Background
ဗီယက်နမ်နိုင်ငံဟာ လာမယ့်နှစ်ဆန်းမှစပြီး သကြား တင်သွင်းမှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ သိရတယ်။၂၀၁၃ ခုနှစ်မှာ ဗီယက်နမ်သကြားပိုလျှံမယ် ခန့်မှန်းပြီး ပြည်တွင်းသကြားထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ သွင်းကုန် အခွန်တိုးမြှင့်ကောက်ခံဖို့ စီစဉ်ရခြင်းဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတယ်။
ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်နေ့ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၁၇၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၄၂၈ တန်ကျော်ကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါ ၄၂၈ တန်ကျော်အနက် မလေးရှားနိုင်ငံသို့ RSS-5 တန် ၂၀၊ စင်္ကာပူနိုင်ငံသို့ MSR-20 ၃၈၈ တန်ကျော်နဲ့ တရုတ်နိုင်ငံသို့ RSS-3 တန် ၂၀ ဖြစ်ပါတယ်။ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ဟာ ယခုအပတ်မှသာ ရော်ဘာ တင်ပို့ခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။
အမေရိကန်ရဲ့ပြောင်းဈေးနှုန်း မြင့်တက်တာကြောင့် လာမယ့်နှစ်မှာ တရုတ် နိုင်ငံမှ ပြောင်းတင်သွင်းမှုဟာ ထက်ဝက်ကျော် ကျဆင်းဖွယ်ရှိကြောင်း၊ ပြောင်း အထွက် စံချိန်တင်မြင့်တက်လာပေမဲ့ တစ်နိုင်ငံလုံး စားသုံးမှု မြင့်တက်နေခြင်းဟာ ပြည်တွင်းရောင်းချမှုကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ တရုတ်နိုင်ငံတော် သီးနှံနှင့် ဆီသတင်း အချက်အလက် စင်တာ (CNGOIC)အရာရှိတစ်ဦးမှ ခန့်မှန်းထားပါ တယ်။ ပြောင်းစားသုံးမှုမှာ ဒုတိယအများဆုံးဖြစ်တဲ့ ကမ္ဘာ့ပြောင်း ဒုတိယအများဆုံး သုံးစွဲတဲ့ တရုတ်နိုင်ငံဟာ ၂၀၁၃ စက်တင်ဘာလမှာ ကုန်ဆုံးမယ့် ပြောင်းရာသီမှာ ပြီးခဲ့တဲ့ နှစ်ထက် ၅၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၂ ဒသမ ၄ သန်းခန့်သာပြောင်း တင်သွင်းမှုရှိမယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ မိုးခေါင်ခြောက်သွေ့ခြင်းကြောင့် ဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက် ဝယ်ယူမှု လျှော့ချလာခြင်းဖြစ်ကြောင်း သိရပါ တယ်။
ဒါ့ပြင် ဝက်မွေးမြူရေး ချဲ့ထွင်လာတာကြောင့် စားသုံးမှုဟာ တန်ချိန် ၂၀၅ ဒသမ ၆ သန်းရှိပြီး ယခင်နှစ်ထက် ၉ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းပြောင်းထွက်ရှိမှုက ယခုနှစ်မှာ တန်ချိန် ၂၀၈ ဒသမ ၁၃ သန်းရှိပြီး ယခင်ထက် ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်တွင်း၊ ပြည်ပဈေးနှုန်းအပေါ် မူတည်ပြီး၊ ၂၀၁၃ ဧပြီလတိုင်အောင် ပြောင်း တင်သွင်းရဖွယ်မရှိဘူးလို့ CNGOIC မှ ဆိုပါ တယ်။ ကမ္ဘာ့ပြောင်း ထိပ်တန်းတင်ပို့တဲ့ အမေရိကန်မှာ မိုးခေါင်မှုဆိုးဝါးတာကြောင့် အမေရိကန်ပြောင်းဈေးမြင့် တက်ခဲ့ရာ တရုတ်နိုင်ငံ တောင်ပိုင်း Shenzhen ပြည်တွင်းပြောင်းဈေးထက် ၄ ရာခိုင်နှုန်း ဝန်းကျင် ပိုမိုတယ်လို့ သိရပါတယ်။ ပြောင်းစံချိန်တင် ထွက်ရှိပြီးနောက် ပြည်တွင်း ပြောင်းဈေးမှာ လျော့ကျခဲ့ပြီး၊ ပြည်တွင်းပြောင်း ပြုပြင်ထုတ် လုပ်သူတွေကလည်း ကော်မှုန့်ဖြူနဲ့ အရက်လို တန်ဖိုး မြင့်ထုတ်ကုန်တွေ ရောင်းချမှုနည်းတာကြောင့် ထုတ်လုပ်မှု ကို လျှော့ချထားတယ်လို့ သိရပါတယ်။ လာမယ့်နှစ်အတွင်း တရုတ်ဝယ်လက်တွေက အာဂျင်တီး နားနဲ့ ယူကရိန်းတို့မှ ပြောင်း တင်သွင်းလိမ့်မယ်လို့ CNGOIC မှ ဆိုကြောင်း စင်ဟွာ သတင်းဌာနမှ ဖော်ပြထားပါတယ်။ ယမင်းခင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်စခန်းမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ပြောင်းဖူးစေ့ တန် ၃၅၀ ကို ကန်ဒေါ်လာ သုည ဒသမ ၁၁၄ သန်းဖိုးစတင်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် စခန်းမှ ယခုအပတ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၄၂၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၅၉၄ တန်ကျော်နဲ့ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာသုည ဒသမ ၂၃၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၇၀ ကိုတင်ပို့ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှယခုအပတ် တင်ပို့မှု မရှိခဲ့ပါဘူး။ နှစ်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက် ပါတယ် -
ဒီဇင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၈၂၂ တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါ ၈၂၂ တန်အနက် စင်ကာပူနိုင်ငံ သို့ ၇၂ တန်တင်ပို့ နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန် ၇၅၀ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင် အပတ်က ၅၇၆ တန်သာ တင်ပု့ိခဲ့တဲ့အတွက် ယခုအပတ်မှာ ၂၄၆ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်း FOBပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၇၀-၂၈၀ ဖြစ်ပါတယ်။MIRT (DOBT)
ခရစ္စမတ်ရာသီအတွင်းဝယ်လိုအားမြင့်တက်တာကြောင့် ပြည် တွင်း ရောင်းချမှုတိုးမြှင့်ဖို့ တရုတ်နဲ့အိန္ဒိယ ကြက်သွန်နီများ ဖိလစ်ပိုင် နိုင်ငံအတွင်း ဝင်ရောက်မှုစတင်လာပြီလို့သိရပါတယ်။ ဟင်းသီးဟင်း ရွက်တင်သွင်း သူများနဲ့ တင်ပို့သူများအသင်း(VIEUA) မှလွန်ခဲ့တဲ့ ၂ လကျော်မှာ ဖြစ်ပွားခဲ့တဲ့ကြက်သွန်နီပြတ်လပ်မှုကို ယခုတင်သွင်းခြင်း က အကူအညီ ဖြစ်စေလိမ့်မယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလဟာ ပုံမှန် အားဖြင့် ပိတ်ရက်များ ကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်း ကြက်သွန်နီ စားသုံးမှု မြင့်တက်လေ့ရှိပါတယ်။
