Background
ပြည်ဈေးကွက်တွင် ဘိုကိတ်လက်ကျန်ပြတ် ပြည်ဈေးကွက်မှာတော့ ဘိုကိတ် ပိဿာ ၂ဝ တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း အပြောင်းအလဲ မရှိ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်က လက်လီသမားများ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ဘိုကိတ်ပဲဟာ ယခုတစ်ပတ်မှာတော့ လက်ကျန်များမရှိတော့ကြောင်း သိရပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ဘိုကိတ်အရောင်းအဝယ်မဖြစ်တော့ဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ
ပဲကြော်ဖိုလုပ်ငန်းများနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေတဲ့ ပဲကတော့ ပဲကြီး(ကမ်းနား) ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပဲကြီး (ကမ်းနား) အလတ်စဆိုရင် တစ်တင်း ၂၈ဝဝဝ ကျပ်နဲ့ အချောစမှာ ၂၉ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ပထမပတ်တွင်း ပဲကြီး (ရွှေကျွန်း)ကို တစ်တင်း ၃ဝဝဝဝ ကျပ်၊ မျိုးပဲမှာ တစ်တင်း ၃၂ဝဝဝ ကျပ်အထိ ဈေးရရှိခဲ့ကြပြီး မျိုးသမားများ အဝယ်ရှိခဲ့ကြပါတယ်။ ယခုအောက်တိုဘာ ဒုတိယပတ်မှာတော့ မျိုးသမားများအဝယ်မရှိတော့ဘဲ ပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများသာ အဝယ်ရှိခဲ့သည့်အတွက် ပဲကြီး (ကမ်းနား) သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး တစ်ရက်ကို အိတ် ၂ဝဝ ခန့် နေ့စဉ်အဝယ်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပဲလွန်းဖြူ ဆက်လက်တင်ပို့မှုရှိ ယခုနှစ်မှာ ပင်လယ်ရေကြောင်းက ပိုတင်ပို့လာတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (အောက်တိုဘာ ၇ ရက်မှ ၁၃ရက်) အတွင်းမှာလည်း တန်ချိန် ၂ဝဝ နီးပါးနဲ့ ဆက်လက်တင်ပို့နေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက စင်ကာပူ၊ ကိုရီးယား၊ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးနဲ့ အိန္ဒိယမွန်ဘိုင်းဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ရန်ကုန် (FOB) မွန်ဘိုင်း FAQ SQ၁၄-၁ဝ-၁ဝ ၇၉ဝ-၈ဝဝ ၈၉ဝ-ဝဝ ၁၁၉၅၇-၁ဝ-၁ဝ ၇၈ဝ-၇၉ဝ ၈၈ဝ-၈၉ဝ ၁၁ဝ၁MIRT (MAPT)
လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်အတွင်းအခြားပဲများလက်ကျန်အသင့်အတင့်ရှိသေးသော် လည်း ထောပတ်ပဲကတော့ လက်ကျန်ပြတ် သွားပြီလို့ သိရပါတယ်။ ဇူလိုင်၊ သြဂုတ်လများအတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေခဲ့သော်လည်း စက်တင်ဘာ လ ဆန်းမှစ၍ လက်ကျန်နည်းခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့်လည်း ဝယ်လိုအားရှိသော်လည်း ရောင်းအားကျ သွားခဲ့ပါတယ်။ ထောပတ်ပဲမှာ ဈေးစဖွင့်ချိန်တွင် တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုပဲလက်ကျန် ပြတ်သွား သည့်အချိန်မှာ တစ်တင်းကို ၂၆ဝဝဝ ကျပ်နဲ့ အောက်တိုဘာလပထမပတ်မှာ အိတ် ၂ဝ ခန့်နောက်ဆုံးအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ယခင်တစ်ပတ်ထက် ဈေးမြင့်တက်လာတဲ့ ပြည်ကုလားပဲ ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ် အောက်တိုဘာပထမပတ်မှာ ၂၂၃ဝဝ ကျပ်ရှိရာမှ ယခုအောက်တိုဘာ ဒုတိယပတ်မှာ ၂၃၂ဝဝ ကျပ်ဖြင့် တစ်တင်းကို ၉ဝဝ ကျပ်ဈေးမြင့်ခဲ့ပါတယ်။ ကုလားပဲ ဗွီတူး ဈေးမှာမပြောင်းပဲ ၂ဝ၇ဝဝ ကျပ်ဈေးရှိပြီး အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်ပဲ ဈေးဆက်လက်မြင့်တက်ရခြင်းမှာ တိုင်းအတွင်း လိုင်းသမားများပါ အဝယ်လိုက်လာ တဲ့အတွက် တခိုျ့ရက်များမှာ အိတ် ၇ဝဝ-၈ဝဝ ခန့်ထိရောင်းအား ကောင်းခဲ့ပါ တယ်။ ပဲခွဲစက်များကတော့ ပုံမှန်အဝယ်ရှိနေပါတယ်။ ယခုတစ်ပတ်မှာ အခြားတိုင်း များသို့ တင်ပို့ရောင်းချမှုမရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း
ဗွီတူးအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ မုံရွာပဲဈေးကွက်မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း အဝယ် လိုက် လာပြီး ဈေးမြင့်လာတဲ့ ပဲကဗွီတူးလို့ သိရပါတယ်။ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက် များနဲ့အတူ ရန်ကုန်ဝယ်လက်အပြိုင်ဆွဲလာလို့ အောက်တိုဘာလ ၁၁ ရက်နေ့က ပုံမှန်ထက် အရောင်းအဝယ်ပိုကာ ဈေးမှာ တစ်တင်း ၂ဝဝ ကျပ်မြင့်တက်ခဲ့ပြီး တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အိတ် ၁၅ဝဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း
ဈေးမာလာတဲ့ မန်းကုလားပဲဈေးကွက် မန်းဈေးကွက်အတွင်း ကုလားပဲကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှာ ဝယ်လိုအား ကောင်းနေတဲ့အတွက် ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက် အတွင်း ပစ္စည်းလက်ကျန်နည်းလာသလို ပဲခွဲစက်လုပ်ငန်း ရှင်များ ဆွဲအား ကောင်းနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်ကြောင်း ပဲလက်ကျန်ကုန်သည်တို့က ပြောပါတယ်။ စက်တင်ဘာလ နောက်ဆုံး ပတ်မှာ ကုလားပဲဖြူကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် တစ်တန် ၆၇၃၆ဝဝ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁ဝ၄၈ ကျပ်၊ တစ်တန် ၆၄၁၇ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၃၅ ကျပ်၊ တစ်တန် ၆၉၅ဝဝ ကျပ်၊ ကုလားပဲ(တိုင်ပေ) တစ်ပိဿာ ၁ဝ၈၄ ကျပ်၊ တစ်တန် ၆၆၃၈ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်ပြီး ဈေးကွက်အတွင်း အရောင်းသွက်ဈေးမာလျက်ရှိကြောင်း သိရပါတယ်။ကျော်ကျော်မိုး
