Background
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ၊ ဗန်းမောက်၊ ပုလဲ၊ ဟုမ္မလင်းမြို့နယ်တို့တွင် ကြယ်ပဲကို တစ် ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုးလာကြောင်း၊ စိုက်ဧက၂၅ ဧကခန့်ရှိနိုင်ကြောင်း မုံရွာမြို့ရှိ ခြံရှင်တစ်ဦးထံ မှ သိရပါတယ်။ မုံရွာမြို့ နယ်တွင် စိုက်ပျိုးသက် နှစ်နှစ်ခန့်ရှိ ခြံတစ်ခြံမှာ အသီးများစတင်ထွက်ပေါ်နေပြီဖြစ်ရာ အသီးကိုလှော်၍ စားသောက်ကုန်ပစ္စည်း အဖြစ် ဈေးကွက်တင်ရောင်းချနေပြီလို့သိရပါတယ်။ ပလပ်စတစ်ဗူးတစ်ဗူး (နို့ ဆီဗူးတစ်ဗူး ဝင်ဆံ့သည့်)လျှင် ကျပ် ၂၀၀၀ ဈေး ရှိပြီး အရောင်း အဝယ်သွက်ကြောင်း လည်းသိရပါတယ်။ ဒေသတွင်းကြယ်ပဲဈေးကွက်မှာ အရည်အသွေးaကာင်းပြီး၊ အတွင်း ဆန်မှိုမကပ်ပါက ကြ
ယခုတစ်ပတ်ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်မှာ ရွှေဘို ပေါ်ဆန်းဆန် အသစ်(ရှယ်) အရောင်းအဝယ်သွက်ပြီး ဈေး အနည်းငယ်တက်လာကြောင်းသိရပါတယ်။ ဖျာပုံ၊ ပုသိမ်၊ မြောင်းမြနဲ့ ကျိုက်လတ်ပေါ်ဆန်းဆန်တွေကေ တာ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ်၃၀၀၀၀နဲ့ လတ်စတစ်အိတ်ကျပ် ၂၉၀၀၀၊ ပုသိမ်မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၃၂၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စတစ်အိတ်ကျပ် ၂၈၀၀၀၊ လတ်စတစ်အိတ်ကျပ်၂၇၀၀၀ နဲ့ဈေးငြိမ်နေသော်လည်း ရွှေဘိုပေါ်ဆန်းအသစ်(ရှယ်)ကတော့ တစ်အိတ် ကျပ် ၃၅၀၀၀မှ ကျပ် ၃၇၀၀၀အထိဖြစ်ပြီး ယခင်တစ်ပတ်ထက် တစ်အိတ် ကို ကျပ် ၁၀၀၀ ခန့်ဈေးတက်လာကြောင်းသိရပါတယ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ အထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆွေးနွေးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၂ ရက်ညနေပိုင်းတွင် လေ ကြောင်းခရီးဖြင့် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ထွက် ခွာခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်ဒေသစံတော်ချိန် နံနက် ၀၆:၄၅ နာရီအချိန်တွင် ရောက်ရှိပါသည်။
ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ်ကိုးသိန်းနားအထိရောက်ရှိလာသော်လည်း အရောင်းအဝယ်မှာ အေးနေကြောင်း ရွှေကုန်သည်များထံမှ သိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုများကြောင့် ပြည်တွင်းရွှေဈေးမြင့် တက်လာရခြင်း ဖြစ်သော်လည်း ပြည်တွင်းရွှေကုန်သည်များအနေဖြင့် အခွန်ကိစ္စကြောင့် ဈေးမြင့်တက်မည်ကို မျှော်လင့်နေကြသဖြင့် အရောင်းအဝယ်များအေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၄ ရက်မှ ၁၁ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၆ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၂၇၅၇၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်တန်ချိန် ၂၅၈၈၇ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၆၈၅တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်တန် ၁၇၀၀၊ ဧည့်မထဆန်၁၁၈၉၂ တန်ခန့်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၆၁ တန်ကျော်၊ ဧည့်မထဆန် ၂၇၈ တန် ခန့်နဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၃၅၄၁ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ ဆန်အပြင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၂သန်း တန်ဖိုးရှိ ဆန်ကွဲ ၄၇၉၅ တန်ကို တင်ပို့ ခဲ့ရာ မူဆယ် (၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတွင် ပို့ကုန်/ သွင်းကုန်လိုင်စင် ထုတ်ပေးမှုအတွက် အွန်လိုင်းကို အပြည့်အဝအသုံးပြုနိုင် သည့် ပို့ကုန်/သွင်းကုန်လိုင်စင်စနစ် (Fully Online Licensing System) ဖြင့် သတ်မှတ်ကုန်ပစ္စည်း အမယ်အချို့ကို ၂၀၁၆ခုနှစ် ဇွန်လမှ စတင်ခွင့်ပြု ထုတ်ပေးခဲ့ပြီး CMP (အထည်ချုပ်)သွင်းကုန်လိုင်စင်များအား မြန်မာနိုင်ငံအထည်ချုပ်အသင်း နှင့်ချိတ်ဆက်၍ (Fully Online Licensing) စနစ်ဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ စမ်းသပ်ထုတ်ပေးလျက်ရှိသည်။