ယင်းလအတွင်း ဖိလစ်ပိုင်ပြည်သူများဟာ ကြက်သွန်နီပျမ်းမျှ တန်ချိန် ၇၀၀၀-၈၀၀၀ ခန့်စားသုံးပါတယ်။ တင်သွင်းမှုက ရက် ၂၀ လောက်သာကောင်းမယ်။ စားသုံးသူတွေက အစောပိုင်းရိတ်သိမ်း တဲ့ ကြက်သွန်ဝင် လာမယ့်အချိန်ထိ စောင့်ပြီး ဝယ်ယူတာကြောင့်လို့ VIEUA ဥက္ကဌ Leah Cruz မှပြောကြားပါ တယ်။တင်သွင်းမှုကို အပင်ထုတ်လုပ်မှုဗျူရိုက (ဏြူ) အောက်တိုဘာလမှာ အတည်ပြုခဲ့ တာဖြစ်ပါတယ်။BPL မှကြက်သွန်ပြတ်လပ်တဲ့တန်ချိန်၁၂၄၀၀ ခန့် ရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဖြစ်တဲ့တရုတ်နဲ့ အိန္ဒိယကြက်သွန်နီ တန်ချိန် ၈၅၀၀ တင်သွင်းဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။ ကြက်သွန်ပြတ်လပ်မှု ကျန်တဲ့ပမာဏကိုတော့ ပြည်တွင်းထွက် ရှားလော့ကြက်သွန်နီနဲ့ ဖြည့်ဆည်းရ လိမ့်မယ်လို့ဆိုပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ ကြက်သွန်ဝင်ရောက်လာတဲ့အတွက် ဈေးက တစ်ကီ လိုပီဆို ၁၃၀ (ကန်ဒေါ်လာ ၃ ဒသမ၁၇ )မှ ပီဆို ၅၀-၆၀ (ကန်ဒေါ် လာ၁ဒသမ ၂၂- ၁ ဒသမ ၄၆) ကိုကျဆင်း ခဲ့ပါတယ်။ ကြက်သွန်နီ အဖြူကတစ်ကီလို ပီဆို ၃၅-၄၅(ကန်ဒေါ်လာ သုည ဒသမ ၈၅ - ၁ ဒသမ ၀၉)ရှိပြီး၊ရှားလော့ကြက်သွန်ကပီဆို ၃၀-၅၀(ကန် ဒေါ်လာ သုညဒသမ ၇၃ - ၁ဒသမ ၂၂) ဈေးရှိတယ်လို့ freshpalza သတင်း အရသိရပါတယ်။ ယမင်းခင်
ပြည်ပဝယ်လိုအား အလားအလာအရ အိန္ဒိယနနွင်း ကြိုပွိုင့်ဈေးက အများဆုံးခွင့်ပြုနိုင်တဲ့ကန့်သတ်ချက်ရဲ့ ၄ ရာ ခိုင်နှုန်းခန့် မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ လက် ငင်းဈေးမှာတော့ ဆက်ပြီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ နနွင်းဈေးက နေ့စဉ်ဆိုသလို အကျဘက်ဆင်းနေလို့ တောင် သူတွေရော ကုန်သည်များပါ နားမလည်နိုင် ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ နနွင်းပြည်ပတင်ပို့သူတွေက အော်ဒါအချို့လက်ခံ ရရှိထားပြီး၊ ၎င်းင်းတို့အော်ဒါတွေ ဖြည့်ဆည်းဖို့ လက်ကျန် အကန့်အသတ် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လှောင်လက်တွေကတော့ သိုလှောင်ဖို့အတွက် စတင်နေပြီလို့ သိရပါတယ်။
ကုန်သည်တွေပြောကြားတာကတော့ ယခုလကုန်ထိ ပြည်တွင်းမှာယူမှုတွေရရှိလိမ့်မယ်လို့ဆိုပါတယ်။ နောက်ထပ် အမှာတွေကတော့ မတ်လမှသာရရှိမှာ ဖြစ်လို့ ၎င်းတို့အနေနဲ့ လက်ကျန်အကန့်အသတ်သာ ဝယ်ယူနေတယ်လို့ဆိုပါတယ်။ ရောင်းချမှုနည်းပြီး၊ ပြည်တွင်းနဲ့ပြည်ပ ဝယ်လိုအား တိုးတက် လာဖွယ်ရှိခြင်းဟာ နနွင်းကြိုပွိုင့် ဈေး ထပ်မံ မြင့်တက်လာ နိုင်တယ်လို့ Religare Commodities မှဆိုပါတယ်။ ဒါ့အပြင်နနွင်း စိုက်ပျိုးတဲ့ပြည်နယ်တွေမှာအထူးသဖြင့် ကာနာ တာကာပြည်နယ်ရဲ့ ရာသီအပေါ် စိုးရိမ်မှု