Main menu

Background

Monday, 27 Sep 2010

ငွေပေါ်ဖို့ ကျဈေးနဲ့ ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံ      စက်တင်ဘာ စတုတ္ထပတ်မှာ ရှမ်းပဲစင်းငုံတွေကိုလည်း အကျဈေးနဲ့သာပြန်ထုတ်ရောင်းနေကြပါတယ်။ ဈေးကောင်းလာမလားလို့ မျှော်နေတဲ့ ပဲကုန်သည်တွေကတော့ အသစ်ထွက်လာတဲ့ပြောင်း၊ ပဲပုပ်၊ သနပ်ဖက်တွေ ကို ပြန်ပြီးဝယ်ယူလိုတာကြောင့် ငွေပေါ်ဖို့အတွက် အကျဈေးနဲ့သာ ထုတ်ရောင်း နေကြရပါတယ်။ ဇူလိုင်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၁၁၂ဝ ကျပ်မှ အမြင့်ဆုံး ၁၃၂ဝ ကျပ်ရှိခဲ့ပါတယ်။ ကုန်သည်တွေကလည်း ဒီထက်ပိုဈေးတက် နိုင်မယ်ထင်ပြီး စောင့်နေကြပေမဲ့ သြဂုတ်လမှာ ဈေးပြန်ကျလာပြီး တစ်ပိဿာ ၉၅ဝ ကျပ်မှ အမြင့်ဆုံး၁၁၆ဝ ကျပ်ရှိပါတော့တယ်။ စက်တင်ဘာလဆန်းမှာ ဈေးက ထပ်ကျလာပြီးတစ်ပိဿာကို အနိမ့်ဆုံး ၉ဝဝ ကျပ်မှ အမြင့်ဆုံး ၉၇၅ ကျပ်သာရှိပါတော့တယ်။ကုန်သည်တွေကလည်း ပစ္စည်းအသစ်ပေါ်တာတွေကို ဝယ်လိုတာကြောင့် လက်ထဲရှိနေတဲ့ပစ္စည်းကို အကျဈေးနဲ့သာ ထုတ်ရောင်းနေရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ပဲစင်းငုံပေါက်ဈေးက တစ်ပိဿာ ၉၅ဝ ကျပ်သာရှိပါတယ်။ ဈေးကျနေပေမဲ့ အရောင်း ကတော့ သွက်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန် ဝယ်လက်တွေကသာ အဓိက ဝယ်ယူနေကြပြီး တစ်ပတ်အတွင်း ပိဿာချိန် ၃ ဒသမ ၆သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                             ဧဧခိုင်

Monday, 27 Sep 2010

 ပဲစင်းငုံတင်ပို့မှု ယခင်ဘဏ္ဍာနှစ်ကာလတူထက် ထက်ဝက်ကျော်လျော့နည်း      ပဲစင်းငုံပြည်ပတင်ပို့မှုအနေနဲ့ ယခင်နှစ်က အရှိန်အဟုန်မြင့်ခဲ့ပေမဲ့ဒီနှစ်မှာတော့ တင်ပို့မှုအားနည်း တာတွေ့ရပါတယ်။ ယခုတစ်ပတ် စက်တင်ဘာ၁၆ ရက်မှ ၂၂ ရက်အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ နီးပါးသာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ ပြည်တွင်းဈေးကွက်အရောင်းအဝယ်အခြေအနေကတော့ ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက်တွေ အဝယ်ရှိလာတယ်လို့ သိရပါတယ်။ ပဲစင်းငုံလက်ဝယ်ရှိသူတွေ လိုချင်တဲ့ ဈေးမရသေးပေမဲ့ အိန္ဒိယဝယ်လက် ဈေးအနည်းငယ်တိုးဝယ်ယူမှုတော့ ရှိလာတယ်လို့ သိရပါတယ်။ ဒါကြောင့် ရန်ကုန် FOB ဈေးမှာလည်း အနည်းငယ်တိုးတက်လာကာ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။                                                                                    ဒေါ်လာ/တန်                       ပဲစင်းငုံ                     ပဲစင်းငုံဖြူနီ၊ အဖြူ ၂၃-၉-၁ဝ       ၇၆ဝ-၇၇ဝ                     ၆၅ဝ-၆၆ဝ၁၇-၉-၁ဝ        ၇၅ဝ-၇၆ဝ                      ၆၅ဝ-၆၆ဝMIRT(MAPT)

