Main menu

Background

Wednesday, 16 Aug 2017

        ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၈ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်နဲ့  ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀၅ သန်း တန်ဖိုးရှိ နှမ်း ရောင်စုံ ၃၂၃၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ရှိမြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၆၂၉၇၇ တန်ဖိုး ရှိ နှမ်းရောင်စုံ တန် ၆၀ ခွဲကို ထိုင်း နိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က မြဝတီမှ နှမ်းတင်ပို့မှု မရှိဘဲ မူဆယ် နဲ့ ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၂၈၆၁ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် တရုတ်နယ်စပ်မှတစ်ဆင့် နှမ်း ၃၇၁တန် ပိုမို တင်ပို့ခဲ့တာ တ

Wednesday, 16 Aug 2017

         ဇူလိုင်လ ၃၀ ရက်မှ  သြဂုတ်လ ၅ ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၁၂၀ ကျော်အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၈၃၃၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပ တ်မှာ တန်ချိန် ၈၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၂၁၉၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ၉၆၂၀ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန် ချိန် ၂၅၆၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေကြောင်းလမ်းမှ အဝင်လျော့ပြီးနယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။ ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ  ဒီတစ်ပတ်အရောင်းအဝယ် နည်းနည်းဖြစ်တယ်။ ဒီတစ်ပတ် မော်လ

Tuesday, 15 Aug 2017

     အောင်ပန်းဈေးကွက်မှာတော့ ချင်းအဝင်ရှိနေပါသေးတယ်။ အရင်လတွေ လောက်အဝင် မများတော့ပေမယ့် ငါးရက်တစ်ဈေးကိုတော့ ပိဿာချိန်တစ်သောင်းခန့် အဝင်ရှိနေပါတယ်။ ဝယ်လက်ကတော့ ပါးနေပါတယ်။ အဓိက ဝယ်ယူနေတာ ကတော့ ရန်ကုန်ဝယ်လက်ရယ်၊ ပြည်တွင်းလက်လီသမားတွေသာ  အဝယ်ရှိနေတယ် လို့လည်း သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေက ပင်လယ်ရေကြောင်းက တင်ပို့ဖို့ အတွက်နဲ့လှောင်ထားဖို့အတွက် ဝယ်ယူ ထားကြတာလို့ဆိုပါတယ်။ ပြည်တွင်းလက်လီသမားတွေဖြစ်တဲ့ မိတ္ထီလာ၊တောင်သာ၊မကွေး စတဲ့မြို့တွေကတော့ ထိုးချင်းပြုလုပ်ဖို့ အတွက်ဝယ်ယူပြီး၊ တစ်ပတ်ကို ပိဿာချိန် ရာဂဏန်းခန့်သာ ဝယ်ယူတယ်လို့လည်း သိရပါတ ယ်။ အရင်ကတော့ တပ်ကုန်းဝယ်လက်တွေက ချင်းအချပ်ပြားတွေ လုပ်ဖို့ဝယ်ယူ

Tuesday, 15 Aug 2017

      ပြည်စားဖိုဆောင်သီးနှံ(ပွဲရုံ)များသို့ ကြက်သွန်ဖြူအိတ်တွေ ယခုတစ်ပတ် အထိ ဆက်တိုက်အဝင်ရှိနေပြီး  ပွဲစားနှင့်ဝယ်လက်တွေထံမှာ  ကြက်သွန်ဖြူအိတ် တွေပုံလျက်ရှိနေပါတယ်။ အရောင်းအဝယ်မှာ ယခင်ထက်စာလျှင် အေးတယ်လို့ ဆိုပါတယ်။ လက်လီအရောင်းအဝယ်နှင့်ဒေသတွင်း အရောင်းအဝယ်သမားများကတော့ ဈေးကျနေတာကြောင့် ပုံမှန်ထက်ပိုမိုဝယ်ယူနေကြပေမယ့် ပိုမိုဝင်ရောက် နေတဲ့အတွက် အခုလိုပိုနေတာဖြစ်ပါတယ်။ ကြက် သွန်ဖြူဈေးဟာ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ဈေးတွေအဆမတန် တက်ခဲ့ဖူးတာကြောင့် ပွဲစားများအနေနဲ့ ပိုမိုဝယ်ယူခဲ့တာဖြစ်ပါတယ်။

