Main menu

Background

Wednesday, 14 Jun 2017

     မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ ကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ရော်ဘာ ၃၀၉၂ တန်တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မ RSS 3 ၂၀၇၂ တန်ကျော်၊ RSS 5 ၁၁၈ တန်ခန့်နဲ့ MSR 20 ၄၄၇ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  RSS1 ၁၇တန်ကျော်၊ RSS 3 ၄၃၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မေလ တစ်လလုံးမှာ အမေရိ ကန်ဒေါ်လာ ၁၅ ဒသမ ၆၉၉ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၅၄ တန်ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဧပြီနဲ့ နှိုင်းယှဉ်ပါက ဧပြီက အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၀၆၅၀ တန်ေ ကျာ် တင်ပို့ခဲ့တဲ့အတွက

Tuesday, 13 Jun 2017

       ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာရော ဟိုပုံးဈေးကွက်မှာပါရှမ်းနနွင်း အဝင်နည်းသွားပါတယ်။ မိုးရာသီ ရောက်လာတာကြောင့်ရော ယခင်တစ်ပတ်က မုန်တိုင်းဝင်ခဲ့လို့ ရေကြီးတာ ကြောင့်ရောဝယ်လက်တွေ အဝယ်နည်း သွားခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်မှာ နနွင်း(ထိပ်စ) တွေကိုဝယ်လက်တွေက ပိုကြိုက်နှစ်သက်တာကြောင့် အခုနောက်ပိုင်းမှာ နနွင်းမျိုးကောင်း မျိုးသန့်ရွေးပြီးစိုက်ပျိုး လာကြတယ်လို့လည်း သိရှိရပါတယ်။ ဆင်တောင်နနွင်း ရယ်၊ ပင်းတယမြို့နယ်က တောင်ပို့လစ နနွင်းရယ်၊ ဟိုပုံး နနွင်းရယ်ကဈေးကွက်ဝင်ပေမယ့် ဒီနှစ်မှာ ပြည်ပပို့မယ့် ဝယ်လက်တွေက ဟိုပုံးနနွင်းကို အတန်အသင့် သာဝယ်ယူပြီး၊ ဆင်တောင်နဲ့ တောင်ပို့လစကို ပိုပြီး ဝယ်ယူကြ တယ်လို့လည်

Monday, 12 Jun 2017

      မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၂၀၅  ဒသမ ၅တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူနိုင်ငံသို့ ၁၀၈ တန်၊ ဂျာမနီနိုင်ငံသို့ ၁၈ တန်နဲ့ ဘင်္ဂလားဒေ ရှ့်နိုင်ငံသို့ ၇၉ ဒသမ ၅ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်ကတင်ပို့ခဲ့တဲ့ ချင်း ၁၈၇ တန်ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၈ တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၂၄၃ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ မေလအတွင်းချင်းတန်ချိန် ၁၁၂၂ ဒသမ ၄၉၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၈၈၉၁ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

 

Monday, 12 Jun 2017

      မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၂၉ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၆၁၁ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၀၅ တန်နဲ့ နှိုင်းယှဉ်ပါက ၅၉၄ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ မေလအတွင်း မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီ တန်ချိန် ခြောက်ထောင်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၂၇၅၄၈ တန်ဖိုးရှိ ကြက်သွန်နီ ၆၈ တန်ကိုလည်းကောင်း၊ အမေရိ ကန်ဒေါ် လာ ၅၄၉၉၅၀ တန်ဖိုးရှိ ကြက်သွန်ဖြူ ၄၁၅ တန်ကိုလည်းကော င်း ထိုင်းနိ

Wednesday, 7 Jun 2017

         မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းနဲ့ ရိဒ်ကုန်သွယ်ရေးစခန်းတို့မှ မေ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်း ပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၇၆၀ သန်း တန်ဖိုးရှိ ကွမ်းသီး ၉၃၈ တန်ကို တင်ပို့ခဲ့ပါတ ယ်။ ယခင်တစ် ပတ်က ၁၀၉၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၁၆၀ လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး ပိုမိုတင်ပို့နိုင်သော်လည်း တမူးကုန်သွယ်ရေးစခန်း မှ  လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန် ဒေါ်လာ သုည ဒသမ ၂၃၃ သန်း တန်ဖိုးရှိ နန့်ဖာလုံအမယ်စုံနဲ့ စီးကရက်တို့ကို ၉ တန်ေ ကျာ်

