Main menu

Background

စီးပွားရေးသတင်း

ကော့သောင်းကုန်သွယ်ရေး စခန်းမှ ဇူလိုင် တတိယပတ်အတွင်း ရေထွက်ကုန်တန် ၂၀၀ ကျော်တင်ပို့

Thu, 08/04/2016 - 15:24 -- journal_editor

      မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ် အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်၂၀၀၀ ေ ကျာ်ကို တင်ပို့ ခဲ့ပါတယ်။  မြဝတီနဲ့  မြိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှု လျော့နည်းခဲ့ သော်လည်း ကော့သောင်းစခန်းမှ ယခင်တစ်ပတ်ထက် တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။

တမူးကုန်သွယ်ရေးစခန်းမှပထမ သုံးလပတ် ကာလ ကုန်သွယ်မှုလျာထား ချက် ကျော်လွန်အောင်ဆောင်ရွက်နိုင်ပြီး ယခင်နှစ်ကာလတူ ထက်လည်း ပို မိုဆောင်ရွက်နိုင်

Thu, 08/04/2016 - 15:20 -- journal_editor

       တမူးကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ပထမသုံး လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် လျာထားချက်မှာ ပို့ကုန်အမေရိကန် ဒေါ်လာရှစ်သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုံးသန်းဖြစ်ပြီး ကုန် သွယ်မှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း လျာထားတာ ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်နိုင်မှုအနေနဲ့ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၁၅၁ သန်း၊ သွင်းကုန်မှာ   အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၂၆ သန်း ဆောင်ရွ က်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏအနေနဲ့ အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ၉၇၇ သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန် အနေနဲ့  လျာထားချက်အပေါ်မှာ ၁၅၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ သွင်းကုန် အနေနဲ့ လျာထားချက်အပေါ်မှာ ၂၂၇ ဒသမ ၅၃ ရာခိုင်နှုန်း၊ ကု

Normal TT စနစ်ဖြင့် တမူး- မိုရေးနယ်စပ်မှကွမ်းသီးများတိုးတက် တင်ပို့

Thu, 08/04/2016 - 15:13 -- journal_editor

      မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်တဲ့ တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ် ဆင့်  Normal TT စနစ်နဲ့ ကွမ်းသီးများ တိုးတက်တင်ပို့လျက်ရှိနေပြီ ဖြစ်ပါ တယ်။ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မို ရေးမှာ  Normal TT စနစ်ဖြင့် ကုန်သွယ် မှု ဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီအရေ အတွက် ဟာလည်း မြန်မာဘက်အနေနဲ့ ၁၁ ခုရှိပြီး အိန္ဒိယဘက်အနေနဲ့ ၁၀ ခု ရှိလာပြီဖြစ်ပါတယ်။

ဘဏ္ဍာနှစ်စမှ ဇူလိုင် ၂၂ ရက်အထိ ကုန်သွယ်မှုပမာဏမှာအမေရိကန် ဒေါ်လာ ခုနစ်ထောင့်ခြောက်ရာ့ဆယ့်တစ်သန်းကျော်ရှိ

Thu, 08/04/2016 - 15:06 -- journal_editor

      ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ဇူလိုင် ၁၆ ရက်မှ ၂၂ ရက် အထိ ရက်သတ္တပတ် အတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃၄ ဒသမ ၉၁၁ သန်း၊ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၃ ဒသမ ၅၇၉ သန်းဆောင်ရွက်နို င်သဖြင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃၈ ဒသမ ၄၉ သန်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုလိုငွေမှာ အမေရိ ကန်ဒေါ်လာ ၆၈ ဒသမ ၆၆၈ သန်းဖြစ်ပြီး ချုပ်ပြီးအထည်နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့ နည်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်မှုအရ အရေးပါသည့် မူဆယ် (၁၀၅) မိုင်တွင်မောဝ်ရွှေလီ ကုန်သွယ်မှု ဗဟိုဌာနကို အောင်မြင်စွာဖွင့်လှစ်

Thu, 08/04/2016 - 14:59 -- journal_editor

        စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်မြို့ (၁၀၅)  မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ မောဝ်ရွှေလီကုန် သွယ် ရေးဗဟိုဌာန (Trade Center)  ကို ၂၀၁၆ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တွင်ဖွင့်လှစ်ခဲ့သည်။အဆိုပါ မောဝ် ရွှေလီ ကုန်သွယ်မှု စင်တာကို မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်စိုးတက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ ကုန်သည် အသင်း အဖွဲ့များစီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအကြီး အကဲများတက် ရောက်ခဲ့ပါသည်။

