Background
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနက သကြားဖြူတင်သွင်းခွန် ဖယ်ရှားဖို့စီစဉ် အင်ဒိုနီးရှားအစိုးရဟာ ပြည်တွင်းအချိုရည်ထုတ်လုပ်သူများ ကုန်ကျစရိတ်သက်သာစေဖို့ သကြားဖြူ တင်သွင်းခွန်ကို ဖယ်ရှားပေးဖို့ စီစဉ်နေတယ် လို့ ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေး မှူးချုပ် Subagyo က ပြောကြားပါတယ်။ အခွန်ဖယ်ရှားဖို့နဲ့ပတ်သက်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ မေလက သကြားဖြူတင်သွင်းခွန်ကို တစ်ကီလို ရူပြား ၇၉ဝ (တစ်တန်ကို ကန်ဒေါ်လာ ၈၇ ဒသမ ၅၈ )နဲ့ အင်ဒိုနီးရှားအစိုးရက ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။ သကြားထုတ်လုပ်မှုလျော့ကျမယ့် အရိပ်အယောင်ကြောင့် ၂ဝ၁၁ ခုနှစ် အစောပိုင်းမှာ စားသုံးဖို့ သကြားဖြူတန်ချိန် ၄၅ဝဝဝဝ တင်သွင်းဖို့ စက်တင်ဘာလအတွင်းက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ သကြားဈေးက အလွန်အမင်း မြင့်တက်နေတာကြောင့် အခုချိန်ထိ ဝယ်ယူရခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ယမင်းခင်၊Source: Internet
အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးပြောင်းဈေးကွက် နိုဝင်ဘာလ စတုတ္ထပတ်အတွင်းမှာ ပြောင်းဈေးအနည်းငယ်ကျခဲ့ပေမဲ့ အရောင်းအဝယ်မပျက်ဘဲ သွက်နေတယ်လို့သိရပါတယ်။ ပြောင်းဈေးမှာ တစ်တင်း ၅၄ဝဝ ကျပ်မှ ၄၉ဝဝ ကျပ်အထိ တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးအေးခဲ့ပေမဲ့ အရောင်းအဝယ်ကတော့ သွက်နေဆဲလို့သိရပြီး၊ မန္တလေးကို နိုဝင်ဘာ စတုတ္ထပတ် အတွင်းမှာ တင်းရေ ၂၃ဝဝ ခန့် စီးထွက်ခဲ့ပြီး၊ နိုဝင်ဘာလတစ်လလုံး တင်းရေ ၃ဝဝဝဝ ကျော်စီး ထွက်ခဲ့ကြောင်း သိရပါတယ်။ အောင်မင်း
တစ်ဖက်နိုင်ငံ ပြောင်းဈေးကျဆင်းသဖြင့် ချိန်ဆတင်ပို့နေ ယခုအပတ်မှာ မူဆယ်၊ လွယ်ဂျယ်နှင့်ချင်းရွှေဟော် နယ်စပ်စခန်း များမှ ပြောင်းဖူးစေ့ ၁၉၁၉၆ ဒသမ ၅ တန်၊ ကန်ဒေါ်လာ ၄ ဒသမ ၉၇ သန်းဖိုးနဲ့ မူဆယ်မှ နံှစားပြောင်း ၇၄၈ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပြောင်းတန်ချိန် ၂၃၁၃ဝ ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၃၉၃၄ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း တစ်ဖက်နိုင်ငံ ဝယ်ဈေးမှာ ၁၈ဝဝ ယွမ် သာရသည့် အတွက် ယခင်အပတ်ကထက် ယွမ် ၆ဝ လျော့နည်းကျဆင်းခဲ့ရာ တွက် ချေကိုက်မှု မရှိသဖြင့် ချိန်ဆတင်ပို့နေကြတာကြောင့် ယခုအပတ် ပြောင်းတင်ပို့မှု လျော့ကျ ရတာလို့ သိရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၂၅၅ဝ ၂၅၆၄၉၃ ၁၃၉၄၃ ၅ .၈ ၂၈၂ ၂၈၉ ၇ ၃MIRT (DOBT)
