Main menu

Background

Monday, 15 Nov 2010

ပုံမှန်အရောင်းအဝယ်ဖြစ်လာတဲ့ မိုးကောင်းမြေထောက်             မိုးကောင်းဒေသထွက် မိုးမြေထောက်ပဲတို့ ပေါ်ဦးမှာ ဈေးအေးအဝယ်ပါး တာကြောင့် တောင်သူလက်မှာ လက်ကျန် များနေခဲ့ပေမဲ့ နိုဝင်ဘာလဆန်းပိုင်းက စပြီး တက်ရိပ်ပြလာပါတယ်။ ယခုအပတ်မှာတော့ တစ်တင်း ၁၄၂ဝဝ ကျပ်အထိ ဈေးရလာတာကြောင့် အရောင်းအဝယ်ပုံမှန်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးသို့ နေ့စဉ် ၄၅ ပိဿာဝင်အိတ် ၃ဝ ခန့် တင်ပို့နေကြောင်း သိရပါတယ်။                                                                                                ကိုကိုစိုး 

Monday, 15 Nov 2010

ပဲယင်းအနည်းငယ်ဆက်လက်တင်ပို့           အခြားပဲတွေထဲမှာ ပမာဏမများပေမဲ့ တင်ပို့မှုရှိနေသေးတာကတော့ ပဲယင်းဖြစ်ပါတယ်။ ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ ၇၂ တန် တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ မလေးရှား၊ စင်ကာပူတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၃ဝဝ ကျော်သာရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၆ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် အောက်တိုဘာလမှာ တန်ချိန် ၁၄ဝဝ ခန့်တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ သိသိသာသာလျော့ကျတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ  FAQ တစ်တန် ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။                     MIRT - MAPT 

Monday, 15 Nov 2010

ပဲလွန်းဖြူလက်ကျန်များ တင်ပို့မှုလျော့လာ             ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ၂ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (အောက်တိုဘာလ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ လက်ကျန်ပဲအဟောင်းတွေ လျော့ကျလာတာကြောင့် တင်ပို့မှု လျော့ကျလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်တွေက အဝယ်ရှိနေဆဲ ပဲလွန်းဖြူဟာ လက်ကျန်နည်းသွားတာ ကြောင့် ဈေးမြင့်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ရှိရာမှ နိုဝင်ဘာလ ၁၁ ရက်မှာတော့ ၈၉ဝ-၉ဝဝ ကိုမြင့်လာပြီး  FAQ ဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ ဖြစ်တယ်လို့ သိရပါတယ်။                                                                                                  MIRT - MAPT 

Monday, 15 Nov 2010

သိုလှောင်လက်ကျန်များ ထုတ်ရောင်းလာကြလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ        အိန္ဒိယပြည်တွင်းဈေးကွက်များမှာ သိုလှောင်လက်များ ထုတ်ရောင်းလာ ကြလို့ ကုလားပဲလက်ငင်းရော ကြိုပွိုင့်ရော ဈေးကျဆင်းခဲ့ပါတယ်။ ဒေလီဈေးကွက် ကို နိုဝင်ဘာလ ၁၁ ရက်က ကုလားပဲကား အစီး ၃ဝ ဝန်းကျင်ဝင်ရောက်လာတာ ကြောင့် တစ်တန်ကို ရူပီး ၂၅ လျော့ကျပြီး ရူပီး ၂၄၂၅ဝ (ကန်ဒေါ်လာ ၅၄၇ ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။       တောင်သူများမှာလည်းဈေးကျဆင်းမယ့်မျှော်လင့်ချက်တွေနဲ့ လက်ကျန်များထုတ်ရောင်းလာကြတာကြောင့် ကုလားပဲလက်ကျန် လျော့ပါးလာပြီ လို့ သိရပါတယ်။ ဒါပေမဲ့ အဝယ်အနည်းငယ်ရှိနေတာကြောင့် နိုဝင်ဘာလ အခြေခံ စာချုပ်ဈေးကတစ်တန်ကို ရူပီး ၂၄၅၅ဝ (ကန်ဒေါ်လာ၅၅၄ )နဲ့ ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။             ကာလတိုအတွင်းမှာတော့ ဈေးကွက်တွေမှာ လက်ကျန်နည်းလာခြင်းနဲ့ ခွဲစက်သမားများရဲ့ ဝယ်လိုအား ကောင်းမယ့် အခြေအနေတွေကြောင့် တစ်တန်ကို ရူပီး ၈ဝဝ-၁ဝဝဝ (ကန်ဒေါ်လာ ၁၈-၂၂) မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ နောက်ပိုင်း ကုလားပဲကြိုပွိုင့်ဈေးကတော့ ဆောင်းပဲစိုက်ပျိုးမှု အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။                                                                                                    ယမင်းခင်၊ှSources: commodityonline 

Monday, 15 Nov 2010

 ဈေးမာနေတဲ့ မန်းကုလားပဲ    ယခုနိုဝင်ဘာလဒုတိယပတ် မန်းဈေးကွက်မှာ ကုလားပဲကို မျိုးအဖြစ် စိုက်ပျိုးမဲ့ တောင်သူများ၊ ဒေသတွင်း ပဲခွဲစက်ပိုင်ရှင်များရဲ့ ဝယ်လိုအားကြောင့် ယခင်အပတ်ထက် အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတာ တွေ့ရပါတယ်။ မျိုး စိုက်ပျိုးမဲ့ တောင်သူများမှ ဗွီတူးအပြင် V7 , (929)  မျိုးများကိုလည်း စိုက်ပျိုးရန် အတွက်ဝယ်ယူနေတာကိုလည်း တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ တစ်ပိဿာ ကို ၁၃၆၂ ကျပ်၊ ၁၃၉၇ ကျပ်၊ ၃ တင်းတစ်အိတ် ၇၈ဝဝဝ ကျပ်၊ ၈ဝဝဝဝ ကျပ်ဈေးနှုန်းဖြင့် မျိုးအတွက် V2, V7, 909  တို့ဟာ ဈေးကွာဟမှုမရှိဘဲ ဈေးအတူတူဖြင့် ရောင်းဝယ်နေတာဖြစ်တယ်လို့ မျိုးရောင်းဝယ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၆၂ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂၈ ကျပ်နဲ့ ရောင်းဝယ်နေကြသလို ပဲခွဲစက်လုပ်ငန်းရဲ့ ဝယ်လိုအား ကောင်းနေတာကြောင့် ဆက်လက်ပြီး ဈေးမာနေဦးမယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ခန့်မှန်းကြကြောင်း သိရပါတယ်။                                                ကျော်ကျော်မိုး

Monday, 15 Nov 2010

ယခင်တစ်ပတ်ထက်ဈေးအမြင့်မှာရှိတဲ့ ကုလားပဲ             ပဲခွဲစက်သမားများ အဝယ်အများဆုံးရှိတဲ့ ကုလားပဲဈေးနှုန်းမှာ ယခင် တစ်ပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်၊ ယခုနိုဝင်ဘာဒုတိယပတ်မှာ ၂၆၅ဝဝ ကျပ်ကို ဈေးဆက်လက်မြင့်နေဆဲရှိပါတယ်။ ကုလားပဲဈေးကောင်း ရနေပေမဲ့လည်း ရောင်းလက်က အဝယ်ရှိသလောက်မရောင်းချကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းအတွင်းမှာသာ ရောင်းချမှုရှိပါ တယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက် အိတ် ၂ဝဝ ပတ်လည်ရောင်းချရ ကြောင်း သိရပါတယ်။                                                                                     လွင်လွင်ဆန်း 

Monday, 15 Nov 2010

မိုးကောင်းဒေသမှာ စိုက်ပျိုးတော့မည့် ဗွီတူးကုလားပဲ               မိုးကောင်းမြို့နယ်အတွင်း ပဲစိုက်ပိုျးမှုများရှိပေမဲ့ ကုလားပဲစိုက်ပျိုးမှုမှာ အလွန် နည်းပါးကြောင်း တွေ့ရပါတယ်။ ကုလားပဲသီးနံှဟာ အောင်မြင်ဖြစ်ထွန်း ပါက တောင်သူအတွက် အကျိုးအမြတ်များတာကြောင့် ယခုနှစ်မှာတော့ ရေရှင်၊ နမ္မတီး၊ လံှလော၊ ပြွန်သုံးလုံးကျေးရွာဒေသတစ်ဝိုက်က မိုးစပါးများ ရိတ်သိမ်းပြီး အစိုဓါတ်ရှိတဲ့ လယ်မြေများမှာ ထွန်တစ်ကြောင်းဆွဲမျိုးစေ့ချစနစ်နဲ့ ဗွီတူးကုလားပဲကို ဧက ၇ဝ ခန့် စိုက်ပျိုးသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မျိုး၊ ပိုးသတ်ဆေး၊ သွင်းအားစုများမှန်ကန်စွာအသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာမှ နည်းပညာပေးခြင်း လုပ်ငန်းများ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရပါတယ်။                                                                                                                                ကိုကိုစိုး 

