Background
နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလမှာ အိန္ဒိယမတ်ပဲဈေး ကန် ဒေါ်လာ ၆ဝ ခန့် ကျဆင်း အိန္ဒိယပြည်တွင်းဈေးကွက်များမှာ နိုဝင်ဘာလဆန်းထက် ဒီဇင်ဘာလ ဆန်းမှာ မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၆ဝ ကျော်ခန့် လျော့ကျလာခဲ့ပါတယ်။ အိန္ဒိယ ပြည်တွင်းထွက် မတ်ပဲတော်တော်များများမှာ အရည်အသွေးနိမ့်ကျတဲ့ အတွက် ဝယ်လက်များဈေးလျှော့ ဝယ်ယူခဲ့ကြတာကြောင့် ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်အချို့မှာ အရည်အသွေးကောင်း မတ်ပဲမရနိုင်တာကြောင့် မြန်မာနိုင်ငံက ပဲတင်သွင်းခဲ့ရတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & Fဈေးများ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ မတ်ပဲ(C & F)၁-၁၂-၁ဝ ၈၉၇ ၉၉ဝ၁-၁၁-၁ဝ ၉၅၁ ၉၈ဝ-၁ဝဝဝ MIRT(MAPT)
ယခုတစ်ပတ် မတ်ပဲတင်ပို့မှု တန် ၄ဝဝဝ ခန့်သာရ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၇ဝဝဝ နီးပါး တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က အိန္ဒိယဝယ်လက်များ အဝယ်ပုံမှန်ရှိခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ အဝယ် အေးတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တချို့မှာ အရည်အသွေးကောင်းမတ်ပဲ အချို့အဝင်ရှိလို့ မြန်မာမတ်ပဲကို အဝယ်ထိုင်းခြင်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်အေးလို့ ဈေးလည်း အနည်းငယ် လျော့ကျလာခဲ့ ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ((FAQ) မတ်ပဲ(SQ)၂-၁၂-၁ဝ ၉၄ဝ-၉၅ဝ ၁၁၆ဝ-၁၁၇ဝ၂၅-၁၁-၁ဝ ၉၅ဝ-၉၆ဝ ၁၁၇ဝ-၁၁၈ဝ MIRT(MAPT)
အိန္ဒိယသွားလိုသူများ မန္တလေးမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် ဗီဇာများအလွယ်တကူ လျှောက်ထားရယူနိုင် အိန္ဒိယနိုင်ငံသို့ အလည်သွားလိုသူများ၊ ဘုရားဖူးသွားလိုသူများ၊ ပညာ သင်သွားလိုသူများအတွက် ဗီဇာများကို မန္တလေးမြို့ပေါ်ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် အလွယ်တကူ လျှောက်ထားရယူနိုင်ကြောင်း သိရပါတယ်။ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ထူထောင်စေချင်၍ မြန်မာနိုင်ငံသားများကို သွားရောက်လေ့လာစေလို၊ သိစေလို၍ မန္တလေးမြို့တွင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗီဇာကို အနည်းဆုံး ၁၅ ရက်မှ အများဆုံး ၅နှစ်အထိ ခွင့်ပြုပေးလျက်ရှိတယ်လို့ မန္တလေးမြို့ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ သိရပါတယ်။ ထို့အပြင် မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသား များအား ပတ်စ်ပို့ပျောက်ဆုံးပါက ပြန်လည်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဗီဇာနှုန်းထားများမှာ ၁၅ ရက်ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 20 ၊ ၆ လဗီဇာအတွက် (အလည်အပတ်ဗီဇာ) ကန်ဒေါ်လာ (သို့မဟုတ်) FEC 40 ၊ တစ်နှစ်ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 65၊ ၅ နှစ် ဗီဇာအတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 130 ၊ ကျောင်းသားဗီဇာအတွက် (တစ်နှစ်အတွက်) ကန်ဒေါ်လာ (သို့မဟုတ်) FEC 75၊ (ခရီးသွားခေတ္တနေ၊ ကျောင်းသားဗီဇာများမှအပ) အခြားဗီဇာများမှာ ခြောက်လအထိ ကန်ဒေါ်လာ (သို့မဟုတ်) FEC 80 ၊ တစ်နှစ်စာ ကန်ဒေါ်လာ (သို့မဟုတ်) FEC 120 ၊ ငါးနှစ်အတွက် ကန်ဒေါ်လာ (သို့မဟုတ်) FEC 200 တို့ဖြစ်ကြပြီး ဖက်စ်ပို့ခ ၂၅ ဒေါ်လာပေးဆောင်ရမယ်လို့ သိရပါတယ်။ ဗီဇာလျှောက်လွှာများကို ရုံးဖွင့်ရက်နေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း လက်ခံပြီး ညနေ ၄ နာရီမှ ၅ နာရီအတွင်း ပြန်ထုတ်ပေးလျက် ရှိကြောင်း သိရပါတယ်။ ဇူးဇူး
တောင်သူနဲ့ အကျိုးတူဆောင်ရွက်နေတဲ့ စိမ်းလန်းမြေ မြန်မာကုမ္ပဏီ မိုးစပါးရိတ်သိမ်းပြီ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ နတ္တလင်းမြို့နယ်က ဆန်စပါးအထူးပြု ကုမ္ပဏီတစ်ခုဖြစ်တဲ့ စိမ်းလန်းမြေ မြန်မာကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းစိုက်ပိုျးခဲ့သော ၂ဝ၁ဝ မိုးစပါးဆင်းသွယ်စပါးများကို ယခုရက်ပိုင်းအတွင်း စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ကြိုတင်ပံ့ပိုးထုတ်ချေးငွေများနဲ့ သွင်းအားစုများ အပြည့်အဝ သုံးစွဲစိုက်ပိုျးခဲ့ကြတဲ့အတွက် ယခုနှစ်မှာ တစ်ဧကအထွက်နှုန်း ၇၈ တင်းနှုန်းအထိ ထွက်ရှိကြောင်း သိရပါတယ်။ ဆင်းသွယ်လတ်စပါးမျိုးဟာ မျိုးကောင်းမျိုးသန့်ဖြစ်ပြီး၊ ပြည်ပတန်းမြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်တဲ့ စပါးမျိုးဖြစ်တာကြောင့် တခြားစပါး မျိုးများထက် ဈေးနှုန်းပိုမြင့်ပါတယ်။ တောင်သူများနဲ့ ကုမ္ပဏီတို့ လက်တွဲညီညီ ကြိုးပမ်းခဲ့မှုများကြောင့် အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ လက်တွဲ ဆောင်ရွက်တဲ့ တောင်သူများမှလည်း မူလကညှိနှိုင်းသဘောတူခဲ့တဲ့အတိုင်း ထွက်ရှိ လာသောစပါးများကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပေါက်ဈေးဖြင့် ကုမ္ပဏီသို့ ပြန်လည် ရောင်းချနေကြောင်းသိရပါတယ်။ အေးမြတ်သီတာ
တောင်ငူဆန်ဈေးကွက်မှာ ဆန်သစ်က ရောင်းပန်းလှ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း တောင်ငူမြို့နယ်အနီးရှိ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များက ထွက်တဲ့ ဆန်များကို တောင်သူဆန်ဈေးကွက်ရှိ ဆန်ပွဲရုံများသို့ တင်ပို့ရောင်းချပြီး တောင်ငူမြို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်ဒေသများသို့ ထပ်ဆင့်တင်ပို့ရောင်းချကြပါတယ်။ တောင်ငူဒေသတစ်ဝိုက်မှာ အောက်တိုဘာ ပထမပတ်က အုတ်တွင်းမြို့နယ်မှ စပြီး ကောက်စောစပါး စပေါ်ခဲ့ပြီး၊ ကောက်စော ဧည့်မထ (အလတ်စ) တစ်အိတ်ကို ၁၃၅ဝဝ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပါတယ်။ မုန်တိုင်းမိုးကြောင့် ကောက်စောစပါးရိတ်သိမ်းမှုကို