ဒီတစ်ပတ် ပင်လယ်ရေကြောင်း အပိုလျော့ နိုဝင်ဘာလ ၂၂ ရက်မှ ၂၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းဖူး ၂၅၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၆၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၂၃၇ တန်တင်ပို့ခဲ့ တာကြောင့် ယခုရက်သတ္တပတ်မှာ ၉၇၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများ ကတော့ စင်္ကာပူကို ၁၄၄ တန်နဲ့ မလေးရှားကို ၁၁၅ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ KZW
၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာဈေးနှုန်း ဆက်လက်ခိုင်မာနေဦးမည် ကမ္ဘာတွင် သဘာဝရော်ဘာအများဆုံးထုတ်လုပ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယတို့တွင် မိုးသည်းထန်စွာရွာသွန်း ခဲ့မှုတို့ကြောင့် ရော်ဘာထုတ်လုပ်မှုကိုထိခိုက်ကာ သဘာဝရော်ဘာဈေးနှုန်းများ နိုဝင်ဘာလဆန်းတွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သဘာဝရော်ဘာထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများအသင်းရဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါ တယ်။ ဒါ့ပြင် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ- ဒီဇင်ဘာအတွင်း ရော်ဘာအဓိကထုတ်လုပ်တဲ့ နိုင်ငံများတွင် ရော်ဘာထုတ် လုပ်မှုက ၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းသွားနိုင် ကြောင်း ဖော်ပြခဲ့ပါတယ်။ သဘာဝရော်ဘာကို ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား သုံးနိုင်ငံတွင် အဓိကထုတ်လုပ်ပြီး ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၉၄ ရာခိုင်နှုန်းခန့်ရှိရာ အိန္ဒိယကလည်း ရော်ဘာအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်သော် လည်း ကမ္ဘာတွင် သဘာဝ ရော်ဘာကို စတုတ္ထမြောက်အများဆုံးသုံးစွဲတဲ့နိုင်ငံအဖြစ်တည်ရှိနေပါတယ်။ ကမ္ဘာ့သဘာဝရော်ဘာသုံးစွဲမှုဈေးကွက်ကို အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ဂျပန်တို့မှ လွှမ်းမိုးထား ပါတယ်။ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာသုံးစွဲမှုက နှစ်စဉ် ၄ ရာခိုင်နှုန်းတက်လာကာ တန်ချိန် ၂၆ ဒသမ ၅ သန်းကိုရောက်ရှိမယ်လို့ ခန့်မှန်းပြီး တရုတ်က ကမ္ဘာတွင် ရော်ဘာအများဆုံးသုံးစွဲတဲ့နိုင်ငံဖြစ်ပြီး ဆယ်စုနှစ်အတွင်း မော်တော်ယာဉ်ထုတ်လုပ်မှုနဲ့ စက်မှုကုန်ထုတ်လုပ်မှုမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ရာ တရုတ်နိုင်ငံရဲ့ဝယ်လို အားက ၂ဝ၁ဝ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းတိုးတက်ကာ တန်ချိန် ၆ ဒသမ ၈၃ သန်းရောက်ရှိမှာဖြစ်ကြောင်း၊ တရုတ်ရော်ဘာ စက်မှုအသင်းက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ သဘာဝရော်ဘာနဲ့ ရော်ဘာတုနှစ်မျိုးစလုံး ဝယ်လိုအားမှာ အရှိန်အဟုန်နဲ့ မြင့်တက်လျက်ရှိပြီး ၂ဝ၁၁ ခုနှစ်အတွက် မပြောင်းလဲဘဲရှိမယ်လို့ ခန့်မှန်းကြ ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရော်ဘာနဲ့ ပြုလုပ်တဲ့ လက်အိတ်ဝယ်လိုအားက နှစ်စဉ် ၁ဝ ရာခိုင်နှုန်းတိုးတက်လျက် ရှိပြီး တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့တွင် ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ဗဟုသုတတိုးတက် လာတဲ့အတွက် ရော်ဘာလက်အိတ်ဝယ်လိုအားက သိသိသာသာတိုးတက်လာခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုက တိုးတက်နေသော်လည်း ဝယ်လိုအားနဲ့ သုံးစွဲမှုကို လိုက်မီနိုင်ဦးမှာမဟုတ်တာကြောင့် ၂ဝ၁၁ ခုနှစ်တွင်လည်း ရော်ဘာဈေးနှုန်းဆက်လက်ခိုင်မာနေဦးမှာဖြစ်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:brecorder.com
ရာဘာဈေးနှုန်းကောင်းလို့ တာယာဈေးနှုန်းများ မြှင့်ဖို့ပြင်ဆင် တိုင်တန်နဲ့ဂွတ်ရီးယားတာယာ ဈေးနှုန်းများကို လာမယ့် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ၈ ရာခိုင်နှုန်း ဈေးတက်မယ် လို့ တိုင်တန်နိုင်ငံတကာအုပ်စုကပြောကြားခဲ့ပါတယ်။၎င်းကုမ္ပဏီများက သဘာဝရော်ဘာဈေးနှုန်း မြင့်တက်ခြင်းနဲ့ ကုန်ကြမ်း ဈေးတက်ခြင်းကို အပြစ်တင်ခဲ့ကြပါတယ်။ ဒီလိုဈေးနှုန်းတိုးခြင်းဟာ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်များကို ပြန်လည် ဈေးကွက် နေရာချထားခြင်းအတွက် အထောက်အပံ့ပေးမှာဖြစ်ကြောင်း ၎င်းးတို့ကဆက်လက်ပြောကြားခဲ့ပါတယ်။ တိုင်တန်ကုမ္ပဏီက ဘီးများ၊ တာယာများနဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့၊ အခြား စက်မှုလုပ်ငန်းများရဲ့ အခြားယာဉ်သုံးအစိတ်အပိုင်း ပစ္စည်းများအတွက် ထောက်ပံ့ကြေးပေးမှာဖြစ်ကြောင်း သိရပါတယ်။ တိုင်တန်ရဲ့ရှယ်ယာဈေးနှုန်းများဟာ ၁၆ ဒသမ ၂၂ ဒေါ်လာ အထိတိုးတက်သွားကြောင်းသိရပါတယ်။ ရော်ဘာဈေးနှုန်းတွေဆက်ပြီး တစ်ရှိန်ထိုးတက်ကာ ကုန်ကြမ်းဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်စရိတ်တွေလည်း ဆက်တက်ဖို့ရှိကြောင်း တိုင်တန်အုပ်စုကပြောကြားခဲ့ပါတယ်။လန်ဒန်အခြေစိုက် ယိုကိုဟားမား တာယာအုပ်စုကလည်း ၎င်းတို့ရဲ့ ကုန်ပစ္စည်းများကို ၅ ရာခိုင်နှုန်းကျော်ဈေးမြှင့်ပြီး လာမယ့်ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။ ဘရစ်စတုန်း အုပ်စုကလည်း ဘရစ်စတုန်း၊ ဖားယားစတုန်းနဲ့ အခြားလယ်ယာနဲ့ လုပ်ငန်းသုံးယာဉ်များရဲ့ တာယာ ဈေးနှုန်းကို ယခုလအစောပိုင်းကတည်းက ၈ ရာခိုင်နှုန်းကျော် ဈေး တက်ခဲ့ကြောင်း သိရပါတယ်။ Source: IST,KZW
