သြဂုတ်တတိယပတ်အတွင်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ် လက်ပဲအားလုံးဈေးလျော့နည်းခဲ့ပြီး ပဲကြီးဈေးနှင့် ပဲပုပ် ဈေးငြိမ်လျက်ရှိ
ပြည်ပဲမျိုးစုံဈေးကွက်အတွင်း သြဂုတ်လ တတိယပတ်မှာ ပဲဈေးအားလုံးလိုလို ဈေးလျော့နည်းခဲ့တာကြောင့် ပြည်ပ ဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများအပြင် ကုလားပဲမှာလည်း ဈေးလျော့နည်းကျဆင်းခဲ့တာ ကို တွေ့ရ ပါတယ်။ ကျန်လက်လီပဲများကတော့ ဈေးငြိမ်သလို အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ပဲကြီးသီးနှံမှာ ဈေး လျော့မသွားဘဲ ယခင်ရက်သတ္တပတ်အတိုင်း ဈေးဆက်ငြိမ်နေကာ လက်လီဝယ်လက်သမားများ အပြင် ပဲကြော်ဖိုလုပ်ငန်း သမားများလည်း ပုံမှန်အဝယ်ရှိနေခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ယခုရက်ပိုင်းအတွင်း ပဲအဝင်သိပ်မရှိ တော့လို့ လက်ကျန်ပဲများဖြင့် ရန်ကုန်ဝယ်လက်ဝယ်ယူတဲ့ အပေါ်မူတည်ပြီး တစ်ရက်အိတ် ၄၀၀ ကျော် ၅၀၀ အရောင်း အဝယ်ဖြ