အိန္ဒိယအစိုးရသည် ကျေးရွာပေါင်း ၁၂၅၀၀၀ အား ဆက်သွယ်ချိတ်ဆက်နိုင်ရန် ရည်ရွယ်ကာ မီနီဘတ်(စ်) ၈၀၀၀၀ ဝယ်ယူအသုံးပြုမည်

Thu, 08/04/2016 - 14:08 -- journal_editor

          အိန္ဒိယဗဟိုအစိုးရသည် ပြည် နယ်အစိုးရများနှင့်ပူးပေါင်း၍ ကျေးရွာပေါင်း ၁၂၅၀၀၀ အား  ဆက်သွယ်ချိတ်ဆက်နိုင်ရန် မီနီ ဘတ်(စ်) ၈၀၀၀၀ ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း၊  ထိုသို့ဆောင် ရွက်ခြင်းသည် Tata Motors Ltd နှင့် Mahindra and Mahindra Ltd ESifh Ashok Leyland Ltd ကဲ့သို့သော အိန္ဒိယနိုင်ငံအတွင်း မီနီဘတ်(စ်) ထုတ်လုပ်သူများအတွက် မမျှော်လင့်ဘဲ ရရှိလာသည့် ဈေးကွက် အခွင့်အလမ်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရေး၊ အလုပ် အကိုင်ရရှိမှုနှင့် ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ စေရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန်နှင့်   နိုင်ငံ၏ စီးပွားရေး အချက် အချာဒေသ

ချင်းရွှေဟော်မှ နှမ်းရောင်စုံပိုမိုတင်ပို့

Thu, 08/04/2016 - 13:52 -- journal_editor

       ဇူလိုင် ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ  နှမ်းရောင်စုံ ၁၇၇၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကေ တာ့ နှမ်းဖြူ ၈၃၉ တန်ခွဲ၊ နှမ်းနက်တန် ၈၄၀ ကျော်နဲ့ နှမ်းညို  ၉၂ တန် ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က ချင်းရွှေဟော်မှ နှမ်းဖြူ^နှမ်းနက် ၁၅၃၄ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ချင်းရွှေဟော်မှ နှမ်းပိုမိုတင် ပို့လာတာ တွေ့ရပါတယ်။

ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များ စပေါ်

Thu, 08/04/2016 - 13:47 -- journal_editor

       ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မိုးနှမ်းနီအသစ်များကို မြန်အောင်နှင့် နတ်တလင်းဘက်မှ တစ်နေ့လျှင် အိတ် ၁၀၀ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဝင်ရောက်လာတဲ့ နှမ်းမှာ နှမ်းနက်များဖြစ်သဖြင့်  အောင်လံဘက်မှ စမုံနက်နှမ်း ဈေး အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဈေးမှာ အသစ်ရော အဟောင်းပါ ဈေးတူနေတာ တွေ့ရပါတယ်။  ယခုတစ် ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ၂၆၆၀၀ ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၃၃၀၀၀ ကျပ် ဖြင့် ယခင်တစ်ပတ်က အတိုင်း ဈေးငြိမ်နေပြီး စမုံနက် နှမ်းတစ်တင်းလျှင် ၅၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဆီဈေး ကတော့ ယခင်တစ်ပတ်အတိုင်း တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့် ဈေး ငြိမ်နေတာ တွေ့ရပါတယ်။

ဘိလပ်မြေဈေးကွက် အရောင်းအဝယ်အေး

Thu, 08/04/2016 - 13:10 -- journal_editor

      ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၇၂၃၉တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေ အဝင်မှာ ၃၅၈၈၂ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၈၆၀၀ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၁၁၇၃၇ တန်ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၈၅၁၇ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၃၂၁၀ ကျော်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်ပိုခဲ့ပါ တယ်။

နို့ဆီတန်ချိန် ၁၀၀ ကျော်နဲ့နို့မှုန့်တန်ချိန် ၉၀ ကျော်ဝင်

Wed, 08/03/2016 - 15:38 -- journal_editor

         ဇူလိုင် ၁၇ ရက်မှ   ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၄၇၀၇၁ တန်ဖိုးရှိ   နို့မှုန့်  ၁၂၄ ဒသမ ၁၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားမှ ၂၄ ဒသမ ၈၀၄ တန်နဲ့  စင်ကာပူမှ ၉၉ ဒသမ ၃၆ တန်ဝင်လာခဲ့ပါတယ်။  ယခင်သီတင်း ပတ် နို့ဆီအဝင်မှာ တန်ချိန် ၈၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ၃၅ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း