Monday, 27 Sep 2010

အိန္ဒိယပဲစင်းငုံလက်ကျန်များတယ်ဆိုပေမဲ့ တစ်လအတွင်းဈေးသိသိသာသာမကျ      အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယမန်နှစ်က ပဲ အထွက်မြင့်တက်လို့ လက်ကျန် အလုံအလောက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပေမဲ့ တစ်လအတွင်း ဈေးနှုန်းကတော့ သိသိသာသာ ပြောင်းလဲကျဆင်း မှုမရှိတာတွေ့ရပါတယ်။ ယခုရက်ပိုင်းအတွင်း ပဲစင်းငုံအဝယ်ရှိနေတာကြောင့် ဈေးခိုင်မာနေတာတွေ့ရပါတယ်။ ဒါပေမဲ့ ယခုနှစ် ပဲစင်းငုံစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် ဟက်တာ တစ်သန်းကျော်ပိုမိုနေတဲ့ အပြင် လက်ရှိမိုးကောင်းကောင်းရွာသွန်း နေခြင်းကသီးနံှများဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေတာမို့ ပဲစင်းငုံဈေးက လာမယ့်ရက်တွေမှာ အကျဘက်ကို ဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တစ်လအတွင်း ဖြစ်ပေါ်တဲ့ ပဲစင်းငုံဈေးနှုန်းကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                             ဒေါ်လာ/တန်                    မွန်ဘိုင်း                 ချန်နိုင်း၂၃-၉-၁ဝ    ၇၆၈-၇၈၄                    ၇၆၈၁၇-၉-၁ဝ        ၇၆၇                       ၇၆၂MIRT(MAPT)

Wednesday, 22 Sep 2010

 ပြည်တွင်းနို့ဆီ     လက်ကားဈေး                           တစ်ဘူး/ကျပ်                                               ရန်ကုန်        မန္တလေး       ဒွန်း( နို့ဆီ )                           ၆၆ဝ           ၆၇ဝ       ဒွန်း( နို့စိမ်း)                          ၆၁ဝ           ၆၂၅       မာရီဂိုး(နို့ဆီ)                         ၅၈ဝ          ၅၉၅    လပ်ကီးကောင်း( နို့စိမ်း)             ၅၃ဝ          ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-    နို့ဆီလက်လီဈေး                          တစ်ဘူး/ကျပ်                                                ရန်ကုန်        မန္တလေး     ဒွန်း( နို့ဆီ )                                ၇ဝဝ          ၇၁၅    ဒွန်း( နို့စိမ်း)                                 ၆၅ဝ         ၆၆၅  Falcon နို့ဆီ                                   ၆ဝဝ         ၆၁၅ံ Happy Cow                                   ၅၈ဝ         ၅၉၅  ဝမ်းတီနို့ဆီ                                    ၆၅ဝ          ၆၆၅  ယူကေနို့ဆီ                                    ၆ဝဝ         ၆၁၅MIRT (DOT)

Wednesday, 22 Sep 2010

 နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်များတွင်နို့စိမ်းတင်သွင်းမှုပို      စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကော့သောင်းနယ်စပ်မှသာ My boy တံဆိပ် နို့စိမ်း ကာတွန်း ၆ဝဝဝ ကန်ဒေါ်လာ ၉၈၄ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက်ကာတွန်း ၂၄ဝဝ ပိုမိုတင်သွင်း နိုင်ခဲ့ တယ်လို့သိရပါတယ်။ ယခုအပတ်မှာ သြဂုတ်လလယ်ခန့်မှ စပြီးတင်သွင်းမှုရပ်တန့်နေတဲ့ နို့မှုန့်ပြန်လည်တင် သွင်း လာတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံလုပ် လိပ်ပြာနှစ်ကောင်တံဆိပ်နို့မှုန့် ၇ ဒသမ ၁ တန်၊ တန်ဖိုး အားဖြင့်ကန်ဒေါ်လာ ၂ဝ၂၁၅ ဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT (DOBT)

