မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်လက်ကျန်ပဲနည်းလာလို့ ကုလားပဲဈေး ဆက်လက်မာ
မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ရပ်သွားပေမယ့် ပြည်တွင်းသုံး ဝယ်လိုအား မြင့်နေဆဲမို့ ပဲလက်ကျန်နည်းသလို ဈေးလည်း ဆက်လက် မာခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် အတွ င်းမှာ ကုလားပဲ ဖြူလုံးကြီး တစ်တင်း ၄၁၇၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၄၀၃၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၉၇၀၀ ကျပ်အထိ ဈေး အသီးသီးမာနေပြီး၊ ဒေသတွင်းနဲ့ မန်းဝယ်လက် အဝယ်ပုံမှန် အဆွဲရှိလို့ တစ်ရက် အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။









