Main menu

Background

Monday, 27 Dec 2010

 ပဲတီစိမ်းတန် ၁ဝဝဝ ကျော်မူဆယ်မှ ယခုအပတ်ပို့                ဒီဇင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁ဝ၃၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ၁ဝ၂၈ တန်နဲ့စစ်တွေမှ ၆ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ မူဆယ်ကနေ ပဲတီစိမ်း လုံးပြည့် ၇၉၃ တန်နဲ့လုံးခြမ်း ၁၁၇ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပဲတီစိမ်းလုံးပြည့် ၂၃၅ တန်ခန့်ပိုမို တင်ပို့ခဲ့သော်လည်း ပဲတီစိမ်းလုံးခြမ်းတင်ပို့နိုင်ခြင်းမရှိပါဘူး။ ပြည်တွင်းဈေးမြင့်သလို တစ်ဘက်နိုင်ငံရောင်းဈေးလည်းပိုမိုရရှိတဲ့အတွက် တင်ပို့မှု ပိုမိုခဲ့ရတာ လို့သိရပါတယ်။ အရောင်းအဝယ်သွက်တဲ့အပြင် တရုတ်ပြည်မကြီး အမှာစာ များတယ်လို့ ပဲပြောင်းနှမ်းအသင်း အတွင်းရေးမှူးထံက သိရပါတယ်။ ယခုအပတ်နဲ့ယခင် အပတ်ပဲတီစိမ်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ                                  မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု           ယခင်        ပြောင်းလဲမှု        ရာခိုင်နှုန်း        ယခု        ယခင်        ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း   ၁ဝ၃ဝ၅၁၄   ၁ဝ၂၈၇၄၂       ၁၇၇၂              ဝ .၂          ၁၂၁၉        ၁၁၈၇           ၃၂             ၃MIRT (DOBT)

Monday, 27 Dec 2010

ဒီဇင်ဘာတတိယပတ် ပဲတီစိမ်းတန် ၃ဝဝဝ ကျော်ထိ တိုးတင်             ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့ရာမှာ ယခင်သီတင်းပတ်တွေက တန်ချိန် ၂ဝဝဝ ကျော်သာ တင်ပို့မှုရှိရာက ယခု သီတင်းပတ် ဒီဇင်ဘာတတိယပတ်မှာတော့ တန်ချိန် ၃ဝဝဝ ကျော်ထိ တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယအဝယ်ရှိသလို ပါကစ္စတန်ဘက်ကိုလည်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲတီစိမ်းအရည်အသွေးနိမ့်တွေများပြီး အရည်အသွေးကောင်းရှားပါးနေလို့ မြန်မာပဲတီစိမ်းတွေ အဝယ်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်မှာတော့ အခြား ပဲဈေးတွေ လျော့သလို ပဲတီစိမ်းဈေးလည်းလိုက်ပါ လျော့ကျလာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ်ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                          ဒေါ်လာ/ တန်                     ပဲတီစိမ်း(အညာ)    (ပခုက္ကူ)         ပဲတီရွှေဝါ ၂၄-၁၂-၁ဝ     ၈၈ဝ-၉ဝဝ            ၈၈ဝ-၉ဝဝ    ၁၂ဝဝ-၁၂၂ဝ ၁၇-၁၂-၁ဝ     ၉၄ဝ-၉၅ဝ            ၉၄ဝ-၉၅ဝ    ၁၂၅ဝ-၁၂၆ဝ MIRT (MAPT)

Monday, 27 Dec 2010

 MSP ဈေးနှုန်းတိုးမြင့်တက်ခြင်းနဲ့ မြေအစိုဓါတ် ကောင်းမွန်ခြင်းတို့ကြောင့် ဆောင်းပဲစိုက်ဧရိယာတိုးတက်             အိန္ဒိယနိုင်ငံ ပဲအများဆုံးစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ မြေအစိုဓါတ် တိုးတက် ကောင်းမွန်နေခြင်းက ပဲစိုက်ဖို့ ပိုမိုအားသန်စေတာကြောင့် အိန္ဒိယပဲဈေးကွက်များမှာ အလားအလာကောင်းတဲ့ အရိပ်အရောင်တွေရှိနေတယ်လို့ အိန္ဒိယပြည်တွင်းသတင်းမှာ ဖော်ပြထားပါတယ်။ ကုလားပဲအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP)ကိုလည်း ယခင်ရာသီမှာ တစ်တန်ကို ရူပီး ၁၇၆ဝဝ (ကန်ဒေါ်လာ ၄၃၄) ရှိခဲ့ရာက ၂ဝ၁ဝ-၁၁ ရာသီအတွင်း ရူပီး ၂၁ဝဝဝ (ကန်ဒေါ်လာ ၄၆၅) ထိ ၂ဝ ရာခိုင်နှုန်းတိုးမြင့်ပေးခြင်းက စိုက်ဧရိယာကို တိုးတက်စေသလို ဈေးနှုန်းအတွက်လည်း အထောက်အပံ့ ဖြစ်စေပါတယ်။ အလားတူပဲစင်းငုံနဲ့ မတ်ပဲစိုက်ဧရိယာလည်း မနှစ်ကထက် မြင့်တက်တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ- ၁၁ အတွက် မိုးပဲမျိုးစုံထုတ်လုပ်မှုကို တန်ချိန် ၆ သန်းရှိမယ်လို့ ခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၄ ဒသမ ၃ သန်းထက် ၄ဝ ရာခိုင်နှုန်း ပိုမို တယ်လို့လည်း ဆိုပါတယ်။                                                                                   ယမင်းခင်၊Sources: commodityonline 

