Background
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အစိုးရက လယ်ယာအုပ်စုများ ဖွဲ့စည်းပြီး ပဲမျိုးစုံအထွက်မြှင့်တင်ဖို့ ကြိုးပမ်း အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အစိုးရဟာ ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ရေး ဗဟိုအစီအစဉ်အရ ယခုနှစ်မှာ တောင်သူအငယ်စားနဲ့ အလတ်တန်း စားများလုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရေးအတွက် အုပ်စု ၃ဝ ဖွဲ့စည်းခဲ့ တယ် လို့ သိရပါတယ်။ တမီလ်နာဒူးပြည်နယ်အနေနဲ့ ပဲမျိုးစုံနဲ့ ပတ်သက်လို့ အခြားပြည်နယ်များကို မှီခိုနေရမှုလျော့ကျစေရေးအတွက် အုပ်စုများ ဖွဲ့စည်းခြင်း ဖြစ်တယ်လို့ ပြည်နယ်စိုက်ပျိုးထုတ်လုပ်မှုကော်မရှင် အတွင်းရေးမှူး P Rama Mohana Roo က ပြောကြားခဲ့ပါတယ်။ ယခုလမ်းညွှန်စီမံကိန်း(Pilot project ) အနေနဲ့ လွန်ခဲ့တဲ့ နှစ်က Vellore ခရိုင်အတွင်း လယ်သမား အငယ်စားနဲ့ အလတ်စားများကို အကူအညီများ ပေးခဲ့တယ်လို့ ဆိုပါတယ်။ တမီလ်နာဒူး ပဲလိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းဟာ အခြားပြည်နယ်များက ဝယ်ယူနေရတာဖြစ်လို့ ပြည်နယ် ပဲထုတ်လုပ်မှု မြှင့်တင်ဖို့ အဲဒီစီမံကိန်းက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။၏ ယင်းစီမံကိန်းမှာပါဝင်တဲ့တောင်သူများကို အစိုးရထောက်ပံ့မှု အနေနဲ့ လယ်မြေ တစ်ဟက်တာကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅ ဒသမ ၃၂) ပေးသွားမယ်လို့ သိရပါတယ်။ အုပ်စုတစ်ခုကို လယ်မြေဟက်တာ ၁ဝဝဝ ခန့် ဆောင်ရွက်ရမှာဖြစ်ပြီး ကုလားပဲနဲ့ မတ်ပဲတို့လို ပဲမိုျးစုံစိုက်ပိုျးရမယ်လို့ ဆိုပါတယ်။ ကုလားပဲစိုက်ပျိုးတဲ့ တောင်သူများထံက တာတာအုပ်စုမှ ဆွဲဆောင်နိုင်တဲ့ဈေးနှုန်းများနဲ့ ဝယ်ယူ ခဲ့တဲ့ Pudukottai မှ ပဲမျိုးစုံထုတ်လုပ်မှု အုပ်စုရဲ့ အောင်မြင်မှုကို စံပြအဖြစ် ကနဦး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ယမင်းခင်၊် ှSources: business standard
ဈေးအမြင့်မှာ ဝယ်ယူမှုနည်းလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ လက်လီဆိုင်များနဲ့ ပဲခွဲစက်များက ဈေးအမြင့်နဲ့ ဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းတာကြောင့် နိုဝင်ဘာလ ၃ဝ ရက်မှာ လက်ငင်းရော၊ ကြိုပွိုင့်ဈေးပါ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲ လက်ငင်းဈေးမှာ တစ်တန်ကို ရူပီး ၂၄ဝဝဝ- ၂၄၁ဝဝ (ကန်ဒေါ်လာ ၅၂၄- ၅၂၆) ကို ကျဆင်းခဲ့သလို ဒီဇင်ဘာလ စာချုပ်ဈေးကလည်း ရူပီး ၄ဝဝ ကျဆင်းပြီး တစ်တန်ကို ရူပီး ၂၅၁၁ဝ (ကန်ဒေါ်လာ၅၄၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုဈေးကျခြင်းဟာ ယာယီမျှသာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် မဒ္ဒရာပရာဒေ့ရှ်မှာ ကုလားပဲလက်ကျန်က ၇၅ ရာခိုင်နှုန်းနီးပါး ထုတ်ရောင်းပြီးပြီဖြစ်တဲ့အပြင် မဒ္ဒရာပရာဒေ့ရှ်နဲ့ ဆက်စပ်ဒေသ များမှာ ရာသီမဟုတ်တဲ့ မိုးရွာသွန်းခြင်းက ပဲအသစ်ဝင်ရောက်မှုကို တစ်လခန့် နောက်ကျမယ်ဆိုတဲ့ အချက်တွေက ကုလားပဲဈေးနှုန်းမြင့်တက်စေမယ့် အကြောင်းရင်းတွေပါလို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်သည်များက လာမယ့် ၅ ရက်- ၆ ရက်မှာ သိုလှောင်ဖို့ ဝယ်ယူနိုင်ခြင်းကလည်း ဈေးကို မြင့်တက်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊်Sources: P T I
ပုံမှန်အရောင်းအဝယ်ရှိပေမဲ့ ဈေးအေးတဲ့ ပြည်ကုလားပဲ ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးမှာ နိုဝင်ဘာနောက်ဆုံးပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး ဒီဇင်ဘာလ ပထမပတ်မှာ တစ်တင်း ၂၃၂ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ မိုျးသမားနဲ့ လိုင်းသမားတို့ အဝယ် မရှိတော့ဘဲ ပဲခွဲစက်သမားများသာ ပုံမှန်အဝယ်ရှိပြီး မန္တလေးမှ ပြည်သို့ ကုလားပဲများ ဝင်ရောက်လာတဲ့အတွက် ဈေးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အခြားတိုင်း သို့ တင်ပို့ရောင်းချမှုမရှိပဲ ဒေသတွင်း ခွဲစက်သမားများသာ အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၁ဝဝ ခန့်သာ အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာပဲဈေးကွက်မှာ အရောင်းသွက်တဲ့ကုလားပဲ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာကုလားပဲဈေးကွက်ဟာ ဒီရာသီမှာ ကုလားပဲ မိုျးကွဲ အားလုံး ဈေးအမြင့်ဆုံးရခဲ့ကာ ကုလားပဲရိုးရိုးတစ်တင်း ၂၄ဝဝဝ ကျပ်၊ ကုလားပဲ တိုင်ပေတစ်တင်း ၂၅ဝဝဝ ကျပ်၊ ကုလားပဲ V2 တစ်တင်း ၂၆ဝဝဝ ကျပ် နဲ့ ၉၂၉ တစ်တင်း ၂၆၂ဝဝ ကျပ်ထိ အသီးသီးဈေးပေါက်ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အားဖြင့် Export ဝယ်လက်မရှိခဲ့ဘဲ ပြည်တွင်းစားသုံးမှုနဲ့ ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ ပဲကြော်လုပ်ငန်း တွေက ဝယ်ယူမှု များပြားခဲ့တယ်လို့ဆိုပါတယ်။ မနှစ်က ပဲအထွက်လျော့ခဲ့ကာ ယခင်ပဲဟောင်း လက်ကျန်နည်းပြီး ဝယ်လိုအားများခဲ့ခြင်းကြောင့် ယခုလို ကုလားပဲချော ဈေးကောင်း ရရှိခြင်းဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က သုံးသပ်ကြပါတယ်။ နိုဝင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ တစ်နေ့ အိတ် ၅ဝဝ အထက် နေ့စဉ် အရောင်းအဝယ်သွက်ခဲ့ပြီး၊ မုံရွာနယ်မြေကနေ မန္တလေးကို တင်း ၆၅ဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁ဝဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၁၃ဝဝ ခန့် အသီးသီး တင်ပို့ခဲ့ကြ တယ်လို့သိရပါတယ်။ ဒီဇင်ဘာလဆန်းမှာတော့ ကုလားပဲတိုင်ပေတစ်တင်း ၂၂ဝဝဝ ကျပ်၊ V2 တစ်တင်း ၂၃၈ဝဝ ကျပ်နဲ့ အရောင်းအဝယ် အသင့်အတင့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
