်ကျည်းသီးတစ်တန်ကို မိမိဘက်မြေ ပြင် ပေါက်ဈေး ၃၇၉၄၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးက ၃၅ဝဝဝ တာကာ ရှိတယ်လို့ သိရပါတယ်။ တင်တင်ထွန်း(MIRT)
အိန္ဒိယနနွင်းဈေး တစ်တန်ကို ရူပီး ၁၇ဝဝဝဝ (ကန်ဒေါ်လာ ၃၇၆၂) ထိ စံချိန်တင်ရောက်ရှိလာ အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်မှာ နနွင်းဈေးက တစ်တန်ကို ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၁) မြင့်တက်ပြီး ကန်ဒေါ်လာ ၁၇ဝ၂၉ဝ (ကန်ဒေါ်လာ ၃၇၆၉) ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလ စာခုျပ်ဈေးဟာ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလကုန်က တစ်တန်ကို ရူပီး ၁၆ဝဝဝဝ (ကန်ဒေါ်လာ ၃၅၄၁) ရှိခဲ့ရာက တစ်လအတွင်း ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၁) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအထက်ပိုင်းက နနွင်းဝယ်လိုအား ရုတ်တရက် မြင့်တက်လာတာ ကြောင့် အီရော့နနွင်းကုန်သည်များ ဈေးကွက်မှာ ဒီဇင်ဘာလ ၂၁ ရက်က တစ်တန် ကို ရူပီး ၄၅ဝ-၅၅ဝ (ကန်ဒေါ်လာ ၉ ဒသမ ၉၆-၁၂) မြင့်တက်ခဲ့တယ်လို့ ဆိုပါ တယ်။ အနည်းဆုံးနောက် ၁ဝ ရက်မှာလည်း ဒီဈေးအတိုင်း ဆက်ရှိနေအုံးမယ်လို့ ကုန်သည်တိုင်းက ခန့်မှန်း နေကြတယ်လို့ ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ နနွင်း လက်ကျန်မရှိတော့လို့ ကုန်သည်အားလုံးက အီရော့ဈေးကွက်ကိုဘဲ မျက်စိကျ နေကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယမြောက်ပိုင်းက ကုန်သည်များက အော်ဒါအချို့လက်ခံရရှိတဲ့ အတွက် အီရော့ဈေးကွက်မှာ အဝယ်များချက်ချင်းတက်လာခဲ့ပါတယ်။ ဒါ့အပြင် ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာလည်း အိတ် ၂၄ဝဝ ကို ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းမြင့်တက်လာတော့ တောင်သူတွေက ၎င်းတို့လက်ကျန်များ လာမယ့် ရက်တွေမှာ ရောင်းချလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အီရော့သမ ဈေးကွက်မှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁၆၃၅၆ဝ -၁၆၈၈၈ဝ (ကန်ဒေါ်လာ ၃၆၂ဝ-၃၇၃၈) နဲ့ နနွင်းဥဈေးက ရူပီး ၁၆၄၇၉ဝ-၁၆၈၇၉ဝ (ကန်ဒေါ်လာ ၃၆၄၇-၃၇၃၅) ဈေးနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSources: business line
ဘဏ္ဍာနှစ်အတွင်း နယ်စပ်က တန်ချိန် ၁ဝဝဝကျော် တင် ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ နနွင်းတက် ၆ တန် ကန်ဒေါ်လာ ၁၁ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၆ တန်ခွဲတင်ပို့ခဲ့တာမို့နနွင်းတက်တင်ပို့မှုမှာ ပုံမှန်လေးပဲ ရှိနေပါတယ်။ ဧပြီလမှ ဒီဇင်ဘာလလယ်အထိ နယ်စပ်မှ နနွင်းတက်တင်ပို့မှုမှာ တန်ချိန်၁ဝ၁၇တန် ကျော်ပြီဖြစ်ပါတယ်။ MIRT(DOBT)
နနွင်းတန်ချိန်ပိုမိုတင်ပို့နိုင်ခဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်လမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၃ဝ တန် ၊ တန်ဖိုး ကန်ဒေါ်လာ ၄၅၉ဝဝ ဖိုးကိုတင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံကိုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ နနွင်းတန်ချိန် ၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခုသီတင်းပတ်မှသာ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၅ဝဝ ခန့်နဲ့ တင်ပို့ခဲ့ပြီး စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ၄၅၉ဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT)
နယ်စပ် အပို့နည်း ယခုအပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၁၄ဝဝ တန်ဖိုးရှိ ကျောက်ချင်း ၂ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ပြီး ယခင်အပတ်က ချင်းရွှေဟော်က ၂၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မှာ ချင်းခြောက်တစ်တန်ကို ကျပ် ၁ ဒသမ ၈ သန်း ဈေးပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
