Background
နယ်စပ် အပို့နည်း ယခုအပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၁၄ဝဝ တန်ဖိုးရှိ ကျောက်ချင်း ၂ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ပြီး ယခင်အပတ်က ချင်းရွှေဟော်က ၂၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မှာ ချင်းခြောက်တစ်တန်ကို ကျပ် ၁ ဒသမ ၈ သန်း ဈေးပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
ရှမ်းချင်းသစ် ဈေးကွက်ဝင် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်တွေမှာ ချင်းအသစ်တွေလည်း တစိမ့်စိမ့်နဲ့ ဝင်လာနေပါပြီ၊ ကလော ဒေသတစ်ဝိုက်ကထွက်တဲ့ ချင်းတွေက ချင်းဈေးကွက်ကို အရင်ဆုံးဝင်ခဲ့ပြီး၊ ဟိုပုံးနမ့်စန်ကထွက်တဲ့ ချင်းစိုတွေကတော့ ဒီဇင်ဘာလလယ်မှသာ ဈေးကွက်ကိုဝင်လာတာဖြစ်ပါတယ်။ ဟိုပုံးမြို့နယ်၊ တုံဟေးရွာ၊ ပန်းမာရွာစတဲ့ ရွာတွေကနေစပြီး ထွက်လာတာလို့ သိရပါတယ်။ ဒီနှစ် ဟိုပုံးချင်းကလည်း ရာသီဥတုဖောက်ပြန်တာကြောင့် အထွက်နှုန်း နည်းနိုင်တယ်လို့ သိရပါတယ်။ အခက်လှပြီး ကြီးတဲ့ချင်းဈေးက တစ်ပိဿာ ၅ဝဝ ကျပ်ဈေးရှိပါတယ်။ ပေါ်ကာစဖြစ်လို့ အထွက်လည်း နည်းနေသေးတော့ လက်လီအဖြစ်သာ ပြန်ရောင်း နေကြပြီး တစ်ပိဿာကို ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ် ဈေးရှိပါတယ်။ နမ့်စန်ချင်း တွေလည်း ၁ လပိုင်းလောက်မှသာ အဝင်လှိုင်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နမ့်စန်ချင်းကလည်း တစ်ပိဿာကို ၄ဝဝ ကျပ်-၄၅ဝ ကျပ်ဈေးပဲ ရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၅၅ဝ ကျပ်- ၆ဝဝ ကျပ်- ၆၅ဝ ကျပ်ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်-၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ တစ်ရက်ကို ချင်းပိဿာချိန် ၅ဝဝဝ မှ ၁ဝဝဝဝ ခန့်ပုံမှန်ဝင်နေ ပါတယ်။ ပြည်တွင်းသုံးအတွက် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာစတဲ့မြို့တွေကနေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ၁ ဒသမ ၉ သိန်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
အဝင်အေးလို့ ဈေးမြင့်လာတဲ့ ပြည်ချင်းဈေးကွက် အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ အဝင်နည်းနေပြီး ဈေးနှုန်းမှာလည်း တစ်ပိဿာကို ၂ဝဝ ကျပ်ခန့် မြင့်တက်သွားခဲ့ပါတယ်။ ဈေးမြင့်သွားလို့ တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နှင့် အရောင်းအဝယ်လည်း အေးနေပါတယ်။ ပြည်ဈေးကွက်၌ ယခုအပတ် ချင်းဈေးအကြီး တစ်ပိဿာ ၁၃ဝဝ ကျပ်၊ အသေး ၁၁ဝဝ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိတယ်လို့ သိရပါတယ်။ ဝင်းးလဲ့ဲ့ဝါ
နယ်အဆွဲသွက်လို့ တက်ဈေးရတဲ့ မိုးကြက်သွန် မုံရွာနယ်မှာစိုက်ခဲ့ကြတဲ့ မိုးကြက်သွန်အများစု၊ ယခုလဆန်းပိုင်းကစပြီး မုံရွာကြက်သွန်ပွဲရုံတွေဆီ ဝင်ရောက်လာခဲ့ရာ ဒီဇင်ဘာ တတိယပတ်မှာ မန္တလေး၊ ရန်ကုန်အပြင် တမူးနယ်ဘက်ကပါကြက်သွန်နီအသစ်တွေ ဆွဲယူမှုရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကြက်သွန်အဟောင်းဈေးကွက်ထဲ လက်ကျန် နည်းသွားလို့ နယ်ကဝင်လာတဲ့ အသစ်တွေ ဈေးကောင်းရပြီး ဝယ်လက် သွက်လာ လို့ ပွဲရုံမှာ တစ်နေ့ဝင်သမျှ နေ့ချင်းရောင်းကုန် ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ လက်ရှိပေါက်ဈေးအနေနဲ့ ပစ္စည်းရှားပါးတဲ့ အဟောင်းရှယ်တစ်ပိဿာ ၄ဝဝ ကျပ်ရခဲ့ပြီး၊ လတ်စ ၃ဝဝ ကျပ်၊ အညံ့ ၂ဝဝ ကျပ်ဝန်းကျင်နဲ့ ကြက်သွန်နီ အသစ်ကတော့ တစ်ပိဿာ ၃ဝဝ ကျပ်၊ ၃၅ဝ ကျပ်နဲ့ အရောင်းအဝယ် သွက်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ မုံရွာပွဲရုံတွေကနေ နယ်ကို ကြက်သွန်နီ ထပ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို ပိဿာ ၂ သိန်းခန့်၊ ရန်ကုန်ကို ပိဿာ ၂ သောင်းခန့်နဲ့ ပခုက္ကူကို ပိဿာ ၁ သောင်းခန့်စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
နိုဝင်ဘာလမှာ တရုတ်နိုင်ငံက သကြားတင်သွင်းမှုလျော့ တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှုဟာ ယခုနှစ် ပထမ ၁၁ လအတွင်း တန်ချိန် ၁ ဒသမ ၆၄ သန်းရှိခဲ့လို့ ယခင်နှစ်ထက် ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ပြောကြားပါတယ်။ နိုဝင်ဘာလအတွင်းမှာ တော့ တန်ချိန် ၂၃ဝ၃၄ တန်သာတင်သွင်းခဲ့လို့ ယခင်နှစ်ကာလတူထက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင်လထက် ၉ဝ ဒသမ ၈၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ကွမ်ရှီးပြည်နယ်အတွင်း ဒီဇင်ဘာလ ၂ဝ ရက်မှာ စုစုပေါင်း သကြားစက် ၉၂ စက် လည်ပတ်လျက်ရှိပြီး တစ်ရက်ကို စုစုပေါင်း ထုတ်လုပ်နှိုင်မှုတန်ချိန် ၆၁၈ဝဝဝ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သကြားအရန်သိုလှောင်မှုထဲက လေလံတန်ချိန် ၂ သိန်းရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမုံနာ၊ Sources: china daily
အရောင်းအဝယ်အေး မန်းပြောင်းဈေး အစေ့ထုတ်ပြောင်း (ပြောင်းဖူးစေ့)အသစ်များ အောက်တိုဘာလ လလယ်လောက်က စပြီး မန္တလေး ဈေးကွက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေပြည်တော်လယ်ဝေး၊ နေပြည်တော်တပ်ကုန်း၊ မြင်းခြံ၊ တောင်သာနယ်တို့မှ ဝင်ရောက်လာပြီး ရှမ်းပြောင်း သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်ခန့်၊ ဗမာပြောင်း ၁၄ဝဝဝ ကျပ်ဝန်းကျင်ဈေးဖြင့် ဝယ်လိုအားရောင်းလိုအား ကောင်းပြီး မူဆယ်ဈေးကွက်ကို တန်ချိန် ၆၃ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ ပြောင်းဖူးစေ့ (ရှမ်း) သုံးတင်းဝင်တစ်အိတ် ၁၅ဝဝဝ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်ဝန်းကျင်ဖြင့် မူဆယ်ဈေးကွက်သို့ တန်ချိန် ၇ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလဆန်းမှာ ရှမ်းပြောင်းသုံးတင်းဝင် တစ်အိတ် ၁၅၆ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၈ ကျပ်၊ ဗမာပြောင်း ၁၄၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၇၆ ကျပ်ဈေးဖြင့် အရောင်းအဝယ်ကောင်းခဲ့သော်လည်း ဒီဇင်ဘာ တတိယပတ်တွင် အရောင်းအဝယ်အေးခဲ့ပြီး ရှမ်းပြောင်းတစ်အိတ် ၁၃၈ဝဝ ကျပ်မှ ၁၄ဝဝဝ ကျပ် တစ်ပိဿာ ၂၅၆ ကျပ်ခန့် ဗမာပြောင်း ၁၃၅ဝဝ ကျပ်၊ တစ်ပိဿာ ၂၅ဝ ကျပ်ဖြင့် တစ်နေ့သုံးတင်းဝင်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ဝန်းကျင်ခန့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒေသတွင်းကြက်စာသမားများ၊ အရက်ချက်စက်ရုံများ ၊ လှောင်လက်သမားများမှလည်း ဝယ်ယူမှုရှိကြောင်း သိရပါ တယ်။ မြင့်ခိုင်
ဒီတစ်ပတ် မူဆယ်က တန် ၁၂ဝဝဝကျော်ပို့ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းကျော်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၈ဝ၃ တန်ကျော်နဲ့ နံှစားပြောင်း ၃၂၃ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၁၂၇၅၉ တန်ကျော်နဲ့ လွယ်ဂျယ်နယ်စပ်မှ ၄၄ တန် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှု မရှိဘဲ မိမိဘက်မြေပြင်ပေါက်ဈေးမှာမူ မြင့်တက်လျက်ရှိသော်လည်း တစ်ဘက်နိုင်ငံက ဝယ်လိုအားရှိ ပစ္စည်းဖြစ်တဲ့အတွက် တင်ပို့မှုပိုမိုခဲ့ရတယ် လို့ သိရပါတယ်။ ယခင်အပတ်က ပြောင်းဖူးစေ့ ၁၁၆၉၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ တန်ချိန် ၁ဝ၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၅၉၆၃ ၂၄၅၈၇၂ ၉၁ ဝ .ဝ၄ ၂၈ဝ ၂၇၉ ၁ ဝ .၃နံှစားပြောင်း ၂၅၆၉၄၄ ၂၄၆၉၃၈ ၁ဝဝဝ၆ ၄ ၃၂၉ ၃၂၉ - ဝMIRT (DOBT)
ပင်လယ်ရေကြောင်းက စင်ကာပူနှင့် မလေးရှားကိုပို့ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၈၃၇ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၁၂ သန်းဖိုးကို စင်ကာပူနဲ့ မလေးရှားနိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ၂၁၆ တန်သာ တင်ပို့ခဲ့တာကြောင့် တန်ချိန် ၄ ဆခန့် ပုံမှန်တင်ပို့မှုထက် ပိုတင်ပို့ ခဲ့ပါတယ်။ ခင်ကလျာဦီး
အာရှဈေးကွက်များနှင့် တိုးခဲျ့ချိတ်ဆက်တော့မယ့် တရုတ်နိုင်ငံ တရုတ်နိုင်ငံက အိမ်နီးချင်းအာရှနိုင်ငံများရှိ ဈေးကွက်များကို တိုးခဲျ့ချိတ်ဆက်ပြီး နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်တော့မယ်လို့ တရုတ်ရင်းနှီးမြူပ်နံှမှုကော်ပိုရေးရှင်းဘုတ်အဖွဲ့ ဥက္ကဌ Jin က ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် အစောပိုင်းကစပြီး တရုတ်နိုင်ငံက အာဆီယံအသင်းကြီးရဲ့အဖွဲ့ဝင် ၁ဝ နိုင်ငံမှ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အခွန်သုည ရာခိုင်နှုန်းအထိလျော့ချပြီး အာဆီယံနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တိုးခဲျ့လျက်ရှိပါတယ်။ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်တဲ့ စာရင်းအရ ယခုနှစ်မှာ တရုတ်နဲ့ အာဆီယံနိုင်ငံများရဲ့ ကုန်သွယ်မှုပမာဏထက် ၅၈ ရာခိုင် နှုန်းတိုးတက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တရုတ်-အာဆီယံရံပုံငွေကို တည်ထောင်ထားပြီး အာဆီယံနိုင်ငံများတွင် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ဖို့ ရည်ရွယ်ထားကြောင်း Jin ကပြောပါတယ်။ ၎င်းရံပုံငွေ ထဲကို တရုတ် ရင်းနှီးမြှုပ်နံှမှုကော်ပိုရေးရှင်းက ဘဏ္ဍာငွေထည့်ထားခြင်းကို ဆက်လက်တိုးခဲျ့သွားမှာ ဖြစ်သော်လည်း အာရှနိုင်ငံများနဲ့ ချိတ်ဆက်ရာမှာ အီးယူနိုင်ငံများနဲ့ ချိတ်ဆက်ခြင်းထက် နက်ရှိုင်းမှုနဲ့ အတိုင်းအတာ အရတော့ နောက်ကျ နေသေးတယ်လို့ Jin က ဆိုပါတယ်။ သုတ၊Source : Xinhua
စီးပွားရေးပြုပြင်ပြောင်းလဲဖို့ အင်ဒိုနီးရှား ကန်ဒေါ်လာသန်း ၂ဝဝ ရရှိ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အင်ဒိုနီးရှားနိုင်ငံတွင် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲမွဲတေ မှုကို လျှော့ချဖို့အတွက် စီးပွားရေးပြုပြင်ပြောင်းလဲဖို့ ကန်ဒေါ်လာ ၂ဝဝ သန်းကို ထောက်ပံ့ပေးလျက်ရှိတယ်လို့ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် Jakarta Rost တွင် ဖော်ပြထားပါတယ်။ ၂ဝဝ၄ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်နဲ့ ဂျပန်နိုင်ငံအစိုးရတို့နဲ့ ပူးတွဲဆောင်ရွက်ခဲ့တဲ့ ထောက်ပံ့ရေးအစီအစဉ် အရ ယခုအခါ ဆဌမအကြိမ် ဖွံ့ဖြိုးတိုးတက်ရေးပေါ်လစီ ထောက်ပံ့ရေးအစီအစဉ်အဖြစ် ချေးငွေကို အာရှဖွံ့ဖြိုးရေး ဘဏ်ဒါရိုက်တာအဖွဲ့မှ အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မကြာမီနှစ်များအတွင်းက စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှုလျှော့ချမှုတို့မှာ သိသာစွာ တိုးတက်မှုရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အာရှဘဏ္ဍာရေးအကျပ် အတည်းကာလ မတိုင်မီ ရှိခဲ့တဲ့ စီးပွားရေးအဆင့်ကိုတော့ မမီသေးပါဘူး။ စီးပွားရေးတိုးတက်ဖို့၊ ဆင်းရဲမွဲတေမှု ကိုလျှော့ချဖို့နဲ့ ပြည်သူ့ ဝန်ဆောင်ရေးကိစ္စတွေကို သုံးစွဲနိုင်ဖို့ အစိုးရအနေနဲ့ ဦးစားပေးဆောင်ရွက်နေပါတယ်။ ဆဌမအကြိမ်မြောက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြူပ်နံှမှုပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ဖို့၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအားကောင်းဖို့၊ ဆင်းရဲမွဲတေမှုကို ဆက်လက်လျှော့ချဖို့နဲ့ ဆင်းရဲမွဲတေမှုအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ဖြစ်သလို တိုင်းပြည်ရဲ့ တစ်ခုတည်းသော ရင်းနှီးမြူပ်နံှမှု ပြူတင်းပေါက်ထူထောင်ဖို့၊ ရိုးရှင်းတဲ့ ရင်းနှီးမြူပ်နံှမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများရိုးရှင်းဖို့၊ သယ်ယူ ပို့ဆောင်ရေး ကွန်ရက် ထူထောင်ဖို့ တို့အတွက်လည်း ဖြစ်တယ်လို့ Jakata Post တွင် ဖော်ပြထားပါတယ်။ သုတ၊Source : Asean News
