Main menu

Background

Wednesday, 6 Dec 2017

      နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း (ရှမ်းစ) ၂၅၄တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၈၄ တန်၊ အိန္ဒိယနိုင်ငံသို့ ၁၄ တန်၊ ပါကစ္စတန်နို င်ငံသို့ ၂၇ တန်နဲ့ စင်ကာပူနိုင်ငံသို့ ၁၂၉တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ နနွင်းတန်ချိန် ၂၆၉ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ နနွင်း ၁၅ တန်ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နနွင်း တစ် တန်ကို အမေရိကန်ဒေါ်လာ၈၀၀-၈၃၅ ဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။ နနွင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၂၂၅၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

Friday, 1 Dec 2017

       မြန်မာ-တရုတ်နယ်စပ်နဲ့   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၁၄ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန်  ၅၂၄၃၁ တန် နီးပါးတင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရဲ့ ကုန်သွယ် ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆ တန်ကျော်၊ ဧည့်မထဆန်  ၄၉၁၄၅ တန်နဲ့ ကောက်ညှင်းဆန် ၃၁၉ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၂၁၀၄တန်ကျော်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၃၂ တန်၊ မောင်တောကုန်သွယ်ရေးစခန်း မှ ဧည့်မထဆန်၇၅၅ တန်ကျော် တင်ပို့ခဲ့တာကြောင့် စုစ

Friday, 1 Dec 2017

       မြန်မာနိုင်ငံမှ တင်ပို့နေသည့် ဖရဲသီး၊ သခွားမွှေးသီးတင်ယာဉ်များ သည် ကျိန်စမ်းကျော့ နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ကွင်း အတွင်းသို့  ဝင်ရောက်ပြီး တရုတ် သစ်သီးတင်ယာဉ်များနှင့် ယာဉ်ချိန်း ပြောင်း တင်ဆောင်ရာတွင် တရုတ်အကောက်ခွန်ဌာနမှ ဖရဲသီးတစ်တန် လျှင်ယွမ် ၁၁၀၊ သခွားမွှေးသီးတစ်တန် လျှင်ယွမ်၁၆၀၊ ပိုးမွှားစစ်ဆေးရေးဌာနမှ မြန်မာကားတစ်စီးလျှင်ပိုးမွှားစစ် ဆေးရေးခအဖြစ်  ယွမ် ၁၀၀၊ ယာဉ် ပြောင်းအ လုပ်သမားခအနေဖြင့် ကား တစ်စီးလျှင် ဂျပ်ဖာထည့်အသီး ယွမ် ၅၀၊ ရိုးရိုးဝမ်းပုံအသီးယွမ် ၃၀၊ တရုတ် ပြည်တွင်းကုန်သည်အစား ဝယ်ယူပေး သောသစ်သီးကွင်း  အဝယ်တော်အား ပွဲခအနေဖြင့် ကားတစ်စီးလျှင်ယွမ် ၇၀၊ တရုတ်တွဲ

Tuesday, 31 Oct 2017

         အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၀၅၀၀ တန်ဖိုးရှိ ပျားရည် ၁၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာလများတွင် ပျားရည်တင်ပို့မှုမရှိဘဲ ဇူလိုင် နောက်ဆုံးပတ်က တန် ၅၀ နီးပါးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းများကို တောင်ကြီး၊ အောင်ပန်း၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက် မဲနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း အများ ဆုံးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး  မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ ပျော်ဘွယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်များတွင် ပျားမွေးမြူရေး

Friday, 13 Oct 2017

     စက်တင်ဘာ ၁ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း နို့ဆီ ၄၆၆ ဒသမ ၉၁၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။တင်သွင်းခဲ့တဲ့  တံဆိပ်များမှာ အိုကေနဲ့ ဒွန်းနို့ဆီတို့ ဖြစ်ပါတယ်။ နို့မှုန့်က ၄၈၃ ဒသမ ၄၇၃ တန်  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ နယ်သာလန်၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ သြစတြေးလျ၊ ဗီယက်နမ်နဲ့  ပိုလန်တို့ဖြစ်ပါတယ်။