အနည်းငယ် ကြန့်ကြာစေတဲ့အတွက် အောက်တိုဘာနောက်ဆုံးပတ်နဲ့ နိုဝင်ဘာ ပထမပတ်မှာ ဆန်သစ်ဈေးအနည်းငယ်တက်ခဲ့ပြီး ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ကျပ်ခန့် ဈေးပေါက်ခဲ့ပါတယ်။ မိုးပြတ်သွားခဲ့တဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်ကစပြီး အုတ်တွင်းမြို့နယ်အပြင်၊ ထန်းတပင်၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်စတဲ့ မြို့နယ်များမှလည်း မိုးစပါးသစ်များ အပြိုင်အဆိုင်ရိတ်သိမ်းပြီး တင်ပို့ရောင်းချလာခဲ့ရာ နိုဝင်ဘာ ဒုတိယပတ်မှာ ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ခန့်မှ တတိယပတ်မှာ ဆန်သစ်တစ်အိတ် ၁၂၅ဝဝ ကျပ်သို့ လည်းကောင်းကျဆင်းခဲ့ပါတယ်။ ဒေသအတွင်း ဆန်သစ်ကြိုက်သူအချို့စားသုံးမှုရှိသလို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့သို့လည်း တစ်နေ့ကို ဆန်အိတ် ၃ဝဝဝ မှ ၅ဝဝဝ အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ TT
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေး နည်းစနစ်ကောင်းနှင့် ပိုးမွှားကင်းစင်ကြောင်း လက်မှတ်များထုတ်ပေးနိုင်ရန် သင်တန်းများပို့ချလျက်ရှိ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများတွင် ပိုးမွှားကင်းစင်ကြောင်းနဲ့ စိုက်ပျိုးရေး နည်းစနစ်ကောင်း (Good Agricultural Practices) G.A.P လက်မှတ်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ထုတ်ပေးနိုင်ရန် စီမံကိန်းရေးဆွဲလျက် ရှိကြောင်း သိရပါတယ်။G.A.P နဲ့ပတ်သက်၍ ကြိုတင်သိရှိ နိုင်ရန် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းချုပ်နဲ့ မန္တလေးတိုင်း သရက်သီးအစုအဖွဲ့တို့ ပံ့ပိုးကူညီမှုဖြင့် တောင်သူများနဲ့ စိုက်ပျိုးရေး စိတ်ဝင် စားသူများအား သင်တန်းပို့ချပေးလျက် ရှိပါတယ်။ အဆိုပါသင်တန်းကို ယခုလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပေါ်တော်မူဘုရားအနီး စကားအင်းကျေးရွာမှာ အခမဲ့သင်ကြားမယ်လို့ သိရ ပါတယ်။ သရက်သီးအစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက 'နောက်ပိုင်းမှာ သစ်သီးဝလံ အရောင်းအဝယ်လုပ်မယ် ဆိုရင်G.A.P လက်မှတ်က လိုလာပြီ။ တရုတ်ကုန်စည်ပြပွဲသွားတုန်းက သူတို့ ဘက်ကG.A.P လက်မှတ်တောင်း တော့ မပြနိုင်ဘူး။ ဒါကြောင့် G.A.P လက်မှတ်က လိုလာပြီမို့ တောင်သူတွေ ရော၊ ကုန်သည်ရော စိတ်ပါဝင်စားသူ မည်သူမဆို သင်တန်းတက်ရောက်နိုင် အောင်လို့ သင်တန်းပေးနေတယ်။ သင် တန်းမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ပညာရှင်တွေကိုယ်တိုင် လာရောက်သင် ကြားပေးတယ်။ စကားအင်းကျေးရွာ မှာ သင်တန်းတက်ဖို့ စာရင်းပေးတာ ၅ဝ ကျော်ရှိပြီ။ သင်တန်းပြီးရင် သင်တန်း ဆင်းလက်မှတ် ထုတ်ပေးမယ်' လို့ ပြော ပါတယ်။ သင်တန်းမှာ ပိုးမွှားကင်းစင် ကြောင်းနဲ့ စိုက်ပျိုးရေးနည်းစနစ်ကောင်း များကို