Monday, 15 Nov 2010

 ဈေးမြင့်လို့အဝယ်အေးလာတဲ့ မုံရွာကုလားပဲ            နိုဝင်ဘာလ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဈေးဆက်လက်မာနေတဲ့အတွက် အဝယ်အနည်းငယ်အေးသွားခဲ့ကြောင်း သိရပါ တယ်။ အခုရက်ပတ်ထဲမှာ ကုလားပဲရိုးရိုးဈေးမဖွင့်ခဲ့ပေမဲ့ ကုလားပဲတိုင်ပေ တစ်တင်း ၂၄၈ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး တစ်တင်း ၂၅၅ဝဝ ကျပ်နဲ့ ၉၂၉ ကုလားပဲတစ်တင်း ၂၅၈ဝဝ ကျပ်အသီးသီးတက်ဈေး ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုအခါ မုံရွာ နယ်ဝန်းကျင်က ဆောင်းသီးနံှစိုက်မဲ့ သူတွေမျိုးအတွက် အဝယ်လိုက်ခဲ့ပြီး အထွက် နှုန်းကောင်း ဈေးပိုရတဲ့၊ ၉၂၉ ကုလားပဲတွေ စိုက်ပျိုးဖို့ အဝယ်များတယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်ပတ်အတွင်း မန္တလေးအဝယ်အေးခဲ့ကာ မုံရွာကုန်စည်ဒိုင်နယ်မြေမှ တင်း၂ဝဝဝ နီးပါးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                       ထွန်းလှိုင်

Monday, 15 Nov 2010

ပြည်ဈေးကွက် ဈေးမာ     ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရဲ့ ဆောင်းပဲတီစိမ်းကို ယခုနှစ်မှာ ဧက ၂၃ဝဝဝ ကျော်စိုက်ပျိုးဖို့ လျာထားပြီး ယခုနိုဝင်ဘာလဆန်းပိုင်းအထိ ဧက ၁ဝဝဝဝ ကျော် စိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းကတော့ ယခင် အပတ်က တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေး ရှိခဲ့ပြီး ယခုနိုဝင်ဘာ ဒုတိယပတ်အတွင်း တစ်တင်းကို ၂၇၅ဝဝ ကျပ်ထိ ဈေးမြင့် တက်လာခဲ့ပါတယ်။ ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးဖက်မှ အဝင်ရှိသလို ပြည်မြို့အနောက်ဖက်ကမ်း မြို့နယ် များမှလည်း နေ့စဉ်အဝင်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၃ဝဝ ကျော် ဝင်ရောက်မှု ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးသို့ ယခုတစ်ပတ် အတွင်း အိတ် ၂ဝဝ ခန့် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။                                                  ခင်ဆွေဝင်း

Monday, 15 Nov 2010

မန္တလေးအဆွဲလျော့လို့ မုံရွာပဲတီစိမ်း ဈေးငြိမ်   မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ၁ဝ ရက်ပတ် ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ နယ်အဝင်ပုံမှန်ရှိခဲ့ကာ မန္တလေး အဆွဲအနည်းငယ် အေးပြီး ဈေးလည်းငြိမ်နေတာတွေ့ရပါတယ်။ ယခုရက်ပတ်အတွင်း ပဲတီစိမ်းအကြီး တစ်တင်းအောက်စ ၂၁ဝဝဝ ကျပ်၊ ထိပ်စ ၂၇ဝဝဝ ကျပ်နဲ့ တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။  မန္တလေး ဈေးကွက်ကို တင်ပို့မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၁ဝဝ ခန့် လျော့နည်းသွားခဲ့ပြီး ယခုလ ၁ဝ ရက်ပတ်အတွင်း တင်း ၂ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                              ထွန်းလှိုင်

Pages