ထန်းလျှော်တောင်းလုပ်ငန်းဖြင့်တလိုင်းကျွန်း ကျေးရွာမှ တောင်သူများအပိုဝင်ငွေများရရှိနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာမှ တောင်သူများဟာ ထန်းလျှော် တောင်းလုပ်ငန်းဖြင့် အပိုဝင်ငွေများရရှိနေကြောင်း သိရပါတယ်။ တလိုင်းကျွန်းကျေးရွာပတ်ဝန်းကျင်မှာ ထန်းပင်များ အများ အပြားရှိတဲ့အတွက် ကုန်ကြမ်းကိုလိုသလောက် ရရှိနေပါတယ်။ ထန်းလက်အတိုအရှည်ပေါ် မူတည်ကာ ထန်းလက်အချောင်းအစီး ၁၀၀ တစ်စီးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၄၅၀၀ အထိဝယ်ယူရပါတယ်။ ဝယ်ယူထားတဲ့ ထန်းလ က်တွေ ကို ကျောဘက်နဲ့ ဗိုက် ဘက်မှ လျှော်ချရပါတယ်။ လျှော်ချခအဖြစ် ထန်းလက် အစီး ၁၀၀ လျှင် ကျပ်နှစ်ထောင်ပေးရပါတယ်။