Monday, 27 Dec 2010

ယခုတစ်ပတ် ဟင်္သာတ ပဲလွန်းဖြူဈေးအေး              ဟင်္သာတဈေးကွက်သို့ ပဲလွန်းဖြူ သစ်များစ၍ ရောက်လာရာ ယခင် အပတ်က ပဲလွန်းဖြူပိဿာ ၂ဝ တစ် တင်းကို ၂ဝဝဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအပတ် ပဲလွန်းဖြူ ဈေးမှာ တစ်တင်း ၁၉ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒေသ တွင်း အရောင်းအဝယ်လည်းရှိနေပြီး နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများနဲ့ ရန်ကုန် ဈေးကွက်သို့ တစ်တင်းခွဲဝင်အိတ် ၁၅ဝ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။ အေးအေးခိုင် 

Monday, 27 Dec 2010

ပဲလွန်းဖြူ ပြန်တင်ပို့လာ           မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပဲလွန်းဖြူ ကန်ဒေါ်လာ ၇၂ဝဝဝ တန်ဖိုးရှိ တန် ၉ဝ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ကစပြီး တင်ပို့နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာလ တတိယပတ်မှာပြန်လည် တင်ပို့နိုင်တာ ဖြစ်ပါတယ်။ ဧပြီလမှ သြဂုတ်လအထိ ငါးလတာကာလ အတွင်း ပဲလွန်းဖြူ ၃၂၂၅ တန်ခန့်တင်ပို့ထားနိုင်ပြီး ဖြစ်ပါတယ်။ ပဲလွန်းဖြူတစ်တန်ကို ၇၉၅ ဒေါ်လာ ဈေးနှုန်းနဲ့ ရောင်းချရတာ ဖြစ်ပါတယ်။ MIRT(DOBT) 

Monday, 27 Dec 2010

ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနဲ့ မြေထောက်ပဲ ဆက်လက်တင်ပို့          ပြည်တွင်းဈေးကွက်တွေကို ပဲလွန်းဖြူ အသစ် အချို့ဝင်ရောက်လာ ပြီဖြစ်လို့ ပင်လယ်ရေကြောင်းက အဆက် မပြတ် တင်ပို့မှုရှိနေသလို မြေထောက်ပဲ မှာလည်း လက်ကျန်အနည်းငယ် တင်ပို့မှု ရှိနေသေးတာ တွေ့ရပါတယ်။ ယခု တစ်ပတ် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ပဲလွန်းဖြူ တန် ၁၅ဝ ခန့်နဲ့ မြေထောက်ပဲ တန် ၅ဝ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယ တို့ဖြစ်ပါတယ်။ ပဲလွန်းဖြူအနေနဲ့ ဝယ်လိုအား ကောင်းနေပေမဲ့ အသစ် တွေ ဝင်လာပြီဖြစ်လို့ ဈေးအနည်းငယ် ကျ လာတာ တွေ့ရပါတယ်။          ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်းဖြူဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့ပြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၇ဝ-၇၈ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၈ဝ နဲ့ မြေထောက်ပဲ ဈေးမှာ ယခင်တစ်ပတ် ဈေးအတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 27 Dec 2010

ပြည်ပဲစင်းငုံ ဈေးကျနေခြင်းကြောင့် အရောင်းအဝယ်အေးနေ          ပြည်ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် လျော့နည်းသွားကြောင်း သိရပါတယ်။ ပဲစင်းငုံအဟောင်းမှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၂၅ဝဝ-၁၃ဝဝဝ ကျပ်၊ အသစ်မှာတစ်တင်းလျှင် ၁၄၅ဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ဒီဇင်ဘာ တတိယပတ် အထိ အခြားတိုင်းမှ အဝင်မရှိခဲ့သော်လည်း၊ ယခုစတုတ္ထပတ်မှာတော့ မကွေး၊ အောင်လံ မြို့နယ်များမှ နေ့စဉ်အဝင်ရှိကြောင်း သိရပါတယ်။ ယခု စတုတ္ထပတ်အတွင်းမှာ အိတ် ၁၈ဝဝ ခန့်အဝင်ရှိခဲ့ပြီးစုစုပေါင်း အိတ် ၂၅ဝဝ နီးပါး အဝင်ရှိထားတယ်လို့သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် တိုင်းအတွင်းမှာ ပဲစင်းငုံ ဈေးကျနေတဲ့အတွက် အရောင်းအဝယ်အေးနေကြောင်းလည်းသိရပါတယ်။                                                                             ဆုမွန်ဆွေ