ဒေသတွင်းအရောင်းသွက် ဈေးကွက်မာတဲ့ မုံရွာကုလားပဲ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ရဲ့ အောက်တိုဘာဒုတိယပတ်မှာ အခြားပဲ များထက် ကုလားပဲမျိုးစုံ အရောင်း အဝယ်သွက်ခဲ့ပြီး ပေါက်ဈေးအနေနဲ့ ယခင် အပတ်ကထက် တစ်တင်းကို ၇ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်ထိ ဈေးပိုရခဲ့ကာ ကုလားပဲ ရိုးရိုးတစ်တင်း ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ ဗွီတူး တစ်တင်း ၂၁၅ဝဝ ကျပ်အသီးသီး ဈေးမြောက်လာခဲ့ပါတယ်။ ယခုအပတ်ထဲမှာ ရန်ကုန်၊ မန္တလေး ဝယ်လက် အနည်းငယ်သာရှိခဲ့ပြီး ဒေသတွင်းခွဲစက်သမားတွေ အများဆုံးဝယ်ယူ ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ တစ်ရက်ကို တင်း ၃ဝဝမှ ၅ဝဝ ကြား နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကာ အောက်တိုဘာလ ၁ ရက် နေ့မှ ၁ဝ ရက်နေ့အထိ မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့်၊ မုံရွာဈေးကွက်မှ တင်ပို့စီးထွက်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင်
ပြည်ပဈေးကွက်အခြေအနေအရ အိန္ဒိယကုလားပဲဈေးမြင့်တက် ပြည်ပလက်ငင်းဈေးကွက်များမှာ ကုလားပဲကိုတာ လျော့ကျခြင်းနဲ့ ပွဲတော်ကာလနီးလာပြီဖြစ်ခြင်းတို့ကြောင့် လွန်ခဲ့တဲ့သီတင်းပတ်များအတွင်း အိန္ဒိယ ပြည်တွင်းဈေးကွက်များမှာ ကုလားပဲဝယ်လိုအား မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို ယခင်နှစ်က တစ်တန်ကို ရူပီး ၁၇၆ဝဝ (ကန်ဒေါ်လာ ၃၉၇ )ရှိရာမှ ရူပီး ၂၁ဝဝဝ (ကန်ဒေါ်လာ ၄၇၄) ကို မြှင့်တင်မယ်ဆိုတဲ့ သတင်းများက ကုလားပဲ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါ တယ်။ ကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တိုးမြင့်လိုက်ခြင်း ကြောင့် ပဲတောင်သူများဟာ ယင်းဈေးအောက်လျော့ချပြီး၊ ရောင်းချမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပွဲတော်အတွက် အဝယ်ကောင်းလာမှာဖြစ်လို့ ကာလတိုအတွင်း ကုလားပဲတစ်တန်ကို ရူပီး ၇ဝဝ-၈ဝဝ (ကန်ဒေါ်လာ ၁၆-၁၈) မြင့်တက်နိုင်ပေမဲ့ ကာလပတ်အတွင်းမှာတော့ မိုးပဲအထွက်ကောင်းမယ့်ခန့်မှန်းချက်နဲ့ ကုလားပဲ လက်ကျန်ရှိ နေခြင်းတို့ကြောင့် ဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊Source: commodityonline
မုံရွာပဲတီစိမ်း အရည်အသွေးကောင်းလို့ ဈေးကောင်းရနေ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်ဟာ ပြီးခဲ့တဲ့လကုန်ပတ်နဲ့ အောက်တိုဘာပထမပတ်အတွင်း တစ်တင်း၂၂၅ဝဝ ကျပ်ခန့်သာ အမြင့်ဆုံးပေါက်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အသစ်ဝင်လာတဲ့ ပဲတီစိမ်းကြီးတွေ တစ်တင်း ၂၅ဝဝဝကျပ်ထိ ဈေးကောင်းရခဲ့တာတွေ့ရပါတယ်။ အရည်အသွေးကောင်းလို့ ဈေးကောင်းရခြင်းဖြစ်သလို ဈေးကောင်းရလို့လည်းနယ်အဝင် သွက်လာခဲ့ပါတယ်။ နယ်စုံကဝင်လာတဲ့ ပမာဏပေါ်မူတည်ပြီး၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူမှုရှိလို့ တစ်ရက်ကို တင်း ၂ဝဝ မှ ၄ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ အောက်တိုဘာ ၁ ရက်မှ ၁ဝ ရက်ထိ မုံရွာ ဈေးကွက်ကနေ မန္တလေးကို ပဲတီစိမ်းကြီး တင်း ၃ဝဝဝ ခန့် တင်ပို့ခဲ့ကြကြောင်း လေ့လာ သိရှိရပါတယ်။ထွန်းလှိုင်