သင်ကြားမည်ဖြစ်ရာ စိတ်ပါဝင် စားသူမည်သူမဆို တက်ရောက်နိုင် ကြောင်း သိရပါတယ်။ ဇူူးဇူူး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြက်မွေးမြူရေးဇုန်များ မြန်မာနိုင်ငံသည်လည်း ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားရေး၊ ဖြစ်ပွားလျှင် လူသို့မကူးစက်ရေးနှင့် ဖြစ်ပွားရာဒေသတွင် ရောဂါထိန်းချုပ်နိုင်ရေးတို့ကို အထူးဆောင်ရွက်နေပြီး ကြက်မွေးမြူသူများကို ကြက်မွေးမြူရေး ဇုန်များ ထူထောင်ပေးပြီး မြို့တိုင်းမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။မုံရွာမြို့မှာလည်း အောင်မြင်ဖြစ်ထွန်းလျက် ရှိသော ကြက်မွေးရေးဇုန်ရှိပါတယ်။ မုံရွာကြက်မွေးမြူရေးဇုန်ဟာ မုံရွာမြို့အရှေ့မြောက်ဖက် အက်တောရွာအနီး၊ မြေဧရိယာ ၁၂၃ ဒသမ ၄၅ ဧကပေါ်တွင် တည်ရှိပြီး ဥစားကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂၂ဝ ကွက်၊ အသားတိုးကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂ဝ ကွက်၊ ငုံးမွေး မြူရေး (၁ဝဝ ပေ x ၁ဝဝ ပေ) ၉ဝ ကွက်၊ မွေးမြူရေးအထောက်အကူလုပ်ငန်းအတွက် ၆၄ ကွက်ဖော်ထုတ်ပြီး နေရာချထား ကြောင်း သိရှိရပါတယ်။ လက်ရှိတွင် ဥစားကြက်ခြံ ၂၆၆ ခြံ၊ အသားစားကြက်ခြံ ၈ ခြံ၊ ငုံးမွေးမြူရေးခြံ ၈ဝ ခြံ၊ ကြက်၊ ငုံးခြံစောင့် အိမ်ရာ ၁၅ဝ လုံး ၊ ကြက်စာကြိတ်စက်ရုံ ၁ဝ လုံး ရှိကြောင်း သိရပါတယ်။ ကြက်ကောင်ရေ ၁ ဒသမ ၃ သိန်းကျော်၊ ငုံးကောင်ရေ ၄ ဒသမ ၇ သိန်းကျော်မွေးမြူထားပြီး နေ့စဉ် ကြက်ဥ ၉ သောင်းကျော်၊ ငုံးဥ ၃ သိန်း ၅ သောင်းခန့် ထွက်ရှိနေကြောင်း သိရပါတယ်။ ထွက်ရှိတဲ့ ကြက်ဥတစ်လုံး ၈ဝ ကျပ်၊ ငုံးဥတစ်လုံး ၁၆ ကျပ်ဖြင့် ကြက်ဥဒိုင်များမှသိမ်းယူပြီး ဒေသတွင်း စားသုံးမှု ဈေးကွက်မှ ပိုလံျှသည်များကို ဖားကန့်၊ မိုးကုတ်မြို့များနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့များသို့ တင်ပို့ရောင်းချလျက် ရှိပြီး စားသုံးမှု ဈေးကွက်သို့ ဖြည့်စွက်ပေးနေလျက်ရှိပါတယ်။ အောင်မင်း
ပဲခူးတိုင်းဒေသကြီးအရှေကောက်ဦးပေါ်ချိန် ဈေးကောင်းရ ပဲးခူးတိုင်းဒေသကြီး အရှေ့ကျောက်တံခါးမြို့နယ်မှာ ၂ဝ၁ဝ-၂ဝ၁၁ မိုးစပါး ဧက ၁ ဒသမ ၅၆ သိန်း စိုက် ပျိုးခဲ့ပြီး၊ အထွက်တိုး ဧည့်မထမျိုးဖြစ်တဲ့ ရတနာတိုး၊ မနောသုခနဲ့ ရွှေဝါထွန်း စပါးမျိုးများ အဓိကထား စိုက်ပျိုးကြပါ ယခုအခါ မိုးစပါးများရိတ်သိမ်းပြီး ေြွခလှေ့စက်နဲ့ စနစ်တကျ ေြွခလှေ့နေ လှန်းရောင်းချကြလို့ စပါးဈေးမှာ ၄၆ ပေါင် တစ်တင်း ၃၂ဝဝ ကျပ်ရရှိခဲ့ပြီး ယခင်နှစ် ကောက်ဦးပေါ်ချိန်မှာ ၂၈ဝဝ ကျပ်ရရှိခဲ့လို့ ယခုနှစ် ဈေးပိုရတယ်လို့ တောင်သူများက ပြောပါတယ်။ စိုက်ပျိုးချိန်ကစလို့ ပေါင်းမြက်ရှင်း၊ သမန်းနိုး၊ ဓာတ်မြေသြဇာစနစ်တကျ ထည့်ပြီး ပိုးမွှားရောဂါ နှိမ်နင်းခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ် ဆောင်ခဲ့ကြလို့ အထွက်နှုန်း ၆၅ တင်းနဲ့ ၇၅ တင်းကြား ထွက်ကြောင်း သိရပါ တယ်။ သိန်းဝင်း
