Background
ဇွန် ၁၂ ရက်မှ ၁၈ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ၅၇၉၄၉၆၀ တန်ဖိုးရှိ ဒီဇယ်၁၆၉ တန်နဲ့ ကန်ဒေါ်လာ၂၀၅၈၇၇၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၄ ဒသမ ၆၀၆ တန်ကို တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ဒီတစ် ပတ်မှာ ၉၂၊ ၉၅ နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဒီဇယ်အဝင်မှာ ၂၇၅ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်း မှုနဲ့နှိုင်းယှဉ်ရင် ၁၀၆ တန်ကျော် တင်သွင်းမှုေ လျာ့ခဲ့ပြီး ယခင်တစ်ပတ် ဓာတ်ဆီ အဝင်မှာ တန်ချိန် ၄၇၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန် ၄၂၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ်အဝင် များစ
ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ်၊ ဗထူးခန်းမ တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ကော်ဖီအရည် အသွေး အကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ေ ကာ်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲ ကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီ USAID ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေ သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန် စည်တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း၏ကူညီမှုအရ မြန်မာ နိုင်ငံကော်ဖီ အသင်းမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ပခုက္ကူကြက်သွန်နီဈေးကွက်တွင် ဇွန်လအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ ဈေးအနည်းငယ် ကျလာတာနဲ့အမျှ အရောင်း အဝယ်အနည်းငယ် အေးလာတာကို တွေ့ရပါတယ်။ ဇွန်လအတွင်း ကြက်သွန်နီဆောင်း စိုက်(ပင်စိုက်) များ ဈေးမှာထိပ်စ တစ်ပိဿာလျှင် ကျပ် ၅၈၀ ရှိ၍ အလတ်စ တစ်ပိဿာလျှင်ကျပ် ၅၀၀ နဲ့ အောက်စ တစ်ပိဿာလျှင်ကျပ် ၄၀၀ အထိဈေးအမြင့်ရရှိခဲ့ပြီး နေ့စဉ် ပိဿာချိန် (၈၀၀၀၀ မှ ၁၀၀၀၀၀)အထိ အရောင်းအဝယ်ဖြစ်ခဲ့ရာ မှ ဇွန်လဆန်းပိုင်း တွင် ဈေးနှုန်းစတင်ကျဆင်းလာခဲ့ရာ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၅၅၀ ရှိ၍ ဇွန်လဒုတိယပတ်နှင့်တတိယပတ်များတွင် ထိပ်စ တစ်ပိဿာ လျှင်ကျပ် ၅၂၅၊ ဇွန်လနောက်ဆုံးပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ ကျပ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၇၂ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၁၃ တန် ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဆေး မြင်းခွာ၊ မာလာဥ၊ မာလာဥခေါင်း၊ စမုံ နက်၊ တောဂျင်း၊ ဂျင်းခြောက်၊ ဝဥ ခြောက်၊ ဖန်ခါးသီးခြောက်၊ ချဉ်ပေါင် ဖာလာ၊ ကြောင်လျာစေ့၊ နေလဲစေ့၊ မိကျောင်း ကွမ်းဖတ်စေ့၊ နနွင်းခေါင်း၊ ေ တာင်လုံးကျော်၊ ဆီးဆန်၊ ကွမ်းစား ဂမုန်းနဲ့ ဒရင်ကောက်မြစ်တို့ဖြစ်ပါ တယ်။ ယခင်တစ်ပတ်က ၅၅၆ တန်သာ တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ပရဆေး ၅၇ တန်ခွဲ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှ
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်က မိုးစောစောရွာလို့ ချင်းဥမတွေလည်း စောစောဖော်လို့ရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်သို့ ချင်း(ဥမ) အသစ် တွေစပြီးဝင်လာပြီလို့ သိရပါတယ်။ ချင်း(ဥမ) တွေက ဇူလိုင်မှ သာစပြီးဝင်ရမှာဖြစ် ပေမယ့် ဒီနှစ်က မိုးစောလို့ တစ်လစောပြီး ဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။ စပြီးဝင်ကာစဖြစ်လို့ အဝင်ကတော့သိပ်ပြီးမများသေးပါဘူး၊ အဟောင်းလက်ကျန် တွေကလည်း များနေသေးလို့ ဈေးကွက် မှာတော့ အဟောင်းတွေသာ အရောင်း အဝယ်ဖြစ်နေတယ်လို့လည်း ဈေးကွက်မှသိရပါတယ်။