Tuesday, 15 Aug 2017

     ဇူလိုင် ၂၉ ရက်မှ သြဂုတ်၄ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်  နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၈၃၂၀ တန်ဖိုး ရှိ ကြက်သွန်နီ ၁၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၂ တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၁၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ်မှာ ကြက်သွန်နီတစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၅၂၀ ရှိတယ် လို့ သိရပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိ ကန်ဒေါ်လာ ၂၂၀၅၀၀တန်ဖိုးရှိ ကြက်သွန်ဖြူတန် ၁၅၀ ကို ထိုင်းနိုင်ငံသို့လည်း ကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ  တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၄၁၆ တန်ဖိုးရှိ

Friday, 11 Aug 2017

     ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၂ သန်း တန်ဖိုးရှိ ရော်ဘာအမျိုးအစားစုံ ၁၀၅၅ တန် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS-3 အမျိုးအစား ၁၀၈ တန်၊RSS-5 အမျိုးအစား ၃၈၁ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား ၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား ၃၅၈ တန်နဲ့ MSR-20 အမျိုး အစား ၉၃ တန်၊ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၁၀၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၇၄ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၈၁ တန် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေး ကေ တာ့ RSS-3 အမျိုးအစား တစ်တ

Friday, 11 Aug 2017

      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် စခန်းသုံးခုမှ ဇူလိုင်လ နောက်ဆုံးပတ်တွင် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၈၃၈ သန်း တန်ဖိုး ရှိ ပြောင်း ၁၄၁၄၁ တန်ကျော်ကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ တန် ၁၃၀၅၀၊ လွယ်ဂျယ်မှ တန်၇၂၀ ကျော်နဲ့ ချင်း ရွှေဟော်မှ ၃၇၁ တန်ကျော် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီစခန်းစုံမှ ပြောင်း ၁၅၄၄၂ တန်ေ ကျာ် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ၁၃၀၁ တန် လျော့ နည်း တင်ပို့ခဲ့ပါတယ်။ မူဆယ် ကုန်စည် ဒိုင်မှာ ဇူလိုင် တတိယပတ်က ပြောင်း တစ်တန်ကို ၂၇၃၈၁၀ ကျပ် ရှိရာမှ ဇူလိုင်နောက်ဆုံးပတ်မှာ ၂၇၄၃၅၄ ကျပ်သို့ ဈေး ထပ်

Friday, 11 Aug 2017

         မြန်မာ-တရုတ် နယ်စပ်ရှိကုန် သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ  ကုန်သွယ် ရေးစခန်းများမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၁၂ သန်း တန်ဖိုးရှိ  ဆန်နဲ့ ကောက်ညှင်းဆန် ၂၅၀၇၇ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ ငစိန်ဆန် ၁၁၈၈၁ တန်နဲ့ ဧည့်မထ ဆန် ၇၉၇၈ တန်၊ ကောက်ညှင်းဆန် ၂၇၈ တန်၊ ချင်းရွှေဟော်  ကု န်သွယ် ရေးစခန်းမှ ငစိန်ဆန် ၂၂၆ တန် ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၄၁၅၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်း မှ ဧည့်မထဆန် ၄၂ တန်၊  မောင်တော ကုန်သွယ်

Thursday, 10 Aug 2017

     ဇူလိုင် နောက်ဆုံးပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ အမေရိကန် ဒေါ်လာ ၁၂၄၄၀ တန်ဖိုး ရှိ လက်ဖက်ခြောက် တန်  ၄၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ ခဲ့တဲ့ တစ်တန်ခွဲနဲ့နှိုင်းယှဉ်ပါက ၃၈ တန်ခွဲ ပိုမိုတင် ပို့ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လအတွင်း  မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ လက်ဖက်ခြောက် တန် ၇၀ ကျော် တင်ပို့ခဲ့ပါတယ်။ အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၀၈၆၄ တန်ဖိုးရှိ လက်ဖက် ခြောက် ၂၈ တန်နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၉ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန်ကျော် လျ

Thursday, 10 Aug 2017

      မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၈ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၈၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၃၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၄၆ တန် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေး စခန်းမှ လျော့နည်းတင်ပို့ခဲ့ပေမယ့် တမူး ကုန်သွယ်ရေးစခန်းမှ ပိုမို တင်ပို့ခဲ့တဲ့အတွက် ယခုလို ပိုမို ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Pages