မိုးကောင်းရော်ဘာမျိုး ပြောင်းလဲစိုက်လာ ရော်ဘာပင်ဟာ အစေးရည်ထုတ်ယူရသည်သာမက အပင်အိုသွားသော်လည်း ရော်ဘာသစ်အဖြစ် အသုံးပြုနိုင်ပါ တယ်။ ဝင်ငွေရနှစ်ရှည်ပင်ဖြစ်တာကြောင့် ကချင်ပြည်နယ်မှာ စိတ်ဝင်တစား ဧကတိုးခဲျ့ စိုက်ပျိုးခဲ့သော်လည်း ဒေသနဲ့ကိုက်ညီတဲ့ မျိုးရွေးချယ်စိုက်ပျိုးမှု အားနည်းခဲ့တာကြောင့် အစေးခြစ်ကာလတွင် အစေးထွက်နှုန်းနည်းပါးခြင်း၊ အစေးထွက်မှု မရှိခြင်း တို့ကြောင့် ယခုအခါ မိုျးပြောင်းတဲ့အနေနဲ့ တစ်နှစ်ပတ်လုံး မိုးရေချိန်ပျမ်းမျှ ၅ဝ-၆ဝ လက်မရွာသွန်းပြီး၊ အေးမြတဲ့ ကချင်ပြည်နယ်နဲ့ ကိုက်ညီတဲ့ စပ်မျိုး ၂ဝဝဝ၊ ဖူးဆက်မျိုးပင်များနဲ့ အစားထိုးစိုက်ပျိုးလျက်ရှိပါတယ်။ စပ်မျိုး ၂ဝဝဝ ဖူးဆက်မိုျးပင်များ၊ လုပ်ငန်းရှင်၊ ရော်ဘာခြံရှင်များမှ မျိုးသန့်ပျိုးအရောင်းဆိုင်များမှ မှာယူ၍ ရထားတွဲများနဲ့သယ်ယူကာ တိုးခဲျ့စိုက်ပျိုးခြင်း၊ အစားထိုးစိုက်ပျိုးခြင်းများဖြင့် မျိုးပင်ရေ ၇၆၄ဝ ပင်ကို အောင်မြင်စွာစိုက်ပျိုးခဲ့ပြီး၊ မျိုးတစ်ပင် စိုက်ခြံအရောက် ၁၄ဝဝ ကျပ်ခန့်ရှိကြောင်းသိရပါတယ်။ ယခုကဲ့သို့ မျိုးပြောင်းလဲ စိုက်ပျိုးနေသလို စိုက်ပျိုးပြီး ၂ဝဝ၃ ဧကမှ သက်တမ်း ၇ နှစ်ရှိ ၁၄၇ ဧကကိုလည်း အစေးခြစ်လုပ်ငန်းများလည်း စတင်ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရပါတယ်။ ကိုကိုစိုး
ယခုအပတ်မှာ မူဆယ်မှ ရော်ဘာအရောင်းအဝယ်ပုံမှန်ရှိ ယခုအပတ်မှာ မူဆယ်၊ ချင်းရွှေဟော်နဲ့မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ ၁၃၆၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၄ဝ၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၁၁၅၆ တန်၊ ချင်းရွှေဟော်မှRSS (3)တန် ၁ဝ၄ ကျော်နဲ့ မြိတ်နယ်စပ်မှ MSR (20) တန် ၁ဝဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ် မှရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ RSS (1) တန် ၃ဝ ကျော် ၊RSS (3) ၆၃၉ တန်ကျော်၊ RSS (3) ၁၂၁ တန်ကျော်၊MSR (20) ၂၄၅ တန် နဲ့MSR (50) ၁၂ဝ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကရော်ဘာ ၁၄၂၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၆ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း ယခုအပတ်မှာ အရောင်းအဝယ်ပုံမှန်သာ ရှိတယ်လို့ မူဆယ်နယ်စပ်ကုန်သည်အသင်းမှ သိရပါတယ်။ မူဆယ်နယ်စပ်ရှိ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS (3) ၃၂၃၆၈ဝဝ ၃၃ဝ၇၃၁ဝ ၇ဝ၅၁ဝ ၂ ၃၅၇၄ ၃၅၇၆ ၂ ဝ .ဝ၆RSS (5) ၃၁ဝဝ၈ဝဝ ၃၁၅၅၆၉ဝ ၅၄၈၉ဝ ၂ ၃၄၂၃ ၃၄၂၆ ၃ ဝ .ဝ၈MIRT (DOBT)
