Background
စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးတဲ့ ပဲစင်းငုံ သီးနှံက ၂၀၁၆-၂၀၁၇ ခုနှစ် မိုးသီးနှံလျာထားစိုက်ဧက ငါးသိန်းငါးသောင်းကျော်မှ ဧကနှစ်သိန်းနှစ်သောင်းခန့် စိုက်ပျိုး ပြီးလို့ ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲစင်းငုံက ရန်ကုန် Export ဝယ်လက် ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်း တစ်တင်းပေါက်ဈေး ကျပ် ၄၇၅၀၀ မှ ကျပ် ၄၉၅၀၀ ကြား ဈေးပေါက်သဖြင့် ကုန်သည်ပွဲစားနဲ့လှောင်လက်သမားများ က ထုတ်ရောင်းကြရာ တင်း ၅၀၀ မှ တင်း ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်မှ သိရပါတယ်။
သန်းသန်းတင်-မုံရွာ
ယခုတစ်ပတ် ရန်ကုန်မြို့ရဲ့ဆန်ချောဈေးကွက်က ပုံမှန် အခြေအနေရှိနေတယ်လို့ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၂၄ ရက်လက်ကားဆန်ဈေးနှုန်းများအရ သိရှိရပါတယ်။ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ်၃၂၅၀၀ ကျပ်၊မြောင်းမြ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ် နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်အဝင်ပုံမှန် ရှိပြီး ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်ကတော့ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
ဇွန် ၅ ရက်မှ ၁၁ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် မှာ ၄၆၁၀၇ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေအဝင် မှာ ၂၄၄၂၀ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၁၆၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၈၈၂၄ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၈၀၆၃ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၉၂၃၀ ကျော် အဝင်ေ လျာ့ခဲ့တယ်လို့ သိရ ပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပါ တယ်။
ကသာခရိုင်က ဆန်စပါးစိုက်ပျိုး မှုများတဲ့ ဒေသဖြစ်တဲ့အတွက် ဒီလုပ် ငန်းကို အမှီပြုကာ စပါးခြွေလှေ့စက် ထုတ်လုပ်တဲ့ ဒေသတွင်းစက်မှုလုပ်ငန်း များ တည်ထောင်ခဲ့ကြပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိခဲ့ကြပါတယ်။ ကသာခရိုင်အတွင်း မှာ စပါးခြွေလှေ့စက်၊ စက်ရုံ ၁၆ရုံရှိပြီး စပါးေခြွေလှေ့စက် ၁၈၁၇ လုံးရှိတယ် လို့ စီမံကိန်းစာရင်းများအရသိရပါ တယ်။ ယခုစက်မှုလယ်ယာပြောင်းလဲမှု နဲ့ စပါးခြွေလှေ့စက်ထက် ပိုမိုအဆင် ပြေတဲ့ ရိတ်သိမ်းခြွေလှေ့စက် Combine Harvester ပြောင်းလဲသုံးစွဲလာ တဲ့အတွက် ရိုးရိုးခြွေလှေ့စက် လုပ်ငန်း ရှင်များ အရောင်းအဝယ်ပါးတယ်လို့ ခြွေလှေ့စက်လုပ်ငန်းရှင်များထံမှ သိရ ပါတယ်။
ပြည်ဈေးကွက်သို့ မင်းတုန်း၊ ကံမနဲ့ရခိုင်ပြည်နယ် မာန်အောင်ဘက်မှ မြေပဲဆန် တစ်နေ့လျှင် အိတ် ၅၀၀ ခန့်သာ အဝင်ရှိတော့သဖြင့် အဝင်နည်းလာတာ တွေ့ရပါတယ်။ မြေပဲဆန်၊ ဆီဆန်ကို မြို့တွင်းဆီစက်နဲ့ မကွေးဆီ စက်များက အဝယ် ရှိနေသဖြင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ကျပ် ၁၀၀ ဈေးမြင့်လာတာတွေ့ရပါတယ်။ စားသုံးသူများက နှမ်းဆီထက်မြေပဲဆီကို စားသုံးကြသဖြင့် မြေပဲဆီဈေးမှာ နှမ်းဆီဈေး ထက်ပိုမြင့်နေတာတွေ့ ရပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၂၃၀၀ ဖြင့် ယခင်တစ်ပတ်ထက်ဈေးပိုလာပြီး မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၅၂၀၀ဖြင့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ လုံးဆန်ကို ရန်ကုန်၊ မန္တလေးဝယ်လက်များက ဝယ်နေသော်လည်း
မေ ၂၉ရက်မှ ဇွန် ၂ ရက်သီတင်းပတ်အတွင်း နနွင်း ၃၅၇ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလား ဒေရှ့်သို့ ၅၆ တန်၊ အိန္ဒိယသို့ ၅၆ တန်၊ မလေးရှားသို့ ၁၆၅ တန်နဲ့ စင်ကာပူသို့ ၈၀ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုမှာ ၇ တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၇၁၃၈၆ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလမှာ နနွင်း တန်ချိန် ၁၁၇၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မေလမှာ တန်ချိန် ၆၅၀ ကျော်တင်ပို့နိုင်ခဲ့တ
ဆီပန့်အငယ်များဖြင့် စက်သုံးဆီရောင်းချနေသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက်စက်သုံးဆီ ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင် ထုတ်ပေးနိုင်ခြင်းမရှိကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀၀ အထိကျ ဈေးဖြစ်ပေါ်ခဲ့တဲ့ ငုံနီမှာ ယခုတစ်ပတ် ဝယ်လိုအားသွက်လာလို့ တစ်တင်း ကျပ် ၄၈၄၀၀ အထိ ဈေးအမြင့်ဆုံးတက်ခဲ့ပြီး အရောင်းအဝယ် အနေနဲ့ တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင်ြ ဖစ် နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်စုံက ခပ်ပါးပါးသာ ဒိုင်ကိုဝင်ရောက်ခဲ့ပြီး ဝယ်လိုအားမြင့်မားမှုရှိလို့ စိမ်းကြီးတစ်တင်း ကျပ် ၃၁၅၀၀ မှ ကျပ်၃၃၀၀၀၊ စိမ်းသေးက တစ်တင်း ကျပ် ၂၆၀၀၀ မှ
မေ ၂၉ရက်မှ ဇွန် ၄ ရက် သီတင်း ပတ်အတွင်း နို့ဆီ/နို့စိမ်း ၅၇၁ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းတံဆိပ်တစ်မျိုးသာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ် နို့ဆီ/နို့စိမ်းအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်း ချသူများ များပြားလာခဲ့ကြောင်း သိရသည်။