ပြည်ဈေးကွက်မှာ ပြည်ပသို့တင်ပို့ရောင်းချနေတဲ့ ပဲဈေးမှာ ယခုနှစ်မှာ ဈေးကောင်းရပါတယ်။ ပြည်တွင်းဝယ်လက်များနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ကုလားပဲ၊ ပဲကြီး စသည့်သီးနှံများမှာလည်း ဈေး ကောင်းရကာ လက်လီ သမားများနဲ့အဓိကထား အရောင်းအဝယ်ဖြစ် ခဲ့တဲ့ပဲများဖြစ်တဲ့ ပဲလွန်းဖြူ၊ ပဲနီပြား၊ ဘိုကိတ်စသည်တို့မှာ ဈေးကောင်း မရပေမယ့်လည်း တစ်တင်း ကျပ်နှစ်သောင်းအထက်မှာ အရောင်း အဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးတဲ့ ပဲစင်းငုံ သီးနှံက ၂၀၁၆-၂၀၁၇ ခုနှစ် မိုးသီးနှံလျာထားစိုက်ဧက ငါးသိန်းငါးသောင်းကျော်မှ ဧကနှစ်သိန်းနှစ်သောင်းခန့် စိုက်ပျိုး ပြီးလို့ ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲစင်းငုံက ရန်ကုန် Export ဝယ်လက် ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်း တစ်တင်းပေါက်ဈေး ကျပ် ၄၇၅၀၀ မှ ကျပ် ၄၉၅၀၀ ကြား ဈေးပေါက်သဖြင့် ကုန်သည်ပွဲစားနဲ့လှောင်လက်သမားများ က ထုတ်ရောင်းကြရာ တင်း ၅၀၀ မှ တင်း ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်မှ သိရပါတယ်။
သန်းသန်းတင်-မုံရွာ
ယခုတစ်ပတ် ရန်ကုန်မြို့ရဲ့ဆန်ချောဈေးကွက်က ပုံမှန် အခြေအနေရှိနေတယ်လို့ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၂၄ ရက်လက်ကားဆန်ဈေးနှုန်းများအရ သိရှိရပါတယ်။ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ်၃၂၅၀၀ ကျပ်၊မြောင်းမြ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ် နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်အဝင်ပုံမှန် ရှိပြီး ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်ကတော့ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
ဇွန် ၅ ရက်မှ ၁၁ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် မှာ ၄၆၁၀၇ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေအဝင် မှာ ၂၄၄၂၀ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၁၆၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၈၈၂၄ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၈၀၆၃ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၉၂၃၀ ကျော် အဝင်ေ လျာ့ခဲ့တယ်လို့ သိရ ပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပါ တယ်။
ကသာခရိုင်က ဆန်စပါးစိုက်ပျိုး မှုများတဲ့ ဒေသဖြစ်တဲ့အတွက် ဒီလုပ် ငန်းကို အမှီပြုကာ စပါးခြွေလှေ့စက် ထုတ်လုပ်တဲ့ ဒေသတွင်းစက်မှုလုပ်ငန်း များ တည်ထောင်ခဲ့ကြပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိခဲ့ကြပါတယ်။ ကသာခရိုင်အတွင်း မှာ စပါးခြွေလှေ့စက်၊ စက်ရုံ ၁၆ရုံရှိပြီး စပါးေခြွေလှေ့စက် ၁၈၁၇ လုံးရှိတယ် လို့ စီမံကိန်းစာရင်းများအရသိရပါ တယ်။ ယခုစက်မှုလယ်ယာပြောင်းလဲမှု နဲ့ စပါးခြွေလှေ့စက်ထက် ပိုမိုအဆင် ပြေတဲ့ ရိတ်သိမ်းခြွေလှေ့စက် Combine Harvester ပြောင်းလဲသုံးစွဲလာ တဲ့အတွက် ရိုးရိုးခြွေလှေ့စက် လုပ်ငန်း ရှင်များ အရောင်းအဝယ်ပါးတယ်လို့ ခြွေလှေ့စက်လုပ်ငန်းရှင်များထံမှ သိရ ပါတယ်။