ကမ္ဘာ့တစ်ဝန်းရှိဘဏ်များမျက်စိကျနေသည့် အင်ဒိုနီးရှားကုမ္ပဏီများ
အင်ဒိုနီးရှားနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကြောင့် ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံ မှုဘဏ်များအနေဖြင့် ယခုနှစ်အတွင်း အင်ဒိုနီးရှားဘဏ်များနှင့် ပေါင်းစည်းရေး၊ ဝယ်ယူရေး (Merger and Acquisition) ) ပြုလုပ်ရန် အသည်းအသန်စိုင်းပြင်းနေကြသည်။ ရုရှားနှင့် ယူကရိန်း စစ်ပွဲ၏ အကျိုးဆက်ကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း သို့မဟုတ် ဆုတ်ယုတ်ကျဆင်းမှုအန္တရာယ် ကြုံတွေ့နေသည့်ကြား မှ အင်ဒိုနီးရှား၏ စီးပွားရေးတိုးတက်မှုသည် ယခုနှဆေစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုထက် သာလွန်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့်ထားသည်။