သီးနှံစတင်ပေါ်ခဲ့သည်မှ ယနေ့အထိ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံတစ်တင်းအနိမ့်ဆုံး ကျပ် ၂၄၀၀၀၊ အမြင့်ဆုံး ကျပ် ၂၇၀၀၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာကို လေ့လာတွေ့ရှိ ရပါတယ်။ ယခင်နှစ်အလားတူကာလဖြစ် တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အနိမ့်ဆုံးတစ်တင်း ၄၆၉၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ကျပ် ၅၁၀၀၀၊ ဖေဖော်ဝါရီလမှာ အနိမ့်ဆုံးတစ်တင်း ၄၁၅၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ကျပ် ၄၆၀၀၀ ဈေး တွေဆိုတော့ ယခုနှစ်အနေနဲ့ ယှဉ်ကြည့်ရင် တော်တော်ကွာဟနေတာကိုတွေ့ရပါတယ်။ ပဲစင်းငုံသီးနှံအကြောင်းကို လေ့လာကြည့်ရင် ယခင်လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေထွက် ကုန်သွယ်ရေးကော်ပိုရေးရှင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကိုယ့်ဌာနက ဝယ်ယူခဲ့တဲ့ပစ္စည်း နို
ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ရက်အထိ သီတင်းပတ်အတွင်း ကန် ဒေါ်လာ ၁၁၁၀၉၂၅တန်ဖိုးရှိ ဘိလပ်မြေ ၁၅၉၃၆ဒသမ ၆၅၅တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နို င်ငံမှ ၂၂၄ တန်၊ မလေးရှားနိုင်ငံမှ ၈၀၂၅ တန်၊ ထိုင်းနိုင်ငံမှ ၇၆၈၇ဒသမ ၆၅၅ တန်ကိုတင် သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၅၀နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၅၀၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)
တရုတ်နှစ်သစ်ကူးကာလတွင် ရွှေအရောင်းအဝယ်များအေးခဲ့ပြီး ဈေးကျဆင်း ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အဝယ်လိုက်လာ မှုများကြောင့် ဈေးများမြင့်တက်ခဲ့ကာ အမြင့်ဆုံးဈေးအဖြစ် ကျပ် ကိုးသိန်းအထိ ရောက်ရှိခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှသိရှိရသည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့သည့် အခွန်သုံးရာခိုင်နှုန်းကိစ္စ ကြောင့် ပြည်တွင်း၌ ရွှေဝယ်သူများ ယခင်ကထက်ပိုမိုများပြားလာခဲ့ေ ကြာင်း၊ ေ ရွှ ဈေးဆက်လက်မြင့်တက်နိုင်သည်ဟူသည့် သုံးသပ်ချက်ကြောင့်လည်း ရွှေဝယ်သူများ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်း၊ အခွန် သုံးရာခိုင်နှုန်းစနစ်သည် လာမည့် ဧပြီ ၁ ရက်တွင်စတင်မည်ဖြစ်သဖြင့် ယင်းနေ
ပြီးခဲ့သည့်ရက်သတ္တပတ်များက ကျဆင်းခဲ့သည့် ငွေလဲနှုန်းများသည် ယခု တစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့သည်။ တစ်ပတ်အတွင်း ၁၁ ကျပ်မြင့်တက် ခဲ့သဖြင့် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။ မြန် မာနိုင်ငံတော် ဗဟိုဘဏ်၏ ရက်သတ္တပတ်တစ်ပတ် အဖွင့်ဈေးမှာ ကျပ် ၁၃၅၀ ဖြစ်သော်လည်း ဖေဖော်ဝါရီ ၈ ရက်တွင် ကျပ် ၁၃၆၀ သို့ မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်ခဲ့သဖြင့် ပုဂ္ဂလိကဘဏ် များ နှင့် ပုဂ္ဂလိကငွေလဲစင်တာများ၏ ငွေလဲနှုန်းများလည်းမြင့်တက်ခဲ့ကြောင်း၊ နိုင်ငံ တကာတွင်လည်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်းများ မြင့်တက်လျက်ရှိသဖြင့် ပြည်တွင်း၌ ယခုကဲ့သို့ မြင့်တက်လာရခြင်းဖြစ်ကြောင်း ငွေ လဲ