Monday, 27 Dec 2010

 မုံရွာပဲဈေးကွက်သို့ ပဲစင်းငုံနီအသစ်စတင်ဝင်           မုံရွာပဲဈေးကွက်သို့ ဒီဇင်ဘာ ၂ဝ-၂၂ ရက်များတွင် ပဲစင်းငုံနီအသစ်များ စတင်ဝင်ရောက်လာပြီလို့ သိရပါတယ်။ စိုက်ပျိုးသက်ကာလစောခဲ့ပြီး ကုန်တွင်းပိုင်း ကျတဲ့ ပုလဲမြို့နယ်နှင့် မုံရွာမြို့နယ်ဒေသများမှာ ကွက်ကြားဝင်ရောက်ခြင်းဖြစ်ပြီး အဝင် မလှိုင်သေးလဲ တစ်ရက်ကို အိတ် ၂ဝ ခန့်သာ ဝင်ရောက်သေးကြောင်း သိရပါတယ်။           ပဲများမှာ မျောက်ခေါင်း၊လုံးပိန်လုံးညှပ်၊ဗထက်ချိုင့်ကင်းပြီးအရည်အသွေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဈေးမှာအဟောင်းတစ်တင်း ၁၃ဝဝဝ ကျပ်၊ အသစ် တစ်တင်း ၁၄၅ဝဝ ကျပ်ဈေးပေါက်နေတယ်လို့ သိရပါတယ်။ ယခင်နှစ်က ဒီဇင်ဘာ ၁၆ ရက် (ကရင်နှစ်သစ်ကူးနေ့)မှာ ပဲအသစ် စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်မှာတော့ ဒီဇင်ဘာလကုန် ဇန်နဝါရီလ ပထမပတ် ခန့်မှသာ ပဲအဝင်လှိုင်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြပါတယ်။                              အောင်မင်း

Monday, 27 Dec 2010

အိန္ဒိယပဲစင်းငုံ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ နီးပါး ဈေးလျော့ကျ                အိန္ဒိယပြည်တွင်း ဈေးကွက်မှာလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက် လာပြီ ဖြစ်ပြီး ပဲအထွက်ကောင်းမယ့် ခန့်မှန်းချက်တွေကြောင့် ကုန်သည်များ ဈေးလျှော့ ဝယ်ယူကြတဲ့အတွက် တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ နီးပါးလျော့ကျလာပါတယ်။ လက်ရှိဝင်ရောက်နေတဲ့ ပဲအသစ်များမှာ အစိုဓါတ် ပါဝင်မှု မြင့်နေလို့ ဈေးလျှော့ခြင်းလည်း ဖြစ်ပါတယ်။ ပြည်တွင်းပဲအထွက်ပိုမယ့် အလားအလာက မြန်မာနိုင်ငံက ပဲတင်သွင်းမှုလျော့ကျဖို့ဖြစ်လာ နိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာဖြစ်ပေါ်တဲ့ ယခင်လနဲ့ ယခုလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                    ဒေါ်လာ/တန်                       မွန်ဘိုင်းဈေးကွက်    မွန်ဘိုင်း(C&F)၂၃-၁၂-၁ဝ          ၆၂၂-၆၂၇                ၆၃ဝ၂၃-၁၁-၁ဝ             ၇၂၉                    ၆၉၅MIRT(MAPT)

Monday, 27 Dec 2010

 တစ်ပတ်အတွင်း ပဲစင်းငုံ တန် ၃ဝဝဝ တင်ပို့            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၂၆ဝဝ ကျော်ရှိခဲ့ရာက ယခု ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၃ဝဝဝ နီးပါးကို တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေကို ပဲအသစ်တွေ ဝင် ရောက်လာလို့ မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျမယ်လို့ သတင်းတွေထွက် နေပေမဲ့ အဝယ်အနည်းငယ်စီ ရှိနေတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အချို့ ကိုလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက်စပြုပြီဖြစ်လို့ ဈေးကွက်တွေထဲမှာ အရောင်း အဝယ်အချို့ရှိနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင် အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                               ဒေါ်လာ/တန်                    ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊         အဖြူ၂၄-၁၂-၁ဝ           ၅၄ဝ-၅၅ဝ                ၅ဝဝ-၅၁ဝ၁၇-၁၂-၁ဝ           ၅၇ဝ-၅၈ဝ               ၅၂ဝ-၅၃ဝMIRT(MAPT)

Pages