တွေရှိခြင်းကလည်း ဈေးနှုန်းမြင့်တက်ဖို့ အကူအညီ ဖြစ်စေနိုင်တယ်လို့ ကုန်သည် များက ဆိုပါတယ်။ နနွင်းအသစ်ထွက်ရှိမှုက ပြီးခဲ့တဲ့နှစ်ထွက်ရှိတဲ့ အိတ် ၈၀-၉၀ သိန်းထက်လျော့ပြီး၊ အိတ် ၅၀-၆၀ သိန်း ဝန်းကျင်သာရှိ ပေမဲ့ သိုလှောင်လက်ကျန်တွေ ရရှိနိုင်မှုများတာကြောင့် လာ မယ့်နှစ်မှာ ရောင်းချမှု များလိမ့်မယ်လို့ လည်း တချို့ကခန့်မှန်း ကြပါတယ်။တောင်သူတွေက နနွင်းသစ်ဝင်ရောက်လာ တော့ မှာ ဖြစ်လို့ ၎င်း တို့လက်ကျန်နနွင်း ဟောင်းအများစုကို ရောင်း ထုတ်လိုကြတယ်လို့သိရပါတယ်။ လာမယ့်လမှာ နနွင်းသစ် ဝင်ရောက် လာတော့မှာဖြစ်လို့ ဈေးနှုန်းထပ်မံကျဆင်း နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြ ပါတယ်။ အီရော့ နနွင်း ဈေးကွက်အသင်းဝင်းမှာ နနွင်းလက် ချောင်းတစ်တန် ရူပီး ၃၈၉၀၀-၅၄၈၉၀ (ကန်ဒေါ်လာ ၇၁၆-၁၀၁၀) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၇၉၉၀-၅၀၉၉၀ (ကန် ဒေါ်လာ ၆၉၉-၉၃၉) ရှိကြောင်း business line သတင်း အရ သိရပါတယ်။ ယမင်းခင်
ဒီတစ်လမှာ ရှမ်းနနွင်းက အနည်းငယ်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒီဘက်နှစ်တွေမှာတော့ ပြည်ပတင်ပို့မှုမရှိဘဲ၊ ပြည်တွင်းသုံးအတွက် ဟင်းခတ်အမွှေးအကြိုင်ရယ်၊ ခြင်ဆေးခွေပြုလုပ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်သာ ဝယ်ယူမှုရှိတာ ကြောင့် အနည်းအကျဉ်းလောက်သာ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ လက်ကျန်နနွင်းတွေကလည်း အတော်များများ ကျန်နေ သေးတာကြောင့် ဒီနှစ်နနွင်းကိုလည်း ဖော်ချင်မှ ဖော်တော့မယ်လို့လည်း နနွင်းစိုက်တောင်သူတွေထံက သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၄ သန်းတန်ဖိုးရှိ နနွင်းတက် ၂၈ တန်ခန့်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၅ သန်းဖိုးရှိ နနွင်းတက် ၅၉ တန်ကျော်ကို ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်က မြဝတီစခန်းမှသာ ၅ တန်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နနွင်းတက် ၈၅ တန်နီးပါး ပိုမိုခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)
ဒီဇင်ဘာပထမပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်နေ့တာကာလအတွင်း နနွင်း ၆၄ ဒသမ ၅ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက မလေးရှားနိုင်ငံကို ၁၅ တန်နဲ့ အိန္ဒိယနိုင်ငံကို ၄၉ ဒသမ ၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုက တန်ချိန်တစ်ရာ့ နှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်ချိန်ခြောက်ဆယ်ကျော် လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ခြောက်ရာကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)