ရှမ်းချင်းသစ် ဈေးကွက်ဝင် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်တွေမှာ ချင်းအသစ်တွေလည်း တစိမ့်စိမ့်နဲ့ ဝင်လာနေပါပြီ၊ ကလော ဒေသတစ်ဝိုက်ကထွက်တဲ့ ချင်းတွေက ချင်းဈေးကွက်ကို အရင်ဆုံးဝင်ခဲ့ပြီး၊ ဟိုပုံးနမ့်စန်ကထွက်တဲ့ ချင်းစိုတွေကတော့ ဒီဇင်ဘာလလယ်မှသာ ဈေးကွက်ကိုဝင်လာတာဖြစ်ပါတယ်။ ဟိုပုံးမြို့နယ်၊ တုံဟေးရွာ၊ ပန်းမာရွာစတဲ့ ရွာတွေကနေစပြီး ထွက်လာတာလို့ သိရပါတယ်။ ဒီနှစ် ဟိုပုံးချင်းကလည်း ရာသီဥတုဖောက်ပြန်တာကြောင့် အထွက်နှုန်း နည်းနိုင်တယ်လို့ သိရပါတယ်။ အခက်လှပြီး ကြီးတဲ့ချင်းဈေးက တစ်ပိဿာ ၅ဝဝ ကျပ်ဈေးရှိပါတယ်။ ပေါ်ကာစဖြစ်လို့ အထွက်လည်း နည်းနေသေးတော့ လက်လီအဖြစ်သာ ပြန်ရောင်း နေကြပြီး တစ်ပိဿာကို ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ် ဈေးရှိပါတယ်။ နမ့်စန်ချင်း တွေလည်း ၁ လပိုင်းလောက်မှသာ အဝင်လှိုင်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နမ့်စန်ချင်းကလည်း တစ်ပိဿာကို ၄ဝဝ ကျပ်-၄၅ဝ ကျပ်ဈေးပဲ ရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၅၅ဝ ကျပ်- ၆ဝဝ ကျပ်- ၆၅ဝ ကျပ်ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်-၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ တစ်ရက်ကို ချင်းပိဿာချိန် ၅ဝဝဝ မှ ၁ဝဝဝဝ ခန့်ပုံမှန်ဝင်နေ ပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာစတဲ့မြို့တွေကနေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၁ ဒသမ ၉ သိန်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
အဝင်အေးလို့ ဈေးမြင့်လာတဲ့ ပြည်ချင်းဈေးကွက် အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ အဝင်နည်းနေပြီး ဈေးနှုန်းမှာလည်း တစ်ပိဿာကို ၂ဝဝ ကျပ်ခန့် မြင့်တက်သွားခဲ့ပါတယ်။ ဈေးမြင့်သွားလို့ တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နှင့် အရောင်းအဝယ်လည်း အေးနေပါတယ်။ ပြည်ဈေးကွက်၌ ယခုအပတ် ချင်းဈေးအကြီး တစ်ပိဿာ ၁၃ဝဝ ကျပ်၊ အသေး ၁၁ဝဝ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိတယ်လို့ သိရပါတယ်။ ဝင်းးလဲ့ဲ့ဝါ
နယ်အဆွဲသွက်လို့ တက်ဈေးရတဲ့ မိုးကြက်သွန် မုံရွာနယ်မှာစိုက်ခဲ့ကြတဲ့ မိုးကြက်သွန်အများစု၊ ယခုလဆန်းပိုင်းကစပြီး မုံရွာကြက်သွန်ပွဲရုံတွေဆီ ဝင်ရောက်လာခဲ့ရာ ဒီဇင်ဘာ တတိယပတ်မှာ မန္တလေး၊ ရန်ကုန်အပြင် တမူးနယ်ဘက်ကပါကြက်သွန်နီအသစ်တွေ ဆွဲယူမှုရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကြက်သွန်အဟောင်းဈေးကွက်ထဲ လက်ကျန် နည်းသွားလို့ နယ်ကဝင်လာတဲ့ အသစ်တွေ ဈေးကောင်းရပြီး ဝယ်လက် သွက်လာ လို့ ပွဲရုံမှာ တစ်နေ့ဝင်သမျှ နေ့ချင်းရောင်းကုန် ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ လက်ရှိပေါက်ဈေးအနေနဲ့ ပစ္စည်းရှားပါးတဲ့ အဟောင်းရှယ်တစ်ပိဿာ ၄ဝဝ ကျပ်ရခဲ့ပြီး၊ လတ်စ ၃ဝဝ ကျပ်၊ အညံ့ ၂ဝဝ ကျပ်ဝန်းကျင်နဲ့ ကြက်သွန်နီ အသစ်ကတော့ တစ်ပိဿာ ၃ဝဝ ကျပ်၊ ၃၅ဝ ကျပ်နဲ့ အရောင်းအဝယ် သွက်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ မုံရွာပွဲရုံတွေကနေ နယ်ကို ကြက်သွန်နီ ထပ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို ပိဿာ ၂ သိန်းခန့်၊ ရန်ကုန်ကို ပိဿာ ၂ သောင်းခန့်နဲ့ ပခုက္ကူကို ပိဿာ ၁ သောင်းခန့်စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
နိုဝင်ဘာလမှာ တရုတ်နိုင်ငံက သကြားတင်သွင်းမှုလျော့ တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှုဟာ ယခုနှစ် ပထမ ၁၁ လအတွင်း တန်ချိန် ၁ ဒသမ ၆၄ သန်းရှိခဲ့လို့ ယခင်နှစ်ထက် ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ပြောကြားပါတယ်။ နိုဝင်ဘာလအတွင်းမှာ တော့ တန်ချိန် ၂၃ဝ၃၄ တန်သာတင်သွင်းခဲ့လို့ ယခင်နှစ်ကာလတူထက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင်လထက် ၉ဝ ဒသမ ၈၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ကွမ်ရှီးပြည်နယ်အတွင်း ဒီဇင်ဘာလ ၂ဝ ရက်မှာ စုစုပေါင်း သကြားစက် ၉၂ စက် လည်ပတ်လျက်ရှိပြီး တစ်ရက်ကို စုစုပေါင်း ထုတ်လုပ်နှိုင်မှုတန်ချိန် ၆၁၈ဝဝဝ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သကြားအရန်သိုလှောင်မှုထဲက လေလံတန်ချိန် ၂ သိန်းရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမုံနာ၊ Sources: china daily