မိုးစိုက်ပဲတီစိမ်းများ မုံရွာဈေးကွက်အတွင်းဝင်ရောက်လာ စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးပဲတီစိမ်းကို လျာထားဧက ၄ ဒသမ ဝ၁ သိန်းမှ ဧက ၄ ဒသမ ၁၆ သိန်း စိုက်ပျိုး ခဲ့ကြောင်း သိရပါတယ်။ ဘုတလင်၊ ယင်းမာပင်၊ အရာတော်မြို့နယ်များမှ စိုက်ပျိုးခဲ့တဲ့ မိုးပဲတီစိမ်းများ မုံရွာဈေးကွက်သို့ ဝင်ရောက်လာပြီလို့သိရပါတယ်။ ပဲအရည်အသွေးကောင်းပြီး၊ အလုံးအရွယ်အစားသေးငယ်တဲ့အတွက် ပဲတီစိမ်းအသေးအဖြစ် တစ်တင်း ၂၂၅ဝဝ ကျပ် ဈေးနဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များကပြောပြပါတယ်။ အောင်မင်း
အရောင်းအဝယ်သွက်လာတဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းများ နယ်စုံကဝင်ရောက်လျက်ရှိပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်က ပဲတီစိမ်း တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး ယခုဒီဇင်ဘာလဆန်းမှ စပြီး ပဲတီစိမ်းတစ်တင်းကို ၂၄ဝဝဝ ကျပ်၊ ၂၅ဝဝဝ ကျပ်တို့ဖြင့် ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ တရုတ်ကြိုက်ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်များ အပြိုင် ဝယ်ယူမှုရှိခဲ့တာကြောင့် ကုန်စည်ဒိုင်များအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မကွေးကုန်စည်ဒိုင်တွင် တစ်ရက်ပျမ်းမျှအိတ် ၂ဝဝ မှ ၃ဝဝ ကြား၊ ပခုက္ကူကုန်စည်ဒိုင်တွင် အိတ် ၁ဝဝ-၂ဝဝ ကြား၊ အောင်လံကုန်စည်ဒိုင်တွင် အိတ် ၅ဝဝ မှ အိတ် ၁ဝဝဝ ကြား ရှိခဲ့ကြောင်း သိရပါတယ်။ တင်ပို့မှုများအနေနဲ့ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အောင်လံမှ ရန်ကုန်သို့ ၁၃ဝဝ အိတ်၊ ချောက်မှ ရန်ကုန်သို့ ၅၃ဝဝ အိတ်၊ ချောက်မှ မန္တလေးသို့ ၁၄ဝဝ အိတ် ပခုက္ကူမှ မန္တလေးသို့ ၃၄၁ အိတ်၊ ပခုက္ကူမှ ရန်ကုန်သို့ အိတ် ၁၇၅ဝ ၊ မကွေးမှ ရန်ကုန်သို့ ၁၅ဝဝ အိတ်တို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ တင်တင်လှ
အဝင်များလို့ ဈေးကျသွားတဲ့ ပြည်ပဲတီစိမ်း ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်း အဝင်များလာတာကို တွေ့ရပါတယ်။ ဒေသတွင်းမြို့နယ်များမှ အဝင်ရှိသလို ကံမဖက်မှလည်း နေ့စဉ်အဝင်ရှိနေတယ်လို့သိရပါတယ်။ ယခင်အပတ်က တစ်ရက်လျှင် အိတ် ၅ဝဝ ကျော်ထိ အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ အိတ် ၁ဝဝဝ ကျော်ထိ အဝင်များလာခဲ့ပြီး၊ တစ်တင်းလျှင် ၂၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ယခင်ပတ်က တစ်တင်း ၃ဝဝဝဝ ကျပ်ရှိခဲ့ရာမှာ ယခုတစ်ပတ်မှာ ပဲတီစိမ်းအဝင်များလို့ ဈေးကျသွားခဲ့ တယ်လို့သိရပါတယ်။ နိုဝင်ဘာလကုန်ထိ ပဲတီစိမ်းတင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အိတ် ၂၅ဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲတီစိမ်းမှာ ပြည်တွင်းလက်ကျန်နည်းပါးလို့ တင်ပို့မှုလျော့ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်မှ ပဲတီစိမ်း ၄၇၉ တန်ကျော်နဲ့ စစ်တွေမှ ၅ တန် စုစုပေါင်း ၄၈၄ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၄၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၂၃၂ တန် ကျော်ကန်ဒေါ်လာ ဝ ဒသမ ၂၆၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းလက်ကျန်နည်းပါးပြီး ပြည်တွင်း ဈေးနှုန်းမြင့်တက်ခဲ့၍ တင်ပို့မှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်အပတ်က မူဆယ်မှ ပဲတီစိမ်း တန် ၉၁ဝ ကျော်နဲ့ လုံးခြမ်း တန် ၃ဝဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် နဲ့တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၄၃၂ဝ၆ ၁ဝ၅၇၁၉၆ ၁၃၉၉ဝ ၁ .၃ ၁၁၅၃ ၁၂၄၇ ၉၄ ၈MIRT (DOBT)
နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလဆန်းမှာ အိန္ဒိယပဲတီစိမ်းဈေးပိုလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေဝင်လာပေမဲ့ နိုဝင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနဲ့ ဒီဇင်ဘာလဆန်း ပေါက်ဈေးနှိုင်းယှဉ်ရာမှာတော့ ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ပဲအထွက်ပိုမယ်လို့ ခန့်မှန်းပေမဲ့ ပြည်ပက ပဲတီစိမ်းဝယ်ယူမှုကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယပဲအသစ်များမှာ ရိတ်သိမ်းစဉ် မိုးရာသွန်းမှုကြောင့် အရည်အသွေးပျက်စီးမှုများတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းနဲ့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးများမှာ ရူပီး အနေဖြင့် သိသိသာသာကွာခြားပေမဲ့ ရူပီး တန်ဖိုးကျဆင်းတာကြောင့် ကန်ဒေါ်လာ တန်ဖိုးမှာတော့ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ ချန်နိုင်းဈေးကွက် ဒေလီ ရူပီး ကန်ဒေါ်လာ ရူပီး ကန်ဒေါ်လာ၁-၁၂-၁ဝ ၄၅၅ဝဝ ၉၉၆ ၄၄ဝဝဝ-၄၇ဝဝဝ ၉၆၃-၁ဝ၂၈၁-၁၁-၁ဝ ၄၄၅ဝဝ ၁ဝဝ၂ ၄၄ဝဝဝ ၉၉၁ MIRT (MAPT)
ပဲတီစိမ်းတင်ပို့မှု အနည်းငယ်ပြန်တက်လာ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်)အတွင်းမှာတော့ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၆ဝဝ ခန့်ကို တင်ပို့မှု တက်လာခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းကတစ်ဆင့် တရုတ်ဘက်က အဝယ်ရပ် နေတဲ့ အချိန် ပြည်တွင်းဈေးအေးနေတဲ့အတွက် အိန္ဒိယနဲ့ ပါကစ္စတန် ဝယ်လက်အချို့ အဝယ်ပြန်လိုက်လာခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ အရောင်းအဝယ်ပြန်လိုက်လာပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင် တစ်ပတ်လိုပဲ ဒီဇင်ဘာလ ၂ ရက်မှာလည်း ပဲတီစိမ်း (အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