Wednesday, 22 Sep 2010

 နို့ဆီနဲ့ နို့စိမ်း ပုံမှန်ဝင်နို့မှုန့်အဝင်လျော     ပင်လယ်ရေကြောင်းကနေ စက်တင်ဘာလ ဒုတိယပတ်အတွင်း နို့ဆီတန်ချိန် ၆၈၅ ဒသမ ၅၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ၆၆၇၇၅၂ ဒေါ်လာနဲ့ နို့စိမ်း ၆၃ဝဒသမ ၄၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၂၃၈၉၅ ဒေါ်လာဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီတန်ချိန် ၁၂၃ တန်၊ နို့စိမ်းတန်ချိန် ၁ဝ၄တန် တင်သွင်းခဲ့တာမို့ ဒီအပတ်အဝင်နဲ့ယှဉ်ကြည့်ရင် အဝင် ၅ ဆ ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့ဆီကစင်ကာပူနဲ့ ထိုင်းဘက်က တင်သွင်းလာတာဖြစ်ပြီး နို့စိမ်းကိုတော့ စင်ကာပူ နိုင်ငံဘက်ကပဲ တင်သွင်းလာတာဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်း နို့မှုန့်အဝင်ကတော့ ၁ဝဝ ဒသမ ၇၄ တန်ရှိခဲ့ပြီး ယခင်အပတ်က ၉ဝ၂ တန် ရှိခဲ့တဲ့အတွက် ယခင်အပတ်ထက် တော်တော်လျော့ပြီး တော့သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT) 

Monday, 20 Sep 2010

 အိန္ဒိယအစိုးရမှ ပဲတင်သွင်းတဲ့ အေဂျင်စီများအတွက် ထောက်ပံ့ကြေးဆက်ပေးနိုင်         အိန္ဒိယအစိုးရဟာ ပြည်တွင်းဈေးကွက်တွေမှာ စားနပ်ရိက္ခာဖြန့်ဖြူးမှုဖူလုံစေဖို့နဲ့ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ပြည်တွင်းကို ပဲတင်သွင်းနေတဲ့ အစိုးရပိုင်ကုမ္ပဏီများကို ထောက်ပံ့ကြေးပေးမယ့်အစီအစဉ်ကို ၆ လသက်တမ်းတိုးမြင့် ပေးဖွယ်ရှိတယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။ ပဲတင်သွင်းမှုအပေါ် ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်ဟာ စက်တင်ဘာလ ၃ဝ ရက်မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။  မိုးရာသီသီးနံှအထွက်ကောင်းနိုင်ပေမဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုက ဆက်လက်မြင့်တက်နေဆဲ ဖြစ်တာကြောင့်အဲဒီ အစီအစဉ်ကိုအစိုးရဝန်ကြီး အဖွဲ့မှသက်တမ်း တိုးမြှင့်ပေးဖို့ဆုံးဖြတ်ဖွယ် ရှိတယ်လို့ဆိုပါတယ်။ကမ္ဘာမှာ ပဲအများဆုံး ထုတ်လုပ်ပြီး အများဆုံး စားသုံးတဲ့ အိန္ဒိယဟာ နှစ်စဉ်ပဲမိုျးစုံတန်ချိန် ၁၅ သန်းခန့်ထုတ်လုပ်ပြီး၊ တန်ချိန် ၁၈ သန်းဝန်းကျင်စားသုံးမှုရှိပါတယ်။ လိုအပ်တဲ့ပမာဏကို ကနေဒါ၊ မြန်မာ၊ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျနဲ့ တူရကီတို့ကတင်သွင်းလျက်ရှိပါတယ်။      နိုင်ငံပိုင်အေဂျင်စီများနဲ့ သမဝါယမအသင်းများမှ မတ်လ ၃၁ ရက်မှာကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်အတွင်း တန်ချိန်၅၉၁၇၅၈ တင်သွင်းခဲ့ပြီး၊ ယင်းပမာဏကို ဆင်းရဲသားများအား အစိုးရထောက်ပံ့နှုန်းနဲ့ ရောင်းချပေးခဲ့ ကြောင်းသိရပါတယ်။ယခုနှစ်ဧပြီလမှ သြဂုတ်လ ၂ဝ ရက်အတွင်း အေဂျင်စီများမှ တန်ချိန် ၃၂၈ဝဝဝ တင်သွင်းဖို့ စာခုျပ်ခုျပ်ထားကြောင်းသိရပါတယ်။ယမင်းရွှေစင်၊ ှSource: business line