 

သီတာဝင်း (DOT)

Friday, 13 Oct 2017

    စက်တင်ဘာ ၁  ရက်မှ  ၂၃ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၇၉၆၃၇၀ တန်ဖိုးရှိ ဘိလပ်မြေ ၃၀၂၉၂ ဒသမ ၃၆၉ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့  နိုင်ငံနဲ့ တန်ချိန် မှာ ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၆၀ တန်၊ မလေးရှားနိုင်ငံမှ ၁၅၇၈၇ ဒသမ ၄၃၂ တန်၊ ဗီယက်နမ်နိုင်ငံမှ ၁၄၀၀၂ တန်၊ အီရန်နိုင်ငံမှ၂၇၀ ဒသမ ၃၃၇ တန် တင်သွင်းခဲ့တယ် လို့ သိရပါတယ်။  တင်သွင်းခဲ့တဲ့ တံဆိပ် များမှာ အေအေဘိလပ်မြေ၊ အက်စ်စီဂျီ ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေ ၊ ဆင်တံဆိပ်နဲ့ အခြားတံဆိပ်များ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်သီတင်းပတ်အတွင်း နယ်စပ်လမ်းမှ ဘိလပ် မြေအဝင်မှာ ၁၁၈၆၀၀ တန်ကျော်ရှိပြီး ယ

Friday, 13 Oct 2017

     စက်တင်ဘာ ၂၃ရက်မှ ၂၉ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၀၀၀တန်ဖိုးရှိ ချင်းစို ၂၅တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က စစ်တွေ မှ ချင်းတင်ပို့မှုမရှိခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလတစ်လလုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  စစ်တွေမှတစ်ဆင့် ချင်းစို ၅၁တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စစ်တွေမှာ ချင်းစိုတစ် တန်ကို မိမိ ဘက်ပေါက်ေ ဈးမှာ(ငွေလဲနှုန်းအရ) ၁၀၂၉၃၄၄ ကျပ်ရှိပြီး ယခင်နှစ်ကာလတူက ကျပ် ၉၂၁၈၈၀ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Friday, 13 Oct 2017

     ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနက်နှင့် စမုံနှမ်းနက်မှာ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေသော်လည်း နှမ်းနီမှာ ဈေးအနည်းငယ်ကျလာ တာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း နှင့် နတ်တလင်းဘက်ရှိ တာပွန်ရွာ  မှ တစ်နေ့လျှင် နှမ်းအိတ် ၅၀၀ ခန့်သာ ဝင်ရောက်နေတာ တွေ့ရပါတယ်။ နှမ်း နီမှာ အဝယ်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းလာလို့ ဈေးပါကျလာတာ တွေ့ ရပါတယ်။

Tuesday, 3 Oct 2017

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၀၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၃၅၆ တန်ကို တရုတ်နိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ တန် ၁၂၂၀၀၊ လွယ်ဂျယ် မှ ၁၆၇၅ တန်၊ ချင်းရွှေဟော်မှ ၂၂၃ တန်ခွဲနဲ့ ကန်ပိုက်တီမှ ၂၂၃ တန်ခွဲဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ၁၀၃၇၈ တန် တင်ပို့ခဲ့လို့ ၃၉၇၇ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း တစ်တန်ကို ၃၁၇၇၁၉ ကျပ်ရှိရာမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက် သီတင်းပတ် အတွင်း ၃၁၀၅၂၁ ကျပ်သို့ ဈေးအန ည်း

Tuesday, 3 Oct 2017

       မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇၃ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၆၀၇၉ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၆၂၅၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၁ တန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်နဲ့   ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် ပိုမိုတင်ပို့ခဲ့ပေမယ့် မြိတ်ကုန်သွယ်ေ ရးစခန်းမှ ရေထွက်ကုန်များ တင်ပို့မှုလျော့နည်းခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Pages