စလစ်ဈေးတန်း မြင့်တက်ကာ ကျပ်သိန်း ၁၀၀ ကျော်သို့ ရောက်ရှိ
ယခု ရက်သတ္တပတ် သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ မိုးရွာသွန်းမှုများပြားလာမှု နှင့်အတူ အရောင်းအဝယ်များနည်းပါးသွားကာ ဈေးကွက် အေးသွားကြောင်း သိရသည်။ ဇူလိုင်နောက်ဆုံး ပတ်က သတ်မှတ်ခဲ့သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက် ကြောင့် လိုက်ထရပ်ကုန်တင်ယာဉ်အုပ်စု အကျပ်အတည်း တွေ့သွားပြီး စလစ်ဈေးတန်း တစ်ဟုန်ထိုးတက်ကာ သိန်း ၁၀၀ အ ထက် ၁၀၃ သိန်းမှ ၁၀၅ သိန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။