Monday, 20 Sep 2010

 သြစတြေးလျပဲမျိုးစုံအထွက်မြင့်တက်မယ်ခန့်မှန်း ဲ    သြစတြေးလျရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဆောင်းသီးနံှထွက်ရှိမှုဟာ မနှစ်ကထက် မြင့်တက်ပြီး တန်ချိန် ၄ဝ ဒသမ ၇သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သီးနံှများစွာအနက် ပဲမျိုးစုံဟာ ယခင်နှစ်က တန်ချိန် ၁ ဒသမ ၈၅ သန်းရှိခဲ့ရာမှယခုနှစ်မှာတန်ချိန် ၂ဒသမ ၃၄၄သန်းကိုမြင့်တက်ဖွယ်ရှိတယ်လို့ သြစတြေးလျစိုက်ပျိုးရေးနဲ့ အရင်းအမြစ် ဆိုင်ရာ စီးပွားရေးဗျူရို (ABARE )မှ ပြောကြားပါတယ်။ အဓိကတော့ ကုလားပဲဖြူလုံးကြီး အထွက်က တန်ချိန် ၇၉၁၇ဝဝ ထိ ၇၈ရာခိုင်နှုန်းခန့်မြင့်တက်နိုင်တာကြောင့်လို့ဆိုပါတယ်။အဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရွာသွန်းမှုက ပျမ်းမျှအထက်မှာ ရှိခဲ့တာကြောင့် အထွက်မြင့်တက်မယ်လို့ ABAREမှ ခန့်မှန်းထားခြင်းဖြစ်ပါတယ်။ နယူးဆောက်ဝေးလ် မှာစိုက်ဧရိယာမြင့်တက်ခြင်းနဲ့ အထွက်နှုန်းက ပျမ်းမျှထက်ပိုနိုင်ခြင်းတို့ကြောင့်စုစုပေါင်း သီးနံှထွက်ရှိမှုဟာ အမြင့်ဆုံးအဖြစ် စံချိန်တင်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင်လက်ရှိ သီးနံှ ဈေးနှုန်းမြင့်တက်ခြင်းနဲ့ သင့်တင့်တဲ့ ရာသီဥတုအခြေအနေရှိနေခြင်းတို့က အထွက်နှုန်း မြင့်တက်အောင် တောင်သူများဓါတ်မြေသြဇာအသုံးချဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ယမင်းခင်Sources: statpub.com 

Monday, 20 Sep 2010

 လက်ကျန်ပဲယင်းတွေ ဆက်လက်တင်နေ    ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲယင်းကို ဒီတစ်ပတ် (စက်တင်လာလ ၉ ရက်မှ ၁၆ရက်)အတွင်းမှာလည်း တန်ချိန် ၁ဝဝ ကျော်နဲ့ ဆက်လက်တင်ပို့နေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ FAQတစ်တန်ကို ကန်ဒေါ် လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။MIRT - MAPT

Monday, 20 Sep 2010

လက်လီသမားများအဝယ်လိုက်လာတဲ့ ပြည်ပဲနီပြား      ပြည်ဈေးကွက်မှာ လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်နေတဲ့ ပဲနီပြား ဈေးနှုန်းမှာ တစ်တင်းကို ၂၆ဝဝဝကျပ်ဖြင့် အဝယ်လိုက်လျက်ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်းမှာ ၂၅၅ဝဝ ကျပ်ဖြင့် ရောင်းဝယ် ခဲ့ကြရာမှ စက်တင်ဘာလဆန်းမှစ၍ ယခုစက်တင်ဘာတတိယပတ်အထိ လက်လီဈေးနူန်း တစ်တင်း ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ကဒေသတွင်းမြို့နယ်များမှ အဝယ်ရှိခဲ့လို့ တစ်ရက်ကို အိတ် ၃ဝ ခန့်သာ အရောင်း အဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်းအောင်လံဘက်မှလည်း အဝယ်ရှိလာတဲ့အတွက် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းသွက်လာကြောင်း သိရပါတယ်။ခင်ဆွေဝင်း

Pages