Wednesday, 7 Jun 2017

           မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ တစ်ဆင့် မေ ၂၀ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၃၁၇၅ တန်ဖိုးရှိ  ကော်ဖီစေ့ သုံးတန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကော်ဖီစေ့ တင်ပို့မှုမရှိဘဲ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှသာ ကော်ဖီစေ့ နှစ်တန်ကျော်ကို ထိုင်း နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ရွာငံဒေသထွက်  ကော်ဖီဟာ  အထူးတန်း ဝင်ကော်ဖီ အဖြစ်  ကမ္ဘာ့ကော်ဖီဈေးကွက်တွင် သတ်မှတ်ခံထားရပြီး ထိုင်း၊ မလေးရှားနဲ့  တရုတ်နိုင်ငံက ဝယ်ယူကြောင်း၊ ကမ္ဘာ့ ကော်ဖီဈေးကွက်တွင်  ဝယ်လိုအားအကောင်းဆုံးနဲ့ ဈေးအမြင့်ဆုံးရရှိတဲ့ ကော်ဖီအမျိုး

Wednesday, 7 Jun 2017

      မေ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ် နယ် စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၆၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် (၁၀) မျိုး၊ တန်ချိန်အားဖြင့် ၆၃၈ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ပရဆေး ၉၉၁ တန်ကျော်နဲ့နှိုင်းယှဉ်ပါက ယခုတစ်ပတ် မှာ ၃၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ မိကျောင်းကွမ်းဖ တ်စေ့၊ နေလဲ စေ့၊ ကြောင် လျှာစေ့၊ မာလာဥ၊ မာလာဥခေါင်း၊ တောချင်း၊ ချင်းခြောက်၊ နနွင်းတက်၊ ဆီးဆန်နဲ့  ဒရင်ကောက်မြစ်တို့ ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၀ သန်း

Tuesday, 6 Jun 2017

         မေ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းတို့မှ အမေရိကန်ဒေါ်လာ   ၆၀၄၈၀ တန်ဖိုးရှိ ချင်းစို  ၁၈၇ တန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။  စခန်းအလိုက် တင်ပို့မှုမှာ စစ်တွေမှ တန် ၃၀ နဲ့  မောင်တောမှ ၁၅၇ တန် ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က စစ်တွေမှ ၁၅ တန်နဲ့ မောင်တောမှ ၁၃၅ တန် စုစုပေါင်း တန် ၁၅၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချင်းစို ၃၇ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ စစ်တွေမှာ ချင်းစိုတစ်တန်ရဲ့ မိမိဘက်ပေါက် ဈေး ငွေလဲနှုန်းအရ ကျပ် ၁၀၃၄၅၅၀ ဈေးရှိတယ်လို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆ

Tuesday, 6 Jun 2017

        မေ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၅ သန်း တန်ဖိုးရှိ ကြက်သွန်နီ  ၁၂၀၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၄၀၁ တန်နဲ့ နှိုင်းယှဉ်ပါက ၁၉၆ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါ တယ်။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်ကတော့ အမေရိကန်ဒေါ်လာ ၁၂၇၉၂ တန်ဖိုးရှိ  ကြက်သွန်နီ တန် ၃၀ ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ် လာ ၁၄၇၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူ  တန် ၁၀၀ ကို လည်းကောင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် ကတော့ မြဝတီမှ ကြက်သွန်နီ တင်ပို့မှု မရ

Friday, 2 Jun 2017

      တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှ မေလ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂၀ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၁၄၃၃၀ စီးကို တင်သွင်းခဲ့ ပါတယ်။ယခင် တစ်ပတ်က ၁၃၅၁၀ စီးသာ တင်သွင်းခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ အစီး ၈၂၀ ပိုမိုတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၁၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၂၂၇၇ စီး၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၂၇၅ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၉၄ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၇၆၀ စီးနဲ့ တမူးကုန် သွယ်ရေး

Pages