Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ သရက်သီး ၃၀၁၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၂၈၃၀ တန်နဲ့ နှိုင်းယှဉ်ပါက ၁၈၅ တန်ပိုမိုတင်ပို့ခဲ့သလို အမေရိကန်ဒေါ်လာ ၃၂၄၄၅ တန်ဖိုးရှိ သရက်ပြားခြောက် ၆၃ တန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၄ တန်ခွဲနဲ့နှိုင်းယှဉ်ပါက ၂၈ တန်ခွဲပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၆ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၄၀၁ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၆၈၉ တန်နဲ့ နှိုင်းယှဉ်ပါက ၇၁၂ တန်ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့ အမေရိ ကန်ဒေါ်လာ ၄၆၉၁၇ တန်ဖိုးရှိ ကြက်သွန်နီ ၁၂၅ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၅၀၇၅၀တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၁၇၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကြက်သွန်နီ ၃၅၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၂၃၁ တန်လျော့နည်းတင် ပို့ခဲ့ပါ
မတ် ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၄၄၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၃၉၁၀ တင်ပို့ခဲ့တဲ့အနက် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန်တန် ၁၅၀၊ ဧည့်မထဆန် ၁၄၈၀၁ တန်၊ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၄၅ တန်၊ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၉၁၄ တန်တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ဆန် တန်ချိန် ၁၉၂၁၀ တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ် ဆန်တင်ပို့မှု တန်ချိန် ၄၇၀၀ ပိုမိုခဲ့ပါ တယ်။
မြစ်ကြီးနားမှ ထွက်ခွာလာသည့် Honda Oddesey (အဖြူရောင်) ယာဉ်အမှတ် MON 6D xxxx နှင့် Oddesey (အဖြူရောင်)ယာဉ်အမှတ် YGN 2J /xxxx တို့ကို ကန်ပိုက် တီစခန်းတွင် OSS အဖွဲ့မှ တားဆီးရှာဖွေစ စ်ဆေးခဲ့ရာ ကားဝမ်းဗိုက်အတွင်း မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ် ဆောင်လာသော ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံးများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ပစ္စည်းနှင့်မော်တော် ယာဉ်ကို သိမ်းဆည်းခဲ့ပါသည်။ အဆိုပါသိမ်းဆ ည်းရမိ ကျောက်စိမ်းတုံးများမှာ ကျောက်တုံးကြီးသေးရောရာ ၁၀၅ တုံးနှင့် ကျောက်စိမ်း တုံးကြီးရောရာ ၂၈၃ တုံးဖြစ်ပါသည်။
ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၉၂၅၂ တန်ဖိုးရှိ လက်ဖက်ခြောက် ၇၅ တန်နီးပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ ယခင်ရက်သတ္တပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့ခဲ့ခြင်းမရှိဘဲ မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ လက်ဖက်ခြောက် ၁၆ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ စက်ရုံများမှ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်မှာ မိရိုးဖလာန ည်းနဲ့ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်ထက်အနံ့၊ အရသာကွာခြားသည့်အပြင် သန့်ရှင်း သပ်ရပ်မှု ပိုမိုကောင်းမွန်တာကြောင့် ကျန်းမာရေးနဲ့လည်း ကိုက်ညီပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက် နိုင်သဖြင့် ဈေးပိုမို
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၉ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၅၉၀ တင်ပို့ခဲ့ တာမို့ ယခုတစ်ပတ်မှာ ၄၂ တန်ပိုမို တင်ပို့နိုင်တာတွေ့ရပါတယ်။ ယင်းသို့ ပိုမိုရခြင်းမှာ ယခင်တစ်ပတ်က တင်ပို့ နိုင်ခြင်းမရှိတဲ့ တမူးကုန်သွယ်ရေး စခန်း မှ ကွမ်းသီး ပြန်လည်တင်ပို့လာခြင်း ကြောင့် ဖြစ် တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၃၉ သန်း တန်ဖိုးရှိ Re-export သကြား ၅၂၈၉၇ တန်ကျော် တင် ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၉၉၈၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သကြား ၁၂၉၁၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ ယခင်တစ်ပတ်က သကြားတင်ပို့ခြင်း မရှိ ဘဲ ယခုတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာ သုညဒသမ ၀၃၄ သန်းတန်ဖိုး ရှိ သကြားဖြူ ၅၂ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၇၀ တန်ဖိုးရှိ ပျားရည် ၃၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ် က တရုတ်နိုင်ငံသို့ ပျားရည်တင်ပို့မှုမရှိဘဲ ယခုတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ်သာ အသုံးပြုကြပြီး ပြည်ပနိုင်ငံ တွေမှာတော့ ပျားရည်ကို သကြားအစား အသုံးပြုခြင်းနဲ့ အေ အးပိုင်းနိုင်ငံတွေမှာ အများအပြား သုံးစွဲနေကြတာကြောင့် ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေရ တာ ဖြစ်ပါတယ်။ ပျားရည်တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ ၇၀၀ ရှိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၇၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၅ မျိုး၊ တန် ချိန် အားဖြင့် ၆၈၉ တန်aကျာ်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၆၉ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှပရဆေး တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ ကွမ်း သီး ခွံ၊ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်း စေ့၊ ကြောင်လျှာစေ့၊ မာလာဥ၊ မာလာဥခေါင်း၊ မုတ်ခါး၊ နနွင်းတက်၊ တော ချင်း၊ တောဂျူးမြစ်၊ ဆီးဆန်၊ ဆေး မြင်းခွာ၊ ဒရင်ကောက်မြစ်နဲ့ ချဉ်ပေါင် ဖာလာတို့ ဖြစ်ပါတယ
မုံရွာမှထွက်ရှိသော ပဲစင်းငုံနီများကို ရန်ကုန်ဝယ်လက်သို့ တင်ပို့ လျက်ရှိသဖြင့် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခ အနည်းငယ်တက်လာ ကြောင်း မုံရွာမြို့ရှိ ကုန်စည်ပို့ဆောင်ရေးအသင်းထံမှ သိရှိရပါတယ်။ ဒီဇင်ဘာ၊ ဇန်န ဝါရီလများတွင် မုံရွာ-ရန်ကုန် ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင် ၃၇ ကျပ်မှ ၃၈ ကျပ်မျှသာရှိခဲ့ရာမှ ဖေဖော်ဝါရီပထမပတ်မှစ၍ ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင်ကျပ် ၄၀ မှ ၄၂ကျပ်အထိ ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခုအခါ ရန်ကုန်သို့ ပဲစင်းငုံနှင့် ပဲမျိုးစုံတစ်နေ့လျှင် အိတ်ရေ ၃၀၀၀ ကျော်ခန့် ပုံမှန်တင်ပို့နေတယ်လို့ ကုန်သည်တစ်ဦးကလည်း ပြောပြပါတယ်။