ရော်ဘာတင်ပို့မှု တစ်ရှိန်ထိုးတက် နိုဝင်ဘာလ ၂၂ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁ဝ၈၄ တန် တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၄၅၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၅၃ တန်တင်ပို့ခဲ့ တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၆၃၁ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယကိုRSS-3 တန် ၄ဝ၊ ကိုရီးယားကို MSR -20 ၂ဝ၁ တန်၊ မလေးရှားကိုRSS-5 ၄၄၁ တန်၊RSS-3 ၃၄၂ တန်နMSR -50 တန် ၆ဝ အသီးသီးဖြစ်ပါတယ်။ KZW
အိန္ဒိယမိုးသီးနံှရိတ်သိမ်းမှု နှောင့်နှေးလို့ ဆောင်းသီးနံှစိုက်ပျိုးမှုကျဆင်း မိုးရာသီအကုန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှု တွေကြောင့် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် မှာရှိတဲ့ လယ်သမားများဟာ ဆောင်းသီးနံှစိုက်ပျိုးမှု ကျဆင်းခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှ စပါးစိုက်ပျိုးမှုဟက်တာ ဝ ဒသမ ၈၉ သိန်းသာရှိတာကြောင့် ပျမ်းမျှ စိုက်ပျိုးမှု ဟက်တာ ၁ ဒသမ ၁၆ သိန်းထက် ကျဆင်းနေသလို သီးနံှ စိုက်ပျိုးမှုဟာ ပျမ်းမျှစိုက်ဧရိယာ ဟက်တာ ၂ ဒသမ ၅၆ သိန်းထက် ၇၂ ရာခိုင်နှုန်း ကျဆင်းပြီး ဟက်တာ ၁ ဒသမ ၈၄ သိန်းသာရှိတယ်လို့ သိရပါတယ်။ စားသောက်ကုန် အခြေခံသီးနံှစိုက်ပျိုးမှုကလည်း လက်ရှိအချိန်ထိ ပျမ်းမျှစိုက်ပျိုးမှု ဟက်တာ ၉ ဒသမ ၉၁ သိန်းထက် ကျဆင်းပြီး ဟက်တာ ၉ ဒသမ ၃၉ သိန်းရှိပြီလို့ သိရပါတယ်။ ဆီထွက်သီးနံှနဲ့ ဆေးရွက်ကြီးတို့လို စီးပွားဖြစ်သီးနံှများ အပါအဝင် သီးနံှများရဲ့ ယခုရာသီပျမ်းမျှစိုက်ဧရိယာဟာ ဟက်တာ ၃၆ ဒသမ ၂၆ သိန်းရှိပြီး နိုဝင်ဘာလ ၂၄ ရက်မှာ ပျမ်းမျှ စိုက်ဧရိယာရဲ့ သုံးပုံတစ်ပုံ (ဟက်တာ ၁၃ သိန်း) စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးရွာသွန်းခြင်းနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးသီးနံှရိတ်သိမ်းမှု နှောင့်နှေးခဲ့တဲ့အတွက် ဆောင်းသီးနံှ စိုက်ပျိုးမှု ကျဆင်းနေခြင်းဖြစ်ပါတယ်လို့ စိုက်ပျိုးရေးဌာနမှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားပါတယ်။ မိုးသီးနံှဧရိယာများ ပျက်စီးမှုရှိ သလို အစောပိုင်းစိုက် ဆောင်းသီးနံှများလည်း ဆုံးရှုံးမှုရှိပေမဲ့ ယခုနှစ် ဆောင်းသီးနံှကတော့ အမြောက်အမြားထွက်ရှိမယ်လို့ မျှော်လင့်ထားကြောင်း လည်း၎င်းကဆက်လက် ပြောကြားပါတယ်။ ယမင်းခင်၊ှSources: business line