Background
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၃၀-၁၁-၂၀၁၂ ဒေါ်လာ/တန်
စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား
22/11
29/11
ပြောင်းလဲမှု
22/11
29/11
ပြောင်းလဲမှု
22/11
29/11
ပြောင်းလဲမှု
1
မတ်ပဲ
545
530
603
580
707
679
2
ပဲစင်းငုံ
640
630
609
652
725
688
3
ပဲတီရွှေဝါ
920
900
1015
996
1124
1087
4
ကုလားပဲဖြူလုံးကြီး
700
680
830
797
811
806
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့မှ စပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်း တွေက ပြန်လည်ကျဆင်းလာတယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း များ ပြန်လည်ကျဆင်းလာခြင်း၊ ဂျပန်နိုင်ငံဆိပ်ကမ်းတွေမှာ ရော်ဘာသိုလှောင်ထားမှု ပမာဏက နှစ်လအတွင်း အမြင့်ဆုံး ပမာဏကို ရောက်ရှိလာခြင်းတို့က ရော်ဘာဈေးနှုန်းအပေါ် သက်ရောက်မှု ရှိစေတယ်လို့ ထိုင်းရော်ဘာအသင်းက ရရှိတယ့် သတင်းတစ်ရပ်အရ သိရတယ်။ ဒါ့ကြောင့် နိုဝင် ဘာလ ၂၀ ရက်နေ့က တစ်တန်ကို ၂၉၉၈ ဒေါ်လာ နှုန်းထား မှာရှိနေတဲ့ ထိုင်းရော်ဘာRSS-5 (မှိုင်းခံရော်ဘာ အဆင့် ၅) က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တစ်တန်ကို ၂၉၈၁ ဒေါ်လာအထိ ၁၉ ဒေါ်လာ ဈေးကျလာတယ်။
နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၆၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၁ သန်းတန်ဖိုးရှိ RSS -3 တန်ချိန် ၆၀ ကိုသာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ရော်ဘာအဆင့်စုံ တန် ၁၀၆၈ တန်ကျော်တင်ပို့ခဲ့သဖြင့် ယခင်အပတ်ထက် ၂ ဆနီးပါးပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်စခန်းမှ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၈၉ သန်းတန်ဖိုးရှိ ရော်ဘာ ၃၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၈၂၃ သန်းတန်ဖိုးရှိ RSS -3 ၂၉၆ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၆၀ သန်းတန်ဖိုးရှိ MSR-20 ၂၀၃ တန်ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာ မြေပြင် ပေါက်ဈေးများ မှာ ပြောင်းလဲမှုမရှိတာကို တွေ့ရှိရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၇၂၈၀၀ ၂၅၇၂၈၀၀ - - ၃၀၈၁ ၃၀၈၁ - -RSS - 5 ၂၅၀၅၈၀၀ ၂၅၀၅၈၀၀ - - ၃၀၀၁ ၃၀၀၁ - -MIRT (DOBT)
နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ရော်ဘာ ၄၈၀ တန်ကို ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံနဲ့မလေးရှားနိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ RSS -3 တန် ၃၀၀၊ မလေးရှားနိုင်ငံသို့ RSS -5 တန် ၁၂၀ နဲ့ RSS -3 တန် ၆၀ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ရော်ဘာ FOB ဈေးနှုန်းများမှာလည်း RSS -1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊RSS -3 နဲ့ MSR-20 တစ်တန်လျှင်ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS -5 နဲ့ MSR-50 တစ်တန်လျှင်ဒေါ်လာ ၂၆၀၀-၂၇၀၀ ဖြစ်ပြီး ဃမနစန ျွကဘဘနမ တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်း က ထုတ်ပြန်ထား ပါတယ်။ MIRT (DOBT)
ကမ္ဘာမှာ ဒုတိယသကြားအများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံဟာ ပြည်တွင်း စားသုံး ဖို့ တန်ချိန် ၂ ဒသမ ၃ သန်းလျာထားပြီးတဲ့အပြင် နောက်နှစ်ပြည်ပတင်ပို့ဖို့ တန်ချိန် ၇ သန်းဝန်းကျင် ရရှိနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံ ကြံနဲ့ သကြားအဖွဲ့ရုံး OCSB မှ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြောကြားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ ၂၀၁၂-၁၃ ရိတ်သိမ်းမှုကို နိုဝင်ဘာလ ၁၅ ရက်မှာ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ သကြားတန်ချိန် ၅၆၀၀၀ ဝန်းကျင် ထုတ်လုပ်ပြီးသွားပြီလို့လည်း သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ယခုအပတ်သကြားတင်ပို့မှုဟာ ယခင် အပတ် တင်ပို့မှုထက် ၅၁၁ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၆၅၈ သန်းတန်ဖိုးရှိ သကြားညို ၅၆၁ တန်ကျော်နဲ့ သကြားဖြူ ၅၅၄ တန် တင်ပို့နိုင်ခဲ့ တာဖြစ်ပြီးယခုအပတ်မူဆယ်မှ သကြားပို့အားကောင်းလျက်ရှိပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမူဆယ်မှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်း တစ်ဖက် နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၄၃၀၅ တန်ကို ကန်ဒေါ်လာ ၄ ဒသမ ၈၁၈ သန်းဖိုးနဲ့ လွယ်ဂျယ်မှ ၄၁၉ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၀ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နေ့စဉ်ပြောင်းကားစီးေ ရပျမ်းမျှ ၁၀၅ စီး ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ နိုဝင်ဘာလတစ်လလုံးတင်ပို့ခဲ့တဲ့ပြောင်း တန်ချိန်ကတော့ ၆၆၄၁၁ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၂၂ ဒသမ ၁၁၂ သန်း ဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပြောင်းဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၆၂၆၃၇ ၂၇၅၆၇၀ ၁၃၀၃၃ ၅ ၃၂၁ ၃၃၇ ၁၆ ၅MIRT (DOBT)
အိန္ဒိယရူပီး တန်ဖိုးများထပ်မံကျဆင်းပါက အိန္ဒိယပြည် တွင်း ပဲဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ခန့်မှန်းကြပါ တယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်း ဖို့ပြည်ပကပဲမျိုးစုံတန်ချိန် ၃ သန်းဝန်းကျင် တင်သွင်းနေရတာ ဖြစ်လို့ ရူပီးတန်ဖိုးဆက်ပြီးကျဆင်းနေရင် ပြည်ပက တင်သွင်း ပဲတွေ ဈေး ဆက်ပြီး မြင့်တက်နိုင်တယ်လို့ သုံးသပ်ကြခြင်း ဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ နိုဝင် ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ် မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မန်ကျည်းစေ့ဟာ ပင်လယ်ဆား ငန်ရေဒဏ်ခံနိုင်စွမ်းရည်ရှိသဖြင့် ဘိလပ်မြေ နဲ့ရောပြီး ဆောက် လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုတယ်လို့ သတင်းရရှိပါတယ်။မြင့်မြင့်မာ MIRT(DOBT)
အိန္ဒိယနိုင်ငံအထက်ပိုင်းမှ အဝယ်အော်ဒါလျော့ကျ တာ ကြောင့် အိန္ဒိယနနွင်းဈေးက ဆက်ပြီးကျဆင်း နေပါတယ်။ ပြည်ပတင်ပို့သူတွေက ဈေးအနိမ့်နဲ့ အရည်အသွေးကောင်း နနွင်းအကန့်အသတ်သာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ ဝယ် လိုအားနည်းတာကြောင့် ပြည်တွင်းကုန်သည်များက တင်ဒါ များကို ပမာဏနည်းနည်းသာ တင်သွင်း ကြတယ်လို့ အီရော့ နနွင်း ကုန်သည်များအသင်း ဥက္ကဌမစ္စတာအာကေ ဗွီရာ ဗီရှန်ကာမှ ပြောကြားပါတယ်။ လက်ငင်းဈေးလျော့နည်းတာ ကြောင့် ဒီဇင်ဘာလအတွက်နနွင်း ကြိုပွိုင့်ဈေးမှာလည်း ဆက်ပြီး အေးနေတယ်လို့ သိရပါတယ်။
ဝယ်လိုအားနည်းပြီး၊ မှာယူမှုလျော့တဲ့အတွက် ကုန်သည် တွေက ဈေးအနိမ့်နဲ့ အကန့်အသတ်သာဝယ်ယူတယ်လို့ ဆိုပါ တယ်။ တောင်သူတွေကလည်း အိတ်အနည်းငယ်အတွက် သာ ဈေးနှုန်းအတည်ပြုပြီး၊ အလယ်အလတ်အဆင့် နနွင်းကို သယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ မြောက် ပိုင်းက အော်ဒါတွေ စောင့်နေခြင်းဖြစ်ပြီး၊ တကယ်လို့ ဒီဇင် ဘာလ၁၀ ရက်မတိုင်မီအဝယ်အော်ဒါမရှိရင်ဇန်နဝါရီ နောက် ဆုံးပတ်မှသာ အဝယ်သွက်လာနိုင်တယ်လို့လည်း ရာဗီရှန်ကာ မှ ဆိုပါတယ်။ တောင်သူတွေကတော့ ဈေးမြင့်တက်မယ်မှန်းပြီး၊ သို လှောင် ထားကြတယ်။ ပြည်ထောင်စုအစိုးရက အနိမ့်ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၃၆) သတ်မှတ်လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိ တောင်သူ တွေ လက်ထဲမှာ နနွင်းအိတ် သိန်း ၂၀ ကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။ တချို့ကတော့အိမ်အသုံးစရိတ် ကာမိစေဖို့ လက် ရှိဈေးနဲ့ပဲ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲကို အရည်အသွေးကောင်းစပ်မျိုးနနွင်း ဝင် ရောက်ပေမယ့် ဝယ်လိုအားမရှိလို့ တစ်တန် ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၉၁)ကျဆင်းခဲ့ပါတယ်။ အီရော့နနွင်းကုန်သည် များ ဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၈၀၉၀-၅၃၉၈၀ (ကန်ဒေါ်လာ ၆၉၂-၉၈၁)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၆၀-၄၈၃၅၀(ကန်ဒေါ်လာ ၆၇၂-၈၇၉)ရှိကြောင်း business Line သတင်းအရ သိရပါတယ်။ ယမင်းခင်
